(၂၄) ကျွန်မက ယုတစ်ယောက်နှင့်သာ အဆက်အသွယ်ရှိတော့သော်လည်း ကိုခန့်နှင့် အဓိကပတ်သက်ခဲ့ဖူးသော ယုထံသို့ သတင်းစကားများက အလိုလိုရောက်လာကြသည်။ ငယ်နှင့် တရားဝင်ချစ်သူဖြစ်နေသော ကိုခန့်က ယုကို ချစ်နေဆဲပါဟု ဆိုလာပြီး အကြိမ်ကြိမ်အခါခါ ဖုန်းဆက်နေသည်ဟု ကြားသိရစဉ်က မျက်နှာပြောင်တိုက်တတ်လွန်းလှသူကို ကျွန်မ ရွံမုန်းခဲ့ရ၏။ “ကလေး ဘာလို့ ငါတို့ကိုလိမ်လဲဆိုတာ ငါသိသွားပြီ” အရာရာကို ဆက်စပ်တွေးတောပြီး ထွက်လာသော အဖြေတစ်ခုကို ကြားသိရသည့်အခါ အလွန်ပင် အံ့ဩမိခဲ့သည်။ ကိုခန့်ကို ချစ်လွန်းလှသည့် ငယ်က သာယာမှုနှင့်အချစ်စစ်ကို မြင်တတ်ခဲ့ဟန် တူပါသည်။ ယုက ပြန်လက်ခံလိုက်ရုံနှင့် သူချစ်သည့် ကိုခန့်ကို ဆုံးရှုံးရမည်ကို သိနေသည့်အတွက် မိန်းကလေးတစ်ယောက်၏ အရှက်နှင့်ရင်းပြီး ဤကဲ့သို့ လိမ်ညာရဲခဲ့သည့် ငယ့်ကို ကျွန်မတို့ သနားမိပါသည်။ သို့သော် ကျွန်မတို့၏ စေတနာကို […]