အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809 အပိုင်း (၃) – https://myanmargazette.net/204904 အပိုင်း (၄) – https://myanmargazette.net/204994 အပိုင်း (၅) – https://myanmargazette.net/205096   (၁၆) အဒေါ်အိမ်တွင်နေထိုင်ရင်း အလုပ်လုပ်နေရသော အချိန်ကာလများသည် ကျွန်မ၏ နှလုံးသားကို လျင်မြန်စွာ ကုစားနိုင်ခဲ့သည်။ နောင်တတို့ဖြင့် ကျွန်မကို လွမ်းဆွတ်နေသည့် သူ့အကြောင်းများကို ကြားသိရသော်လည်း ကျွန်မ မတုန်လှုပ်တော့ပါ။ တစ်ခါတစ်ရံတွင် ဖြစ်ပေါ်လာတတ်သော အလွမ်းများကို နာကျည်းမှု၏အောက်တွင် ဖြေဖျောက်နိုင်ခဲ့သည်။ မဖြစ်နိုင်သောလမ်းကို ဆက်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် ကိုယ့်ကိုကိုယ်ကျေနပ်မိ၏။ အချစ်သည် အလွန်ပင် အပြောင်းအလဲမြန်မှန်း ကျွန်မသဘောပေါက်ခဲ့သည်။ (၆) လဟူသော အချိန်အတွင်းတွင် ကျွန်မသည် သူငယ်ချင်းအားလုံးနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ ချစ်ရသောယုနှင့် တစ်လတစ်ခါတွေ့ဖြစ်ရန်ပင် မလွယ်ကူတော့ချေ။ လူချင်းမတွေ့ဖြစ်သော်လည်း ယုကတော့ […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809 အပိုင်း (၃) – https://myanmargazette.net/204904 အပိုင်း (၄) – https://myanmargazette.net/204994   (၁၂) စစ်သားတစ်ယောက်၏ ချစ်သူဖြစ်ရခြင်းသည် အလွန်ပင်မလွယ်ကူလှကြောင်း ကျွန်မသိခဲ့ရသည်။ (စစ်ဆေးတက္ကသိုလ်တက်နေသည့်ကျောင်းသားကို စစ်သားဟုပင် သုံးနှုန်းချင်ပါသည်။) တနင်္ဂနွေ outpass ထွက်သည့်ရက်ကို မျှော်နေရသည်။ ယခုအချိန်ကဲ့သို့ လက်ကိုင်ဖုန်းများမပေါများသေးသည့်အချိန်တွင် သူ့ဘက်က ဆက်လာမည့်ဖုန်းကိုသာ စောင့်ခွင့်ရှိသည်။ သူပေးထားသည့် ဖုန်းနံပါတ်လေးတစ်ခုသည် ကျောင်းဆင်းချိန်ညနေဘက်များတွင် အမြဲတမ်းမအားလပ်ဘဲ ဖြစ်နေတတ်သည်။ သူရှိနေမည့်အချိန်တွင် ဖုန်းလုံးဝမအားခြင်း၊ ဖုန်းဝင်သွားသည့်အချိန်တွင် သူမရှိနေနိုင်ခြင်းတို့သည် ကျွန်မ၏ သည်းခံနိုင်စွမ်းတို့ကို တဖြည်းဖြည်း ထိပါးလာခဲ့သည်။ ထို့အပြင် တနင်္ဂနွေတွေ့ဆုံချိန်များ၌ နောက်ကျမှရောက်လာတတ်သော သူ့ကို ကျွန်မ နားလည်မပေးနိုင်ခဲ့ပါ။ ကြာကြာစိတ်မဆိုးတတ်ခြင်း၊ ခဏတာတွေ့ရသည့်အချိန်များကို တန်ဖိုးထားမိခြင်းတို့ကြောင့်သာ စိတ်လျှော့လိုက်ရသော်လည်း ကျွန်မ၏ အတွေးတွေကတော့ […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809 အပိုင်း (၃) – https://myanmargazette.net/204904   (၁၀) “ငယ် ကိုခန့်နဲ့ ဖုန်းပြောဖြစ်နေတာလား…” “ဟုတ် မကြီး.. ဒါပေမယ့် တစ်ခါတစ်လေပါ….” “မကြီးတော့ နေ့တိုင်းနီးပါး ဖုန်းပြောနေတာ တွေ့တယ်နော်…” “သမီးသူငယ်ချင်းဆီကပါ မကြီး… ကိုကြီးက တစ်ခါတစ်လေမှ ဆက်တာပါ…” “မကြီး ပြောထားတယ်နော်.. ကိုခန့်ဘယ်လောက်ရှုပ်တယ်ဆိုတာတွေကို… ပတ်သက်တဲ့မိန်းကလေးတိုင်းနဲ့ ဇာတ်လမ်းဖြစ်တယ်… ဒါပေမယ့် နောက်ဆုံးမှာ သူတကယ်ချစ်တဲ့သူက ယုပဲ…” “သမီးသိပါတယ် မကြီး.. ကိုကြီးနဲ့ကလည်း ရိုးရိုးသားသားပဲ ပြောဖြစ်တာပါ…” “အင်းပါ.. ကိုယ့်ညီမလေးမို့ ခံစားသွားရမှာ စိုးရိမ်လို့ပါ… ငယ်က စဉ်းစားတတ်တဲ့သူပဲ…” “ဟုတ်ကဲ့ပါ မကြီး…” သည်ကလေးမ၏ မျက်ဝန်းများကို ဖတ်တတ်နေသော်လည်း အတင်းအကျပ်မပြောချင်သောကြောင့် မသိဟန်ဆောင်ထားလိုက်သည်။ “မကြီး […]


အပိုင်း (၁) – https://myanmargazette.net/204769 အပိုင်း (၂) – https://myanmargazette.net/204809   (၇) “အဲဒီတော့ ကိုခန့်က ဘာပြန်ပြောလဲ...” “ဘာမှ မပြောဘူးလေ.. မကြီးလည်း ထွက်လာခဲ့လိုက်တယ်… ဘာမှထပ်ပြောဖြစ်မယ် မထင်တော့ပါဘူး ငယ်ရယ်… မေ့ထားလိုက်တာ ကောင်းပါတယ်… အော်. ဒါနဲ့ မနက်ဖြန်ညနေ ယု အဆောင်ကို လာလည်လိမ့်မယ်… ငယ်စောစောပြန်လာရင် တွေ့လို့ရတာပေါ့...” “ဟုတ် မကြီး.. သမီးလည်း မြင်ဖူးချင်နေတာ အတော်ပဲ…” ချစ်စရာကောင်းသော ငယ့်ကို ယုကလည်း ညီမလေးတစ်ယောက်လို ချစ်ခဲ့ပါသည်။ စနေပိတ်ရက်များတွင် အဆောင်ကိုလာလည်တတ်သော ယုသည် ကျွန်မအဝတ်လျှော်နေချိန်များတွင် မီးပူကူတိုက်ပေးရင်း ငယ်နှင့် စကားလက်ဆုံကျနေတတ်သည်။ မမကို ကော်ဖီတစ်ခွက်တိုက်ပြီး မီးပူတိုက်ခိုင်းတယ် ငယ်ရယ်.. အဲဒါကောင်းသလား.. အင်းလေ.. ဘယ်ကောင်းမှာလဲ… အဲဒီမကြီးက ခိုင်းတဲ့နေရာမှာ ဧည့်သည်တောင် […]


(၄) တစ်ရက်တွင်တော့ ကိုခန့်က ဖုန်းဆက်လာခဲ့သည်။ “မွန်မွန်.. မနက်ဖြန် အမေလာမှာ.. နင်နဲ့မိတ်ဆက်ပေးချင်လို့..” “အာ… နင်ကလည်း… ကိုယ့်ဘာသာပဲ တွေ့ပါ.. ငါ မလာချင်ပါဘူး..” “မဟုတ်ပါဘူးဟာ.. ငါက နင့်အကြောင်းတွေ အမေ့ကို ပြောပြထားတယ်ဟ… အရမ်းခင်ဖို့ကောင်းတယ်လို့လည်း ပြောထားတယ်… အမေကလည်း နင်နဲ့တွေ့ချင်တယ်တဲ့..” “ဘုရားရေ.. နင်ရိုးရိုးသားသားတော့ ဟုတ်ပါတယ်နော်.. တော်ကြာ သူ့ချွေးမလို့ ထင်နေဦးမယ်.. “ “ဟားဟား.. မထင်ပါဘူးဟာ.. ငါ့မှာ ရည်းစားရှိတာ အမေသိပါတယ်.. အဆင်ပြေရင် သူနဲ့ပါတွေ့ပေးမလို့… နင်နဲ့က ရိုးရိုးသူငယ်ချင်းပဲဆိုတာ သိပါတယ်ဟ.. စိတ်မပူနဲ့.. မနက်ဖြန် ကိုးနာရီ နင်လာခဲ့နော်..” “ဟဲ့.. နင်ပြောတော့ ယု ဆို.. အခုတစ်ယောက်ကို နင့်အမေနဲ့တွေ့ပေးမယ်ဆိုတော့ နင်က ဘာလဲဟ..” “ဒီလိုပါပဲဟာ.. ဟိုတစ်ယောက်က အမေလာမယ်ဆိုတာသိတော့ […]


(၁) လွန်ခဲ့သော (၆) နှစ်ခန့်က အမျိုးသမီးဆောင်တစ်ခု၏ အဆောင်နေကျောင်းသူအဖြစ် ငယ်နှင့်ကျွန်မ ခင်မင်ခဲ့ကြသည်။ ငယ်က စီးပွားရေးတက္ကသိုလ်တွင် ပထမနှစ်စတက်မည့် တက္ကသိုလ်ကျောင်းသူသစ်။ ကျွန်မက တစ်ခြားအဆောင်က ပြောင်းလာသည့် အဆောင်သူသစ်။ အခန်းချင်းလည်းနီး၊ အသစ်ချင်းလည်းတူသည့် ကျွန်မတို့နှစ်ယောက်သည် အချိန်တိုအတွင်းတွင်ပင် အလွန်ခင်မင်သွားခဲ့ကြသည်။ အလုပ်လုပ်ကြသူများသည့် ကျွန်မတို့အဆောင်တွင် ကျောင်းသူဖြစ်သော ငယ်နှင့်ကျွန်မသည် အငယ်ဆုံးနှစ်ယောက်အဖြစ် အစ်မတွေက ဝိုင်းချစ်ခဲ့ကြသည်။ ငယ်ကတော့ သူ့ထက် အသက်နှစ်နှစ်သာကြီးသော ကျွန်မကို ခွျဲချင်သည့်အခါတွင် ကလေးတစ်ယောက်လို လာချွဲလိုက်၊ ပုလင်းတူဘူးဆို့လုပ်ချင်သည့်အခါ သူငယ်ချင်းပေါင်း ပေါင်းလိုက်နှင့် ပျော်စရာအချိန်တွေကို ဖြတ်သန်းခဲ့ကြသည်။ ကျွန်မအတွက်တော့ မမေ့နိုင်သော အမှတ်တရကာလများပင်။ (၂) ထိုအချိန်မှာပင် ကိုခန့်နှင့်ကျွန်မ စတင်ခင်မင်ခဲ့ကြသည်။ ကျွန်မထက် (၃) ရက်သာကြီးသော အစ်ကိုထံသို့ သွားလည်ရင်း၊ အစ်ကို့လွယ်အိတ်ထဲသို့ မွှေရင်း jfj….@gmail.com […]


မ​နေ့က အ​မေနဲ့ စကား​ပြောကြတာ…​ပြောရင်​းနဲ့ အ​ချေအတင်​ဖြစ်​လာတယ်​ ဆိုပါ​တော့။ အချိုမှုန်​့ဇာတ်​လမ်​းက စတာပဲ။ ကျွန်​မက အချိုမှုန်​့မသုံး​ရေး၊ အ​မေက ဟင်​းအရသာရှိဖို့ အချိုမှုန်​့ထည်​့​ရေး။ ကျွန်​မက အချိုမှုန်​့သုံးတာ ကျန်​းမာ​ရေးအတွက်​ မ​ကောင်​းဘူး၊ ကင်​ဆာလည်​းဖြစ်​နိုင်​တယ်​၊ ဦး​နှောက်​ဖွံ့ဖြိုးမှုကိုလည်​း ထိခိုက်​တယ်​၊ အချိုမှုန်​့ မပါဘဲလည်​း စားလို့ရတာပဲလို့ ​ပြောတယ်​။ အ​မေက အချိုမှုန်​့မပါဘဲချက်​ရင်​ အရသာမရှိဘူးတဲ့။ အများကြီးမဟုတ်​​တောင်​ နည်​းနည်​း​လောက်​ဖြစ်​ဖြစ်​ ထည်​့ရမယ်​တဲ့။ အချိုမှုန်​့​ရှောင်​ရုံနဲ့လည်​း ဘာမှထူးမသွားဘူးတဲ့။ စားသမျှအစားအစာအကုန်​ ဓာတု​ဗေဒနဲ့ကင်​းတာ ဘာရှိလဲတဲ့။ အားလုံးအဆိပ်​​တွေချည်​းပဲတဲ့။ ကျွန်​မကလည်​း ပြန်​​ပြောတယ်​။ အကုန်​လုံးကို သတိထားပြီး စားရမှာပဲလို့။ ပိုးသတ်​​ဆေးကုန်​​အောင်​ ​သေချာ​ဆေးလို့ရတယ်​၊ ဆား​ရေစိမ်​မယ်​၊ ​သေချာကျက်​​အောင်​ချက်​မယ်​၊ ​ရှောင်​မရဘူးဆိုပြီး အ​သေခံလို့မ​ှ မရတာလို့။ အဲဒီမှာ အ​မေက ဘာပြန်​​ပြောလဲဆို​တော့ သူတို့​ခေတ်​တုန်​းက အကုန်​လုံးက သဘာဝပဲတဲ့။ ဘာဆိုး​ဆေးမှမကူဘူး၊ ဘာ​မြေဩဇာမှ […]


ရဲနဲ့အပူစာ အပူစာနဲ့ရဲ စာရဲသူစားစတမ်​း။ စားရဲလို့ဝင်​လုပ်​တာ သမ္မာရင်​ ထမင်​းငတ်​တဲ့​ခေတ်​ ခပ်​တင်​းတင်​းယူရမှာပဲ။ အပြစ်​လုပ်​မိတာ ငါ့​ကြောင်​့မဟုတ်​ ဥပ​ဒေမသိတာ ငါ့​ကြောင်​့မဟုတ်​ ငါ့အလုပ်​က ​ငွေထုပ်​​ကောက်​ဖို့။ ​ဟောက်​ချင်​လည်​း​ ​ဟောက်​မယ်​ ​အောက်​ကျဆိုလည်​း ရတယ်​ အထက်​ဖား​အောက်​ဖိ အကုန်​သိ၏။ အပြစ်​ရှိတယ်​ လာမ​ပြောနဲ့ ကုန်​လိုက်​တာ ​ဟောကနဲ ငါ့တစ်​မိသားစုလုံး ​ရောဂါရှိတယ်​။ ။ Posted from WordPress for Android


ဟုတ်​တယ်​။ ဒီရက်​ပိုင်​း (ဒီရက်​ပိုင်​းဆိုတာ နှစ်​ပတ်​​လောက်​​တော့ ရှိပြီ) ကျွန်​မ ​တွေးဖြစ်​​နေတဲ့အ​ကြောင်​းက အ​ဖေပဲ။ ပုံမှန်​မဟုတ်​တဲ့ အ​ခြေအ​နေတစ်​ခုကို ရင်​ဆိုင်​​နေရတဲ့အချိန်​မှာ မဖြစ်​နိုင်​တာ​တွေကို စိတ်​ကူးယဉ်​မိတတ်​တာ သဘာဝပဲထင်​တယ်​။ အခုလည်​း အ​ဖေသာရှိ​နေခဲ့ရင်​ ဆိုပြီး ​တွေးချင်တာ​တွေ​တွေးမိ​နေတာ။ စိတ်​ကူးထဲမှာ​မျောပြီး ​ပျော်​သွားလိုက်​၊ ပစ္စုန်​ပ္ပန်​ကို ပြန်​​ရောက်​လာပြီး ဝမ်​းနည်​းလိုက်​နဲ့ တစ်​​ယောက်​တည်​းဖြစ်​​နေတာ။ အ​ဖေသာ ရှိ​နေရင်​ ကျွန်​မတို့မိသားစုက နယ်​ကအိမ်​​လေးမှာ တစ်​စည်​းတစ်​လုံးတည်​း ​နေ​နေလိမ်​့မယ်​။ က​ျွန်​မက​ လွဲလို့​ပေါ့။ ​မောင်​​လေးက အိမ်​ကအလုပ်​ကို ဦးစီးလိမ်​့မယ်​။ ကျွန်​မက​တော့ ရန်​ကုန်​မှာပဲ ​နေဖြစ်​မှာပါ။ အိမ်​ကို မကြာခဏပြန်​မယ်​။ အနားယူမယ်​။ အ​ဖေချက်​​ကျွေးတာ​တွေစားမယ်​။ အ​ဖေ့ကို အရမ်​းလွမ်​းမိတာ အစားအ​သောက်​​ကြောင်​့လည်​းပါတယ်​။ အစားအ​သောက်​နဲ့ ပတ်​သက်​ရင်​ အိမ်​မှာ အကျင်​့တူတာဆိုလို့ အ​​ဖေနဲ့ကျွန်​မပဲ ရှိတာ​လေ။ အ​မေနဲ့အဘွားက အရမ်​းရိုးရှင်​းတဲ့ အစားအစာ​တွေပဲ စားတာ။ […]


ယခု​ခေတ်​သည်​ ပညာ​ခေတ်​ဖြစ်​သည်​။ ပညာ​ခေတ်​တွင်​ ပညာကို အသည်​းအသန်​သင်​ယူကြသည်​။ ထိုသို့ သင်​ယူရာတွင်​ အင်္ဂလိပ်​စာသည်​ အဓိကကျ​သော အခန်​းကဏ္ဍက ပါဝင်​​နေ၏။​ အထက်​တန်​းသင်​ရိုးများကိုပင်​ (မြန်​မာစာက လွဲ၍) အင်္ဂလိပ်​ဘာသာနှင်​့ ပြဌာန်​းထားသဖြင်​့ အင်္ဂလိပ်​စာ မတတ်​လ​ျှင်​ ဘာသာရပ်​များကို ​လေ့လာရာ၌ အခက်​အခဲဖြစ်​​စေသည်​။ ထို့​ကြောင်​့ က​လေးငယ်​များကအစပင်​ အင်္ဂလိပ်​စာကို အထူးအ​လေး​ပေး သင်​ယူ​နေကြ​ပေသည်​။ ထို့အပြင်​ လွတ်​လပ်​ပွင်​့လင်​းစပြုလာ​သော မြန်​မာနိုင်​ငံသို့ ပြည်​ပမှ လာ​ရောက်​ရင်​းနှီးမြှုပ်​နှံမ​ှုများလည်​း ​စတင်​ဝင်​​ရောက်​နေပြီ ဖြစ်​သကဲ့သို့ ပြည်​တွင်​းမှ နိုင်​ငံသားအမ​ျားအပြားကလည်​း ပြည်​ပလုပ်​ငန်​းခွင်​များသို့ သွား​ရောက်​လုပ်​ကိုင်​ကြသည်​။ ထို့​ကြောင်​့ အပြည်​ပြည်​ဆိုင်​ရာနှင်​့ ဆက်​သွယ်​ရာတွင်​လည်​း နိုင်​ငံတကာသုံးဘာသာစကားဖြစ်​သည်​့ အင်္ဂလိပ်​စာသည်​ အ​ရေးအကြီးဆုံး အခန်​းကဏ္ဍက ပါဝင်​​နေပြန်​၏။ သို့ဖြစ်​၍ လူကြီးလူငယ်​ အရွယ်​မ​ရွေး အင်္ဂလိပ်​စာကို သင်​ယူကြသည်​။ ​လေ့လာကြသည်​။ ​ပြောဆိုကြသည်​။ ​လေ့ကျင်​့ကြသည်​။ ​ကြိုဆိုပါ၏။ အကျိုးရှိသည်​့အလုပ်​ကို […]


အချိန်တွေကုန်တာ မြန်တယ်လို့များ ထင်ရမလား မသိဘူးနော်။ နဖူးစာဂဇက်ရွာလည်ခဲ့တဲ့ အံစာနဲ့ လုံမတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းက ဒီနေ့ (၂၂.၇.၂၀၁၄) မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန်က ရွာတွေ့ဆုံပွဲပြီးလို့ နောက်တစ်ရက် ဝါဆိုလပြည့်နေ့ပေါ့။ အဲဒီတုန်းက အဖြစ်လေးတွေကို သတိရသား။ တွေ့ဆုံပွဲအချိန်တုန်းက သူက သူ့ကိုမချစ်နိုင်တဲ့ မိန်းကလေးဆီမှာ ပေကပ်ပြီး မနှောင့်ယှက်တော့ပါဘူးဆိုပြီး လုံမကို မခေါ်တော့ဘူး။ (ဗျူဟာမှူးတွေရဲ့ ဗျူဟာလည်း ဖြစ်နိုင်တယ်။) (၆) လလုံးလုံး ကိုယ့်အနားမှာ နေပေးခဲ့တဲ့သူဆိုတော့ ဘယ်အချိန်ကတည်းက သံယောဇဉ်တွယ်မိသွားမှန်း မသိဘူး။ ပြီးတော့ သူက တကယ်ကြီးကို ရှောင်သွားတာဆိုတော့ စိတ်ထဲမှာလည်း တစ်မျိုးကြီးပေါ့။ ဒီလိုနဲ့ မဖြစ်ချေဘူးဆိုပြီး လူဇိုးတွေနဲ့မေတိုင်ပင် လုပ်။ သူတို့ဆီက မဲကလည်း ကိုယ့်ဘက်ကို အလေးသာဆိုတော့ ခြောက်ထောင့်တုံး အဖြေရသွားပါလေရော။ […]


ဟင့်အင်း မေမေ… သမီး သူနဲ့ မခွဲနိုင်လို့ပါ…. တောင်းပန်တိုးလျှိုးသော လေသံဖျော့ဖျော့နှင့် မေ့မေ့ကို ကျွန်မ အသနားခံလိုက်သည်။ မေ့မေ့မျက်နှာတွင်တော့ သမီးကို စိုးရိမ်သော မေတ္တာတရားနှင့်အလျှော့ပေးမည့်ပုံမပေါ်သော ခက်ထန်မှုတို့က ရောယှက်နေ၏။ သက်ပြင်းချသံနှင့်အတူတူ မေမေကလည်း ကြင်နာစွာ စကားဆိုလာလေသည်။ သမီးရယ်.. အဓိကကတော့ စိတ်ပါပဲ….. တခြားအရာတွေကို မေမေ အကုန်အလိုလိုက်ခဲ့တာပဲ… အခုဟာက သမီးအတွက် ထိခိုက်မှာမို့လို့ မေမေ တားနေရတာလေ…. အခုအချိန်မှာ မသိသေးပေမယ့် နောက်ကျရင် သူ့ကြောင့် သမီးပဲ ဒုက္ခရောက်ရမှာ…။ သူနဲ့ပတ်သက်လို့ ဖြစ်လာသမျှကို သမီး ခါးစည်းခံပါ့မယ် မေမေရယ်… အခုအချိန်မှာတော့ သူနဲ့ခွဲဖို့ဆိုတာ သမီးအတွက် မဖြစ်နိုင်သေးလို့ပါ….. နောင်တစ်ချိန် သူမကောင်းဘူးဆိုတာ သမီးသိလာခဲ့ရင် သမီးကိုယ်တိုင် သူနဲ့လမ်းခွဲပါ့မယ်… သမီးအကြောင်းကို မေမေသိနေတာပဲလေ.. နော်… မေမေ့သမီးက […]