ဒီစာရေးချင်နေတာ ကြာပါပြီ။ အလုပ်မအားတာနဲ့ မရေးဖြစ်တာပါ။ ဒီနေ့တော့ ရှိတဲ့အလုပ်ကလေး ခနထားပြီး ကိုဘုန်းကျော်ကို ရေးလိုက်တာပါ။ ကိုဘုန်းကျော်ဆိုတဲ့သူ ကိုဘယ်မှာသတိထားမိတာလဲဆိုတော့ သူရေးတဲ့ Post ဖြစ်တဲ့ “စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ” ဆိုတဲ့ စာကိုဖတ်ဖြစ်ထဲကပါ။ ဖတ်ပြီးစဉ်းစား မိပါတယ် အရင်က ဦးခင်ရွှေပဲ စာပေသမားတွေအပေါ်မှာ ခပ်ညံညံ အတွေးအခေါ်ရှိတယ်လို့ထင်ထား တာ အခုတော့ သူ့ထက်ဆိုးတဲ့ လူလဲ ရှိသေးပါလားလို့။ ဒီလိုမျိုးပြောတာဟာ တစ်ဖက်စောင်းနင်း ဝါးလုံးချီးသုပ်ရမ်း ပြီးပြောတာလို့ဆိုချင်ပါတယ်။ ဘယ်လိုမှကို မပြောသင့် မပြောထိုက်တဲ့စကားပါ။ စာရေးဆရာလဲ သူ့အလုပ်သူလုပ်တယ်၊ ကျောင်းဆရာလဲ သူ့အလုပ် သူလုပ်တယ်၊ ဆိုက်ကားဆရာလဲသူ့အလုပ်သူလုပ်ကြတာပါ။ ငပျင်းဆိုရင်ဘာမှ ကိုဟုတ်တိပတ်တိလုပ်တော့ မှာမဟုတ်ဘူး။ စာအုပ်လဲ တစ်အုပ်မှကို ထွက်လာမှာမဟုတ်ဘူး။ ကျောင်းနေစ ခလေးအရွယ်က စပြီး စာအုပ်နဲ […]