moonpoemJanuary 23, 20141min21012
အိမ်….နွေးထွေးတဲ့အိမ်၊ အုတ်ဖြင့် ဆောက်သည်ဖြစ်စေ ဝါးဖြင့် ဆောက်သည်ဖြစ်စေ သွပ်ဖြင့် မိုးသည်ဖြစ်စေ ဓနိဖြင့် မိုးသည်ဖြစ်စေ သံယောဇဉ်၊နားလည်မှုများဖြင့် ရစ်ပတ်ခြုံလွှမ်းထားသော မိသားစုဝင်များတည်ရှိကြသည့် အိမ်လေးသည် အင်မတန် ပျော်ဖွယ်ကောင်းပေမည်။ တခါတရံ မဟုတ်တော့သော်လည်း အလုပ်ကိစ္စဖြင့် ခရီးထွက်ပြီး တစ်ပတ်ခန် ့ရက်ရှည် ခရီးစဉ်က ပြန်လာသည့်အခါ ကြိုဆိုမည့်သူ မရှိသည့်အိမ်ကို ပြန်ရသည်။ ပင်ပန်းနေပြီလား၊ အခြေအနေဘယ်လိုလဲ မေးရင်း ရေတစ်ခွက်လောက်ကမ်းမည့်သူကို မျှော်လင့်မိသည်။ သို ့သော်လည်း မရှိ။ မိသားစုနှင့်ခွဲခွာပြီး တစ်နယ်တစ်ကျေးကို လာရောက်လုပ်ကိုင်သူ တစ်ယောက်အနေဖြင့် အနည်းနှင့်အများ အထီးကျန်မှုကို ခံစားရမည်သာ။ ဇန်နဝါရီ ဒုတိယအပတ်လောက်ကတော့ ခွင့်ရက်ရရျ် မန ္တလေးကို ပြန်ဖြစ်သည်။ မနက်စောစောစီးစီး အိမ်ကို ရောက်ရောက်ချင်း အဘွားဖြစ်သူက သမီးဘာစားချင်လဲ သမီးကြိုက်တဲ့ ကြက်ဥပလာတာ စားမှာလား၊ […]


moonpoemJanuary 6, 20141min22513
၂၀၁၄ မဟာသင်္ကြန်စာအရ တနင်္ဂနွေသားသမီး တာစားမည်ဖြစ်ပြီးစားမည့်တာမှာပဲပလာတာသို့မဟုတ်သကြားပလာတာ ဖြစ်လတ္တံ့။ တနင်္လာသားသမီးများကံညံ့သော်လည်း မဏိမေခလာကယ်ကိန်းမြင်သည်။မေခလာမကယ်အားက ရန်ကျော်လာကယ်မည် ဖြစ်လတ္တံ ့။ အင်္ဂါသားသမီးများ ဘင်္ဂအိမ်ရောက်နေပြီးစနေသားသမီးများပုတိအိမ်ရောက်နေသည်ဖြစ်ရာည၁ဝနာရီမတိုင်ခင် အိမ်ပြန်သင့်လတံ။္တ ဗုဒ္ဓဟူးသားသမီးဂြိုဟ်ခွင် တိုင်ထိပ်ရောက်နေသော်လည်း ဓာတ်ကြိုးနှင့်ငြိနိုင်သဖြင့် ကုန်ကားဖြတ်ချိန် သတိထားပါ။ ကြာသပတေးသားသမီးများအတွက် အခုချိန်မှာ အပင်စိုက်သင့်ပြီး စိုက်သင့်သည့်အပင်မှာ သရေပင်။သောကြာသားသမီးများ ခရီးထွက်ရာတွင် နဂါးခေါင်း လည်ထွက်နေသည့်အတွက်အရပ်၁ဝမျက်နှာအပ အခြားသို့သွားသင့်လတ္တံ့။ ရာဟုသားသမီးများချစ်သူနှစ်ဦးအချစ်ရေး ကြားလူဝင်လတ္တံ့။ ်မဝင်စေရန် ဘယ်သွားသွားနှစ်ဦးစလုံးလက်ကို ကြိုးတုပ်ပြီးသွားပါ။ ရရက်သားသမီးများအတွက်ယတြာမှာ www.yahoo.comကိုဖွင့်ပြီး ရဟူးရဟူးဟု ၃ခေါက်အော်လိုက်ပါ။ ဘေးနားမှသူငယ်ချင်းများမှ သွားရှာပြီဟူသောအကြည့်ခံရ လတ္တံ့။ (2014 Victoria Moon Poem၏ မဟာသင်္ကြန်စာ)


moonpoemJanuary 6, 20141min1236
ကလေးတို ့ရေ တို ့များ ဆမာကဒါနိုင်ငံတော်ကြီးမှာ အထင်ရှားဆုံးမြစ်ဟာ ပဲမြစ်ပဲ ဖြစ်ပြီး အရှည်ဆုံးမြစ်ကတော့ ထန်းပင်မြစ်ပါတဲ့ကွယ်။ နိုင်ငံခြားကို ထုတ်ကုန်အဖြစ်နဲ ့နာမည်ကြီးတဲ့ တွင်းထွက်ရတနာကတော့ ပုရစ်နဲ ့ဖားပြုတ်ပဲ ဖြစ်ကြပါတယ်။ ကလေးတို ့ရေ ဆမာကဒါ နိုင်ငံတော်ကြီးဟာ တောင်မြောက်သွယ်တန်းပြီး ရှေ ့နောက်သွယ်တန်းကာအထက်အောက်ကတော့ တိုတိုတုတ်တုတ်ရှိပါတယ်ကွယ်။ လူမျိုးစုအနေနဲ ့အဓိကအားဖြင့် ၃မျိုးရှိကြပြီးလူမျိုးစုနာမည်တွေကတော့ ဂျလွတ်ပလွတ်လူမျိုး၊တုံစိတုံခါလူမျိုးနဲ ့ ခွာနာလျှာနာလူမျိုးတွေပဲ ဖြစ်ကြပါတယ်။ လူမျိုးစုတွေရဲ ့အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းကတော့ အိမ်သာတူးဖော်ရေး လုပ်ငန်း ၊လည်ရာပြန်စားရေး လုပ်ငန်း နဲ ့တောင်ယာလျှောက်သွားရေးလုပ်ငန်းတွေပဲ ဖြစ်ကြပါတယ်။ အခြားသောနိုင်ငံများနဲ ့လည်း ခြံစည်းရိုးချင်းထိစပ်လျက်ရှိပြီး တခါတရံ လမ်းမလွတ်သဖြင့် အပင်ခုတ်ပေးရတဲ့ အခါတွေလည်း ရှိတတ်ပါတယ်။ ဆရာမတို ့ဆမကဒါနိုင်ငံတော်ကြီးမှာ မြစ်ကူးတံတားအဖြစ် မိကျောင်းတွေကို အသုံးပြုလျက်ရှိပြီး […]


moonpoemDecember 30, 20131min12949
ဘဝတွင် သေခြင်းတရားကို နီးကပ်စွာ ခံစားရခြင်းသည် မနေ့က လေယာဉ်စီးရာမှ ရရှိလေသည်။ မနေ ့က မန္တလေးသို့ ့အလုပ်ကိစ္စကြောင့် လေယာဉ်ဖြင့် နေ ့ချင်းပြန် သွားရသည်။ လေယာဉ်သဘောအရဆင်းသက်မည့်ကွင်းတွင်ဖြစ်စေထွက်ခွာမည့်ကွင်းတွင်ဖြစ်စေ ရာသီဥတု မကောင်းပါက စောင့်ရသည်ကြောင့် ကြန့်ကြာတတ်ခြင်း ထွက်လာသည့်ကွင်းသို့ ပြန်လည်ဆင်းသက်ခြင်းများကိုမြကြာခဏဆိုသလို တွေ့ကြုံရဘူးပါသည်။ မနေ့က ဖြစ်ပုံကတော့ သာမန်နှင့် မတူပါ။ မန္တလေးရန်ကုန် လေယာဉ်ပျံသန်းချိန်သည် ပျမ်းမျှအားဖြင့်၁နာရီမိနစ်၂ဝခန့် ရှိပါသည်။ ကျွန်မတို့ ရန်ကုန်သို့အပြန်လေယာဉ်စီးရာတွင် လေယာဉ်စီးချိန် မိနစ်၂ဝခန့်အကြာ လေယာဉ်တက်နေချိန် မဟုတ်ပါဘဲနှင့် ရုတ်တရတ် ကျွန်မနားတွေမခံနိုင်အောင်အူလာသည်။တဖြည်းဖြည်း နားအုံတွေပါကိုက်ပြီးခေါင်းတွေမူးလာသည်။သို့ပေမယ့် အအေးပတ်တာလို့သာ ထင်ခဲ့သည်။ ခေါင်းမူးသဖြင့် ထိုင်ခုံကိုမှီရန်ပြုသော်ဘေးနားတွင်ထိုင်နေသော ပြင်သစ်လူမျိုးသက်ကြီးပိုင်း အဘွားတစ်ယောက်သည် နားထင်ရှိသွေးကြောများ ထောင်ပြီးဖောင်းနေသဖြင့်ကြိုးစားနှိပ်နေသည်ကို မြင်လိုက်ရသည်။ကျွန်မသူ့ကိုကြည့်နေတာတွေ့တော့ အသက်ရှူကြပ်ပြီနေရခက်ကြောင်းပြောလာသည်။ ထိုချိန်မှာပင် ကျွန်မရှေ ့က မြန်မာမိန်းကလေးနှစ်ဦးလုံး အန်လေသည်။ […]


moonpoemDecember 24, 20131min26910
ဟဲဟိုးလေဆိပ်ကိုရောက်သည်နှင့် ထုံးစံအတိုင်း ဧည့်သည်နှင့်ကျွန်မLuggage များကို စီးမည့် လေယာဉ် Countreတွင်အပ်လိုက်သည်။ ကားပေါ်မှပစ္စည်းများကိုချပေးပြီး လေဆိပ်ကောင်တာထိသယ်ပေးသည့် porter များကို ကျသင့်ငွေရှင်းပေးလိုက်သည်။ ဒါသည်ထုံးစံ။ ထိုအချိန်မှာပင် ကောင်တာမှ တစ်ယောက်က luggage အပ်ခဆိုကာ ပိုက်ဆံတောင်းလာသည်။ လုံးဝအဓိပါ္ပယ်မရှိပါ။ ကျွန်မက မပေးတော့ Immigration ဖြတ်ပြီးသည်ထိ ဇွတ်လာတောင်းသည်။ လူအများရှေ့ မှာ ဇွတ်တောင်းနေခြင်းသည် အမြင်မတော်။ မတတ်သာလွန်းသဖြင့်ပေးလိုက်ရသည်။စိတ်ထဲကတော့မပါ။သတိထားကြည့်တော့ အခြားပြည်တွင်း ပြည်ပဧည့်များကိုပါ လိုက်တောင်းနေသည်ကို တွေ့ရသည်။ ပြောရမည်ဆိုလျှင် ဒီလိုဖြစ်တာ ဒါပါနဲ့ဆို ၂ကြိမ်မြောက် ပြီးတော့ ဖြစ်လိုက်တိုင်း ဒီဟဲဟိုးလေဆိပ် ဒီ လေယာဉ်ကောင်တာမှာ။ အကျည်းတန်လွန်းလှသည်။ လေယာဉ်စီးချိန်မှာတော့ ထိုင်ခုံနောက်မှီတွင် ပါသည့်အကြံပေးအဆိုပြုလွှာစာအိတ်ကိုဖောက်လိုက်ပြီး ဖြစ်သမျှ အကြောင်းစုံရေးပေးလိုက်သည်။လိုအပ်လျှင် ဆက်သွယ်နိုင်ရန် ကျွန်မနာမည်နှင့် ဖုန်းနံပါတ်ပါရေးလိုက်သည်။ ထို့နောက် ရုံးချုပ်ကို တင်ပေးပါဟု […]


moonpoemSeptember 13, 20131min27017
ခရီးသွားလောကမှာ Tip Money ပေးတယ်ဆိုတာ မဆန်းတော့တဲ့ ထုံးတမ်းတစ်ခုပါ။ ဝန်ဆောင်မှုလုပ်ငန်းဖြစ် တဲ့ အတွက် ဧည့်သည်ဘက်က စိတ်ကျေနပ်တဲ့အခါ ပေးတတ်တာကြောင့် ရယူသူဘက်ကလည်း စေတနာသန့်စွာ လက်ခံလို ့ရပါတယ်။ ခက်တာက အခုတလော ဘဝင်မကျတဲ့ ကိစ္စကတော့ ဧည့်သည်က မပေးချင်သည့်တိုင်အောင် Tip Money ကို ဇွတ်တောင်းနေတဲ့ ကိစ္စတစ်ခုပါပဲ။ အရင်ကတော့ မသိသာလှပေမယ့် အခုကတော့ နေရာတိုင်းနီးပါး မြင်တွေ ့နေရတော့ ကျွန်မစိတ်ထဲသိပ်ဘဝင်မကျလှပါဘူး။ အဲဒါကြောင့် မန်းဂေဇက်ကနေ တစ်ဆင့် ရင်ဖွင့်လိုက်ပါတယ်။ နံပါတ်(၁)။ ။နိုင်ငံခြားဧည့်သည်သုံး အိမ်သာတွေမှာ လက်ဆေးအပြီး တစ်သျှူးပေးသူက တစ်ခါပေးပြီးတိုင်း တစ်ခ်မန်းနီး ဝမ်းဒေါ်လာလို ့ပြောပါတယ်။ နိုင်ငံခြားသားအနေနဲ ့က ဝမ်းဒေါ်လာဆိုတာ နည်းတဲ့အတွက် ပေးလိုက်သော်ငြား ၁ဝယောက်လောက်ဝင်ပြီးရင် အိမ်သာသန် ့ရှင်းရေး […]


moonpoemFebruary 15, 20131min1949
ကျွန်မ မချစ်တတ်တော့ပါဘူး။ ချစ်အောင်လည်း မသင်ယူချင်တော့ပါဘူး။ အပြစ်တင်နေကြမှာလား။ မချစ်တတ်တာ မဟုတ်ပါဘူး။ ဘယ်သူ ့ကိုမှ မချစ်မိအောင် နေတာပါ။ ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ် ထာဝရအဆုံးတိုင်….ကိုယ်တန်ဖိုးထားပါ့မယ်…. မင်းလက်တွေကိုင်ဆုပ်ကာ…အခါခါအထပ်ထပ်ပြောချင်တယ်…ဒီတစ်သက်လုံး….နင်တစ်ယောက်ထဲ….. ချစ်ပါတယ်……… အဲဒီသီချင်းလေးကို နားထောင်ကြည့်ပါလား ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ …….နဲ ့ပတ်သတ်တဲ့ ခံစားချက်တွေအတွက် သီချင်းလေးက အထောက်အကူဖြစ်မှာပါ။ ကျွန်မတက်ရောက်နေသော အင်္ဂလိပ်စာသင်တန်းကျောင်းအနီးတွင် ရှိသော ကွန်ပျူတာသင်တန်းကိုသူက လာတက်ရင်းမှ ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။ သူက ရှမ်းပြည်ဇာတိ၊ မိဘအကြောင်း မောင်နှမတွေအကြောင်း ကျွန်မကိုပြောပြသည်။ အပျော်သက်သက်မဟုတ်၊ ဘဝတစ်ခုလုံး လက်တွဲဖို ့ရည်ရွယ်ထားသည်ဟု ဆိုသည်။ သီချင်းနားထောင်ပြီးသောအခါ ခံစားချက်တစ်ခုကို နားလည်မိသည်။ရင်ခုန်သည်။ လအနည်းငယ်အတွင်းမှာ သူ နဲ ့ကျွန်မ ချစ်သွားကြသည်ပေါ့။အသက်၂ဝပြည့်ခါစ ကောင်မလေး တစ်ယောက်အတွက် အချစ်သည် ဘဝ၊ အချစ်သည်ထာဝရ၊ အချစ်သည် […]


moonpoemFebruary 14, 20131min43333
ဒီနေ ့ရုံးကို ကျွန်မနေရာတွင် အစားဝင်ရန်မိန်းကလေး ၃ယောက်ကို အင်တာဗျူးသည်။အင်တာဗျူး သည် ့၃ယောက်ထဲမှ ၂ယောက်ကို ခန် ့မည် ဖြစ်သည်။ ထို ၂ယောက်တောင်းဆိုသည့် လစာက နည်းလေသလား သို ့မဟုတ် ကျွန်မ မန်နေဂျာက သတ်မှတ်လိုက်လေသည်လားတော့ မသိ။ သူတို ့၂ယောက်လုံးကို ခန့်လျှင်ပင် ၂ယောက်ပေါင်းလစာက ကျွန်မအခု ရသည့်လစာကို ပင် မပြည့်ဟု မန်နေဂျာက ပြောသည်။ ကျွန်မသူ ့ဆိုလို်ရင်းများကို နားလည်ပါသည်။ သူလျှော့ချသည့်လစာကို ကျွန်မ လက်မခံခဲ့ရျ် ထွက်ဖြစ်ခဲ့သည်ရှိသော်ငြား သူ ့အတွက် လူမရှားကြောင်း သူပေးသည့်လစာသည် အဆင်ပြေကြောင်း သက်သေပြဟန်ရှိဧ။်။ မထွက်ဘဲ တဖန်ပြန်လည် စဉ်းစားသင့်ကြောင်း ပြောလာဧ။် ။ ကျွန်မကို နားချသောသူများရှိဧ။် ။ ဒီရွာထဲက မိတ်ဆွေများ […]


moonpoemFebruary 13, 20131min28621
အစ်မ ဧည့်သည်တွေက ဘာလူမျိုးတွေလဲ။ ကျွန်မ လှဲနေသည်ဆိုသော်လည်း အိပ်ပျော်နေခြင်း မဟုတ်သည်ကို သတိထားမိဟန်တူသောကြောင့် ထိုကောင်လေးက ကျွန်မကို မေးခြင်းဖြစ်ပါသည်။ သူကတော့ ထိုင်လျက်။ သူက ထိုင်ရင်းဟိုဟိုဒီဒီကြည့်ကာ မေးနေသည်ကို ကျွန်မက အိပ်ရင်းနဲ ့တော့ မဖြေချင်ပါ။ လူးလဲထပြီး ဪ..ဂျပန်တွေလေ မောင်လေးဟု ဖြေလိုက်သည်။ အံ့ဩစရာနော် အစ်မ ကျွန်တော်ဖြင့် ဒီဘုရားကို အဖေနဲ ့လိုက်လာတာဖြင့် ဟိုးငယ်ငယ်ကလေးတည်းက။ ဒီလို ဘုရားစောင်းတန်းမှာ အိပ်ကြတာ မြန်မာလူမျိုးပဲတွေ ့ဘူးသေးတယ်။ နိုင်ငံခြားသားဆိုရင် ဘုရားပတ်ပြီး ပြန်တာများပါတယ်။ အစ်မဧည့်သည်ဂျပန်တွေကျမှပဲ ဘုရားစောင်းတန်းလာအိပ်ကြတယ်နော်။ နေပူထဲ လျှောက်သွားရတာ ပင်ပန်းလို ့လားအစ်မ။ ဟုတ်မှာပါလေ သန်လျင်က ဒီလောက်နေပူတာ ပင်ပန်းမှာပေါ့။ ကျွန်တော်က ဒီနှစ် ၁ဝတန်းဖြေမှာဗျ။ အိမ်ကတော့ စာကျက်ဖို ့ပြောတာပဲ။ကျွန်တော်ကတော့ […]


moonpoemFebruary 5, 20131min61927
ကျွန်မ တိုးဂိုက်အဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့တာ ၄နှစ်ပြည့်ပြီးနောက်ပို်င်း တစ်ရက်မှာတော့ စကားပြန်အဖြစ်လုပ်ပေးဖို ့ ကျွန်မကုမဏီက ပြောလာပါတယ်။ စကားပြန်ကတော့ တိုးဂိုက်ထက် နည်းနည်းလေးတော့ ပိုခက်တယ်လို ့ကျွန်မထင်တယ်။ တိုးဂိုက်ကတော့ လုပ်သက်ရှိသွားရင် အားလုံးက အေးအေးဆေးဆေးဖြစ်သွားပေမယ့် စကားပြန်ကကျတော့ သူ ့အပိုင်းနဲ ့သူ မတူညီတာလေးတွေ ရှိပါတယ်။ ရင်းနှီးမြုပ်နှံမှုဆိုလည်း ရင်းနှီးမြုပ်နှံတာနဲ ့ပတ်သတ်တဲ့ စကားစုတွေ၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး စသဖြင့် အမျိုးမျိုးသော ပညာရပ်တွေက ခက်ခဲနက်နဲမှုတွေ ရှိတာကြောင့် တော်တော်လေး ပြန်လေ့လာရပါတယ်။ ကျွန်မအတွက် ပထမဆုံးကျလာတဲ့ စကားပြန်တာဝန်က ဆောက်လုပ်ရေးနဲ ့ပတ်သတ်ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးနဲ ့ပတ်သတ်တဲ့ အပိုင်းတွေကို ပြန်လေ့လာပြီး စကားပြန်လိုက်ခဲ့ပါတယ်။ ပထမဆုံး ပွဲဦးထွက်မှာ စကားပြန်အဆင်ပြေပြီး နောက်ပိုင်း ကျွန်မကို ကျွန်မကုမဏီက ဆောက်လုပ်ရေးနဲ ့ပတ်သတ်တဲ့ […]


moonpoemJanuary 27, 20131min26216
အလယ်တန်းလောက်မှ အစပြုရျ် အထက်တန်း ၊ တက္ကသိုလ် ကျောင်းသူကျောင်းသား ဘဝတွင် ကျွန်မတို ့သည် နွေရာသီကျောင်းပိတ်ရက်နီးတိုင်း သူငယ်ချင်းများနှင့် ခေတ္တ ခဏ ခွဲခွာရမည် ဖြစ်သောကြောင့် အမှတ်တရ တစ်ခုအနေဖြင့် အော်တို စာအုပ်လေးများတွင် စာရေးခိုင်းခဲ့ကြဘူးကြသည်။ ထိုအော်တိုစာအုပ်လေးတွင် မိဘကျေးဇူးဆပ်နိုင်သောသူ ဖြစ်ပါစေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ စသဖြင့် ဆုတောင်းပေးသည့် သူငယ်ချင်းများရှိကြသလို ၊ နောက်ပြောင်ကျီစယ်ကာ ဟာသမှတ်စုလေးများ ရေးပေးသည့် သူငယ်ချင်းလေးများလည်း ရှိကြသည်ကို အမှတ်ရမိဧ။် ။ အော်တိုစာအုပ်ရေးခိုင်းသည့် အကျင့်သည် မိမိထက် အတန်းကြီးသော အစ်ကိုကြီး၊အစ်မကြီးများ လုပ်ရာက အစပြုခဲ့လေသလား သို ့မဟုတ် သူငယ်ချင်းတစ်ယောက်က အစပြုခဲ့သည်လား မသိသော်လည်း ကျွန်မအထင် ကျွန်မသူငယ်ချင်း တော်တော်များများသည်လည်း အော်တိုရေးခိုင်းကြကိုတော့ ပြန်ပြောင်း အောင်းမေ့မိသည်။ ကျွန်မဘဝတွင်တော့ […]


moonpoemJanuary 25, 20131min25119
ကျွန်မတို ့အခုတလော ဖေ့စ်ဘုတ်စွဲသည့် ရောဂါဖြစ်နေကြသည်။ ဖေ့စ်ဘုတ်တွင် လှသည်ထင်သည် ့ဓာတ်ပုံတွေတင်ကြသည်။ တည့်တည့်ကြည့်ပြီး ဓာတ်ပုံရိုက်လျှင် မလှသည့်အားလျော်စွာ ဘေးတစောင်းရိုက်ခြင်း အပေါ်စီးမှ ရိုက်ခြင်း၊ ဘေးလှည့်ခြင်း၊ မျက်နှာအောက်ချ ရိုက်ခြင်းတို ့ဖြင့် ဖင်ဘူးထောင်းထောင်သည့် ပို ့စ်ကလွဲပြီး ဓာတ်ပုံရိုက်ကာ တင်ကြသည်။ ဖြစ်ဘူးကြမှာပါ ဖေ့ဘွတ်ကို ကြည့်သောအခါအချို ့သော သူငယ်ချင်းများက ရည်းစားနဲ ့စိတ်ဆိုးတာကအစ၊ အမေက ဆူလိုက်သည်က တစ်မျိုး၊ အရက်သောက်ဖို ု့ချိန်းသည်မှ စပြီး စတေးတပ်စ် တင်ကြသည်။ ကျွန်မသူငယ်ချင်းတချို ့လည်း ဖေ့ဘွတ်စ်ကို စွဲနေကြသည်။ မနက်မိုး လင်း လင်းချင်း မျက်နှာ မသစ်ဘဲ ဖုန်းနှင့် အွန်လိုင်းတက်သည်က စသည့်သူငယ်ချင်းများပင် ရှိကြသည်။ ဒါကြောင့်ပဲ ဂွတ်မောနင်း သူငယ်ချင်းတို ့နှင့် စတင်ပြီး […]


moonpoemJanuary 25, 20131min25021
ကျွန်မတို ့မောင်နှမသုံးယောက်က တွေ ့တဲ့အခါတိုင်း စနောက်လေ့ရှိတာတစ်ခု ရှိပါတယ်။ အဲဒါက အစ်ကိုအကြီးဆုံးကို မွေးတော့ သားအချစ်မြေးအနှစ်ဆိုတဲ့ အတိုင်း သူ ့ကို အဘွားက အချစ်ဆုံး(အမေဘက်ကဖြစ်ပါတယ် အဖေဘက်က အဘိုးအဘွားက မရှိတော့ပါ)၊အမေက တော့အလတ်အစ်မကို သမီးဦးလေးမို ့အချစ်ဆုံး ၊အဖေကတော့ အငယ်ဆုံးကျွန်မကို အချစ်ဆုံးတဲ့လေ။ တကယ်ကတော့ အဘွားရော၊အဖေတွေအမေတွေကရော အားလုံးကို တပြေးညီချစ်တာချင်းတူပါသည်။ ဒါပေမယ့်ပြောစမှတ်တွင်ရအောင် တခါတခါကျရင် ဦးစားပေးတာ၊ သည်းတာတွေကို မြင်ရတော့အချင်းချင်းစနောက်နေတာ တကယ်များဖြစ်နေပြီလားလို ့တွေးမိပါတယ်။ ဖြစ်လည်း ပြသ၁နာမရှိပါ။ မောင်နှမများကြားဘယ်သူ ့ကိုပဲ ပိုချစ်ချစ်၊ အားလုံးကို ဂရုစိုက်တာ နွေးထွေးတာပဲမို ့ ကျွန်မတို ့မိသားစုလေးသည် ပျော်စရာကောင်းပါသည်။မိသားစု စုံညီစွာ နေခဲ့တဲ့ အချိန်ကပေါ့။ ဒီလိုနှင့် အသက်အရွယ်တွေရပြီး တစ်ယောက်တစ်နယ်စီ အလုပ်ထွက်လုပ်ကြချိန်မှာ မန်းတလေးအိမ်တွင် […]