moonpoemMarch 24, 20111min32424
ကဲဒီနေ ့တော့ သူငယ်ချင်းတွေ အပျင်းပြေအောင် မြန်မာနိုင်ငံရဲ ့ မြို ့လေးတွေနဲ့  သစ်သီးဝလံတွေ ရဲ ့နာမည်ကို တတ်နိုင်သလောက် စဉ်းစားပြီး ပဟေဋ္ဌိဖွက်လိုက်ပါတယ်။ ဒါပေမယ့် မေးခွန်းတွေကိုပဲ မေးထားပြီးတော ့အဖြေတွေကိုတော့ ထည့်ရေးပေးမထားပါဘူး။ ဘာဖြစ်လို ့လဲဆိုတော့ အပြင်မှာ ကျွန်မတို ့တွေဆော့ကြတဲ့အခါ မေးတဲ့လူက ဖြေတဲ့လူ ဟိုကုတ်ဒီကုတ်နဲ ့ ဖြေမှာကို စောင့်ရင်း၊ ဖြေတဲ့လူကလည်းမေတ္တာတွေပို ့ရင်း စဉ်းစားကြတယ်။ ဖြေတဲ့သူက ပန်းပေးတော့မှ မေးတဲ့သူက အဖြေကို ပြောပြတာကမှ ပဟေဋ္ဌိဖွက်တာရဲ ့အရသာ ကရှိတာပါ။ အဲဒီတော့ ဒီမေးခွန်းလေးတွေရဲ ့ အဖြေကို စဉ်းစားလို ့မရတော့ဘူးဆိုတောမှ့ လှမ်းမေးလိုက်ပါ။ ဒါပေမယ့် သေချာတာကတော ့ မန ္တလေးဂေဇက်သတင်းစာကသူငယ်ချင်း တွေက Master […]

183518_10150122666892497_661602496_6275603_2970973_n-600x450.jpg

moonpoemMarch 23, 20111min28510
ပုဂံမှာ မိုးပျံပူဖောင်းစီးတဲ့ ခရီးစဉ်ရှိပါတယ်။ အားလုံးလည်းကြားဖူးကြမှာပါ။ အဲဒီမိုးပျံပူဖောင်းခရီးစဉ်က နှစ်စဉ် အောက်တိုဘာ ကနေ မတ်လထိပဲ ပျံသန်းပါတယ်။ ကျန်တဲ့လတွေ မှာ မြန်မာနိုင်ငံရဲ ့လေထု အခြေအနေရယ် မိုးရွာတာရယ်ကြောင့်ခရီးစဉ် မရှိတာကများပါတယ်။ မိုးပျံပူဖောင်းတစ်ခုမှာ လူ၄ယောက်ပဲဆံ့ပြီး စီးမယ်ဆိုရင် ၃ရက်ကြိုပြီးBookingတင်ရပါတယ်။တစ်ယောက်ကိုUSD 300ပေးရပါတယ်။ အဲဒါကြောင့်မြန်မာနိုင်ငံသားထက်နိုင်ငံခြားသားစီးတာပိုများပါတယ်။ တစ်ခါတစ်ရံမှာအဲဒီခရီးစဉ်ကပုဂံအပြင်ကျွန်မတို ့အမရပူရမြို ့ကိုပါ ရောက်လာလေ့ရှိပါတယ်။ အဲဒါကတော့ဦးပိန်တံတားကိုရောက်ရှိလာတဲ့ပူဖောင်းခရီးစဉ်ကပုံရိပ်တွေပဲဖြစ်ပါတယ်။ အခုမန္တလေးဂေဇက်ကသူငယ်ချင်းတွေစီးမယ်ဆိုရင်တော့ ကျွန်မက အမရပူရသူတစ်ယောက် ဖြစ်တဲ့အားလျော်စွာ အခမဲ့ အနေနဲ ့အဟမ်း အဟမ်းဒကာခံပြီးတော့……. တောင်သမန်အင်းထဲမှာပဲ  ငှက်လှေစီးခွင့်ကဒ်ပေးလိုက်ပါ့မယ်ရှင်။      


moonpoemMarch 22, 20111min43016
မျက်နှာမြင်ချစ်ခင်ပါစေအသံကြားသနားပါစေတဲ့ကြားဖူးကြမှာပါ။ဘယ်သူပဲဖြစ်ဖြစ် အမြဲလိုလိုဆူနေအော်နေတတ်တဲ့လူမျိုးကိုမုန်းတတ်ကြပြီး အပြုံးချိုချိုလေးနဲ့စကားပြောသူကိုသာ ချစ်တတ်ကြတာကိုး။အဲလိုအရေးကြီးတဲ့အပြုံးနဲ့ပတ်သတ်ပြီးသိထားတာလေးတွေကိုပြောပြချင်ပါတယ်။ (အပြုံးဆိုတာလမ်းထိပ်ကရေခဲရေသည်ကိုပြောတာမဟုတ်ဘူးနော်)။   အပြည့်အဝအပြုံး မိတ်ဟောင်းဆွေဟောင်းတွေ မထင်မှတ်ဘဲတွေ့ကြတဲ့အခါသူကကိုယ့်ကိုမမြင်သေးသော်လည်း ကိုယ်ကသူ့ကိုတွေ့လိုက်ရတဲ့အတွက်အားရပါးရပြုံးမိသွားတဲ့အခါအပြည့်အဝအပြုံးပါ။   ဟတ်ကော့အပြုံး သူငယ်ချင်းတစ်ယောက်ကိုကိုယ်ကစတွေ့တဲ့အခါဝမ်းသာစွာနဲ့ပဲပြုံးပြလိုက်ပေမယ့် ဟိုတစ်ယောက်ကကိုယ့်ကိုမမြင်ဘဲထွက်သွားတော့အပြုံးကတစ်ခြမ်းကြီးပေါ့နော်။အဲဒီ အပြုံးတစ်ခြမ်းကိုဟတ်ကော့အပြုံးလို့ခေါ်ပါတယ်။   အခိုးအငွေ့အပြုံး ကိုယ့်ဘက်ကတစ်ဖတ်သတ်ချစ်နေရတဲ့မိန်းကလေးသို့မဟုတ်ယောက်ျားလေးတစ်ယောက်ကို တွေ့ရတဲ့အခါပေါ်တင်လည်းမကြည့်ရဲ ရင်ထဲမှာလည်းပျော်နေတဲ့အတွက်ကြောင့်တခြားလူတွေ မရိပ်မိအောင်ကြိတ်ပြီးပြုံးလိုက်တဲ့အပြုံးကိုတော့အခိုးအငွေ့အပြုံးလို့ခေါ်ပါတယ်။   ရှက်ပြုံး ချစ်သူဖြစ်ခါစမှာသူငယ်ချင်တွေကသိတော့ဝိုင်းစတဲ့အချိန်ဖြစ်ပေါ်လာတဲ့အပြုံးလေးကရှက်ပြုံးလေး ပေါ့နော်။   ဒေါသပြုံး မြန်မာဗွီဒီယိုဇာတ်ကားထဲတွေမှာကြည့်ဖူးကြမှာပါ။ ဟင်းဟင်းဟင်းတစ်နေ့တော့မင်းငါ့အကြောင်း သိစေရမယ်ဆိုပြီးဒေါသတွေနဲ့ပြုံးတာလေ။အဲဒါဒေါသအပြုံးပေါ့။   မသာမယာအပြုံး အိမ်သာတက်ခါနီးအချိန်ဧည့်သည်လာလို့သို့မဟုတ်ဖုန်းလာလို့စကားပြောရတဲ့အခါအားတင်းပြီး ပြုံးလိုက်ရယ်လိုက်နဲ့စကားပြောနေရပေမယ့်အဲဒီအချိန်ကအပြုံးကအောင့်အီးပြီးပြုံးရတဲ့အတွက်ကြောင့် အဲဒီအပြုံးကိုမသာမယာအပြုံးလို့ခေါ်ပါတယ်။       ဝရုန်းသုန်းကားအပြုံး ဥပမာအနေနဲ့တို့အိမ်ကတော့နေ့တိုင်းဆီဒိုးနားမှာပဲဒင်နာစားတာ ဟိုနားဒီနားလောက်ကတော့လန်ခရူဇာနဲ့ ပေါ့အေလိုအကြွားသန်နေတုန်းအကြွေးရှင်ရောက်လာပြီးဟဲ့နင်ထမီပေါင်ထားတာလာရွေးဦးဆိုတော့ ခုနကနားထောင်နေတဲ့သူတွေကိုဝရုန်းသုန်းကားလေးပြုံးပြပြီးပြေးရတာမျိုး။   ကဲဒါကတော့ရှာဖွေတွေ့ရှိရသလောက်အပြုံးလေးတွေပါ။ထပ်ပြီးတွေ့ရှိတဲ့အခါဆက်လက်ဖော်ပြပါဦးမယ်။ သူငယ်ချင်းတွေရောဘယ်လိုအပြုံးလေးတွေပြုံးပြီးကြပြီလဲ။