naynyoseesarAugust 28, 20101min28082
28.8.2010ရက်နေ့တွင် ပြုလုပ်ခဲ့သော အဆိုတော် နောနောဧ။် တစ်ကိုယ်တော်ရိူးပွဲတွင် သူသည် သူဧ။်အခွေသစ် အိပ်မက်ထဲကလူသီချင်းများကိုသာ သီဆိုခဲ့ပြီး အစီအစဉ်ကိုရုတ်သိမ်းခဲ့သည်။ထို့ကြောင် ပရိတ်သတ်များ မကျေနပ်သဖြင့် ရေသန့်ဘူးဖြင့်ပေါက်ကာ အော်ပြောတော့ “ခင်ဗျားတို့ ကရိုင်းတယ်လို့ပြောခဲ့တယ် “မီးတွေအားလုံးမှိတ်ပြီးဆင်းသွားတော ပရိတ်သတ်ကအော်ဆဲတယ် အဲဒီမှာပဲ လုံခြုံရေးဆိုတဲ့သူတွေက နံပါတ်တုတ်တွေနဲ့ လူငယ်တွေကိုလိုက်ရိုက်တယ် အဲဒီထဲမှာကျွန်တော်လည်းအပြေးလွှားပေါ့ အရေးခင်းလိုပါပဲဗျာ အံ့ဩဖို့လဲကောင်းတယ် ထမင်းရှင်တွေကိုစော်ကားရဲတယ် မသကာဆို သူပွဲထိန်းတတ်ရမှာပေါ့ အခုတော့ဗျာ မိတ်ဆွေတို့လဲကြုံဖူးမှသိလိမ်ုမယ် ဒါက အတင်းမဟုတ်ဘူး ကောလဟာလလဲမဟုတ်ဘူး ကိုယ်တိုင်ကြုံခဲ့ရတာပါ ရင်နာစရာကောင်းတယ်ဗျာကျွန်တော်တို့လိုလူငယ်လေးတွေ ရေတွေဗွက်တွေကြား လူးလိမ့်ပြီးနံပါတ်တုတ်အောက်မှာပြားပြားဝပ်နေရတယ် အခုဒီစာဖတ်တဲ့လူတွေမှာလဲ ကြုံခဲ့တဲ့လူပါချင်ပါမှာပါ သူ့ကိုချစ်လွန်းလို့ မိုးရေထဲမှာ အားပေးနေတဲ့ပရိတ်သတ်ကို ဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့စေခဲ့တာ တော်တော်ဆိုးဝါးတဲ့ဖြစ်ရပ်ပါပဲ ကျွန်တော့်မှာကင်မရာ မပါသွားလို့ပေါ့ မိတ်ဆွေတို့ကိုပြချင်တယ် ခံရတဲ့သူတွေသနားပါတယ်ဗျာ သူတို့လေးနုတ်က ပြောတဲ့စကားတွေဆို ပိုတောင်ခံစားရခက်တယ် နောနော်ရယ် မင်းကိုချစ်လွန်းလို့မိုးရေထဲမှာလာပြီးအားပေးတာ မင်းမို့လုပ်ရက်တယ်တဲ တော်ပါပြီ […]