ဆရာဦးကျော်ရင်က “သေလျှင်မြေကြီး၊ရှင်လျှင်မြေကြီး”လို ့ပြောခဲ့တဖွဖွပေါ့။ခုတော့ ဆရာကသူချစ်တဲ့ မိသားစုရယ် တိုင်းပြည်ရယ်ကိုထားခဲ့ပြီး သူ သိပ်ချစ်ပါတဲ့ မြေကြီးကိုဖက်တွယ်လျှက်ပေါ့။ဆရာကောင်းရာဘုံဘဝရောက်ပါစေပေါ့။ တချိန်က မ.ဆ.လ အစိုးရကိုဝေဖန်ခဲ့တဲ့ ဆရာတင်မိုးက”ဆေးလိပ်လဲတို၊နေလဲညိုပြီ၊ငါကိုပြန်ပို ့ကြပါလေ။”ပေါ့။ ခုတော့ ဆရာတင်မိုးက အနုပညာကိုချစ်တဲ့ ဆရာဦးကျော်ရင်အတွက် ကဗျာတစ်ပုဒ်ရေးပေးခဲ့ပါတယ်။ရွာသားတွေအားလုံးအတွက်ဝေမျှပေးလိုက်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ သူရှိစဉ်က သူခင်မင်ရာ၊သူ ့စာစကား အသစ်ပွားအောင်၊သင်ကြားပို ့ချ နှုတ်ချိုမြနှင့် လုံ ့လအားထုတ်ခဲ့ဘူးသည်။ သူရှိစဉ်က သစ်လွင်သောစာ၊ဝေဆာသောပြည် ဖြစ်စိမ့်မည်ဟု၊အကြံစည်ကောင်း ကလောင်တချောင်းနှင့် ရေလောင်းပေါင်းသင်ခဲ့ဘူးသည်။ သူရှိစဉ်က ပြည်တွင်းရေးတော်၊ပေါ်ခိုက်ခဏ ကျမ်းစာချလျှက် ဒုက္ခမရှု၊ဘေးမမှုဘဲ လူထုတပ်သား၊လူထုကြားတွင် ဓါးကိုရရ၊လှံကိုရရ သေနတ်ရရ ရသည့်လက်နက်၊ကိုင်စွဲလျက်လျှင် ဖက်စစ်တော်လှန်ခဲ့ဘူးသည်။ သူမရှိလည်း သူဧ။် ကိုယ်စား၊သူ ့ဂုဏ်များလျှင် ထင်ရှားကျန်ရစ်ခဲ့သတည်း။ တင်မိုး