မနေ့ညကကျွန်မတို့မိသားစုတွေညစာစားသောက်ပြီးစကားစမြည်ပြောကြသည်။ ခုခေတ်က လေးတွေကဆယ်တန်းသာအောင်တာ..ဘာမှမတတ်ဘူးတဲ့..ငါတို့ငယ်ငယ်တုန်ကဆိုခဲ့ရတဲ့မောင် ငယ်ရင်သွေးတို့ဘာတို့ဆိုခိုင်းပါလားတဲ့..ဘာမှမသိဘူးတဲ့ ဆိုကာအပြစ်တင်သည်။ ငါတို့ငယ်ငယ်တုန်းကဆိုရင်အလီတွေဆိုအပေါ်ကနေအောက်၊အောက်ကနေအပေါ်ပြောင်းပြန်ဆိုရ တာဟုပြောပြ၏။အခုခေတ်ကတော့ဒါမေး၊ဒါကျက်၊ဒါဖြေကိုအမေရဲ့..သမီးတို့လည်းဆရာမကျက်ခိုင်းတာပဲသိမှာပေါ့ဟုပြန်ပြောလိုက်သည်။ ယနေ့ခေတ်မှာကျောင်းသားများ၏လုပ်ဆောင်ချက်သည်ဘာမှမပါ။ ကျူရှင်တွေက ရှေ့နေလမ်းပြပေးသည်။ပြိးတော့ဂိုက်တွေပါလာသည်။အထူးထုပ်တွေပါလာသည်။ ကလေးတွေရဲ့အခန်းကဏ္ဍကဘယ်မှာလဲ..တဖြည်းဖြည်းနှင့်ကလေးတွေ၏ဦးနှောက်မှာသံချေးတက်နေ ပြီဖြစ်သည်။ကျူရှင်တောင် ကိုယ်ယူချင်သည့်ကျူရှင်ကိုမယူရ..အတန်းပိုင်ကျူရှင်မှတဲ့…။ ညအိပ်ယာဝင်သည့်အခါကျွန်မစဉ်းစားမိတာလေးတစ်ခုရှိသည်။ကလေးတွေအတွက်ကျူရှင်တွေ၊ဂိုက်တွေ ပဲအားကိုးနေတော့မှာလား…ကလေးတွေအတွက်ရွေးချယ်ခွင့်လေးတွေမပေးတော့ဘူးလား.. ဒီကလေးတွေရဲ့တစ်ဘဝလုံးဆရာမတွေအမေတွေကပဲဦးဆောင်သွားတော့မှာလား.ဟူရှ်ဖြစ်သည်။ ကျွန်မလည်းကျောင်းသူတစ်ယောက်ဖြစ်ရျ်ကိုယ်ပိုင်အတွေးအခေါ်၊ကိုယ်ပိုင်ရပ်တည်မှုကိုလိုလားတောင့်တပါ၏။ ရှေ့လျှောက်ဒီလိုမျိုးသာဆက်သွားနေမည်ဆိုလျှင်တော့ ဪ..မြန်မာနိုင်ငံပညာရေးစနစ် ကြီးကရင်လေးစရာပါပဲလား..။ ။