ကိုပေါက်အားကျလို့ ခရီးသွားမှတ်တမ်းစတိုင် စာလေးပေလေးနဲ့ ရေးလိုက်ဦးမယ်.. ဒီတစ်ခေါက် ဂိုးမှာ ကတော့ ကရင်ပြည်နယ်၊ ဘားအံ ကိုပေါ့ဗျာ.. ည ၁ဝ နာရီကားနဲ့ထွက်ကြပြီးစတင်လိုက်တယ် ပဲခူးရောက်တော့ ၁၂ နာရီ ခွဲ.. ကားက ဘရတ်ပေါက်နေတာကို ပြင်နေတာနဲ့ ၂ နာရီ ၃ဝ လောက်မှ ပြန်ထွက်ဖြစ်ကြပါတယ်.. ဘရိတ်ပေါက် ထားတယ်ဆိုတော့စီးရတာ ခန့်လန့်လန့်.. ညကမှောင်မှောင် အလင်းရောင်က ဖြော့တော့တော့ အဝေးပြေးလမ်းပေါ်မှာ ပြေးနေတဲ့ ကားက တလှစ်လှစ်.. သေချာမသိတဲ့ တံတားအတက်မှာ ရုတ်တရတ်ရှေ့ကဝင်လာတဲ့ ကုန်ကားကို အရှောင်.. ကားကတံတားချဉ်းကပ်လမ်းပေါ်က အရှိန်နဲ့ ချော်အကျ.. အားလုံး ဟာ ကနဲ .. တံတားဘောင်ကြီးကို ဝုန်းကဆိုတိုက်မိလိုက်တဲ့ အချိန် နဖူးက တိန်ကနဲမည်သွားသံနဲ့ လန့်နိုးလို့ကြည့်လိုက်တော့ အဝေးပြေးလမ်း ကျဉ်းကျဉ်းလေးမှာ […]


ကင်မလာမှာ ဘယ်နှချက်ရိုက်ပြီးပြီလဲ ဆိုတာကို ပြန်ကြည့်ဖို့အတွက်ပါ.. canon အတွက် ရှာကြည့်ပေမယ့် မတွေ့တာကြောင့် nikon ကိုကြည့်တဲ့ နည်းကိုပဲ ဖော်ပြလိုက်ပါတယ်။ ပထမနည်းက online ပေါ်မှာ တိုက်ရိုက် တက်ပြီး စစ်တဲ့ နည်း ဖြစ်ပါတယ်။ http://regex.info/exif.cgi ကိုသွားပါ Local Image File ဆိုတဲ့နေရာမှာ Choose File ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ကိုယ်ကြည့်ချင်တဲ့ ဓာတ်ပုံကိုရွေးပါ ပြီးရင် ဘေးက View Image From File ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် ကိုယ်ရွေးလိုက်တဲ့ ပုံကို upload လုပ်ပြီး ဒီ ကင်မလာနဲ့ ရိုက်ခဲ့တဲ့ ဘယ်နှပုံမြောက်လဲ ဆိုတာ  ကို  Shutter Count ဆိုတဲ့နေရာမှာ ကြည့်ပြိး သိနိုင်ပါတယ်။ အခြား အသေးစိတ်အချက်အလက်တွေ ကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ upload လုပ်ပြီးမှ ပြတာ ဖြစ်တဲ့ အတွက် […]


ဂျီအိုတက် ဆိုလို့ ကိုရီးယားမင်းသား ဂျီဟို ကိုပြောတာ မဟုတ်ဘူးဗျို့ .  Google Map ရဲ့ GEO Tag  ဖြစ်ပါတယ်..တည်နေရာ အတိအကျကို ပြောချင်၊ သိချင်တယ် ဆိုရင် အဲဒီနေရာ ရဲ့ လတ်/လောင် ကိုဖတ်ပြီး ဒါမှမဟုတ် ရှာလိုက်တာနဲ့ တည်နေရာ အတိအကျကို သိရမှာ ဖြစ်ပါတယ်. ကန်တော်ကြီးစားသောက်ဆိုင်ကို ညွှန်အပြီး နောက်ပို့စ် တွေမှာ လတ်/လောင်  ကိုဖော်ပြထားမှာ ဖြစ်တဲ့အတွက် ကြို သိရအောင် ဖော်ပြပေးလိုက်ပါတယ်.. ဘာဖြစ်လို့ ဖော်ပြချင်တာလဲဆိုတော့ နေရာ အတိအကျ သိစေချင်လို့ပါ။ ကိုကို မမတို့ ချစ်သူတွေ ချိန်းတွေ့ကြရင်လည်း  ကန်တော်ကြီးထဲက ကရဝိတ်ဥယဉ်ကမ္ဘာထဲက ရိုမန်တစ်ကျောက်တုန်းကြီး ပေါ်လို့ပြောမယ့် အစား 16.794796,96.169338  မှာ စောင့်နေမယ် ဆိုရင် ပိုပြီး တိကျသွားမှာ ဖြစ်ပါတယ်.. ပြီးတော့မှာ […]


ကန်တော်ကြီးထဲက မျှော်စင်ကျွန်းဘက်ကို လာဖူးတဲ့ သူလဲရှိမယ်.. မလာဖူးတဲ့သူလဲရှိမယ် ထင်ပါတယ်.. ဒါကြောင့် ဒီနေ့ မျှာ်စင်ကျွန်းထဲဝင်ပြီး P3 စားသောက်ဆိုင်ကို ဝင်ရိုက် ပစ်လိုက်တယ်..မှားစရာ အကြောင်းမရှိပေမယ့် မသိသေးတဲ့ သူတွေအတွက် မျက်စိထဲမှ မြင်ယောင်နေအောင် တင်ပေးလိုက်တာဖြစ်ပါတယ်.. မျှော်စင်ကျွန်းကို ဝင်တဲ့ အပေါက် ၂ ဖက် ရှိပါတယ်..  တာမွေဖက်က ဝင်တာရယ်.. သိမ်ဖြူဘက်က ဝင်တာရယ်.. ပုံမှာ မျှားအဝါနဲ့ ပြထားတာက တာမွေဘက်က ဝင်ရင် တွေ့ရမယ့် မြင်ကွင်းများ ဖြစ်ပြီး မျှား အနီက သိမ်ဖြူဘက်က ဝင်ရင်တွေ့ရမယ့် မြင်ကွင်းတွေ ဖြစ်ပါတယ်.. ပုံတွေမှာ  နံပါတ်တပ်ထားပေး ပြီး နံပါတ်တွေကို မြေပုံပေါ်မှာ ပြန် ဖော်ပြပေးထားပါတယ်..ပုံ နာမည်တွေမှာ  L1 ပုံဆိုရင် မြေပုံပေါ်က L1 လို့ပြထားတဲ့ နေရာမှ ရိုက်ထားတာပါ.. L နဲ့စတာတွေက သိမ်ဖြူဘက်က ဝင်တာဖြစ်ပြီး R1, R2.. စတာတွေ ကတော့ တာမွေဘက်က ဝင်တဲ့ လမ်းကြောင်းပါ..   […]


ညက သီတာလမ်းမှာ လုပ်နေတဲ့ ဦးရှင်ကြီးပွဲ ဈေးကို လမ်းလျှောက်ရင် ရိုက်လာခဲ့တဲ့ ဓာတ်သေလေးတွေပါ ဦးရှင်ကြီးပွဲ ဈေး                                


သူများတွေ ဟတ်တာကိုရေးထားတာတွေ့လို့ အလွယ်ကူဆုံး Google / Facebook password ကို သိအောင် လုပ်တဲ့ နည်းလမ်းကို ဝေမျှလိုက်ပါတယ်။ အဲ ဒီနည်းလမ်းဟာ မိမိကို သူများတွေ လာရောက် ရင် သတိထားရအောင် ဖြစ်ပြီး သူများကို ဒုက်ခ ပေးဖို့ မဟုတ်တဲ့ အတွက် မိမိသိရပြီးပြီ ဆိုရင် ကာကွယ်ရ အောင် မိမိ သူငယ် ချင်း တွေကိုပါ အသိပေးထားစေလိုပါတယ် Google တွင် မကပါဘူး facebok ကိုရော ဒီနည်းလမ်း စမ်းပြီး အောင်မြင်ပါတယ်။ ချွင်းချက်တော့ ရှိပါတယ် ဘာတွေလဲဆိုတော့ user name ကိုရော လူကိုပါသိရပါမယ် သူ့ဆီမှာ အင်တာနက် ဖွင့်ထားတဲ့ ဖုံး ရှိရပါမယ်၊ အဲဒီ […]


၂၀၁၃ နိဒါန်းဆိုပြီးတော့ တင်ပြီးသွားပြီ.. ကိုဆာမိကလဲ နိဒါန်းပေးပြီးပျောက် မသွားနဲ့ဦးတဲ့.. ဟုတ်လည်းဟုတ်တယ်ဗျို့ အနော်က ပို့စ်တစ်ခု နဲတစ်ခုကို  ကမ္ဘာတစ်သိန်းလောက် ကြာတတ်တာဆိုတော့ .. သွားထားတဲ့ခရီးတွေ ရှိပါသေးတယ်.. ပုံတွေ မရွေးရသေးလို့ပါဗျာ.. အမှန်တော့ ပျင်းနေတာ..ရုံးမှကြလဲ မအား.. နောက် အိမ်မှာ သုံးတော့လဲ ကွန်နက်ရှင်ကမကောင်း ဆိုတော့.. ကြိုးစားပြီးတော့ တင်ပေးပါအုံးမယ်ဗျို့..  ဒီတစ်ခေါက့်ပုံတွေကိုတော့ အလယ်မှာ နာမည်ကြီးမရေးတော့ပဲ လွတ်တဲ့ နေရာ ကို အတတ်နိုင်ဆုံး ရွေ့ပေးထားပါတယ်.. ဓာတ်ပုံတွေကတော့ အရင်ရိုက်ထားတဲ့ ပုံတွေရော.. မနေ့ညက ဆူးလေမှာ ရောက်တုန်း ရိုက်ထားတာရော ပါပါတယ်..


 ဂျူလိုင်လတုန်းက ကပေါက်တို့ဌာနီ မန်းလေးကို ဒုတိယ အခေါက် အနေနဲ့ ခဏရောက်ခဲ့တုန်း ရိုက်မိခဲ့တာလေးတွေ ဖြစ်ပါတယ်.. ပထမနေ့ရောက်ရောက်ချင်း မင်းကွန်းကို စက်လှေနဲ့ သွားဖြစ်ပါနယ်.. ဖွက်ချက် ဖွက်ချက် စက်လှေကြီး နဲ့  ၂ နာရီ လောက်စီးခဲ့ရပါတယ်.. ပထမ အခေါက်တုန်းကတော့ မင်းကွန်းကို စစ်ကိုင်းဘက် က သွားပေမယ့် .. ဒီတစ်ခေက်တော့ စက်လှေနဲ့သွားဖြစ်ပါတယ်.. လေဒီအုပ်ပါ အပါအဝင်ပေါ့.. မင်းကွန်းဒေသက ကမ္ဘာ့အကြီးဆုံး အုတ်ပုံကြီးလို ဖြစ်နေတဲ့ ပုထိုးတော်ကြီး၊ ဧရာဝတီမြစ်ထဲ ခေါင်းပိုင်း ရေသောက်ဆင်းသွားလို့ ဖင်ပိုင်းပဲ ကျန်တော့တဲ့ ကမ္ဘာ့အကြီးဆုံး ခြင်္သေ့ ရုပ်တုဖင်ပိုင်း၊ ကမ္ဘာပေါ်တွင် ထိုးနိုင်ခေါက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတော် ကြီး တည်ရှိပါတယ်။ ရောက်တဲ့ အချိန်က ဧရာဝတီမြစ်ရေကြီးနေပါတယ်.. မြစ်ထဲက ရွာတွေတော်တော်များများ ရေမြုပ်နေတာ တွေ့ရပါတယ်.. နှစ်တိုင်း အဲလိုပဲဆိုပေမယ့် ဒီနှစ်က […]


ပဲခူး သွားတုန်းကပုံတွေပါ.. ပဲခူးမှာ လည်စရာတွေကတော့ အများကြီးပါပဲ.. ထင်ရှားတဲ့ (ကျွှန်တော်သိတဲ့)  နေရာတွေကတော့ ကျိုက်ပွန်လေးမျက်နှာဘုရားကြီး၊ ရွှေဆံတော်၊ ရွှေသာလျောင်း၊ မြသာလျောင်း၊ စိန်သာလျောင်း၊တရုတ်ဘုံကျောင်း၊ ကိုးသိန်းကိုးသန်း အဲနောက်တော့ ကမ္ဘောဇသာဒီ နန်းတော် စတာတွေ ဖြစ်ပါတယ်..  အဲဒီလောက်အများကြီးရှိတာကို ပြချင်လို့ လိုက်ရှာတဲ့ အခါမှ နေရာစုံကို သေသေ ချာချာ ရိုက်ထားတာ မရှိဘူးဖြစ်နေတယ်ဗျာ.. သွားတော့သွားတာပဲ. ရိုက်လဲရိုက်တာပဲ.. ဒါပေမယ့် ဒေါင့်စုံက ရိုက်ထားတာမရှိဘူး.. ဘုရားနာမည် တွေတောင် သေသေချာချာ မသိလို့ပြန်မေးရတယ်.. နောက် အခါတွေဆိုရင်တော့ သေသေချာချာ ရိုက်လာပေးပါမယ်ဗျာ..


အရင် post ကတော့ ၂၀၀ရ ခုနှစ်က ပုဂံ သွားတုန်းရိုက်ခဲ့ တဲ့ ပုံတွေတင် ပေးထားပြီး.. အခု post တွေက ပုဂံ ပုံတွေကတော့ ၂၀၁၁ ခုနှစ် စတုတ္ထ  နဲ့ ပဉ္စမအကြိမ် မြောက်  ရောက်တုန်းက ရယ် ဆဌမအကြိမ်၂၀၁၂ စက်တင်ဘာလ မနူဟာအရုပ်ပွဲရောက် တုန်းက ရိုက်ထားတဲ့ ပုံတချို့ ဖြစ်ပါတယ်.. မနူဟာပွဲ ပုံတွေကို တင်ပြီးဖြစ်လို့ မကြည့်ရသေးသူများ ဒီမှာ ကြည့်နိုင်ပါတယ်.. ဆြာအုပ်တို့သွားလေရာ မိုးလိုက်လို့ရွာ ဆိုတာမှန်ချက်ကတော့ အဲဒီ သုံးခါက်လုံး မိုးနဲ့ ့တိုးပါတယ်..နောက်ဆုံး အခေါက်မှာလဲမိုးဖွဲဖွဲနဲ့ နေထွက်ကမရ.. နောက်နေ့ကျတော့လဲ တစ်မနက်လုံး မိုးအုံ့တာနက် တော်ပါပြီ ဆို ထပ်မနေပဲ ပြန်လာ.. ပြန်ရောက်တော့ ပုဂံက ဆရာသမား တစ်ယောက်က ဆက်တယ်..ခင်ဗျားတို့ ပြန်သွားပြီးမှ တိမ်တွေ […]


ဆြာအုပ် နှင့် ကိုလိုနီ ဆိုလို့ ဆြာအုပ်တစ်ယောက် နယ်ချဲ့တော်လှန်ရေးလုပ်နေပြီလား.. သုပန္ဏကဂဠုဏရာဇာ ဘွဲ့ခံပြီး နယ်ချဲ့ တော်လှန်ရေးကားတွေ ရိုက်နေပြီလား မထင်လိုက်ပါနဲ့ ဗျို့.. တစ်လောက wide lens လေးဝယ်လာတာနဲ့ စမ်းထားတဲ့ပုံတွေပါ.. ရန်ကုန်မြို့မှာ ရှိတဲ့ ကိုလိုနီခေတ် အဆောက် အဦးတွေ လိုက်ပြီး လက်ဆော့ထားတာပါ.. အဲ ပုံလေးတွေပေါ်မှာ ခရက်ဒစ် လေးတွေ ထိုးထားတာကတော့ စိတ်မရှိပါနဲ့ ဂျာ.. ပုံတွေရဲ့ အောက်မှာ ပါတဲ့ နံပါတ်တွေက လတ္တီကျူ/လောင်ဂျီကျူ တန်ဖိုးတွေ ဖြစ်ပါတယ်။ ကော်ပီလုပ်ပြီး google map မှာ ထည့်ပြီး လွယ်လွယ်လေး ရှာ တွေ့နိုင်ပါတယ်..  


မနေ့ညက အရီးခင်လတ် ရဲ့ ဂဏန်းများနှင့် ကခုန်ခြင်း ကိုဖတ်ပြီး ကိုယ့်နာမည် ပါမလား ပါမလားလိုက်ရှာတယ်.. မပါမှန်းလဲသိပါတယ် ဟီးဟီး ထီမထိုးပဲ ပေါက်ချင်တဲ့ စိတ်ကတော့ အပြည့်ရှိ တယ် ပြောရမယ်.. တစ်ပုဒ် တင်တဲ့ အထဲ မှာတောင်မပါ.. ဘယ်ပါမလဲ တင်မှမတင်ဘဲ.. နောက်ဆုံးတော့ မှတ်ချက် တစ်ခါ ပေးသူ (၆၅) ဦး ထဲမှာ တွေ့ မိတော့မှပဲ တော်ပါသေးရဲ့ ဆိုလိုက်မိသဗျို့.. အင်း တော်ပါသေးရဲ့ active ဖြစ်နေတဲ့ ၂.၂% ထဲမှာ တွဲလောင်းလေး ပါသွားသေးလို့.. အရီးကတော့ ဒါ့ထက် ပိုပြီး active ဖြစ်စေချင်ပုံပါပဲ.. တာဝန် မကျေ တဲ့ ရွာသား တော့ဖြစ်နေပြီ.. ဘယ့်နှာလုပ်ရပါ့.. သူကြီးတို့ကိုလဲ အားရှိစေချင်တယ်.. […]