ချိုတဲ့ နေသော စာသင်ကျောင်းလေးတဲ့

ချိုတဲ့ နေသော စာသင်ကျောင်းတဲ့ fb မှာတွေ့လို့ ရှဲလိုက်ပါတယ်

စာသင်ဆောင်လေးကဘုန်ကြီးစွန့်ထားတဲ့ကျောင်းအဟောင်းလေးပါ ။တစ်ယောက်တည်းသောကျောင်းဆရာလေးကတော
့ခြေတစ်ဘက်မရှိရှာတဲ့စေတနာရှင်လေးပေါ့ဗျာ

မန္တလေးမြို့နှင့်နေ့ခြင်းပြန်သွားလို့ရသော-မုံရွာမြို့အနောက်ဘက်ကမ်း-ဆားလင်းကြီးမြို့နယ်-ရွှေဘတောင်အရှေ့ဘက်က

မကျီးတစ်ထောင်ရွာသစ်ပါခင်ဗျာ။

ရွာမီးလောင်သဖြင့်ခွဲထွက်လာသောရွာသစ်ဖြစ်ပါတယ်၊အိမ်ခြေ ၄၄ အိမ်တည်ရှိပါတယ်၊
ရွာအဟောင်းမူလတန်းကျောင်းကိုကလေးများစာသင်သွားရန်ချောင်း၄ခုဖြတ်ကျော်ပြီးမှရောက်ပါတယ်
-မိုးတွင်းနှင့်ချောင်းရေကျချိန်ဆိုလျင်ဘယ်လိုမှသွားမရတော့တဲ့အတွက်ယခုလိုဤရွာမှာပင်စာသင်ကျောင်းစီစဉ်ရခြင်းပါ၊
ကျောင်းသားဦးရေကတော့၄၅ယောက်ရှိပါတယ်ခင်ဗျာ၊သက်ဆိုင်ရာမှအသိမှတ်ပြုတရားဝင်ကျောင်းဖြစ်ရန်လိုအပ်နေသည်မှာ

ကျောင်းနေရာပါ။ပေ၆ဝပတ်လည်မြေတစ်ကွက်ကိုတစ်သိန်း(သို့မဟုတ်)တတ်နိုင်သလောက်ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ
။ အတန်းစုံအားလုံးကိုစာသင်ပေးနေတာကတော့ရွာမှ၁ဝတန်းအောင်ခြေတစ်ဘက်မရှိသောဆရာလေးတစ်ယောက်တည်းပါ၊
စေတနာကိုတုန့်ပြန်သောအားဖြင့်သူ့ကိုရွာမှတစ်လလျှင်
နှစ်သောင်းခွဲကျပ် ထောက့်ပံ့နေေ့ကြာင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ

ကိုယ်တိုင်သွားရောက်လှူဒါန်း နိုင်ပါသည်။။။။။။

တဆင့် ကုသိုလ်ပြုချင်သူများ.. ဆတ်သွယ်ရန်-0973071475 ။ 09444013027

ကျွန်တော်တို့ 7.10.2012 မှာသွားလှူမှာပါခင်ဗျာ–
မန်းလေးရွာအဖွဲ့မှာလည်းလှူနိုင်ပါတယ်–လင့်-https://www.facebook.com/groups/VillageMandalay/?ref=ts

ကျန်အဖွဲ့တွေကိုလည်းညှိနှိုင်းပြီးတင်ပေးလိုက်ပါ့မယ်
ကျွန်တော့်ဖုန်းကိုလည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ–0973071475 / 09444013027 ကျေးဇူးတင်ပါတယ်ခင်ဗျာ-အကိုစတိ(steedMDY)

အကို -စတိ(steedMDY) ရဲ ့မူရင်းလင့် 

 —

6 comments

  • shwe kyi

    August 13, 2012 at 2:19 pm

    အော်ရယ်သနားစရာပါပဲ။ ဆရာလေးကခြေတစ်ဖက်မရှိဘူးတဲ့လား သူ့ခမျာတယောက်တည်းသင်နေရရှာတယ်။ သာဓုခေါ်ပါတယ်ဆရာလေးရယ်။
    ဒီလိုနေရာမျိုးလေးကိုတကယ်ကိုလှူချင်ပါတယ်။ လှူနိုင်အောင်ကြိုးစားရဦးမယ်။
    လောလောဆယ်တော့ စိတ်မကောင်းရုံမှအပ။

  • မမ အညာသူ

    August 13, 2012 at 2:23 pm

    ချိဲု.တဲ့စွာစာသင်နေရတဲ့ ပုံလေးကိုမြင်ရတာလဲတကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်..
    တကယ်လိုအပ်တဲ့နေရာကိုလှူတာကသူအတွက်ရော
    ကိုယ့်အတွက်ရော အကျိုးရှိစေပါတယ်

  • လေပြေ ရှိုင်း

    August 13, 2012 at 3:09 pm

    ဘုန်းဘုန်း ဆေကိန္ဒရဲ့ ဩဝါဒလေးနဲ့ လောကရဲ့ မေတ္တာရှင် အလှူဒါနရှင် များကို ဦးညွှတ်ဂါဝရပြုပါရစေ….

    တစ်ဦးပေါ်တွင် မေတ္တာထား တစ်ဦးပေါ်တွင် ချစ်ခင်ပြီး စိတ်ညစ်နေသူများရှိရင် တစ်မိသားစုလုံးပေါ် မေတ္တာထားကြည့် လိုက်စမ်းပါ။ ချစ်ကြည့်လိုက်စမ်းပါ။ အဲဒီတစ်ယောက်ထဲဟာ ဘာမှမဟုတ်တော့ဘူး။ တစ်မိသားစုလုံးကို ချစ်ပြီးတော့ စိတ်ပင်ပန်းသူများရှိရင် တစ်ဆွေမျိုးလုံးကို ချစ်ကြည့်လိုက်စမ်းပါ။ တစ်ဆွေမျိုးလုံးကို ချစ်လို့ စိတ်ပင်ပန်းလွန်းရင် တစ်နိုင်ငံလုံးကို ချစ်ပစ်လိုက်စမ်းပါ။ တစ်နိုင်ငံလုံးကို ချစ်ပြီး တစ်ချို့ က ရှိတယ် ငါ့နိုင်ငံအတွက် ဆိုပြီး အဲဒါတွေနဲ့ လောဘတွေ ဒေါသတွေ မောဟတွေ ဖြစ်နေကြရင် တစ်ကမ္ဘာလုံးကို ချစ်ပစ်လိုက်စမ်းပါ။ အဲဒါကိုယ့် အတွက်ပါ။ သူများအကျိုးဆောင်တာ ကိုယ့် အကျိုးအောင်ပါတယ်။ universal love မဖြစ်တောင်မှ unlimited ဖြစ်ပြီး love ကို extend လုပ်နိုင်တဲ့မေတ္တာ တရားကျယ်ပြန့်ပြီး မေတ္တာ ပုံရိပ်ကို မေတ္တာမျက်ဝန်းရှိသူတို့သာ သိရှိနားလည်ခံစားနိုင်ပါတယ်ဆိုတာကို လက်တွေ့အကောင်အထည်ဖော်နိုင်သဖြင့် ဘယ်ကိုကြည့်ကြည့် မေတ္တာ မျက်ဝန်းလေးနဲ့ ကြည့်နိုင်ကြပါစေ။ …
    (ဓမ္မဒူတ ဆရာတော်ဘုရား)

  • etone

    August 13, 2012 at 4:51 pm

    ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ အဲ့ဆရာလေးကို မြင်ရတာ .. သနားစိတ်တော့ မဖြစ်မိပဲ … ချီးကျူးအားကျစိတ်တော့ဖြစ်မိတယ် … ။ …. သူတတ်ထားသမျှနဲ့ကလေးတွေရဲ့ ပညာရေးကို တဖက်တလမ်းကနေ ပံ့ပိုးပေးနေတဲ့ စိတ်ဓါတ်ကတော့ .. လေးစားစရာပါပဲ … ။
    ဖေ့စ်ဘွခ်ကနေ … တင်ပေးထားတော့ .. အလှူရှင်တွေလည်း ဆက်သွယ်လာမှာပါ …. ။
    ဒေသခံ ဆရာတစ်ယောက်တည်းရှိတယ်ဆိုတာကို ကြည့်ချင်းအားဖြင့် … ၊ မြို့ပြနဲ့ နည်းနည်း အလှမ်းဝေးတဲ့ နေရာလေးများ ဖြစ်နေမလားပဲနော် … ။
    နောက်ပြီး .. အစိုးရ အသိမှတ်ပြုကျောင်းမဟုတ်တော့ …. တစ်တန်းပြီး တစ်တန်း ဆက်တက်သွားလျှင်တောင်မှ .. အစိုးရအသိမှတ်ပြု အရည်ချင်းစစ်စာမေးပွဲတွေ .. ဝင်ဖြေခွင့်မရှိသလိုဖြစ်နေတာ စိတ်မကောင်းစရာပါပဲ …… ။
    မလိုတဲ့နေရာတွေမှာ… မိုးကောင်းနေမယ့်အစား .. ဒီလို မိုးခေါင်ရေရှားတဲ့ ဒေသလေးတွေမှာ …. မိုးဖွဲလေးဖြစ်ဖြစ် ရွာပေးနိုင်လျှင် သိပ်ကောင်းမှာပါပဲ ။ 🙄

  • ဦးဦးပါလေရာ

    August 13, 2012 at 10:10 pm

    မသန်ပေမယ့် စွမ်းတယ်ဆိုတာ အဲလို ကျောင်းဆရာမျိုး….
    လေးစား ချီးကျူးပါတယ်….
    အဲဒါမျိုးတွေကြားရရင် ကျုပ်တော့ သိပ်ကို သူဌေးဖြစ်ချင်တာပဲ…

  • မောင်ပေ

    August 14, 2012 at 8:21 am

    ဦးပါလိုပဲ ကျုပ်လဲသူဌေး အရမ်းဖြစ်ချင်မိတယ်
    ဒီလိုနေရာလေးတွေကို အများကြီးလှူနိုင်အောင်
    ကိုအုပ်တို့ပွဲကို တတ်နိုင်သမျှ ပါဝင်လှူပါမယ်

Leave a Reply