Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


naywoon niJanuary 10, 20121min3806
• ပြတော့ ပြနေတာပဲ မြင်ကွင်းက ကျဉ်းပြီး ရှင်းလင်းပြတ်သားမှုမရှိသေးဘူး…..။ • ပြောတော့ ပြောနေတာပဲ အသံတွေက တုန်ခါနေပြီး တိုးလွန်းနေသေးတယ်….။ • ချစ်တယ်လို့တော့ ပြောနေတာပဲ ဘယ်အတိုင်းအတာထိလဲဆိုတာတော့ မစမ်းသပ်ရသေးဘူး……..။ • ဖြစ်တယ်လို့တော့ ပြောနေတာပဲ ဒါပေမဲ့ ဖဲချပ်တွေကို သူခင်းမပြသေးပါဘူး……….။ • ထိတယ်ဆိုတာတော့ သိနေတယ်….. ဒါပေမဲ့ နူးညံ့သလား ကြမ်းရှ သလားဆိုတာကိုတော့ ငါမခံစားနိုင်သေးဘူး…………။ နေဝန်းနီ


naywoon niJanuary 7, 20121min4029
စိတ်ကူးတစ်ခုဟာ ကိန်းသေအလျင်နဲ့ရွှေ့လျား လားရာတစ်ခုဆီကို ခရီးသွားနေတယ် ဆိုပါစို့……။ တည်မြဲတဲ့ အလျင်ဖြစ်စေဖို့ ဘယ်အရာကို တားဂတ်ထားပြီး သမာဓိယူနေသလဲ? မိန်းကလေးတစ်ယောက်အတွက် အသက်ရှင်ရပ်တည်ဖို့ ရုန်းထွက်နေသလား ဒါမှမဟုတ် ဆရာသခင်လား မိဘလား? သားသမီးလား ညီညီမ လေလား…… တစ်ခုခုကိုအာရုံစိုက် ဘဝကိုမောင်းနှင်ခိုက်မှာ အဖြစ်နဲ့ အပျက် ဒွန်တွဲလာရင်တော့ အမှိုက်သရိုက်နဲ့ ဒိုက်ကိုရှင်းလင်း ကိုယ့်ဦးတည်ချက်ကိုယ်ရောက်အောင်သွား လမ်းကြောင်းမပြောင်းစေနဲ့ အသင်လူသား….။ နေဝန်းနီ


naywoon niJanuary 6, 20121min2424
မရှိတာထက် မသိတာကပိုခက်သတဲ့ ရှိကို မရှိတာ အဲဒိမရှိတာကို သိတယ်လေ……….။ ဘယ်သွားသွား ဘာလုပ်လုပ် ဘယ်သူနဲ့စကားပြောပြော ဘယ်စာဖတ်ဖတ် မရှိတာတွေချည့် လှစ်ဟပြနေတော့တာပါပဲလား……။ မသိတာကစိတ် မရှိတာကရုပ် “ ရုပ်ကမှမလှတာဟာ မမြင်ရတဲ့……. စိတ်ကိုပဲ အရင်ပြင်ရမှာလား ရုပ်အပြလှအောင်အရင်မပြင်သင့်ဘူးလား…….” တဲ့ ကဲ………. နင်ငါ့ကိုယ်စားဖြေလိုက်စမ်းပါ…..။ နေဝန်းနီ


naywoon niJanuary 6, 20121min41512
အလျင်လို လမ်းအိုလိုက်……….တဲ့ ဟုတ်ကဲ့ ကျွန်ုပ်တို့ အလျင်မလိုကြပါ….။ ဒါကြောင့်……. လမ်းဟောင်းကိုဖယ်ပြီး လမ်းသစ်ကောင်းကောင်းတစ်ခုဖောက်ဖို့ ကျွန်ုပ်တို့ဆုံးဖြတ်လိုက်ကြပါတယ်……။ ဒီလမ်းသစ်ဟာ ဟိုးးးး ဇနပုဒ်ကနေ ရွှေမြို့တော်ကြီးအရောက် ရွှေမြို့တော်ကြီးဆီကနေ ဟိုးးးး မှုန်ပြပြလှမ်းမြင်နေရတဲ့ ကမ္ဘာ့ရွာ ဟိုင်းဝေးလမ်းမကြီးအရောက် ဆက်လက်ဖောက်လုပ်သွားမှာပါ….။ အဲသဟာကိုကြည့်ပြီး လမ်းဟောင်းရှင်အသင်တို့ အကူအညီမပေးချင်နေပါ….. အနှောက်အယှက်တော့ မပေးကြပါနဲ့…….။ ဒီလမ်းကြီးသာပြီးသွားရင် ဟိုးးး ဇနပုဒ် သားက ရွှေမြို့တော်ကြီးဆီ မျက်စေ့မှိတ်လမ်းလျှောက်လာပြီး အဲဒိကနေ ဟိုးးးး ကမ္ဘာ့ရွာလမ်းမကြီးပေါ်တက် အသိတွေပွင့် အမြင်တွေရှင်းပြီး ကမ္ဘာ့ရွာကစာကွင်းကြီးမှာ လယ်ဗယ် ညီကစားနိုင်ဖို့ အသိအတတ် နည်းပညာတွေ ခင်ဗျားတို့ မျှဝေပေးကြပါ….။ ကျွန်ုပ်တို့လမ်းသစ်တစ်လျှှောက် ပညာတွေဖြန့်ဝေပေးကြပါ….။ အားလုံးဟာ တစ်သားထဲ လမ်းဟောင်းကိုစွန့်ခွာလို့ လမ်းသစ်တစ်စင်းဖောက်ကြပါစို့……..။ နေဝန်းနီ


naywoon niJanuary 3, 20121min2743
ဘောလုံးပွဲများနဲ့နေဝန်းနီ မန်ယူနဲ့ အာစင်နယ် ဘာမှလာမပြောပါနဲ့ သူတို့ကကွင်းကောင်းကောင်းမှာ ပရိဿတ်အားပေးမှုနဲ့ ကန်နေကြရတာ….။ နေဝန်းနီတို့များ ကွင်းခပ်ညံ့ညံ့မှာ လက်တွေ့နေ့စဉ်ဘဝကိုရင်ဆိုင်ဖြတ်သန်း နေ့တိုင်းကန်နေကြရတာ နေပူသည်ဖြစ်စေ မိုးရွာသည်ဖြစ်စေ ပရိဿတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အားပေးသူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒိုင်ညစ်သည်ဖြစ်စေ မညစ်သည်ဖြစ်စေ စောဒက တက်ခွင့်မရှိ ကိုယ့်ဂိုးကိုယ်ရအောင်သွင်းကြေး ပင်နတီဂိုးမပေးရရေးအတွက် ပြင်ဆင်ချိန်မရှိ လေ့ကျင့်ချိန်မရှိ အချိန်ပြည့်မှ တစ်ကယ့်အချိန်ပြည့် ပွဲပေါင်းများစွာမှာ တစ်ပြိုင်နက်ထဲ ကန်နေရတာ အာစင်နယ်ရှုံးသွားလို့ နေဝန်းနီဘဝပျက်လောက်အောင်လောင်းမထားဘူး ဒါပေမဲ့ မင်းအချစ်ကိုမရရင်တော့ ဘဝနဲ့ထပ်ပေါင်းချစ်ခဲ့တဲ့အချစ်တွေအတွက် ငါ့ဘဝပျက်လောက်ပါတယ်ဆိုတဲ့ အတွေးမျိုးနဲ့ အချိန်တိုင်းနေရာတိုင်းမှာ ပြိုင်ဘက်မရွေး ကွင်းမရွေးပဲ နေဝန်းနီတစ်ယောက် ဘောလုံးကန်နေရပါကြောင်း………။ နေဝန်းနီ


naywoon niDecember 30, 20111min44310
ဒီစာစုကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ ဘယ်သူမဆို ကိုယ့်အနောက်မှာ ကပ်ပါနေတဲ့ အရိပ်တစ်ခုကို သတိမထားမိပဲ တစ်စုံတစ်ရာကို တစ်ချိန်ချိန်မှာ လက်လွတ်စပယ် လုပ်တတ်လေ့ရှိတဲ့ လူသားအားလုံး သတိတရားလေးကပ်မိနေကြဖို့နဲ့ ကိုယ်ချင်းစာတရားဆိုတာလေးကို သတိရစေဖို့ ရည်ရွယ်ပြီး ရေးလိုက်တာပါ……။ ဖြစ်တဲ့နေ့က ဒီလို ……… 20-12-2011 နေဝန်းနီတို့ အိမ်ကရေမိုးချိုးပြီးအိမ်ကအထွက် ထိုင်နေကျ ဗစ်တာစိုးမိုးရဲ့ စာအုပ်အငှားဆိုင်လေးမှာဝင်ထိုင်ရင်း…. အွန်လိုင်းအကြောင်း ကောင်မလေးတွေ အကြောင်း ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါးပြောနေရင်း…….. မြို့တောင်ဘက်အဝင်ဘက်မှာ ဆိုင်ကယ်တိုက်တယ်ဆိုပြီး သွားကြည့်ကြသံကြားပါတယ်…။ အနားကလူတွေက လိုက်ဦးမလားလို့ခေါ်တာတောင်မှ “ မင်းတို့ကလည်း နေ့တိုင်းတစ်နေရာမဟုတ်တစ်နေရာမှာ ဆိုင်ကယ်တိုက်နေတာ မထူးဆန်းတော့ပါဘူး” ဆိုပြီး ပြောလိုက်သေး…။ ထိုင်နေရာကတောင်မရွေ့…။ ကြားရသေးတယ်…..။ “ သေသွားတဲ့သူက အရက်နံ့ကိုထောင်းနေတာပဲ” အချိန်က ညနေ သုံးနာရီခွဲ လောက်ပဲရှိသေးတယ်….။ အဲဒါကြောင့် “ ဒီအချိန်မှာတောင် […]


naywoon niDecember 27, 20111min43214
နေဝန်းနီ ပြန်လာပြီ နေဝန်းနီပြန်လာပြီဆိုလို့ ….ဟိုဟိုဒီဒီ သွားနေလို့လားမထင်လိုက်ပါနဲ့ …။ နေရပ်နေရာက တစ်လက်မလောက်မှ ရွေ့မရခဲ့တာပါ…။ 20-12-2011 နေ့ညနေက ဦးရီးတော်က ဆိုင်ကယ် အက်ဆီးဒင့်နဲ့ နတ်ရွာလားခဲ့ပါတယ်…။ မိသားစုတွေကလည်း နဲကြတာဆိုတော့ ဦးရီးတော်ရဲ့ ဌာနဆိုင်ရာကလည်း မျက်နှာလွှဲ ခဲပစ် လုပ်ပြီး လှည့်မကြည့်တာကြောင့်…….. နေဝန်းနီ တစ်ယောက် ယောင်ခြောက်ဆယ်နဲ့ အလုပ်ရှုပ်သွားရပါတယ်…။ ယောင်ခြောက်ဆယ်နဲ့ အလုပ်ရှုပ်သွားရတာကဒီလိုပါ….။ ဦးရီးတော်ရဲ့ သမီး အငယ်မလေး တစ်ယောက် ကဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာလုပ်နေတာမို့ သူ့ရုံးအဖွဲ့တွေက လိုလေသေးသည်မရှိ ဆောင်ကျဉ်းပေးခဲ့လို့ နေဝန်းနီတစ်ယောက် ယောင်လည်လည် အလုပ်များသွားရတာပါ….။ သူရို့လေးတွေကချည့် ငွေအား လူအားနဲ့ လုပ်ဆောင်ပေးနေလေတော့ မဆိုင်သလို အပြင်ထွက်နေလို့လည်းမရ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရအောင်ကလည်း အသက်အရွယ် အတတ်ပညာ ငွေကြေးဓန အင်အားကလိုက်မမှီ ….။ […]


naywoon niDecember 19, 20111min2763
မဆုံးတဲ့….သီချင်း (၄၃) နောက်သူတို့ဆီက တစ်ချို့ အသုံးကိုလည်း မှတ်ရသေးတယ်….။ မီးခြစ်ကို မီးဂတ် …..။ ဓါတ်မီးကို ဒုတ်မီး ဖယောင်တိုင်ကို မီးတိုင်….။ အဲဒါတော့ ချက်ခြင်းမှတ်မိသွားတယ်….။အဲ အနှုတ်လည်ပေးပါဆိုတာကြတော့ အကြွေခတ်ချင်လို့ တဲ့ …။ မြို့အနေအထားအရ မြို့သက်ရှည်နေပေမဲ့ သိပ်မတိုးတက်သေးဘူး…။ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးကြောင့် လို့ ထင်တယ်…။ လမ်းတွေကမကောင်းဘူး….။ လမ်းတွေက မကောင်းတော့ ကားကောင်းကောင်းမရှိဘူး…။ ပိုက်ဆံရှိတဲ့ သူဌေးတွေ ရှိသတဲ့….။ ကားဝယ်စီးနိုင်ပေမဲ့ ဒီဘက်ယူမလာဘူး….။ မကွေးလိုနေရာမျိုးမှာ ထားပြီးလိုင်းပြေးနေတယ်…။ ရန်ကုန်မှာဝယ်ထားတယ်…။ တောင်သူ များတဲ့ အရပ်ဒေသပေမယ်လို့ အရင်နှစ်က ကြက်သွန်ဈေးကောင်းခဲ့လို့ ပိုက်ဆံတော်တော်ရခဲ့ကြတာပေါ့….။ နွားစာနဲ့ ထင်းရအောင် စိုက်ခဲ့တဲ့ ပဲစဉ်းငုံကလည်း ဈေးကောင်းရခဲ့ကြပေါ့……။ မကောင်းတာက ဝန်ထမ်းတွေပါပဲ….။ 1989 -ဧပြီမှ စပြီး လစာတိုးပေးတယ်ဆိုပေမဲ့ […]


naywoon niDecember 19, 20111min54016
အချစ်ဦး နင်နဲ့ငါ ကမ္ဘာတစ်ရာလောက် ဝေးနေပြီ နင်ပြောပြောနေတဲ့ ပန်းသီးကို တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့ လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး တကယ့်စာခြောက်ရုပ်ကလေးအတိုင်း လည်လိုက်တာ …. ရောင်စုံခြယ်တောအုပ်လေးတစ်ခု တိတ်ဆိတ်နေတာဟာ နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင် နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး ခြေဖျားကအစ စိတ်အဆုံး (သိပ်ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ သွေးရိုးသားရိုးလွမ်းရမှာတောင် ဂုဏ်ငယ်သလိုပေါ့ ………။ ။ comegyi မနေ့က ဖတ်မိတဲ့ကဗျာလေးပါ….။ ဖတ်မိသူတွေကတော့ ဘယ်လိုခံစားမိသလဲ မပြောတတ်ဘူး….။ နေဝန်းနီကတော့ အဲဒိကဗျာလေးကို ဒီလိုလေး ခံစားလိုက်မိတယ်…။ ကဗျာရေးတဲ့သူကိုလည်း မသိပါဘူးနော် ..။ ပြိးတော့ နေဝန်းနီဆိုတဲ့ကောင်က ကိုယ့်ဟာကိုသာ ကဗျာရေးတာ သူများရေးတဲ့ […]


naywoon niDecember 18, 20111min3697
ဆောင်းည တိတ်ဆိတ်တဲ့ညမှာ အတွေးတွေ….အတွေးတွေ ပြန့်ကျဲနေလိုက်တာကလည်း ကောင်းကင်ပေါ်က ကြယ်တွေနဲ့အပြိုင် မြေပြင်ပေါ်မှာ ဖြန့်ချထားမိလေတော့ အသံမသိတဲ့ငနုံတစ်ယောက် စန္ဒယားခလုပ်တွေ လျှောက်နှိပ်နေသလိုပါပဲ…… ငါ့ဦးနှောက်ထဲမှာ သံကြောင်တွေပဲဆူညံနေပေါ့…..။ ဆောင်းည…………. ရှည်လျားလှတော့လည်း အိပ်မက်တွေ များရတာပေါ့………..။ တစ်ကယ်လည်းမဟုတ်ပဲနဲ့ ရင်ထိတ်သည်းတုန် ကြုံရတာတွေ အိပ်မက်နဲ့ပဲ ပျော်ခဲ့ရ…. စိတ်ညစ်ခဲ့ရ တော်ခဲ့ရ…..ညံ့ခဲ့ရ လောဘတွေတက်ရ……ဒေါသတွေထွက်ရ ရယ်ခဲ့ရ…….ငိုချလိုက်ရ နဲ့ မနက်မိုးလင်းလို့ ရောင်နီလည်း ထွက်ပေါ်လာရော ဘယ်ထွက်ပြေးကုန်တယ်သိ အိပ်မက်ေတွေပြောပါတယ်….။ အိပ်ယာဘေးက ဆေးလိပ်တို ဖွာရှိုက်ရင်း ပြန်တွေးကြည့်လိုက်မိတော့ ငါ့ဘဝ …………… မနေ့ကအတိုင်း ဘာမှ မပြောင်းလဲခဲ့ပါလားကွယ်………။ နေဝန်းနီ


naywoon niDecember 16, 20111min99953
ခွေးစကားမပြောနဲ့….တဲ့ ခေါင်းစဉ်က နဲနဲ တော့ရိုင်းပေလိမ့်မယ်…။ မြန်မာ စကားရှိသား ….။ ထိမှနာ ဆိုတာ ……။ ဒါကြောင့် ခပ်စပ်စပ်လေး ပြောမလို့ဟာ…..။ မကောင်းပါဘူးဆိုပြီး တစ်ဆင့်လျော့ပေးလိုက်တာ…………။ လူဆိုတာ တိရစ ္ဆာန်ထက်သာနေတဲ့ အချက်တွေထဲမှာ ဘာသာစကား ရှိမှုကလည်း ပါတယ်…..။ ဘာသာစကားသာမရှိဘူး….။ စာပေသာမရှိဘူး….။ လက်ကြောမတင်းတဲ့ စောက်ပျင်းတွေ အလုပ်ဆိုပြီး မလုပ်ခဲ့ကြဘူးဆိုရင် ခုနေခါ ခွေးလို အူတာရယ် ဟောင်တာရယ် မာန်ဖီတာရယ်လောက်ပဲ ရှိတဲ့ အဆင့်က လူတွေ တက်ကြဦးမယ်မထင်ဘူး….။ လူသမိုင်းအဆင့်ဆင့် ပြောင်းလဲ လာတာကလည်း စာပေကြောင့် မဟုတ်ရင် ဘယ်ဟာကြောင့်လဲ……။ နေ့စဉ်ဘဝ ကနေ စာပေနဲ့ ပတ်သက်တာတွေ ဖယ်ကြည့် လိုက်စမ်းပါဦး ……။ ဝတ္ထု -ကဗျာ -သီချင်း -ရုပ်ရှင်… ဖယ်ထုတ်ထားလိုက်……..။ […]


naywoon niDecember 14, 20111min54515
အဲဒိလို တစ်ကိုယ်ရည်ကိစ္စတွေရဲ့ နောက်မှာ လူတွေကို မောင်းနှင်နေတဲ့ ကိုးကွယ်ယုံကြည်မှု အစဉ်အလာဟောင်းကို စပြီးဆန်းစစ်ကြည့်ရင်ကောင်မလားလို့….။ ကိုယ့်ဟာကို သာဆက်ဖြည့်တွေးကြည့်ကြပေါ့….။ ၁။ ဘုရား ပန်းအိုးကိစ္စ ၂။ ဘုရားပန်း ကိစ္စ ၃။ ကန်တော့ပွဲ ထိုးသင့် မထိုးသင့် ၄။ အမွှေးတိုင်လှူသင့် မလှူသင့် ၅။ မီးပူဇော်ခြင်း ( နေအိမ်မှာ ….။ လျှပ်စစ်မီး ဘက်ထရီ မီး မဟုတ်ဘဲ ဖယောင်းတိုင်မီး ပူဇော်ခြင်း ကိစ္စ) ၆။ ပုတီး ကိစ္စ ရ။ ဘုရားပုံတော်မဟုတ်တဲ့ …။ ပုံတော် အဆောင်အယောင်တွေ ထားသင့် မထားသင့် စိတ်ဝင်စားကြရဲ့လားတော့ မသိဘူးနော်…။ ဒီလိုလေးတွေကိုတွေးမိလို့ပါ…။ ဘုရားပန်းအိုးနဲ့ ပန်းထိုးလှူတဲ့ ကိစ္စ ဘယ်သူတွေက ဘာအတွက်နဲ့ ဘယ်လိုလုပ်ခဲ့တာလဲ ပြန်ဆန်းစစ်ကြပါဦး […]


naywoon niDecember 14, 20111min2755
ကျွန်တော်တို့ လူမျိုးတွေကိုက ပုံပြင်တွေ ဒဏ္ဍာရီတွေနဲ့ ခွဲခြားလို့ မရတာပါလို့ ဆရာကြီးယောက်က (ဒေါက်တာသန်းထွန်းနဲ့ တူရဲ့ )ပြောဖူးတာမှတ်သားမိဖူးတယ်..။ သမိုင်းဆိုတာလည်း ပုံပြင်ဆန်ဆန် ဒဏ္ဍာရီလိုလို ပါးစပ်ရာဇဝင်တွေလည်း အများသား….။ ဘိုးဘွားဘီဘင် တွေရဲ့ လက်ထက်မှာကိုက ပုံပြောကောင်းသော လူမျိုး အဖြစ်ရပ်တည်ခဲ့ကြသည်ကိုးးး။ ပြီးတော့ စကားပုံနဲ့ ဥပမာ ခိုင်းနှိုင်းရာမှာလည်း ချက်နဲ့ လက်နဲ့ ပြောတတ်ကြပါပေရဲ့…။ ရှေးရှေးက သင်္ဂဇာ ဆရာတော် တို့ ဗန်းမော် ဆရာတော်တို့ ထင်ရှားလှပါ၏။ ပါဋိ ပါဒ်သားမပါပဲ ရိုးရိုးလေး ပုံပြင်ပြောသလိုပြောသွား ဟောသွားနိုင်လှပါပေ၏။ ဥပမာမြောက်အောင် စကားပုံတွေနဲ့ ခိုင်းနှိုင်းပြီး ပြောသွားလိုက်ပုံများ ဆယ့်ကိုးရာစုက ပြောခဲ့တယ်ဆိုတာတောင် မယုံချင်စရာ….။ ထိုထို ဆရာတော်များနှင့် ခိုင်းနှိုင်းပြီး လိုက်လံ တုပ ပြောနိုင်သူတို့ကားများစွ…။ ဘာလို့လဲဆို ရှေ့က […]