DavitMarch 6, 20131min23720
ရွာထဲမှာ Post မရေးတာကြာတော့ …. ဘာရေးရမတုန်းဆိုပြီးစဉ်းစားရင်းနဲ့ ကိုယ်လုပ်ပေးနိုင်တဲ့အကြောင်းလေး တစ်ခုပေါ်လာတာနဲ့………..   ကဲဒီတစ်ခါတော့ ဗစ်ဗစ်ကနေပြီးတော့ တီးတာ၊ ခတ်တာ ဝါသနာပါမယ်ထင်တဲ့ ရွာသူရွာသားတွေအတွက် တစ်ခုလောက်…. အဲလေ တစ်ခုမကလောက် မျှဝေချင်ပါတယ်။ ဒါကတော့ သီချင်းနုတ်လေးတွေပါ။ ဝါသနာရှင်ပဲဖြစ်ဖြစ်၊ လက်ရှိတီးနေတဲ့သူတွေပဲဖြစ်ဖြစ် …. သီချင်းတစ်ပုဒ်အတွက် Note တစ်ရွက်ထုတ်ဖို့ဆိုတာ သိတဲ့အတိုင်း အချိန်တွေအရမ်းကုန်ပါတယ်။ (ကိုယ်တိုင်ခံစားခဲ့ဖူးလို့ပါ) ဒီ့အတွက်ကြောင့်……… အာာာာာာာာာာာာာာာာာာာ ….. တော်ပြီ ။ ဖွဲ့နွဲ့မနေတော့ဘူး။   ခု ဗစ်ဗစ်ဆီမှာ သီချင်းနုတ်လေးတွေ JPG ဖိုင်နဲ့သိမ်းထားတာ ထောင်ချီပြီးရှိပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ မိမိလိုချင်တဲ့ သီချင်းနုတ်လေးတွေကို ဗစ်ဗစ်ဆီကို မေလ်းပို့ပြီးတောင်းရင် ရှိတဲ့သီချင်းဆိုရင် ပေးပါ့မယ်။ ပို့ရမဲ့ mail ကတော့ davitmaung@gmail.com ပါ။   ဥမပါ….အဲလေ…. ဥပမာ တစ်ခုတင်ပေးထားပါတယ်။ […]


DavitJanuary 19, 20131min25914
ဒီမှာ …………… ခင်ဗျားလည်း ယောက်င်္ကျား….. ဗစ်ကြီးလည်း ယောက်င်္ကျား ……. အွန်လိုင်းပေါ်မှာ (ရွာထဲမှာ) တင် သတ္တိတွေသိပ်ရှိမနေနဲ့ …… တစ်ကယ်မိုက်တယ်ဆိုရင် ရွာပြင်ထွက်ခဲ့ ……………….. ရွာထိပ် သူကြီးလယ်ဘေးက ချောင်းထဲမှာ ဝမ်းဘိုင်ဝမ်း အဲ့တိုင်းဗျင်းမလား ……………….                 ခင်တဲ့ ဗစ်ဗစ် (လူမိုက်)


DavitDecember 12, 20121min35219
12/12/2012 နေ့မှာ မဖြစ်ဘူးလို့ဘယ်သူပြောသလဲဗျာ… ဖြစ်သွားပုံကို ဓါတ်ပုံနဲ့ပြပါ့မယ်….ရှုစားတော်မူကြပါကုန် . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .   ချစ်လို့စတာ…. ဟီးးးးးးးးးး   ခင်တဲ့ ဗစ်ဗစ် […]


DavitNovember 27, 20121min37218
မနက်စောစောစီးစီး ဒေးဗစ်တို့အိပ်နေတုန်း ….ဖေါက်…ဖေါက်…ဖေါက်….ဆိုတဲ့အသံတွေကြားလို့ အိပ်ရာကထပြီး အပြင်ကို ကြည့်လိုက်တော့….အလဲ့…. မြူလေးတွေဆိုင်းနေတာမှ ခါတိုင်းနေ့ကထက်ပိုတယ်ပေါ့…… မြူတွေကတစ်နေရာတည်း ကပ်ပြီး ထူနေလို့ သေခြာကြည့်ခါမှ ….. အ လာ လား……….မီးဗျို့ ……မီးတွေလောင်နေတာမှ ရှယ်ကိုလောင်နေတာ…… ဒါနဲ့ မျက်နှာတောင်မသစ်ရသေးပဲနဲ့ မီးလောင်တဲ့နေရာသွားကြည့်တော့မှ လောင်တဲ့နေရာက …… နာမည်ကြီး ၁ဝတန်းအောင်စာရင်းတွေ ထုတ်တဲ့ လှိုင်တက္ကသိုလ် RC 2 ထဲက ဇွဲကပင် ဆောင်ကြီးရဲ့ အပေါ်ထပ်မှာလောင်နေတာဗျို့….. ဒါနဲ့ လက်ထဲမှာပါလာတဲ့ဖုန်းနဲ့ 191 ကိုပထမဆက်တယ်….ဟုတ်ကဲ့… မရဘူးခင်ဗျ…. ၅ မိနစ်လောက် ဆက်တိုက်ခေါ်တယ်….. လုံးဝမှ လုံးဝပါပဲ….လိုင်းမအားဘူး…. ကဲ ဒါဆိုရင်တော့ သေခြာပြီ …. ကိုယ့်လိုပဲ မီးသက်ကိုလှမ်းအကြောင်းကြားတဲ့သူရှိတယ်ပေါ့ …. ထပ်ပြီးသေခြာအောင် ၁၉၉ ကိုထပ်ဆက်တယ်…. ဖုန်းကိုင်တယ်ခင်ဗျ ….. ကိုယ်ကလည်းလှမ်းပြောလိုက်တယ် “ကျွန်တော်တို့နားက ဇွဲကပင်ဆောင် မှာမီးလောင်နေပါတယ်….မီးတောက်တော်တော်ကြီးပါတယ်…၁၉၁ ကိုဆက်တာဖုန်းမအားလို့ […]


DavitOctober 5, 20121min47254
ဖြစ်ပုံကတော့ ဒီလိုပါရယ်ဗျာ….   ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကိုယ်ခင်မင်ရာလူအချင်းချင်း ပိုက်ဆံမဲ(10ရက်တစ်ခါယူပေါ့ဗျာ) ဆုကြပါတယ်။ အဲ့ဒိမှာ မဲကိုင်တဲ့သူက 2လလောက်ပဲရှိသေးတယ်….မဲတွေကိုမလျော်တော့တဲ့အတွက်ကြောင့်မို့လို့ ရပ်ကွက်ရုံးကိုတိုင်ပါတယ်။ ရပ်ကွက်ရုံးကခေါ်ရှင်းတော့ သူတို့ပြန်လျော်ရမှာ ၁၃သိန်းခွဲကို တစ်ဝက်ပဲပြန်လျော်ပါ့မယ်။ ကျန်တစ်ဝက်ကိုလုံးမမလျော်နိုင်ပါဘူး။ သူတို့မှာအလုပ်မရှိလို့ပါဆိုပြီးပြောတယ်ဗျာ။ ပြီးတော့ အဲ့ဒိပြန်လျော်မဲ့ တစ်ဝက် (၆သိန်းခွဲ) ကိုလည်း တစ်လကို ၅ သောင်းနှုန်းနဲ့ပဲပြန်လျော်ပါ့မယ်ဆိုပြီး လုပ်ပါတယ်။ အဲ့ဒိလိုညှိတော့ ဘယ်သူမှ မကျေနပ်ကြပဲနဲ့ တရားဆွဲမယ်လုပ်ကြပါတယ်။ နောက်ထပ်တစ်ခုရှိသေးတာက သူတို့က ပိုက်ဆံတွေလည်း အတိုးနဲ့ချေးထားသေးပါတယ်။ အဲ့ဒိချေးထားတဲ့ ငွေက သိန်း ၃၀ လောက်ရှိတယ်ဗျ။(အားပါးပါး….မနည်းဘူးနော်) စာချုပ်နဲ့လည်းမဟုတ်ပါဘူး။ ယုံကြည့်မှုနဲ့ ချေးယူထားတာပါ။ အဲ့ဒိချေးထားတဲ့ပိုက်ဆံ သိန်း ၃ဝ ကို ဘယ်လိုပြန်ဆပ်မလဲဆိုပြီး ရပ်ကွက်ဥက္ကဌ ရှေ့မှာပြောတော့ လုံးဝ ကိုပြန်မဆပ်ပါတော့ဘူးတဲ့ ….. လုပ်ချင်တာလုပ်ပါဆိုပြီးပြောပါတယ်။ ချေးထားတဲ့သူတွေကလည်း စာချုပ်မရှိဘူးဆိုတော့ လုံးဝ ရှုံးပီနဲ့တူပါတယ်(အမှုလုပ်ရင်လည်း)။ နောက်တစ်ခုက သူတို့ကပဲ အဒေါ်ကြီးတစ်ယောက်ဆီကနေ နားကပ်ကို ယူပြီးပေါင်ထားသေးတယ်ဗျာ။ ဘောက်ချာတော့ပြန်ပေးတယ်။ […]


DavitAugust 30, 20121min24221
မင်္ဂလာပါ ရွာသားတို့ရေ…အဲလေ…ရွာသူလေးတွေလည်းပါတယ်နော်…. 🙂 ဒီ Post လေးကတော့ ကြော်ငြာလေးပါပဲ….အမောင် အကျွန်ုပ်ဒေးဗစ်ဟာ ဆိုရင်ဖြင့် ရတနာမိုင်၏သီချင်းများကို လွန်စွာကြိုက်သောကြောင့် ရွာသူရွာသားတွေကိုလည်း နားထောင်စေချင်လို့ Share လိုက်တာဆိုရင်လည်း မမှားပါဘူး….ကြိုက်မကြိုက်ကို အောက်မှာပါတဲ့ လင့်မှာဒေါင်းပြီး အချိန်ရရင်တော့ဖြင့် ဝေဖန်လေကန်ပေးပါနော်….ဝေဖန်ချက်တွေကို မိုင်လေးဆီကို အကုန်လုံး Message နဲ့ပို့လိုက်ပါ့မယ်….(မကောင်းဘူးလို့ပြောတဲ့ ဝေဖန်မှုတွေကိုလည်း သူ့ဆီပို့ပေးပါ့မယ်—ဤကားစကားချပ်) တီးထားတာကတော့ Iron Cross နဲ့ဆိုတော့ ပြောစရာတော့လိုမှာမဟုတ်ဘူး…. ဆိုထားတာလည်း ကျွန်တော့်အထင်တော့ အရင်အခွေထက်ကို အများကြီးပိုကောင်းလာတယ်လို့ထင်ပါတယ်……. လင့်ကတော့ http://www.mediafire.com/?uqsym5ot8mb34go ဒေါင်းပြီးနားထောင်တာနဲ့ Original အခွေနဲ့ကတော့ Quality အရမ်းကိုကွာတယ်ဗျ….(ဟီးးးးးးးးးးဤကားကြော်ငြာ)  🙂     ချစ်တဲ့ ဗစ်ဗစ်


DavitAugust 1, 20121min31516
ဒီလိုပါဗျာ…. ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်လာလို့ပါ။ ဘာအကြောင်းလဲဆိုတော့ ထုံးစံအတိုင်းသောင်းကျန်းချင်တိုင်းသောင်းကျန်းနေတဲ့ နှစ်လုံး သုံးလုံးအကြောင်းပါ။ သူတို့ရပ်ကွက်မှာဖြစ်ပျက်နေတဲ့အကြောင်းလေးပေါ့။ သူရင်ဖွင့်တာကတော့ ဒီလိုပါ….. သူတို့ရပ်ကွက်ထဲမှာ နှစ်လုံး သုံးလုံး ရောင်းတဲ့သူတွေ၊ ဒိုင်ကိုင်တဲ့သူတွေရှိတယ်တဲ့။ အဲ့ဒိအဖွဲ့တွေကို တိုင်လည်းဘယ်မှာမှတိုင်လို့မရဘူးတဲ့။ ဆိုလိုတာက သူတို့က မြို့နယ်အပိုင်ရဲစခန်းနဲ့ တော်တော်လေးကိုပိုင်တယ်တဲ့။ ဒါနဲ့ကျွန်တော်ကပြောလိုက်တယ်…မင်းတို့ဒါဆို ၁၉၉ ကိုတိုင်ပေါ့လို့ ပြောတော့…သူက “ဟ..ဘယ်နေပါ့မလဲ တိုင်တာမှကို ၃ ခါလောက်ရှိပြီ။ ဒါပေမဲ့ ၁၉၉ ကိုတိုက်ရိုက်တိုင်လည်း လာဖမ်းခါနီးကျတော့ မြို့နယ်ရဲစခန်းကသိသွားပြီး သူတို့ကို(ရောင်းတဲ့သူ) တစ်မနက်လောက် လာကြိုပြောထားတာတဲ့။ ဒါကြောင့်ဘယ်လိုမှတိုင်မရဘူးတဲ့။” ပြီးတော့ သူတို့ကပြောသေးတယ်… “တိုင်ချင်တဲ့နေရာကိုတိုင်…စောက်ဂရုကိုမစိုက်ဘူး” တဲ… ပြီးတော့ သူတို့ကြောင့် ဘဝပျက်သွားတဲ့သူတွေလည်းမနည်းဘူးပြောတယ်။ ဒါကြောင့်ကျွန်တော်လည်း ဘယ်သူ့ကိုမှအကြောင်းမကြားပဲတိုက်ရိုက်ဝင်ပြီးအရေးယူနိုင်မဲ့ နေရာကို ငါစုံစမ်းကြည့်ပေးမယ်ဆိုပြီး ခုပိုစ့်ကိုရေးဖြစ်တာပါခင်ဗျား……. တိုက်ရိုက်တိုင်လို့ရမဲ့နေရာ(သို့) ဖုန်းနံပါတ်များကို သိတဲ့သူများရှိရင် ပြောပြပြီး ကူညီပေးကြပါလို့…… […]


DavitAugust 1, 20121min57635
ရုံးထဲက လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းညီမလေးတစ်ယောက် ဒီလအတွက် အောင်ဘာလေထီမှာ သိန်း ၁၀၀၀ ပေါက်သွားတဲ့အကြောင်း ထီရုံးကဖုန်းဆက်လို့ ခုပဲထီရုံးကိုပြေးပြီ….. ပျော်ထှာဟယ်….. 🙂   ခင်တဲ့ ဗစ်ဗစ်


DavitJune 21, 20121min37726
Yangon Media Group ကနေရတဲ့ သတင်းလေးပါ……. ယုဇနဟိုတယ်တွင် ကိုရီးယားအမျိုးသားက အမျိုးသမီးကို သတ်မှုဖြစ်ပွား   ရန်ကုန်၊ ယုဇနဟိုတယ်တွင် တည်းခိုနေသော ကိုရီးယားလင်မယားမှ အမျိုးသားဖြစ်သူက အမျိုးသမီးအား အိပ် နေရင်းဓားဖြင့်ထိုးသတ်မှု ဇွန် ၂၀(ယနေ့) နံနက် ၃နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း သိရသည်။   ယုဇနဟိုတယ် အခန်း ၈၀၅ တွင် ဧည့်ဗီဇာဖြင့် နေထိုင်လျက်ရှိသည့် တောင်ကိုရီးယား  လူမျိုးများဖြစ်သည့် မစ္စတာကင်ညောင်တိတ်(၅၈နှစ်)က မိမိအမျိုးသမီးဖြစ်သူ မစ္စစ်ကင်ဘွန်နန်အား အိပ်နေရင်း အကြောင်းမဲ့ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။   လူသတ်မှုကျူးလွန်သူ မစ္စတာကင်ညောင်တိတ်အား ယခုအခါ ဗဟန်းရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားပြီး သက်ဆိုင်ရာနိုင်ငံမှ သံအရာရှိများကို အကြောင်းကြားထားပြီး မကြာမီအမှုဖွင့်အရေးယူသွားရန်စီစဉ်လျက်ရှိ ကြောင်း သိရသည်။   မစ္စတာကင်ညောင်တိတ်သည်သေဆုံးသူအား […]


DavitJune 18, 20123min59327
လှိုင်တက္ကသိုလ် RC-2 ဝင်းထဲက အဆောင်ပုံလေးတစ်ချို့ကိုတင်ပေးလိုက်ပါတယ်ဗျာ…..   (လှိုင်တက္ကသိုလ် အားကစားရုံဘေး အမျိုးသမီးအဆောင်တွေကိုဝင်တဲ့အဓိကလမ်းပါ) ဒါကတော့ အရင်တုန်းကအရမ်းစည်ကားပြီးတော့ အဆောင်မှာ ဂစ်တာတီးဖို့သွားတဲ့သူတွေအများဆုံး သုံးခဲ့တဲ့လမ်းလေးပါ….ခုတော့ ခြောက်ကပ်လို့ပေါ့   အရင်တုန်းကစည်ကားခဲ့တဲ့ ဝင်ပေါက်လေးလေ(ခုတော့ ခြုံတွေနဲ့ပိတ်လို့)   (ဒီနားလေးမှာ ဂစ်တာဝိုင်းတွေအများဆုံးပေါ့)   (ခြုံနွယ်ပိတ်ပေါင်းများနဲ့ တစ်မျိုးလှနေတဲ့ “သရဖီ” ဆောင်လေး )   ( ကိုယ့်နေရပ်ကိုဆက်သွယ်ဖို့အတွက် ဖုန်းတွေအရမ်းရှားနေတဲ့ တစ်ခေတ် တစ်ချိန်တုန်းက ဒါလေးကိုပဲ ကျောင်းသား/သူ ကိုကိုမမတွေအားထားခဲ့ရတဲ့နေရာလေးတစ်ခုပါ ) ( လက်ဖက်ရည်တစ်ခွက်ကို 25 ကျပ်နဲ့ရတဲ့ ကန်တင်းကိုသွားတဲ့နေရာလေးပါ ) ကန်တင်းရေ………ကန်တင်း……….ခု မင်းဘယ်မှာပုန်းနေတုန်းဟ…… 😀   (ဟောဒိ အပေါက်လေးကနေဝင်သွားရင်တော့……)   ( ကျွန်တော်တို့တွေ ပျော်ဖူးခဲ့ကြတဲ့ ကံ့ကော် ဆောင်ကိုရောက်ပြီပေါ့…. 😀  )   (ဒီနေရာလေးမှာ ညတိုင်းလိုလို ဝိုင်းဖွဲ့ပြီး […]


DavitJune 15, 20121min48630
တစ်ချိန်တုန်းကပေါ့ဗျာ….သေသေချာချာဆိုရင်တော့ လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကပေါ့…ကျွန်တော့်အသက်လည်း 16 လောက်ပဲရှိသေးတဲ့အချိန်လေ…. အဲ့ဒိတုန်းက လှိုင်တက္ကသိုလ် RC-2 မှာက 1988 မတိုင်ခင်ကလောက်ထိတော့ မစည်တော့ဘူးပေါ့ဗျာ။ ဒါပေမဲ့လည်း အဆောင်တွေမှာ နယ်ကလာတဲ့တက္ကသို်လ်က ကိုကို/မမ တွေတော့ တော်တော်များများပြန်ရောက်ပြီးကျောင်းပြန်တက်နေကြပြီလေ… ပြန်ပြီးလွမ်းတာကတော့ မမတွေရဲ့အဆောင်တွမှာ ညဘက်ညဘက် ဂစ်တာသွားတီးဖြစ်ခဲ့တဲ့ Feel လေးတွေကိုပါ။ ခုခေတ် ညီလေးတွေကတော့ ဒါတွေကိုခံစားမိလိုက်မှာမဟုတ်ဘူးလေ။ ကျွန်တော်တို့တောင် ၂ နှစ်လောက်ပဲမှီလိုက်တာလေ။ ပြီးတော့ အဆောင်တွေမှာ ဘယ်သူမှမနေခိုင်းတော့ပဲ ပြန်လွှတ်လိုက်တာလေ…… ကျွန်တော်အသက် 16 နှစ်လောက်မှာ ဂစ်တာကိုကောင်းကောင်းလေးတော့ တီးတတ်နေပြီဗျ။ ဒါကြောင့်လည်း ကျွန်တော်တို့သူငယ်ချင်းအဖွဲ့ 10 ယောက်လောက်မှာ ကျွန်တော်က မပါမဖြစ်ပါသွားတာပေါ့။ ကျန်တဲ့သူငယ်ချင်းတွေကတော့ ကျွန်တော့်ထက် 3/4 နှစ်လောက်ကြီးကြတယ်လေ။ ညညဆိုရင် ကျွန်တော်တို့အဖွဲ ဂစ်တာကိုစွဲပြီး မမ တွေရှိတဲ့အဆောင် ကိုသွားကြပြီပေါ့။ ကျွန်တော်တို့အများဆုံး တီးဖြစ်တဲ့အဆောင်က ကံကော်ဆောင်ပါ။ အဲ့ဒိလို အဆောင်တွေမှာ ဂစ်တာသွားပြီး ဆို/တီး ကျတဲ့ အဖွဲ့တွေအားလုံးလိုလိုမှာ ဘယ်လိုမှညှိစရာမလိုဘဲ အားလုံးလေးလေးစားစားလိုက်နာကျတဲ့ […]


DavitJune 9, 20121min20819
NLD ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် တစ်ခုထွက်လာပြီး စဉ်းစားမိတာပါ။ ၁။ ဝမ်းနည်းကြေကွဲတယ်။ ၂။ ကူညီကာကွယ်ပေးဖို့အတွက် တိုက်တွန်းတောင်းဆိုတယ်။ ၃။ ချက်ချင်းရက်ဆိုင်းပေးပါရန် မေတ္တာရပ်ခံတယ်။ ၄။ တည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းတယ်။ ဒီအချက်လောက်ပဲလားဗျာ…. လောလောလပ်လပ် အကူအညီလိုအပ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ရန်ပုံငွေရှာဖို့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမည်တို့ ဘာတို့မပါဘူးလား…. ကျွန်တော့်ဆိုလိုချင်တာက ခုချက်ခြင်း NLD မှ သွားရောက်လှူစေချင်တာမဟုတ်ပါဘူး။ အကူအညီလိုနေတဲ့ ရခိုင်တိုင်းရင်းသားတွေကို ဘယ်လိုအကူညီပေးဖို့အတွက် ဘယ်လိုတွေဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက် (or) အစီအစဉ်ကို ချပြပေးစေလိုပါတယ်။ ခု ဒီမန်းဂေဇက်ဆိုဒ်မှာတောင် အဘဖေါတို့ ကိုထူးဆန်းတို့ဦးဆောင်ပြီးတော့ လှူဖို့အတွက်ကို အစီအစဉ်တွေဆွဲနေပါပြီ။ ဥပမာ ဦးတေဇကတော့ ငွေလည်းရှိသူ(စေတနာလည်းသူအပြည့်ရှိမှာပါ) စီးပွားရေးသမားတစ်ယောက်ပီပီ သွေးပူနေတုန်းခုအခြေအနေမှာ (ယခုချက်ချင်း) ငွေကိုပစ်လှူလိုက်တယ်။ အဲ့ဒိအတွက် သူအပါအဝင်သူ့လုပ်ငန်းစုကတော့ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို အနည်းနဲ့အများသာကွာမှာပါ ရရှိသွားမှာပဲ။ သာဓုလည်းတစ်ကယ်ခေါ်ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ […]


DavitJune 8, 20121min2180141
Eleven Media Group မှကူးယူဖေါ်ပြပါတယ်…   မောင်တောမြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ၊ အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ရန် လိုအပ်နေ မောင်တောမြို့တော်ခန်းမ အနီရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal […]