၂၀၀ရ ခုနှစ်တုန်းက မနူဟာအရုပ်ပွဲ ဖြစ်ပါတယ်.. အဲဒီတုန်းက ဓာတ်ရှင်ပါရိုက်ခဲ့တာကြောင့် အရှင်ကြည့်လို သူများကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျာ..  ဒီနှစ်ကတော့ ဓာတ်ရှင်ရိုက်မလာခဲ့မိ ပါဘူး.. မှတ်မှတ်ရရ ၂၀၀ရ စက်တင်ဘာ ၂၅ ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးနေ့ ရဲ့ ရှေ့ပြေး နေ့လေးတွေထဲက တစ်ရက်ပါ.. ရန်ကုန်မှာ ဆန္ဒတွေ ပြနေတဲ့ အချိန် ပုဂံမှာလဲ အဲဒီနေ့က စ ပါတယ်.. နောက် နှစ်ရက်အကြာမှာ ရန်ကုန်မှာ ပစ် ကုန်တယ်ထင်ပါတယ်.. အင်တာနက်ကတော့ ၂ရ ရက်နေ့မှာ ပြတ်သွားပါတယ်.. မနူဟာ အရုပ်ပွဲ ဓာတ်ရှင်    


တင်မယ် တင်မယ်နဲ့ ဘီဇီးနေတာကြောင့် မတင်ဖြစ် ဘူးဖြစ်နေတယ်.. ကြားထဲ မိုးပြာ အခန်းဆက်လဲ ထည့်မလို့ အစမှာ တင် ကိုကိုဟက်ကာ တွေကြောင့် အာရုံပြောင်းသွားတာကြောင့် အခန်းဆက်ကို ဆက်မတင်ဖြစ် တော့ပါဘူး.. ခုတော့ အော်ရီဂျင်နယ် ဂန္ဓာရီခရီး ကိုပဲ ပြန်ဆက်တာပေါ့ဗျာ.. အခုပွဲလေးကတော့ ပုဂံ၊ မြင်းကပါမှာ ၂၉.၉.၂၀၁၂ မှာ ကျင်းပခဲ့တဲ့ မနူဟာ အရုပ်ပွဲ ဖြစ်ပါတယ်.. နှစ်စဉ်  တော်သီလင်းလပြည့် နေ့မှာ ကျင်းပပါတယ်.. ထူးခြားတာက လှည့်လည်ပြသတဲ့ အရုပ်တွေကြောင့် ဖြစ်ပါတယ်.. အရုပ်တွေကို မြင်းကပါ ရွားသားတွေကိုယ် တိုင် ပြုလုပ် ကြတာ ဖြစ်ပါတယ်.. ဒီ အရုပ်ချိုးတဲ့ အတတ်ပညာကို မြင်းကပါမှာ ကလေးကအစ တတ်မြောက်ပါတယ်.. ဘုန်ကြီးကျောင်း တွေ အပါအဝင် ရွာ အပိုင်း လိုက် အရုပ်တစ်ခုစီ ပြုလုပ်ကြပြီး ကပြကြတာ ဖြစ်ပါတယ်.. ကိုကြီးကျော်ရုပ်.. မြင်းရုပ်.. ကျွဲရုပ်.. စတာတွေပါဝင်ကြပြီး ပါဖော့မန့် ပြကွက်တွေ လဲပါ ပါတယ်.. ပါဖော့မန့် တွေလုပ်၊ အရုပ်မှာ […]


 အောက်မှာ ဖော်ပြမှာ ကတော့  dhammapalace.org  မှာ ရေးထားတဲ့ “ယက္ခိုက်” ရဲ့ post ပါ.. အနော်ရေးတာမဟုတ်ဘူးနော်.. ဟဲဟဲ   စိတ်ဝေဒနာရှင် ဦးဉာဏနဲ့ မိုးပြာစိတ္တဇဂိုဏ်း (၁) ပစ္စုပန် ကမ္မဝါဒ ဂိုဏ်းခေါင်းဆောင် စိတ်ဝေဒနာရှင် ဦးဉာဏကို ဘာသာရေးဆရာအဖြစ် ကိုးကွယ်နေကြကြောင်း သိကာစက မြတ်စွာဘုရားအပေါ် Jealous ဖြစ်လွန်းတဲ့၊ ဘုရားကို ပြိုင်ဆိုင်ချင်တဲ့ မသူတော်လို့ပဲ မှတ်ချက်ချမိတယ်။ ခုတော့ သူတို့ဆရာကို စိတ်ရောဂါရှင်ဆိုတာ လက်မခံဘဲ ဆရာတစ်ဆူအဖြစ် ကိုးကွယ်နေကြသူများက ဒီစိတ်ရောဂါသည်ဟာ ရှင်တော်မြတ်ဘုရားရဲ့ တပည့်ကြီးအဖြစ် မတန်မရာ ဘေးတီးပေးနေတော့ သူ့ရောဂါကို လူသိအောင် ထုတ်ပြောရတော့မယ်။ ဦးဉာဏက စိတ်ကစဥ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး […]


စာရေးဆရာ သတ္တိဇော် ရေးထားတဲ့ “ပစ္စုပ္ပန် ကမ္မဝါဒ”အကြောင်းဖြစ်ပါတယ် “ပစ္စုပ္ပန် ကမ္မဝါဒ” စာရေးဆရာ သတ္တိဇော် စာရေးသူနေထိုင်ရာ ပြည်မြို့ အိမ်သို့ ဦးပဉ္စင်းနှစ်ပါး ကြွလာသည်။ တစ်ပါးက မြို့ခံဖြစ်သည်၊ တစ်ပါးမှာ ရေနီမှ ကြွလာသည်ဟု သိရပါသည်။ ရေနီတွင်နေသော စာရေးသူ၏ တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းကို အကြောင်းပြု၍ ကြွရောက်လာကြခြင်းဖြစ်ပါသည်။ ရေနီဦးပဉ္စင်းနှင့် စကားပြောရင်း တရားဘက်သို့ ရောက်သွားပါသည်။ ထိုဦးပဉ္စင်းထံမှ ထူဆန်းထွေလာ တရားစကားများကို ကြားသိ ရပါသည်။ စာရေးသူမှာ စိတ်နှလုံး မသက်မသာဖြင့် အောင့်ကာ နားထောင်လိုက်ရပါသည်။ ထိုဦးပဉ္စင်းမှာ ပြည်မြို့၌ နှစ်လခန့် သီတင်းသုံးမည်ဖြစ်ကြောင်း တရားဆွေးနွေးလိုပါက ကျောင်းသို့ လာနိုင်ကြောင်း မြို့ခံ ဦးပဉ္စင်းက ဖိတ်ခေါ်ပြီး ပြန်ကြွ သွားကြပါသည်။ ရေနီမှာ သူငယ်ချင်းက စာတစ်စောင်ပါပေးလိုက်သဖြင့် ဦးပဉ္စင်းများ ပြန်ကြွသွားမှ ဖွင့်ဖတ် […]


မိုးပြာအခန်းဆက် ကြီးကို ဖတ်မိပြီး သကာလ ကျွန်ုပ် ဆြာအုပ်သည်ကား တော်တော်လေးကို မခံချိမခံသာ ဖြစ်ခဲ့ပါတယ်.. နားလည်လို့တော့မဟုတ် ဘာတွေမှန်းကိမသိရလောက်အောင် နလပိန်းတုံးနေလို့ ဖြစ်ပါတယ်… ဒီတော့ရှာရသည်ပေါ့ဗျာ.. မိုးပြာအခန်းဆက် မှာ တွေ့ရတဲ့ comment တွေကလဲ တိတိပပ ချေပထားတာ မတွေ့ရတဲ့ အပြင်း အမြဲလက်ဇောင်းထက်နေတဲ့ ရွားသူ/သား တွေတောင် လက်ရှောင်နေတာ တွေ့ရပါတယ်..ဒီတော့ မိုးပြာဆို တာဘာလဲ ဆိုတာကို အရင်ကြည့်ရအောင်.. အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ကူးယူဖော်ပြထားတာ ဆိုပေမယ့် copy paste category ထဲကိုထည့်ထားရင် နောက်ကိုရောက်သွားတယ် ဆိုတာကြောင့် Creative Writing ထဲကိုထည့်သွင်းထားပါကြောင်း.. ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဂိုဏ်းချုပ် ဓမ္မဝိဟာရီ ဦးဉာဏ၏ ကိုယ်ရေးအကျဉ်း အမည် – ဓမ္မဝိဟာရီ ဦးဉာဏ မွေးသက္ကရာဇ် – ၁၃၀ဝ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။ နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် – ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀ […]


မန်းဂေဇက်ချစ်သူများစာပေဆု ပေးပွဲ တဲ့ မပဒုမ္မာကလိုက်ပြီးဖိတ်နေတာကို နားစွန်နားဖျားကြားလိုက်မိသဗျ.. ဒီတစ်ခေါက်ဖြင့်ကော်ပီလို့တွက်လိုက်တယ်ဗျို့ မန်းဂေဇက်မှာ မန်ဘာ ပေါင်း ၇၀၀ဝ လောက်ရှိတယ်ဆိုဘဲ ဟိုနေ့က ဟို.. အဲဘယ်သူပါလိမ့် ..သူ့နာမယ် အံစာတုံးလား.. သုံးကောင်ဂျင်လား သူ့ပြောတာကြားထားသဗျို့ ဒါဆိုရင်တော့ ဆြာအုပ်တို့ ပွပေါက်တိုးတယ်ဆိုရမလားဘဲ ဒီပွဲမှာသာ ရိုက်စားလုပ်လိုက်ရရင်.. အားဟား.. မန်ဘာ ခုနစ်ထောင် တောင်ဆိုတော့ အားပါးပါး မင်္ဂလာဆောင် ပွဲ၂ဝ စာလောက်တောင်ရှိသဗျို့.. အင်းပွတာပဲ.. သို့သော်လည်း ဒီပွဲမှာ  ကိုစိန်သော့၊ရွှေမင်းသား၊ Mလုလင်၊ရွှေထီး၊ ညလေး၊ သကြားလုံးကြော်၊We R One ဆိုတဲ့ ဒါ့ ပုံဆြာတွေလဲရှိတယ်ကြားတယ်ဗျ.. ဒီတော့ သူတို့နဲ့ ဂျေဗီ လုပ်ရင်ကောင်းမလား ကျွန်ုပ်က လူသစ်ဆိုတော့ နဲနဲတော့စဉ်းစားရမယ်ဗျို့ အိုတော်ပါပြီစဉ်းစားနေရင် အချိန်ကုန်သဗျို့ တကိုယ်တော်ပဲ ဒိုးလို်က်တော့မယ် ဘယ်သူမှခွဲမပေး ရဘူးပေါ့ ဟာဟုတ်သဗျိုု့ ကျိတ်ကျိတ်တိုးပါလား အင်းမှတ်တမ်းလေးတော့ […]


ချိုတဲ့ နေသော စာသင်ကျောင်းတဲ့ fb မှာတွေ့လို့ ရှဲလိုက်ပါတယ် စာသင်ဆောင်လေးကဘုန်ကြီးစွန့်ထားတဲ့ကျောင်းအဟောင်းလေးပါ ။တစ်ယောက်တည်းသောကျောင်းဆရာလေးကတော ့ခြေတစ်ဘက်မရှိရှာတဲ့စေတနာရှင်လေးပေါ့ဗျာ မန္တလေးမြို့နှင့်နေ့ခြင်းပြန်သွားလို့ရသော-မုံရွာမြို့အနောက်ဘက်ကမ်း-ဆားလင်းကြီးမြို့နယ်-ရွှေဘတောင်အရှေ့ဘက်က မကျီးတစ်ထောင်ရွာသစ်ပါခင်ဗျာ။ ရွာမီးလောင်သဖြင့်ခွဲထွက်လာသောရွာသစ်ဖြစ်ပါတယ်၊အိမ်ခြေ ၄၄ အိမ်တည်ရှိပါတယ်၊ ရွာအဟောင်းမူလတန်းကျောင်းကိုကလေးများစာသင်သွားရန်ချောင်း၄ခုဖြတ်ကျော်ပြီးမှရောက်ပါတယ် -မိုးတွင်းနှင့်ချောင်းရေကျချိန်ဆိုလျင်ဘယ်လိုမှသွားမရတော့တဲ့အတွက်ယခုလိုဤရွာမှာပင်စာသင်ကျောင်းစီစဉ်ရခြင်းပါ၊ ကျောင်းသားဦးရေကတော့၄၅ယောက်ရှိပါတယ်ခင်ဗျာ၊သက်ဆိုင်ရာမှအသိမှတ်ပြုတရားဝင်ကျောင်းဖြစ်ရန်လိုအပ်နေသည်မှာ ကျောင်းနေရာပါ။ပေ၆ဝပတ်လည်မြေတစ်ကွက်ကိုတစ်သိန်း(သို့မဟုတ်)တတ်နိုင်သလောက်ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ ။ အတန်းစုံအားလုံးကိုစာသင်ပေးနေတာကတော့ရွာမှ၁ဝတန်းအောင်ခြေတစ်ဘက်မရှိသောဆရာလေးတစ်ယောက်တည်းပါ၊ စေတနာကိုတုန့်ပြန်သောအားဖြင့်သူ့ကိုရွာမှတစ်လလျှင် နှစ်သောင်းခွဲကျပ် ထောက့်ပံ့နေေ့ကြာင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ ကိုယ်တိုင်သွားရောက်လှူဒါန်း နိုင်ပါသည်။။။။။။ တဆင့် ကုသိုလ်ပြုချင်သူများ.. ဆတ်သွယ်ရန်-0973071475 ။ 09444013027 ကျွန်တော်တို့ 7.10.2012 မှာသွားလှူမှာပါခင်ဗျာ– မန်းလေးရွာအဖွဲ့မှာလည်းလှူနိုင်ပါတယ်–လင့်-https://www.facebook.com/groups/VillageMandalay/?ref=ts ကျန်အဖွဲ့တွေကိုလည်းညှိနှိုင်းပြီးတင်ပေးလိုက်ပါ့မယ် ကျွန်တော့်ဖုန်းကိုလည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ–0973071475 / 09444013027 ကျေးဇူးတင်ပါတယ်ခင်ဗျာ-အကိုစတိ(steedMDY) အကို -စတိ(steedMDY) ရဲ ့မူရင်းလင့်  https://www.facebook.com/photo.php?fbid=330101187084410&set=at.281806128580583.64229.182039631890567.100003922661269&type=1&  —


မတင်ဖြစ်တာတောင်ကြာသွားပြီဗျို့ ပြင်းနေတာနဲ့ မအားတာနဲ့ .. ပြိုင်ပွဲကလဲ  ကြေငြာရုံပဲထင်ပါရဲ့..  ဆုပဲကြြှေုငာသွားတယ်.. ထားပါတော့ ဒီတစ်ခေါက်လဲ ကိုကိုတို့ သားရေကျအောင် လုပ်လိုက်အုံးမှပဲ ဗျို့ .. ဆြာအုတ် ဂန္ဓာရီထွက်ရင် မှီဝဲတဲ့ ဂမ္ဘီရဓါတ်စာ ကိုဖော်ပြလိုက်ပါဂျောင်း.. ဂလို ဂမ္ဘီရဓါတ်စာ များပုံမှန်မှီဝဲရင်ဖြင့် အရွယ်တင် နုပျို ကျမ်းမာပြီး ယောက်ျားဂေါင်း မောင်းမတစ်ထောင် ဖြစ်နိုင်ဂျောင်း \   စိတ်ဝင်စားသူများ အေးသာယာဝိုင် ကို city mark တွေ မှာ ရနိုင်ဂျောင်းပါ


လာပါပြီဗျို့ စကီလေးတွေ..စောင့်နေရတဲ့ သူတွေ အားလုံးကို တောင်းပန်ပါတယ်.. အမြန်တင်ချင်ပေမယ့် ဒီမော်ဒယ်လေးတွေက  ရှုတင်ရှိတာနဲ့..  နယ်ရောက် နေကြတာနဲ့ သူတို့အနုပညာ အလုပ်တွေနဲ့ မအားကြလို့ပါ။ ခွင့်ပြုချက်လဲတောင်းရသေးတယ်ဗျ.. တော်ကြာ သူတို့ပုံတွေကို လျောက်တင်တယ်ဆိုပြီး ပြသနာရှာမှာ စိုးလို့ဗျ.. အဲတစ်ခုသတိထားပေးကြပါဗျာ ဒီမော်ဒယ်ပုံတွေကို သူတို့ခွင့်ပြုချက်မရှိဘဲ ကုူးယူခွင့်မရှိဘူးဗျို့.. ပထမဆုံးစကီလေးကတော့ အသစ်လေးဗျ. .ရေးကူးဝတ်စုံနဲ့ မော်ဒယ်လေး နှစ်ယောက်လဲပါတယ်ဗျို့.. ပြီးတော့ နောက်ဆုံးမှာ nude တစ်ပုံပါတယ်.. မော်ဒယ်နာမည်မေးခြင်း သည်းခံပါဗျာ..              


အင်းလေး ရေကမ္ဘာရဲ့ တတိယ ဂလယ်ရီ ဖြစ်ပါတယ်..   အားပေးတဲ့ သူများကို အထူးပဲ ကျေးဇူးတင်ရှိပါဂျောင်း.. နောက်လာမည့် post မှာ ဂန္ဓာရီခရီးမှ စကီလေးများ ဖြစ်ကြောင်း.. ဂန္ဓာရီ ဆြာအုပ်.


ကျန်ရှိနေသေးတဲ့ အင်းလေးရဲ့ ဓာတ်သေများကို ထက်မံ ဖော်ပြလိုက်ပါတယ်.. အများကြီးတစ်ခါတည်းပြလိုက်ရင် အီသွားမှာ စိုးလို့ပါ..       ထပ်မံဖော်ပြပါဦးမယ်..    


အင်း ဒီ ပို့စ်က တော့ ကျွန်ုပ်  ဂန္ဒာရီဆြာအုပ်၏ ဒုတိယမျောက် ဖြစ်တော့သကိုးဗျ.. ပထမ ပို့စ်မှာဆြာဖြစ်သင်တန်းပို့ချပြီးသကာလ အက်ဗန့် ထက်မံ သင်ယူလိုသူများကိုတော့ သီးသန့် သင်တန်းများရှိပါဂျောင်း.. ဆြာမလေးတွေဆိုပါက အထူးသင်ရှယ်. ထူးထူးရှယ်. .ရေရေလည်လည်ရှယ်.. စသည်ဖြင့် အနီးကပ်စနစ် အမျိုးမျိုးဖြင့် မတတ်မချင်း သင်ကြားပေးမှာ ဖြစ်တဲ့အကြောင်း.. အိမ်ထောင်မရှိသူ ၂၅ နှစ်အောက် ..ရုပ်ရည် ချောမောလှပသူ ဖြစ်ပါက သင်တန်းကြေး ကင်းလွတ်ခွင့်ရမည် ဖြစ်ကြောင်း….  ဆြာလေးများ ဖြစ်ပါက အဝေးသင် ကိုယ်ဟာကိုယ်ကျင့်စနစ်ဖြင့် အထူး အမြန် သင်ကြားပေးမှာ ဖြစ်ကြောင်း.. ကြေငြာ အပ်ပါသည်.. အဲ ..ပြန်ဆက်တာပေါ့ ခု ဒုတိယ ပို့စ်မှာတော့ ဆြာကိုယ်တိုင် သွားရောက်ခဲ့သော ဂန္ဒာရီခရီးစဉ်များမှ ဓာတ်သေ များကို ဖော်ပြပေးပါမယ်..   ဘယ်တုံးက ဓာတ်သေ တွေကို စပြီးပြရမလဲဆိုတော့ … အင်း..??? !!!@@@ “ ရေပေါ်မှာ အိမ်လေးတွေဆောက်မယ်.. ရေပေါ်မှာ အိမ်လေးတွေဆောက်မယ်..တောင်ပိုင်းရဲ့ရှမ်းပြည်နယ် …”  သီချင်းလေးရဲ့ […]


(၃) မိနစ်အတွင်းဆရာ ဖြစ်နည်း ကိုသိချင်တာလား ဟဲဟဲ လွယ်လွယ် နဲ့ တော့ ဘယ် ပြောအုံးမလဲနော်.. အရင်မိတ်ဆက်ပါရစေဦး.. ကျုပ်လား.. ဂန္ဒာရီဂျာအုပ် လို့ခေါ်ပေါ့ဗျာ.. လောကကြီးမှာ ဆရာဝန်၊ ကျောင်းဆရာ၊ ဗိန္ဒောဆရာ၊ ဆိုက်ကားဆရာ၊ မြင်းလှည်းဆရာ စတဲ့ ဆရာ့ ဆရာတွေ ကြား ကျုပ်လည်း ဆရာ လို့ ခေါ်ခံချင်တာကစတာပဲ.. ခက်တာက ဆေးမကုတတ်၊ စာလဲမသင်တတ်၊ ဆိုက်ကားတွေ မြင်းလှည်းတွေလဲ မမောင်းတတ်တော့.. အင်း ဘာမှ လုပ်စရာမလိုပဲ ဆရာဖြစ်နည်းကို  ဦးနှောက်ခြောက်မတတ် စဉ်းစားရာက အပြင်းထူတဲ့ ပါရမီဓာတ်ခံ လေးလဲရှိတော့ အော်တော်ငုတ်တုတ် ဆရာဖြစ်တဲ့ နည်းကို  လွယ်လွယ်လေးပဲ စဉ်းစားလိုက်မိသဗျ.. ဒါနဲ့ (၃) မိနစ် အတွင်း ဆရာဖြစ်သွားပါလေရော.. ဘာကွ (၃) […]