မတွေ့တာကြာသမို့ မေ့များနေလားလို့ စိုးရိမ်စိတ်ပွားမိတယ်။ အချိန်တိုင်းသတိရ သတိရတိုင်းလွမ်း လွမ်းတိုင်းလည်း ငိုမိတယ်။ ပိုတယ်လို့တော့ မထင်ပါနဲ့ ရင်မှာခံစားရတာက နွေတစ်ရာမကသလိုပါပဲ။ အခုတော့လည်း… ကုဋေကုဋာအလွမ်းတွေကို ရင်မှာပိုက်ထွေးရင်း သက်ပြင်းတွေနဲ့မော…။   ။


သမ္မတကြီး မိန့်ခွန်းပြောတဲ့နေ့ကပေါ့။ သမ္မတကြီးရဲ့ မိန့်ခွန်းကို နားမထောင်ရခင်အချိန်လေးမှာ ကျွန်မ တော်တော်လေး စိတ်တိုခဲ့ရပါတယ်။   သမ္မတကြီးမိန့်ခွန်းပြောမယ့်အကြောင်းကို ရုပ်သံလိုင်းမှာ စာတန်းထိုးပါတယ်။ အဲဒီစာတန်းကြောင့်ပဲ ကျွန်မစိတ်တိုခဲ့ရတာပါ။ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။   ”နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း”   စာတန်းထိုးတဲ့အချိန်မှာ လိုက်ဖတ်နေမိတဲ့ကျွန်မ ဘာကိုဆိုလိုမှန်း အစက နားမလည်ခဲ့ပါဘူး။ နောက်နှစ်ခါ ထပ်ဖတ်မိတော့မှ သမ္မတကြီးက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို ပြောမယ်ဆိုတာ သဘောပေါက်လိုက်တယ်။   လုံးဝမဖြစ်သင့်တဲ့ အမှားကြီးတစ်ခုပါ။ ကျွန်မမှတ်မိသလောက်ဆိုရင် မြန်မာသဒ္ဒါအထားအသို ဆိုတာကို ဆယ်တန်းမှာ အသေအချာသင်ခဲ့ရပါတယ်။ မြန်မာစာ မြန်မာစကား အစီအစဉ်မှာလည်း ပါခဲ့ပါတယ်။ နိုင်ငံပိုင် ရုပ်သံလိုင်းတစ်ခုအနေနဲ့ မမှားသင့်တဲ့ အမှားတစ်ခုလို့လည်း […]


ရင်ထဲမှာပဲ ကြိတ်မှိတ် တိတ်တိတ်လေးပဲ ချစ်နေရတာ ဘယ်သူသိနိုင်မှာလဲ…။ သတိရတဲ့ နေ့တွေ သတိရတဲ့ ညတွေမှာ မျက်ဝန်းအိမ်ထဲ မျက်ရည်ခ ဘယ်သူသိကြမှာလဲ…။ နှစ်ယောက်အတူတူထိုင် လက်ကလေးကိုကိုင်ပြီး ကြည့်နူးစရာလေးတွေပြော ရယ်မောခဲ့ကြတာ အိပ်မက်သာမဟုတ်ရင် သိပ်ကောင်းမှာပဲနော်…။ ဘာပဲဖြစ်ဖြစ် ချစ်နေခွင့်လေးတစ်ခုသာ မြတ်နိုးစွာဖက်တွယ်ရင်း ကျေနပ်နေသူပါရှင်..။  ။ (ကာရန်ကြိုက်တဲ့ မွန်မွန်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။)


ခရီးက ပြန်ရောက်ရောက်ချင်း ရေးချင်နေတာ..ခုမှပဲ တင်ဖြစ်တော့တယ်… ဟိုနေ့က ကျွန်မ ငပလီကအပြန် တောင်ကုတ်မှာ ကားရပ်တော့ ကောက်ညင်းထုပ်ဆင်းဝယ်ဖြစ်တယ်.. အစကတော့ တွေ့တွေ့ချင်း ဈေးသည်ဆီမှာ တစ်တွဲပဲ အရင်ဝယ်လို်က်တယ်။ နောက်လိုက်ကြည့်လိုက်တော့မှ အဘွားတစ်ယောက်ရောင်းနေတာတွေ့လို့ ဘေးက အစ်မကို အဘွားကြီးဆီမှာ သွားဝယ်ရအောင်ဆိုပြီး ခေါ်လိုက်တော့ အစ်မကလည်း မငြင်းဘူး။ (အသက်ကြီးတဲ့သူတွေတွေ့ရင် အရမ်းသနားတတ်လို့ တတ်နိုင်သမျှ သူတို့ကိုပဲ ဦးစားပေးဖြစ်တယ်။) ဈေးမေးလိုက်တော့ တစ်ခြားဈေးသည်တွေလိုပါပဲ တစ်တွဲကို ငါးရာတဲ့။ နည်းနည်းလျှော့ပါဦးလားဆိုတော့ ၅ တွဲကို ၂၀၀ဝ နဲ့ယူတဲ့။ (အကုန်လုံး အဲဒီလိုပဲ ရောင်းကြတယ်။) သူက နားသိပ်မကောင်းဘူးထင်တယ်။ ဘေးက တစ်ခြားအဒေါ်ကြီးတွေက ကျယ်ကျယ်လေးပြောပေးရတယ်။ ကျွန်မ ပိုတောင် သနားသွားသေးတယ်။ ဒါနဲ့ ကျွန်မလည်း ယူမယ်ဆိုပြီး တစ်ဖက်က ကောက်ညင်းထုပ်ကိုကိုင် တစ်ဖက်ကလည်း […]


တောပြောတောင်ပြောနဲ့ မောနေပါမယ် ဘာမှလာ စောဒကမတက်ပါနဲ့ ထောမှတွဲချင်တဲ့ နင့်အကြောကို သိပြီးသားပါ ဘာမှမရှိတဲ့ ငါ့ဘဝထဲ အရင် လာငြိခဲ့တာနင်ပါ ထင်တာတွေလွဲသွားလို့ မကြင်နာချင်လည်းနေပါ မနှင်ပါဘူး ရူးခဲ့မိတာ ဝန်ခံပါတယ် ထူးတော့ မထူးပါဘူး နင်မရှိလည်း နေလို့ဖြစ်ပါတယ်…။   ။ (ကာရန်တွေကို လိုက်ချိတ်ရင်းနဲ့ ကဗျာလေးတစ်ပုဒ် ထွက်လာခဲ့ပါတယ်။  ကိုယ်တွေ့ဖြစ်ရပ်တော့ မဟုတ်ပေမယ့် မိန်းမလေးဘက်က ခံစားချက်ကို ရေးထားတာပါ။)


လေကလေးက တဖြူးဖြူး စိတ်ကူးလေးက တလွင့်လွင့် ဟိုး…ပင်မြင်ဆီက နွေဥဩတေးသီသံ ကြားရပြန်တော့ စိတ်ထဲမှာ အလိုမကျနဲ့ (ဘာကြောင့်ရယ်မသိ) လွမ်းနေမိ၏။  ။


နီးနီးလေးနဲ့ ဝေးနေတာ ငါတို့နှစ်ယောက်လား…။ သူငယ်ချင်းဆိုတဲ့ စည်းတစ်ဖက်စီမှာ ငါတို့ နှလုံးသားတွေ သေဆုံးခဲ့ရတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါတို့မျက်ဝန်းတွေကို မေ့ပစ်ခဲ့ရတယ်။ မျိုသိပ်ခြင်းတဲ့… အပြောလွယ်သလောက် အလုပ်ခက်လိုက်တာဟာ။ တမ်းတခြင်းတွေ အပြည့်နဲ့ ငါ့ရင်တစ်ခုလုံး နာကျင်နေပြီ ကံတရားရယ်… နောင်ဘဝမှာတော့ ဆုံစည်းပါရစေ…။  ။


ဟိုတလောက မြေနီကုန်းကနေ လှည်းတန်းကို ပြန်လာတော့  ၄၈ အထူးကားကို အဆင်သင့်တွေ့လိုက်တာနဲ့ပဲ တက်စီးလိုက်တယ်။ တက်ပြီးခါမှ ခုံမှရှိရဲ့လားလို့ စိတ်ပူသွားမိသေးတယ်။ ခုံရှိလားဆိုတော့ စပယ်ယာက ရှေ့မှာရှိတယ်ဆိုပြီး လူကြီးတစ်ယောက်က ဘေးတိုးပေးတယ်။ ဒရိုင်ဘာနောက်ဘက်ကပ်ရပ် သုံးယောက်ခုံမှ ဝင်ထိုင်လိုက်တယ်။ ရှေ့ကိုလည်း မြင်နေရတာပေါ့။ ဟံသာဝတီအဝိုင်းကိုရောက်တော့ ယာဉ်ထိန်းရဲတစ်ယောက်က တားတယ်။ စပယ်ယာက ပိုက်ဆံကို လက်ထဲထည့်ပေးလိုက်တယ်။ (အဲဒါကို ကျွန်မ နားမလည်တာ အတော်ကြာပြီ။ တွေ့တွေ့နေရတယ်။ ခဏခဏပဲ။ ဘာအတွက်ပေးတာလဲပေါ့။ အပြစ်တစ်ခုခုရှိလို့ လာဘ်ထိုးတဲ့ သဘောလားလို့  တွေ့းမိတယ်။ ဘယ်သူ့ကိုမှလည်း မမေးဖြစ်ဘူး။) အခုလည်း အဲဒီလိုတွေ့တော့ ကျွန်မလည်း စဉ်းစားမိပြန်ရော။ ဘာအပြစ်ရှိလို့လဲပေါ့။ အဲဒီအချိန်မှာပဲ နောက်စပယ်ယာတစ်ယောက်က ပိုက်ဆံပေးလိုက်တဲ့သူကို မေးလိုက်တယ်။ ဘာလို့ တားတာလဲတဲ့။ ဟိုက ပြန်မဖြေဘူး။ သူလည်း သိပုံမပေါ်ဘူး။ […]


နင်က ငါ့ကို စိုပြည်မှုတွေ ပေးတယ်။ စိမ်းလန်းမှုတွေ ပေးတယ်။ အေးချမ်းမှုတွေ ပေးတယ်။ လန်းဆန်းမှုတွေ ပေးတယ်။ ကြည်နူးမှုတွေ ပေးတယ်။ နင်နဲ့ ပတ်သက်ရင် အရာရာတိုင်းကို ငါချစ်တယ်…။ မိုးနံ့သင်းတဲ့ မုတ်သုံလေကို ချစ်တယ်။ မည်းတတ်လာတဲ့ တိမ်မှောင်တွေကို ချစ်တယ်။ တဖွဲဖွဲကျတဲ့ မိုးပြေးလေးကို ချစ်တယ်။ သည်းထန်နေတဲ့ မိုးစက်တွေကို ချစ်တယ်။ ရေစက်တွေ တွဲလွဲခိုနေတဲ့ သစ်ပင်တွေကို ချစ်တယ်။ ရေစိုနေတဲ့ လမ်းမကြီးကို ချစ်တယ်။ မိုးရွာပြီးစ ရောင်စုံသက်တန့်ကြီးကို ချစ်တယ်။ အားလုံး အားလုံးကို ငါချစ်တယ်…။ ရွာနေတဲ့ မိုးစက်တွေကို ထိုင်ကြည့်ရရင် ကြည်နူးမိတယ်။ ခေါင်ပေါ်က မိုးသံကို နားထောင်ရရင် ပျော်ရွှင်မိတယ်။ နင်က အငြှိုးကြီးစွာနဲ့ လျှပ်တွေလက် လေတွေကြမ်း မုန်တိုင်းထန်ပြီး မိုးခြိမ်းသံ […]


ဘဝခရီးကြမ်း ငါတစ်ယောက်တည်း လျှောက်လှမ်းချိန် အတိတ်က သူငယ်ချင်းဘဝ ပြန်တမ်းတမိတယ်…။ အသာအနာမပါဘဲ ဖြူစင်စွာ ခင်မင်ခဲ့တာ၊ ခံစားချက်တွေ ရင်ဖွင့်လို့ ပွင့်လင်းစွာ တိုင်ပင်ခဲ့တာ၊ ဘယ်အခါဆုံဆုံ မကုန်နိုင်တဲ့ စကားတွေနဲ့ ကြုံသမျှကို ပြောပြခဲ့တာ၊ (အခုတော့…) ဒါတွေအားလုံးကို ငါတို့ ဆုံးရှုံးခဲ့ပြီနော်…။ ပတ်ဝန်းကျင်ရဲ့ဒဏ် ငါတို့ရဲ့ကံတွေက ကွဲကွာခြင်းဆိုတဲ့ လမ်းကို ပို့ပေးလိုက်တယ်လေ…။ သူငယ်ချင်းတို့ရယ်… ကျောင်းပိတ်ချိန်တောင် ပြန်မဆုံနိုင်အောင် ငါတို့ရဲ့ရေစက်က ကုန်ဆုံးသွားခဲ့ပြီလား…။ အတူတူထိုင်ခဲ့တဲ့ Cupid ဆိုင် အားတိုင်းသွားခဲ့တဲ့ ဒေးဒရဲတံတား ပျော်ရွှင်စွာလှမ်းခဲ့တဲ့ ပေါ်တော်မူလမ်း အလွမ်းပြေ ငါသွားရင်း နင်တို့တွေကို တမ်းတမိတယ်…။ ငါ့ဆုတောင်းသာ ပြည့်မယ်ဆိုရင် အရင်ကဘဝ ခဏဖြစ်ဖြစ် ပြန်ရပါစေလို့ လေးနက်စွာ ဆုတောင်းရင်း…။ ။


‘ပျော်ရာမှာမနေ တော်ရာမှာနေ’ တဲ့။ ပျော်နေသင့်ပါပြီ အခုတော့… နေသားတောင်မကျသေးဘူး။ ငါကပဲ ပျော့ညံ့တာလား… ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့တာ တစ်ယောက်တည်း နေနိုင်မယ်လို့လေ။ တကယ်တမ်းတော့… ဝိုင်ဝိုင်းရဲ့ ‘အိမ်လွမ်းသူ’ က ငါ့အတွက်များလား။ ဟင်းကောင်းတွေရှေ့ချပြီး အိမ်က ငါးပိရည်ကို လွမ်းမိတယ်။ မနက်စာမေ့နေတာကြာပြီ အိမ်နားက မုန့်ဟင်းခါးပဲ စားချင်လို့။ ဘတ်စ်ကားတွေ တိုးမစီးချင်ဘူး စက်ဘီးလေးနဲ့ လျှောက်လိမ့်ချင်တယ်။ နီယွန်မီးတွေအောက်မှာ မနေချင်ဘူး လရောင်အောက်ကညကို တမ်းတမိတယ်။ တစ်ယောက်တည်း ပင်ပန်းနေချိန် အမေ့ရင်ခွင်ကို လွမ်းလိုက်တာ အလိုလိုနေရင်း ငိုချင်တယ်။ ငါ အရမ်း ပျော့ညံ့ပါတယ်… ဒါပေမယ့်လည်း… ထပ်တူမကျနိုင်တော့တဲ့ ဘဝခရီးလမ်းကိုတော့ အားတင်းလို့ ဆက်လျှောက်ရဦးမယ်…။ ။


ဘဝနာရီ လည်မည်ပတ်မည် အရီ (ရယ်) မလွန်ကြစေနှင့်…။ **ဒီကဗျာလေးက သောကြာစာစောင်မှာ ပါဖူးပါတယ်။ ဒါပေမယ့် အယ်ဒီတာရဲ့ အယူအဆနဲ့ မွန် ပြောချင်တာနဲ့က လွဲနေတယ်။ ရွာသားတွေလည်း ဘယ်လိုယူဆလည်းဆိုတာ သိချင်ပါတယ်။ အယ်ဒီတာနဲ့ တူနေတယ်ဆိုရင်တော့ မွန်က ကိုယ် ပြောချင်တာကို ပေါ်အောင် မရေးနိုင်လို့ပဲ။