” ဖွတ်ထွက်မှတောင်ပို့မှန်းသိတယ် ဆိုတာငါတို့အဖြစ်မှအစစ်ဟေ့” ရောက်ကတည်းက တစ်တွတ်တွတ်ပြောဆို နေကြသော လန်းဆန်းနဲ့နေနေ့ကိုကြည့်ပြီး တကယ်ပဲ ဒီကိစ္စကြီးက ဆရာ့ရဲ့မသမာမုှလားဆိုတာ စဉ်းစားမိလာသည်။ “ဒီလောက် ဘွင်းဘွင်းကြီးပေါ်နေတဲ့ညစ်ညမ်းမှုကို လက်မခံတဲ့လူကရှိသေးတယ်.. ” ဒါကတော့ နေနေဆိုတဲ့စွာတေးမက မိုးအေးကိုစောင်းသလိုချိတ်သလိုနဲ့ ဒဲ့ရှုံ့ချလိုက်တာပင်။ “သူကိုယ်တိုင်က ဒါတွေကိုသာယာနေလားမှမသိတာ” “ဒါတော့ နည်းနည်းများသွားပြီငလန်း ငါကလား ဒါမျိုးတွေကို ဘယ်လောက်ရွံတတ်တယ်ဆိုတာ ညည်းတို့အသိ” “ငါတို့ရှေ့မှာ ရွံတတ်ချင်ယောင်ဆောင်ပြီး ကွယ်ရာမှာ ညည်းကျိတ်သဘောတွေ့ရင်တွေ့နေမှာပေါ့..အဲဒါ ကြောင့်လည်း ငါတို့ပြောသမျှကိုနင်လက်မခံချင်ချင်ဖြစ်နေတာမဟုတ်လား” “ငါက လူတစ်ယောက်ကို ဘလိုင်းကြီး အထင်မှားမိကုန်မှာစိုးလို့ စဉ်းစားချင့်ချိန်နေတာပဲ နောက်ပြီးတစ်ခြား လူလည်းမဟုတ်..အခုဟာက ရှင်းရှင်းကြီးပေါ်နေတော့ ငါ့စိတ်ထဲမှာလဲ လက်မခံလို့မရဖြစ်နေပါပြီ နင်တို့ကို ထုတ်မပြောဖြစ်တာက နင်တို့တွေရောင့်တက်ပြီး တအားသွားချဲကုန်မှာစိုးလို့ နားလည်တဲ့လူတွေဘာတွေ မေးမြန်းကြည့်ကြမလားလို့ ဆွေးနွေးချင်တာ” မိုးအေးစကားကြောင့် ဒေါသအိုးကွဲနှစ်ယောက် ဇီးကွက်နှစ်ကောင်ကဲ့သို့ မျက်လုံးမျက်ဆန်တွေပြူးပြဲကုန် လျက် […]