natureJuly 15, 20111min40211
လောင်စာဆီ ရောင်းဝယ်ရေးကို အစိုးရက ပုဂ္ဂလိက ကို လုပ်ကိုင်ခွင့် ပေးလိုက်တာကြာ ပါပြီ။ မလွှဲခင် ယခင်က ၆ ဂါလံထည့်ရင် ၅ ဂါလံ ၅.၅ဂါလံလောက်ပဲရပါတယ်။ စစချင်းလျှော့တာက တစ်မှတ်ပါပဲ။ ၆ဂါလံထည့်ရင် ၅.၉ ဂါလံ ရပါတယ်။ ဆီခိုးတယ်ဆိုပြီး တိုင်တော့မှ ဆီမှတ်ပြည့်သွားပြီး ၅ဂါလံလောက်ပဲ ပါတော့တယ်။ အစိုးရက ပုဂ္ဂလိက ကို လုပ်ကိုင်ခွင့် ပေးပြီးပြီး ဆီဆိုင်တွေမှာ ဆီထည့်ရင် ဆီမှတ်တွေ သိသိသာသာတက်လာပါတယ်။ နောက်ပိုင်းမှာတော့ နဲနဲ လျှော့လာတာကို တွေ့ရပါတယ်။ သင်ရဲ့ကား ဆီ၁ဂါလံကို ဘယ်နှစ်မိုင်ရလဲ။ ဘယ်ဆိုင်ဆီပြည့်လဲမသိချင်ဘူးလား။ ဖင်ကောက်တွေကတော့ ၁ဂါလံကို ၄ရ -၄၈ကီလိုလောက်အထိရပါတယ်။လျှော့တဲ့ ဆိုင်တွေဆို ၄၃ ကီလိုရပါတယ်။တခါတလေ ၄ဝ ကီလိုလောက်ပဲ ရပါတယ်။  aircon ဖွင့်တာနဲ့ […]


natureJuly 15, 20111min110
၂။ဘောင်ဒရီလမ်းလူသတ်မှု ၁။ လူသတ်မှုအစ ကျွန်တော်သည် ထိုသူ၏အဖြေကို ကြားရသောအခါ ဦးစံရှား၏ တွေးလုံးမှန်ပါပေသည်ဟု ချီးမွမ်းမိသော်လည်း တမင်ချိပ်လုပ်နှပ်ခြင်းဖြစ်လေသလောဟု မသင်္ကာသလိုဖြစ်မိသေး၏၊ သို့ရာတွင်ကျနော်ကဲ့သို့သောလူတယောက်ကို အပင်ပန်ခံ နှပ်လောက်အောင် အကြောင်းကိုမူကား ရှာမတွေ့ချေ။ ကျနော်သည် ဦးစံရှား ၏ မျက်နှာကို လှမ်းကြည့်လိုက်သောအခါ ဦးစံရှားမှာထိုသူ၏ စာကို ဖတ်ပြီးဖြစ်သဖြင့် စဉ်းစားတွေဝေဟန်နှင့်ရှိလေသည်။ ကျနော်။ ။ခုနင်ကလူကိုခင်ဗျား ဘယ်နှစ်ခါတွေ့ဘူးသလဲ။ ရှား      ။   ။ ဒီတခါပဲတွေ့ဘူးတယ်။ ကျနော်။ ။ခင်ဗျား တွေးပုံတွေးနည်း ပြောပြစမ်းပါဦးဗျ။ ရှား      ။   ။ ။နှစ်နဲ့နှစ်ပေါင်းရင်ဘာကြောင့် လေးဖြစ်တယ်ဆိုတာ ရှင်းပြစမ်းပါဆိုရင် အဖြေရခက်သလိုပဲ ၊ကျုပ်ဟာလည်းသူတပါးကိုရှင်းပြဖို့ ခပ်ကြပ်ကြပ်ပဲဗျ။ ဘယ်သူမဆို ဆယ်ကျောင်းမှာနေပြီး သုံးလေးနှစ်လောက်ပုလိပ်လုပ်လိုက်ရင် ကြည့်တတ်သူရဲ့မျက်စိထဲမှာ […]


natureJuly 10, 20111min2548
လွန်ခဲ့သော ၁၅နှစ် ခန့်က မြန်မာပြည်က ခရီးသည်တင် ကားတွေဟာ BM Hino Car တွေကိုသာ သုံးခဲ့ကြပါတယ်။ ဒီကားတွေဟာ ခရီးဝေးသွားရင် အိပ်ရတာ အဆင်မပြေပါ။ အင်မတန် ခရီးပန်းပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ကား ရှိတဲ့သူတွေဟာ ကိုယ့်ကားနဲ့ကိုယ် ခရီးသွာကြပါတယ်။ အခုတော့ တခေတ် ပြောင်းလာပါပြီ။ ခရီးသည်တင် ကားတွေဟာ Aircon Bus တွေကိုသာ သုံးလာကြပါတယ်။ Aircon Bus တွေဟာ ခရီးဝေးသွားရင် အိပ်ရတာ အဆင်ပြေတဲ့အတွက် ခရီးသွားရတာ ပိုပြီး သက်တောင့်သက်သာ ရှိလာပါတယ်။ ကိုယ်ပိုင်ကားနဲ့ ခရီးသွားသလို ယာဉ်မောင်း ၁ယောက်လည်း မလိုတော့ပါ။  ဒါကြောင့် ဒီ နောက်ပိုင်းမှာ ခရီးသွားရင် Aircon Bus တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတာကို […]


natureJuly 9, 20111min103011
အသေဖြောင့်သူ post မှာ သူကြီးရဲ့ commet ကိုရှင်းရမှာရှည်လို့post တင်လိုက်တာပါ၊  draft ထဲမှာကြာပြီဖြစ်လို့ မတင်ဘူးလို့ စဉ်းစားပေမဲ့ ဖျက်လို့ကလည်း မရတာနဲ့ မထူးဘူဆိုပြီး ပို့စ်တင်လိုက်ပါတယ်။ (ကမ္ဘာအလယ်မှာ နိုင်ငံရေး. စီးပွားရေး. ယဉ်ကျေးမှု.. တွေကျဆင်းနေတဲ့ ..ဗုဒ္ဓရဲ့..တရားတွေကို အခြေခံပြီး  မြန်မာပြည်က လူတွေကသာ.. အမှန်တွေချည်းသိနားလည်သလို ရေးနေပြောနေကြတာတွေ့ရတော့.. စိတ်တော်တော်လေးမိတာပဲ..။) ကျနော့်အမြင် ကတော့ ကမ္ဘာ အလယ်မှာ စီးပွားရေး နိုင်ငံရေး ကျဆင်းတယ်ဆိုတာကိုတော့ မပြောလိုပါဘူး။ ယဉ်ကျေးမှု ကျဆင်းတယ် ဆိုတာကတော့ ခုခေတ် လူငယ်တွေဟာ  မြန်မာ့ ယဉ်ကျေးမှု ဖြစ်တဲ့ အနန္တော အနန္တ ၅ပါး ကို ရိုသေလေးစားမှု နည်းပါးလာခြင်း လူကြီးမိဘတွေကို ရိုသေရကောင်းမှန်း မသိပဲ တခုခုမေးမိရင် ဒါလေးတောင် မသိဘူလားဆိုပြီး […]


natureJuly 8, 20111min115
မြန်မာနိုင်ငံမှာ နာဂစ် မုန်တိုင်း တိုက်ခဲ့တာကို မြန်မာပြည်သားတွေ မေ့နိုင်ကြမယ်မထင်ပါဘူး။ ကျနော်တို့ မိဘတွေတောင် ဒီလောက် ကြီးမား  ပြင်းထန်တဲ့ မုန်တိုင်းကြီးကို တသက်နဲ့ တကိုယ် မကြုံခဲ့ဘူးပါ။ ထူးတာလေး တခုကတော့ လဲတဲ့သစ်ပင်တွေ အများစု ဟာ အိမ်ဘက်ကို မလဲလို့ သက်သာပါတယ်။ သစ်ပင်နဲ့ အတူ ဓါက်တိုင် တော်တော်များများ လဲခဲ့ပါတယ်။ ရန်ကုန် တမြို့လုံးအနှံ့ ဓါက်အားတွေ ပြတ်တောက် ခဲ့ရပါတယ်။ အဲဒီမှာ ထူးထူးခြားခြား မလဲတဲ့ ဓါက်တိုင်  ကိုတွေ့ရှိလိုက်ရပါတယ်။ တချို့ ဓါက်တိုင်တွေ ဘာကြောင့် လဲရလည်း ၊ တချို့ ဓါက်တိုင်တွေက ဘာကြောင့် မလဲရသလည်း လေ့လာကြည့်သောအခါ – လဲသော ဓါက်တိုင်များသည် ယခုနောက်ပိုင်း တွင် လုပ်သော hollow  […]


natureJuly 5, 20111min30814
မြန်မာပြည်မှာ ပင်စင်လစာ တိုးသွားပြီလို့ ကြားရတဲ့အချိန်မှာ ပင်စင်စားကြီးတွေရဲ့ တဦးနဲ့တဦး ဝမ်းသာအားရ ဖုံးဆက် အကြောင်းကြားတဲ့ အသံလေးတွေ ကြားရတာ အင်မတန်မှ ဝမ်းသာပီတိ ဖြစ်မိပါတယ် ။ လုပ်သင့်လုပ်ထိုက်တာကို သတ္တိရှိရှိ လုပ်လိုက်တဲ့အတွက် ချီကြူးရမှာပါ။ တိုးလိုက်တာဟာလည်း အမည်ခံ တိုးရုံသက်သက် မဟုတ်ပဲ ထိုက်သင့်သော လုံလောက်မျှတသော နှုန်းလို့ မြင်တဲ့အတွက် ဒါဟာ ဒီအစိုးရသစ်လက်ထက်မှာ အင်မတန် ထူးခြားပြီး ဆန်းသစ်တဲ့ ပြောင်းလဲမှုရဲ့ အစလို့ ဆိုရမယ် ထင်ပါတယ် ။ ယခင်လို အထက်မြင် တခုလည်းကို ပုံသေဆွဲကိုင်မထားပဲ အောက်ခြေကတင်ပြတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားလာတာကိုလည်း ကြိုဆိုပါတယ် ။ပဲ export licene ကို တပတ်အတွင်း အပြီးချပေးတာ ၊ တန်120ကို ပဲရှိကြောင်းပြဖို့မလိုတာ၊  TT […]


natureJune 19, 20111min44117
နိုင်ငံတော်က ၂လုံး ၃လုံး ပပျောက်ရေး အတွက် ဒိုင်တွေကို ထိထိရောက်ရောက် ဖမ်းနေတယ်လို့ ကြားရပါတယ်။ ကျနော့်အတွေးကတော့ ဒါတွေကို ဖမ်းရုံနဲ့ အမြစ်ပြတ် ပပျောက်နိုင်ပါသလား။ မလွယ်ဘူးလို့ ထင်ပါတယ်။ ဒါဟာ အခြေခံကျတဲ့ အဓိကအချက်ကို ဖြေရှင်းတယ်လို့ မထင်ပါ။ သစ်ပင်တပင်ကို အမြစ်ပြတ် သတ်ချင်ရင် မြင်ရတဲ့ အကိုင်းအခက်တွေကို ပင်စည်တွေကို ခုတ်ပစ်ရုံနဲ့ ဒီသစ်ပင်ဟာ သေသွားမှာ မဟုတ်ပါ။ လောလောဆယ် အမြင် ရှင်းပြီး သေသလို ဖြစ်နေပေမဲ့ ရေသောက်မြစ်ရှင်သန်နေတဲ့ အတွက် မကြာမှီမှာ ပြန်လည် ရှင်သန်လာပါလိမ့်မယ်။ ၂လုံး ၃လုံး ရဲ့ရေသောက်မြစ်ကရော ဘာလဲ။ ထိုးသားတွေရဲ့  ဆင်းရဲတွင်း လွယ်လွယ် လွတ်မြောက်စေနိုင် တယ်ဆိုတဲ့ အထင်နဲ့ ထိုးလိုတဲ့စိတ် ၊ အကျိုးအမြတ်ရှိလို့ ရောင်းချင်တဲ့ […]


natureJune 5, 20115min1801
သူကြီးရဲ့  To/From Mandalay Gazette ကိုအားကျလို့ ပါ။ သူကြီးကဲ့သို့ပင် ကျနော့်အားအကြံပေးလိုသူများ ဤ post တွင်ဝင်ရောက်အကြံဉာဏ်ပေးနိုင်ကြပါသည်။ အစကတော့ ရွာထဲမဝင်ပဲဖတ်နေတာပါ။ဒါပေမဲ့ ကျနော်ကြိုက်တဲ့ အားပေးတဲ့ post တွေ comment မရှိပဲပျောက်သွားတာလေးတွေ တွေ့ရတော့ စိတ်မကောင်းပါ။ ဒါကြောင့် ကျနော်ကြိုက်တဲ့ post လေးတွေကို ကွန်မန့်ပေးရင်း လက်ကွက်လည်းကျင့်ရင်း ၊ ကိုယ်ကြိုက်တာတွေကိုလဲပြောရင်းရွာထဲမှာ ရွာလည်နေပါပြီ။ ငါးရိုးစူးနေသလားဆိုတဲ့ပို့စ် ကလေးဟာလည်း ကျနော့်အကြိုက် ပို့စ်လေးပါ။ ပြန်ရှာလို့မတွေ့သေးပါ။ ငါးရိုးစူးနေရင် ခေါင်းမော့ပြီး အာခေါင်တည့်တည့်ကို သံပုရာရည်ညှစ်ထည့်ပါ။ ကျနော်ရေးခဲ့ဘူးတဲ့ post တွေကတော့ ၁။ ဘုရင့်နောင်ကားဂျမ်းအကြံပေးပါ ၂။ ဒါတွေမြန်မာပြည်ကစခဲ့တာ 3။Nature နဲ့ ပညာရွှေအိုးလူမခိုး 3။Nature နဲ့ ဘာဆုတောင်းမလဲ 4။ (Nature) ရှားလော့ဟုမ်းနှင့် […]


natureJune 4, 20111min3548
မျှော် …. ၂။ဘောင်ဒရီလမ်းလူသတ်မှု ၁။ လူသတ်မှုအစ ကျွန်တော်သည် ထိုသူ၏အဖြေကို ကြားရသောအခါ ဦးစံရှား၏ တွေးလုံးမှန်ပါပေသည်ဟု ချီးမွမ်းမိသော်လည်း တမင်ချိပ်လုပ်နှပ်ခြင်းဖြစ်လေသလောဟု မသင်္ကာသလိုဖြစ်မိသေး၏၊ သို့ရာတွင်ကျနော်ကဲ့သို့သောလူတယောက်ကို အပင်ပန်ခံ နှပ်လောက်အောင် အကြောင်းကိုမူကား ရှာမတွေ့ချေ။ ကျနော်သည် ဦးစံရှား ၏ မျက်နှာကို လှမ်းကြည့်လိုက်သောအခါ ဦးစံရှားမှာထိုသူ၏ စာကို ဖတ်ပြီးဖြစ်သဖြင့် စဉ်းစားတွေဝေဟန်နှင့်ရှိလေသည်။ ကျနော်။ ။ခုနင်ကလူကိုခင်ဗျား ဘယ်နှစ်ခါတွေ့ဘူးသလဲ။ ရှား      ။   ။ ဒီတခါပဲတွေ့ဘူးတယ်။ ကျနော်။ ။ခင်ဗျား တွေးပုံတွေးနည်း ပြောပြစမ်းပါဦးဗျ။ ရှား      ။   ။ ။နှစ်နဲ့နှစ်ပေါင်းရင်ဘာကြောင့် လေးဖြစ်တယ်ဆိုတာ ရှင်းပြစမ်းပါဆိုရင် အဖြေရခက်သလိုပဲ ၊ကျုပ်ဟာလည်းသူတပါးကိုရှင်းပြဖို့ ခပ်ကြပ်ကြပ်ပဲဗျ။ ဘယ်သူမဆို ဆယ်ကျောင်းမှာနေပြီး […]


natureMay 30, 20111min43227
လူတိုင်းဟာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို အောင်မြင်ဘို့ ကြီးပွားတိုးတက်ဖို့ အန္တရာယ်ကင်းဖို့ ဆု တောင်းတတ်ကြပါတယ် ၊ ရွာသားများရော ဘာဆုတွေ  တောင်းကြပါသလဲ၊ ကျနော် ယခင်က တောင်းခဲ့ဘူးတဲ့ ဆု ကတော့ – အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ဘုန်းတန်ခိုးကြီးမားခြင်း ဉာဏ်ပညာကြီးမားခြင်း ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ခြင်း စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာဆန္ဒများနှင့် ပြည့်စုံရပါလို၏၊ အိမ်ထောင်ဖက်ကောင်းနှင့် လိမ္မာသော သား သမီးများ ရရှိရပါလို၏ ၊ ရန်သူကို အောင်နိုင်ရပါလို၏၊ နောက်ဆုံးတွင် နိဗာန်ကို ရရပါလို၏ လို့  


natureMay 29, 20111min61915
ရွာသူရွာသားအပေါင်းတို့ရေ၊ ဘုရားဟောတဲ့ လူခိုးလို့မရတဲ့ အဖိုးတန်တဲ့ ပညာဆိုတာ ဘာလဲ ? ပညာ ဆိုတာ ရွှေအိုးနဲ့တူတယ်ဆိုတာကတော့ ဘယ်သူမှ အငြ င်းပွါးမယ်မထင်ပါဘူး၊ အတတ်ပညာကို အရင်းအနှီး ပြုပြီး ချမ်းသာတဲ့လူတွေကို လက်ညှိုးထိုးပြလို့ရပါတယ်၊ တချို့ကတော့ရွှေအိုးရှိမှ ပညာဝယ်လို့ရမယ်လို့ပြောတဲ့သူလည်း ပြောနေကြပါတယ်။ အခု MG မှာရေးတာလေးတွေကို တွေ့ပြီးစိတ်ကူးရတာနဲ့ ရေးလိုက်တာပါ၊ ငယ်ငယ်တုန်းကတော့ ဒီစကားပုံလေးကို ပေါ့ပေါ့ပဲ သဘောထားခဲ့ပါတယ်၊ အခုစဉ်းစားမိတာက လူခိုးလို့ မရတဲ့ ပညာဆိုတာ ဘာလည်းလို့- ဥပမာ-ရွှေလုပ်နည်းလို အဖိုးအရမ်းတန်တဲ့ ပညာတခုရထားပြီဆိုပါစို့၊ ဒီပညာကို လူခိုးလို့ မရဘူးလား၊ တကယ့်ကို မီလီယံဘစ်ဇနစ်  ဖြစ်လို့ လူတိုင်းက အနုနည်း အကြမ်းနည်း တွေနဲ့ တရားတဲ့နည်းရော မတရားတဲ့နည်းရော နည်းမျိုးစုံသုံးပြီး ရယူဖို့ကြိုးပမ်းကြမှာ မလွဲပါဘူး၊ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်မေးရင်လဲ […]


natureMay 15, 20111min32715
-ဟာသလေးပါ ကျောက်သင်ပုန်းတဲ့-ဆိုတဲ့ post မှာ comment ပေးရင်းစိတ်ကူးရလို့ ရေးလိုက်တာပါ၊ မူပိုင်ခွင့်တွေဘာတွေနဲ့လည်းမဆိုင်ပါ၊  မြန်မာတွေမညံ့ဘူးဆိုတာသိစေချင်တာတခုတည်းပါ။ ကမ္ဘာအလယ်မှာမြန်မာဆိုတာနဲ့ အထင်အမြင်သေးကြတယ်၊ ဒါတွေဟာ မြန်မာပြည်းသား တွေကစခဲ့ပြီးကမ္ဘာကျော်နေတဲ့အားကစားအကြောင်းပါဘဲ။ ငယ်ငယ်တုန်းကကစားခဲ့ဘူးတဲ့ ဘောလုံးရိုက်ကစားနည်းတခုပါ၊ ၁ဖွဲ့မှာ အနဲဆုံး ၃ယောက်ရှိရတယ်၊ အဖွဲ့၂ဖွဲ့ခွဲပြီး၁ဖွဲ့ကဘောလုံးပစ်ရတယ်၊ တဖွဲ့ကဘောလုံးကိုရိုက်ရတယ်၊ ဘောလုံးပစ်တဲ့သူကဘောလုံးရိုက်တဲ့သူနောက်က ထင်ရူးပုံးကိုထိအောင်ပစ် (သို့) ထင်ရူးပုံးနောက်က ကိုယ့်လူဆီကို ဘောလုံးရိုက်တဲ့သူ ရိုက်မမှီအောင် အမြောက်ပစ်(ခပ်မြင့်မြင့်)ပေးရပါတယ်၊ တဖက်အဖွဲ့က ထင်းရူးပုံးကိုထိအောင် ပစ်တဲ့ဘောလုံးကို ဘောလုံးရိုက်တဲ့သူက ထင်းရူးပုံးကိုမထိအောင် ဘတ်တံနဲ့ရိုက်ထုတ်ရပါတယ်၊ ဘောလုံးဟာထင်းရုူးပုံးကိုသွားထိရင် ရိုက်တဲ့သူသေပြီးနောက်တယောက်လဲရပါတယ်၊ ဘောလုံးဟာ ဘတ်တံနဲ့ရိုက်မိလို့လွင့်သွားရင် ဘောလုံးလိုက်ကောက်တဲ့အချိန်မှာ ရိုက်လိုက်တဲ့သူက ပစ်တဲ့စည်းနဲ့ ထင်းရူးပုံးနေရာကို ရသလောက်အသွားအပြန်ပြေးရပါတယ်၊ ဘောလုံးကောက်တဲ့သူက ဘောလုံးကောက်ပြီး အဲဒီပြေးတဲ့လူကိုစည်းမရာက်ခင်ထိအောင်ပစ်နိုင်ရင် ဘောလုံးရိုက်တဲ့သူသေပြီးနောက်တယောက်လဲရပါတယ်၊ ဘောလုံးရိုက်တဲ့သူက ၅ခေါက် ပြေးနိုင်ရင် တယောက်ရှင်ပါတယ်၊ ဒါတွေဟာ ကျနော်တို့ငယ်ငယ်ကတည်းကကစားခဲ့တာပါ၊ အခုအချိန်မှာတော့ […]


natureApril 5, 20111min33819
ဘုရင့်နောင်ပွဲရုံတန်းနဲ့ ဘုရင့်နောင်တံတားအဆင်းလမ်းတွေဟာ ညနေစောင်းလာရင်ဖြစ်နေတဲ့ကားဂျမ်းဟာ တဖြေးဖြေး ပိုစိတ်လာပြီး ပိုဆိုးလာပါတယ်၊ သင်္ကြန်နီးတာလဲပါပါလိမ့်မယ်။ ကားဂျမ်း မဖြစ်စေရေးအတွက် ရွာသားများထံမှ အကြံဉာဏ်များ ပေးကြပါရန်ဖိတ်ခေါ်ပါတယ်။ ညနေအလုပ်ဆင်းချိန်မှာ ရန်ကုနမြို့်တမြို့လုံးမှာ အလုပ်ဆင်းနေတဲ့ လှိုင်သာယာ ရွှေပြည်သာကဝန်ထမ်းတွေ အိမ်ပြန်ရင်လဲ ဒီလမ်းကပဲ ပြန်ရပါတယ်၊လှိုင်သာယာ ရွှေပြည်သာကဝန်ထမ်းတွေ မြို့ထဲပြန်ရင်လဲဒီလမ်းကပဲပြန်ရပါတယ်။ ကားဂျမ်းဘာ့ကြောင့်ဖြစ်ရလဲ ဘယ်လိုဖြေရှင်းရင်ရနိုင်သလဲဆိုတာ ဝိုင်းဝန်းအကြံပေးစေလိုပါတယ်၊ ကျနော့်အမြင်ကတော့ ဘုရင့်နောင်ပွဲရုံတန်းကလမ်းတွေဟာ နဂိုက ၂လမ်းမောင်းပါ၊ အခုတော့တလမ်းမောင်းတွေဖြစ်နေပါတယ်၊ ဒါကြောင့်ကိုလိုတဲ့နေရာကိုရောကဖို့အတွက် ကွေ့ပတ်မောင်းရလို့ လမ်းကြောကိုရှည်စေပါတယ်၊ဒါကြောင့် ရေတမာလမ်း၊ခရေလမ်း တို့လိုကားသိပ်ကျပ်တဲ့လမ်းတွေကို တလမ်းမောင်း သတ်မှတ်ပြီး ကျန်လမ်းတွေကို ၂လမ်းမောင်း သတ်မှတ်သင့်တယ်လို့ထင်ပါတယ်။ ဆိုင်ကယ်တွေပြန်စီးခွင့်ပြုခြင်းဟာလည်း ကားဂျမ်းကို သက်သာစေနိုင်တယ်လို့ ထင်ပါတယ်၊ ကုန်တင်ယာဉ်တွေရဲ့ကုန်တင်ခွင့်ကုန်ချိန်ကို လျှော့ချလိုက်တဲ့အတွက် ကုန်တင်ကားစိးရေဟာ ၂ဆတိုးလာတာလည်း ပါမယ်လို့ထင်ပါတယ်၊ ဘုရင့်နောင်ဈေးဘေးကနေ ဗဟိုလမ်းဘက်ကို ဖောက်ထွက်ဖို့ တလမ်းလောက် ရှိသင့်တယ်လို့ထင်ပါတယ်။ ယာဉ်ထိမ်းရဲများကတော့ […]