To my Beloved, Remember I will still be here As long as you hold me In your own memory သတိရပေးပါ မင်းရဲ့ မှတ်ဉာဏ်ထဲမှာ ငါ့ကို သတိရနေသေးသ၍ ဒီနေရာမှာ ငါရှိနေအုန်းမှာပါ Remember When your dreams have ended Time can be transcended Just remember me သတိရပေးပါ မင်းရဲ့ အိမ်မက်တွေ အဆုံးသတ်ချိန်မှာ မမျှော်လင့်တာတွေကို အချိန်က ပေးစွမ်းမှာပါ ငါ့ကိုသတိရရုံ သတိရပေးပါ I am the one star That keeps […]


““သမိုင်းစဉ်တလျှောက်လုံး၌ မြန်မာတိုင်းရင်းသားမှန်လျှင် (ကိုရှုူံးနိမ့်မှုများနှင့်လူေြ ပာသော တိုင်းရင်းသားမဟုတ်) ဘာသာအယူဝါဒ မည်မျှပင်ခြားနားစေကာမူ တိုင်းရင်းသားအချင်းချင်း ဟူသော မျိုးချစ်စိတ်ဓာတ်ဖြင့် ညီညွတ်သင့်မြတ်စွာ ဆက်ဆံပေါင်းသင်းနေထိုင် ကြသည့် သာဓကကို ဝေးဝေးရှာရန်မလိုပါ။ရန်ကုန်မြို ့ သိမ်ကြီးဈေးနှင့်လသာ မြို ့နယ် တစ်ဝိုက်ကိုကြည့်ပါ။ သိမ်တော်ကြီးနှင့် ဆူးလေစေတီတော်ပတ်ဝန်းကျင်တွင်အစ္စလာမ်ဗလီ ဝတ်ကျောင်းများ၊ဟိန္ဒူဘုရားရှိခိုးကျောင်းများ၊ခရစ်ယန် ဘုရားရှိခိုးကျောင်းများ၊တရုတ်ဘုံကျောင်းအမျိုးမျိုး တို ့လည်းရှိကြသည်။ထိုဒေသ ပတ်ဝန်းကျင်တွင် နေထိုင်ကြသူတို ့သည် မိမိတို ့ကိုးကွယ်ရာ ဘာသာအလိုက် ဆူးလေဘုရားကုန်းပေါ်တက်သူတက်၊ဗလီတက်သူတက်၊ဟိန္ဒူဘုရားကျောင်းသွားသူသွား၊ဘုံကျောင်းတက်သူတက် အသီးသီးသွားလာ နေထိုင် ကြရာ ကွဲပြားသော၊ခြားနားသော ဘာသာယဉ်ကျေးမှုများသဟဇာတဖြစ်နေကြပုံကိုပေါ်လွင်စေအောင် သရုပ်ဖော်ပေးနေပါသည်။ ဤကဲ့သို ့မြင်ကွင်းမျိုးကို အခြားသော တိုင်းတစ်ပါးတို ့တွင်မည်သူမျှမြင်တွေ ့ဖူးကြလိမ့်မည် မထင်ပါ။မြန်မာနိုင်ငံ၌ သာလျှင် ဘာသာရေးအားဖြင့် သဘောထားကြီးသော သရုပ်သကန်ကို တွေ ့နိုင်ပါသည်။ကျွန်ုပ်တို ့မြန်မာနိုင်ငံသည် ဘာသာအယူဝါဒ တို ့အပေါ်လေးစားသောသဘောထား ရှိမြဲဖြစ်လေသည်။””[မောင်ထင်(၁၉၈၀)၊လုပ်သားပြည်သူ ့နေ ့စဉ်။၂၂-၁-၈၀(စာ-၄)]ဟူ၍ဖော်ပြထားရာလေးစားဖွယ်ဖြစ်လေသည်။ ထို ့အပြင် ဆရာတက်တိုး(၁၉၁၃-၂၀၀၃)ကလည်း“အနေတတ်ဖို ့လိုသည်”ဟူသော ဆောင်းပါး၌ လူ၏တန်ဖိုးတွင် မြတ်သောစရဏ အကျင့်ရှိရန်လိုအပ်ပုံကိုဖော်ပြပြီး- ““တကယ်တော့ ကျွန်တော်တို ့မြန်မာနိုင်ငံသည် ပထဝီအနေအထား […]


ကျွန်တော်ရဲ ့ကိုယ်ပိုင်ဖန်တီးချက်မဟုတ်ေ ပမယ့် တက္ကသိုလ်ဝင်တန်းတပည့်ကျော်တွေထဲက တစ်ယောက်ရဲ ့ဖန်တီးမှုပေါ့။သူပြောမှ ကိုယ်တိုင်သတိသွားရတယ် အော် တစ်နှစ်ပတ်လုံးသူ အိပ်ငိုက်သွားတာ ကိုယ်တောင်မသိလိုက်ဘူးပေါ့။သူက ဉာဏ်ထိုင်းလို ့စာမလိုက်နိုင်ဘူး ထင်လို ့အခါခါရှင်းပြ၊ထပ်ခါထပ်ခါ တွက်ပြ၊တွက်ခိုင်းပေါ့။ဒါပေမယ့် သူသိပ်မပြောင်းလဲလာပါဘူး။ခုတော့ သူရေးတဲ့စာလေးက ကျွန်တော့်ကိုပြန်သတိပေးသလိုဖြစ်နေပီ။စာသင်မယ့်၊ညွှန်ပြပေးမယ့် လမ်းညွန်သူတစ်ယောက် အနေဖြင့် အိပ်ငိုက်ချင်စိတ်ပျောက်၊စာထဲစိတ်ဝင်စား အောင် ကြိုးစားရင်း …………. ““ကမောက်ကမ ဖြစ်ရပ်များထဲက ကျုပ် သို့မဟုတ် ကျွန်ုပ်ဘဝ ထဲက ကမောက်ကမ ဖြစ်ရပ်များ”” ကျွန်ုပ်သည်ကား စာအတော်ကြီးများထည်းတွင်လည်းမပါ စာအညံ့ကြီးများ ထည်းတွင်လည်းမပါ သိူ့ပေမဲ့ တစ်ခါတစ်ရံ ကျွန်ုပ်၏ ဦးနှောင့် သည်ကား စာညံ့သူများထက်ပင် ထုံထိုင်းသွားတတ်သည်။ ဘဝ ကိုကမောက်ကမ နဲ့ ဘယ်အရာမှတည့်တည့်ကျအောင် ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်စွမ်း မရှိသူတို့ထည်းတွင်ကား ကျွန်ုပ်သည် နံပတ် တစ် ဖြစ်၏။ ဆယ်တန်းကို ညဏ်နဲ့မအောင် […]


ဤ. ပြည်ထောင်စု မြန်မာနိုင်ငံတော်သား၊ဗုဒ္ဓဘာသာ ဝင်များနှင့် တိုင်းရင်းသား မွတ်စ်လင် တို ့မှာ ညီအကိုချင်းချာ တွေဖြစ်ကြပါလျှက်၊“ကုလားလူမျိုးဘဲ၊ဗမာလူမျိုးဘဲ”ဟူသော၊လူမျိုးရေးပြဿနာကြောင့် သာရေး၊နာရေး တို ့မှာတဦးနှင့်တဦး ခပ်စိမ်းစိမ်း ဖြစ်နေကြသည်ကိုတွေ ့ရ၏။ တဖန်၊ဘာသာရေးနှင့်ပတ်သက်၍ တဦးနှင့်တဦး သူ ့ဘာသာ ကသာသည်၊ငါ့ဘာသာက မြတ်သည် ဟူသောပြဿနာများကြောင့် ပေါင်းသင်းဆက်ဆံရေးတို ့မှာ ခပ်တန်းတန်း ဖြစ်၍နေသည်ကိုမြင်ကြရပေလိမ့်မည်။ လူတစ်မျိုးနှင့်တစ်မျိုး၊တဘာသာနှင့်တဘာသာ မကျေနပ်သော အချက်များရှိခြင်းမှာ ဓမ္မတာသဘောပင်ဖြစ်လေသည်။သို ့ရာတွင် လူမျိုးတူ၊ဘာသာတူချင်းမှာပင် အချို ့အယူအဆ အချက်အချို ့၌ အယူအဆ ချင်းကွဲပြားနေကြသည်ကိုထောက်ရှုသော် လူမျိုးကွဲ၊ဘာသာကွဲ တို ့အဖို ့အဆန်းမဟုတ်တော့ပါ။ လောကီရေးရာနှင့်ပတ်သက်၍ ဖြစ်စေ၊လောကုတ္တရာရေးနှင့် ပတ်သက်၍ဖြစ်စေ၊ရှုပ်ထွေးပေပွနေသော ပြသနာတစ်ခုကိုရှင်းလင်းနိုင်ရန်မှာ အမြင်မှန်လိုအပ်ပါသည်။ထိုအမြင်မှန်ရမှ နားလည်မှုရောက်ပါမည်။နားလည်မှုမှသည် ကျေနပ်မှု ပေါ်ထွက်လာပါလိမ့်မည်။ဤကဲ့သို ့ကျေနပ်မှုရသောအခါ၊တဖက်နှင့်တဖက် အပြစ်မမြင်ဘဲ အချစ်စိတ်ဝင်လာရမည်မှာ ပြောပြနေစရာမလိုတော့ပါ။ သို ့ဖြစ်ပါ၍ ဤ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်းရှိတိုင်းရင်းသားတို ့စည်းလုံးရေး၊ ညီညွတ်ရေးနှင့် ချစ်ကြည်ရေးတို ့ကို အထူးလိုအပ်နေသည့်အချိန်အခါမျိုးမှာ တိုင်းရင်းသားချင်း၊တဖက်နှင့်တဖက်၊အဆင်မပြေဖြစ်နေသော လူမျိုးရေးနှင့် ဘာသာရေးပြဿနာကို ကို […]


“““အဝေးပျံသွားတဲ့ ငှက်ကလေး””” အမေ……. သား…အတောင်စုံပြီနော်… ဟိုးအဝေးကို ပျံသန်းခွင့်ပြုပါ အမေ….။ ဘဝ အမောတွေကြား ပူလောင်နေတဲ့ အမေ့ရဲ ့   ရင်ခွင်ကို သားရဲ ့အေးမြတဲ့ စိမ့်ရေအေး တစ်ခွက်နဲ ့ အမောပြေစေချင်လွန်းလို ့ပါ… အမေ…..။ ဒဏ်ရာတွေနဲ ့ ပင်ပန်းနေပီဖြစ်တဲ့ အဖေ့ပုခုံးတွေ နေရာမှာ သားနေရာဝင်ယူပြီး အဖေ့နဖူးက ချွေးစက်တွေကို သုတ်ပေးချင်လွန်းလို ့ပါအမေ…. ။ ခွန်အားတွေမွေးပြီး ရှေ ့ကိုလှမ်း ဖို ့ပြင်နေတဲ ့ ညီငယ်လေး နှစ်ယောက်အတွက် အနာဂတ်နေ ့ရက် တွေကို သိပ်လှတဲ့ ပန်းချီကားတစ်ချပ် အဖြစ် သား. ရေးဆွဲ ပေးချင်လို ့ပါ….အမေ……..။ သား……..အတောင်စုံပြီနော်…… ဟိုး…အဝေးကို ပျံသန်းခွင့်ပြုပါအမေ…..။ စိတ်ကူးယဉ်ထားတဲ့. သားတို ့ မိသားစုလေးရဲ ့ ပျော်စရာ နေ ့စွဲ လေးတွေဟာ တစ်ခါတလေ.  ……….. နှင်းတွေလို. ……သိပ်အေးတာဘဲ အမေရယ်…..။ တစ်ခါတလေ……. […]


Everybody should respect the rights and care the feelings and privacy of everyone else.As we live in society,we learn to have common courtesy,mutual consideration and shared value which make up good manners.They are a significant display of who you are.Some people today never practise and learn good manners before being allowed out into wider outside […]


ကျွန်တော်တို ့မကွေးဆေးကျောင်းရဲ ့စာသင်ဆောင် Gallery တွေထဲက ထိုင်ခုံတွေ၊စာတင်ခုံများ၏အသံမဲ့ခံစားချက်တွေပါ။ဖတ်ကြည့်ပေးကြပါဦး။ ကျောင်းမဖွင့်ခင်ရက်တော်တော်ကြာကတည်းကကျောင်းမြေကိုကျွန်တော်ရောက်နေခဲ့ပါတယ်။ကျွန်တော်ဟာကျောင်းသားကျောင်းသူ အသစ်လေးတွေနဲ ့ တွေ ့ရမယ့်ရက်ကိုလက်ချိုးရေတွက်ရင်းစောင့်နေခဲ့ပါတယ်။သူတို ့တွေ ကတက်ကြွလန်းဆန်းနုသစ်နေတဲ့အရွယ်၊လှချင်နေတဲ့အရွယ်ဆိုတော့သူတို ့အနားမှာဆိုရင် ရေမွှေးနံ ့တွေ၊ပေါင်ဒါနံ ့တွေ၊ခေါင်းလိမ်းဆီနံ ့တွေမွှေးကြိုင်နေမှာပေါ့။ဒါပေမယ့် ခုတော့ကျွန်တော်က ကျောင်းဆောင်သစ်ဆောက်လုပ်ရေးသမားကြီးတွေရဲ ့ချွေး နံ ့တွေကြားမှာ———– ဒီလိုနဲ ့ဘဲ ကျောင်းဖွင့်တဲ့နေ ့ကိုရောက်လာခဲ့ပါပြီ။ကျွန်တော့်ကိုGallery ရဲ ့နောက်ဆုံးမှာနေရာချထားပေးလို ့ဝင်လာတဲ့ ကျောင်းသားကျောင်းသူအားလုံးကိုမြင်နေရပါတယ်။ ဟော. ရေမွှေးနံ ့လေးကသင်းနေတာဘဲ။အတော်ဈေးကြီးမယ့်ပုံပဲ။ဒေါက်ဖိနပ်သံလည်းကြားတယ်။ဘုရားသိကြားမ, လို ့အဲဒီ ကောင်မလေး ကျွန်တော့်အနားမှာထိုင်ပါစေဗျာ။ ကျွန်တော့်ဆုတောင်းလေးမပြည့်ခဲ့ပါဘူး။သူမက ရှေ့တန်းမှာ သွားထိုင်လိုက်လို ့ပါ။ ဟော—-နောက်တယောက်လာပြန်ပြီ။ဒီတယောက်ကဆံပင်စုတ်ဖွာ နဲ ့(ခေါင်းမဖီးခဲ့ရဘူးထင်ပါတယ်)။အကျီႌကလည်းကြေလို ့။မျက်နှာသစ် သွားတိုက်တောင်မနည်းမီအောင်လုပ်ခဲ့ရတဲ့ပုံပေါက်တယ်။ဒီလိုလူမျိုးကိုတော့ကျွန်တော့်အနားမှာမထိုင်စေချင်ပါဘူး။ဒါပေမယ့် ဘသားချောကကျွန်တော့်အနားမှာပဲ ဒုန်းကနဲ ဆောင့်ထိုင်ချလိုက်တယ်။ကျွန်တော့် ကျောတွေရင်တွေတောင်အောင့်သွားသလိုဘဲ။ “အမေတို ့ကလည်း မတက်ချင်ပါဘူးဆိုနေ. အခုတော့အိပ်ရေးပျက်ရပြီ”တဲ့။ဟောဗျာ. […]


ဂေါတမဗုဒ္ဓ အမည်တော်ရင်းက သိဒ္ဓတ္တမင်းသားဖြစ်ပါတယ်။ကမ္ဘာ့အကြီးဆုံးဘာသာအယူဝါဒတွေထဲမှာပါတဲ့ ဗုဒ္ဓသာသနာကိုစတင်ပျိုးထောင်သူကျေးဇူးရှင်ဖြစ်ပါတယ်။နီပေါ နဲ ့နယ်စပ်ယှက်တင်နေတဲ့ အရှေ ့မြောက်အိန္ဒိယမြို ့တော် ကပ္ပိလဝတ္တုဘုရင့်သားတော်သိဒ္ဓတ္တဟာ ဂေါတမအမျိုး သာကိယ(သကျSakya)အနွယ်ဝင်ဖြစ်ပြီး အခုနီပေါနယ်စပ်အဝင် လုမ္ဗိနီမှာ ခရစ်တော်မပေါ်မီ ၅၆၃ ကမွေးဖွားခဲ့ပါတယ်။အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့ ရွယ်တူနှမတော်နဲ ့လက်ဆက်ပြီးကြီးစွာသောမင်းစည်းစိမ်ကိုခံစားပြီးနေရသော်လည်း စိတ်မပျော်မွေ ့ပါ။ လူသားအများစုဟာ ဆင်းရဲဒုက္ခကြုံတွေ ့နေရပြီး အမြဲသဖြင့်လိုရာမရဖြစ်နေရပါတယ်။လူတစ်ချို ့ဟာချမ်းသာတယ်လို ့ဆိုရတာတောင် မကြာခဏစိတ်ပျက်စရာ၊မနှစ်သက်စရာကိစ္စတွေကြုံရသေးတယ်။ရောဂါဝေဒနာ တစ်မျိုးပြီးတစ်မျိုးကြုံရပြီး၊သေခြင်းဆင်းရဲ ကိုဘယ်သူမှမလွန်ဆန်နိုင်ပါ။ခုလိုအခိုက်အတန် ့နှစ်သက်ဖွယ်တွေကို အိုနာသေဘေးတွေက မကြာမီလွှမ်းမိုးသွားတာဘဲလို ့တွေးတယ်။ သက်တော်နှစ်ဆယ့်ကိုး၊သားဦးရတဲ့အခါ ဂေါတမက ခုလက်ရှိအနေအထိုင်ကိုစွန် ့ချိန်တန်ပြီလို ့ဆုံးဖြတ်တယ်။အမှန်တရားကိုစူးစူးစိုက်စိုက်ရှာဖွေသင့်ပြီ ဆိုတဲ့အကြံနဲ ့နန်းတော်ကိုစွန် ့တယ်။ဇနီးကိုထားခဲ့တယ်။သားကို ပစ်ခဲ့တယ်။လူ ့ဘဝပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာတွေ ကိုထားခဲ့ပြီး ပစ္စည်းမဲ့ခရီး လှည့်လည်သွားလာနေသူဖြစ်ခဲ့တယ်။ခေတ်အခါအလျှောက် ပညာရှိ၊လူသူတော်အချို ့နဲ ့တွဲဖက်ပြီး ကျင့်စဉ်အချို ့ကိုလိုက်ကျင့်တယ်။သူတို ့နည်းကိုသိတော့ အတိမ်အနက်ကိုကြံဆတယ်။လူ ့ဘဝဒုက္ခတွေကို ဖြေဖျောက်ငြိမ်းအေးစေတဲ့ နည်းတွေ မဟုတ်ဘူးလို ့သိတယ်။အလွန်အကဲ ခြိုးခြံနိုင်မှ တရားမှန်ကို ရနိုင်မယ်လို ့အများတကာထင်နေကြတာကို အရှင်ဂေါတမက လိုက်ပြီးသူတော်စင်တွေလိုဘဲ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်ခြိုးခြံတဲ့အကျင့်ကိုကျင့်တယ်။ခန္ဓာကိုယ်ကို ညှည်းတဲ့ အလုပ်တွေအများကြီးပါတယ်။နောက်တော့ ဒီလိုသာ ခန္ဓာကိုယ် ကို နှိပ်စက်နေရင် ဦးနှောက်အမြင် မကြည်လင်ဘဲသစ္စာတရားနဲ ့ဝေးသထက်ဝေးလာမယ်လို ့သိလာတယ်။ဒါကြောင့်ပြင်းထန်လှတဲ့ ကျင့်ဝတ်ကိုစွန် ့ပြီး စားသောက်ဖွယ်တွေကို […]


ချစ်သူအကြောင်း မြို့ကြီးကိုပြောပြတော့ ဒဏ်ရာအနာတရနေရောင်ခြည်အောက်က အလွမ်းတွေထည့်ခပ်ထားတဲ့ရေတွေတောင် ပွက်ပွက်ဆူကုန်တယ် သတိရစိတ်က မီးလျှံငှက်တစ်ကောင်လေ သူထ, ထပျံလိုက်တိုင်း သောကဖုန်တွေနဲ့ အတော်ကြာအောင် အနည်မထိုင်ဖြစ်နေခဲ့ရတာ ငါပေါ့ ဖုန်းတွေကို အားကိုးမရတဲ့နေ့ အိပ်မက်တွေသာ ဝေးဝေးရောက်သွားတယ် ငါတို့ အသံတွေကတော့ ဆွံ့အခဲ့ရ အလွမ်းစွန် အဆွေးအဖျားမှာ ချစ်သူ့နာမည်ကို တိုးတိုးတမ်းတမိတော့ လိပ်ခွေနေတဲ့ ပက်ကြားအက်လမ်းမတွေက လှောင်ရယ်, ရယ်တယ် ဒေါသနဲ့ တံတွေးတစ်ချက်ထွေးလိုက်မိတော့လည်း ငါပဲ ပူလောင်ခြင်းတွေ ရွှဲရွှဲစိုရပါလေရော ချစ်သူရေ… ချစ်စိတ်တွေ အညောင်းမိနေပုံက နာရီလက်တံတွေလည်း နှေး နားထောင်နေကျ သီချင်းတွေလည်း တစ်မျိုးကြီးဖြစ်နဲ့ ကဗျာတွေပဲ ငေါက်ခနဲထထိုင်တယ် နောက်ဆုံးတော့ ငါလေ ဝေဒနာပြမြို့ရိုးမှာ အစိမ်းဖန့်ဖန့် လွှင့်လို့ အလွမ်းဆိုတဲ့ စာလုံးပေါင်းကို အချစ်နဲ့ ထုစစ်နေလိုက်တော့တယ်။ (ဒါက ကဗျာတပုဒ် ဆောင်းပါး […]


ကျော်စွာ ၁၀ဝ ဆိုတော့ ကြားဖူးသူရှိနိုင်သလို၊မသိသေးသူ၊မဖတ်ရသေးသူများလဲရှိနိုင်ပါတယ်။မြန်မာလိုပြန်တော့ကျော်စွာ ၁၀ဝ ပေါ့။မူရင်းစာအုပ်နာမည်က “A Ranking of the Most Influential Persons in the History”ပါ။မူရင်းစာရေးသူက Michael H.Hart ပါ။ဘာသာပြန်ဆိုသူက ဒေါက်တာသန်းထွန်း ဖြစ်ပါတယ်။ ကျော်စွာ ၁၀ဝ ကိုစတင်ပုံနှိပ်ခဲ့တာက ၁၉၈ဝ မှာပထမအကြိမ်၊၁၉၉၂ မှာ ဆရာကပြန်လည်ပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။အဲဒီထဲက ဆရာ့လက်ရေးမူစာ တစ်ချို ကိုပြန်တင်ပြပေါ့မယ်။“လူပုဂ္ဂိုလ်မျိုးစုံ ထဲကလောကီ၊လောကုတ္တရာပုရိသတ် အစုအစည်းများတဲ့ လူကိုရှေ ့တန်းထားတယ်။အဲဒါအပြင် လူတွေကိုအကျိုးပြုတဲ့ အတွေးအခေါ်(စိတ်ပိုင်း)အောင်မြင်သူကိုထိပ်တန်းထားတယ်။နိုင်ငံရေးသမားက နောက်ကနေရတယ်။ကမ္ဘာ့ ကိုးကွယ် ယုံကြည်မှုမှာ ဗုဒ္ဓ၊ခရစ်ယန်၊ဟင်ဒီ၊မုဟမ္မဒ် ဆိုသလို တန်းစီ တဲ့အခါ ယုံကြည်သူလူဦးရေ နဲ ့ပြောရ ရင် ခရစ်ယန်ကများတယ်။လူတွေအပေါ်မှာ (နေ ့စဉ်နေထိုင်ရေး၊ဘဝလမ်းကြောင်း)အပါအဝင် ဩဇာရှိဆုံးက မုဟမ္မဒ်ဖြစ်လို ့သူ ့ကိုဘဲနံပါတ်တစ်ပေး ထားလိုက်ရတယ်။အဲဒါကို မြန်မာဗုဒ္ဓဘာသာဝင်များက လက်ခံကြမည်မထင်ပါ။ဒါပေမယ့် သူ ့စာအုပ်ကိုဘာသာပြန်မယ့်သူက သူ ့အစီအစဉ်ကို […]


ပညာရှိတစ်ယောက်ဟာ ဖိနပ်ချုပ်သမားဆီရောက်လာတယ်။ သူ ့ဖိနပ်တွေ စုတ်ပြတ်သွားလို ့ပြင်ချုပ်ဖို ့ပါ။ သူဟာဒီနယ်တဝန်းမှာအင်မတန်ကျော်ကြားနေတဲ့သူဖြစ်တယ်။ရှေးကထင်ရှားခဲ့တဲ့ ကျမ်းကြီးကျမ်းငယ်အသွယ်သွယ် ကိုအာဂုံ ဆောင်နိုင်သူအလွတ် ရွတ်ပြပြီး ပြန်လည်သင်ကြားပြသနိုင်သူဖြစ်လို ့နယ်သူနယ်သားအားလုံးက လေးစားနေရသူပေါ့။ ပညာရှိ ဖိနပ်ချုပ်ဆိုင်ထဲဝင်လာတာနဲ ့ဘဲ ဆိုင်ထဲရှိနေသူ အားလုံးကခရီးဦးကြိုပြ ုကြတယ်။နေရာထိုင်ခင်းပေး ကြတယ်။ ပညာရှိဟာ မော်ကြွားတဲ့မျက်နှာပေးနဲ ့သူ ့အတွက်ပေးတဲ့နေရာမှာဝင်ထိုင်ပြီး ဖိနပ်ချုပ်သူ ကို သူ ့ဖိနပ်ထိုးပေးလိုက်တယ်။ “ဒါကိုမြန်မြန်လေးချုပ်ပေးစမ်းပါ” သူ ပြောပုံ ကဖိနပ်ချုပ်သမားအနေနဲ ့သူ ့ဖိနပ်ကိုချုပ်ခွင့်ရတာကိုဘဲ ဆုလာဘ်တခုလိုမှတ်ယူ ရတော့မယ့်ပုံ—–။ ဖိနပ်ချုပ်သမားကလည်း ဖိနပ်ကိုရိုရိုသေသေဘဲ ယူကြည့်ပါတယ်။ ဖိနပ်တွေ ကတော်တော် စုတ်နေပီ။လွယ်လွယ်ကူကူပြင်ချုပ်ဖို ့မရနိုင်တော့ဘူး—-။ “ဆရာကြီး ဖိနပ်တွေကိုအသစ်တိုင်း ပြန်ကောင်းသွားအောင် ချုပ်ဖို ့ဆိုရင်တော့ သုံးလေးရက်အချိန်ယူမှရပါမယ်” “ဒီထက်မြန်အောင် လုပ်လို ့မရဘူးလား” “မရဘူး […]


ခရီးသွားတစုဟာနွံအိုင်တစ်အိုင်ဆီရောက်လာကြတယ်။ နွံအိုင်နားမှာကရွာတစ်ရွာ။ ရွာကလူတွေကပြောတယ်။ဒီနွံအိုင်ကိုဖြတ်ဖို ့ဆိုရင်သူတို ့ရွာကချ ုပ်တဲ့ဖိနပ်တွေနဲ ့ဖြတ်မှရမယ်တဲ့။ ဖိနပ်တွေကအောက်ခံသားရေသားပြန် ့ပြန် ့ကြီးကြီး၊အထဲမှာလေခိုအိတ်တွေနဲ ့—-ဒီလို နွံတောကိုဖြတ်ဖို ့အသင့်လုပ်ထားတဲ့ပုံ——။ ဟုတ်တယ်။သူတို ့ရဲ ့ရိုးရိုးဖိနပ်တွေနဲ ့ဖြတ်လို ့ကတော့နွံထဲနစ်သွားမှာဘဲ။ သူတို ့သွားမယ့်ခရီး ကလဲဒီနွံအိုင်ကိုကျော်ဖို ့အပြင်အခြားမရှိဘူး။ ဒီတော့. သူတို ့တွေအဲဒီရွာ ကနေဖိနပ်တယောက်တရံစီဝယ်ကြရရော ဆိုပါတော့–_။ ပြီးတော့ အဲဒီဖိနပ်တွေနဲ ့နွံအိုင်ကိုဖြတ်ကြတယ်။ ရွာကလူတွေညွှန်းသလိုပါဘဲ။သူတို ့ဖိနပ်တွေ ဟာနွံအိုင် ကိုဖြတ်ဖို ့တော့. အတော်လေးသင့်တော်ပါပေတယ်။ ကျွံသွားလို ့ကတော့ လူတစ်ကိုယ်လုံးနစ်ပြီး အသက်ပါဆုံးရှုံးနိုင်တဲ့တမျှော်တခေါ်နွံအိုင်ကျယ်ကြီးကိုသူတို ့ဟာ ဖိနပ်တွေအကူအညီနဲ ့ဘေးကင်းရန်ကင်းဖြတ်သန်းနိုင်ခဲ့ပါတယ်။ တဖက်ကမ်းကိုရောက်တဲ့အခါကျတော့မှ ခရီးသွားတွေဟာအသက်ရဲရဲရှူရဲကြတော့တယ်။ ခုန ကတင်းထားတဲ့ မျက်နှာထားတွေ ဟာခုမှဘဲ. ပြေပြေလျှော့လျှော့ဖြစ်လာတယ်။ရှေ ့မှာကုန်းမြေအမာပဲကျန်တော့တယ်။ဒီလိုသဲထိတ်ရင်ဖို ဖြစ်စရာမရှိတော့ဘူး။ ဒါကြောင့်ခရီးသွားသူ အသီးသီးဟာနွံဖြတ်ဖို ့ဝယ်လာတဲ့ဖိနပ်တွေကိုစွန် […]


ဒီတစ်မိုးလုံး—- အလွမ်းတွေ—အိမ်မက်တွေအထပ်လိုက်ပေါ့— ငါနဲ ့သူတွေ ့ခွင့်မရခဲ့ကြဘူး အတူထိုင်ဖို ့မဖြစ်နိုင်ခဲ့ဘူး—-ခဏတာလွဲချော်မှုဘဲဖြစ်ပါစေ— သူ ့ရဲ ့ယုံကြည်မှုကြောင့်—ငါ့ချစ်ဝေဒနာ ဇာတ်ရှိန်တက်ခဲ့တယ်။ ဟိုးအဝေးက. ရေခဲမြစ်တစင်းရဲ ့နှလုံးသားထဲဝင်ကြည့်ဖို ့ခက်သလို— ရင်ခုန်နှုန်းတွေ အလေအလွင့်မဖြစ်ဖို ့ သူကငါ့ကို. တွေ ့ခွင့်ပေးပေါ့မလား——— ငါနဲ ့သူတွေ ့တဲ့ခါ ကလေးတယောက်ရဲ ့အပြံ ုးလေးနဲ ့သူပြံ ုးလိုက်ရင် ငါရင်တွေ ခုန်လွန်းလို ့နေတတ်ပေါ့မလား???? ကိုယ့်ကိုကိုယ်ယုံကြည်တတ်တဲ့ ကလေးရဲ ့သတ္တိကိုကိုငါချစ်တယ်. ငါ့အပေါ်အလိုမကျခဲ့ရင်ပြောတတ်တဲ့ “ဟွန် ့နော် ဟွန်း”ဆိုတဲ့အသံလေးကိုလဲ ငါချစ်တယ်— ငါက သူ ့ကို ချစ်တယ်လို ့ခဏခဏပြောဖူးတယ်—- သူ ့ဓါတ်ပုံကို ခိုးခိုးနမ်းဖူးတယ် မဆန်းတော့တဲ့ စကားလုံးတွေနဲ ့ငါတဖက်သတ်လွမ်းနေတယ်—- သူ ့ကိုမလွမ်းဘဲမနေနိုင်ဘူး သူနဲ ့ပတ်သက်ရင်သွေးထဲကတောင် […]