Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


nicolus agralApril 18, 20131min3726
ဗြူတီပါလာမှာမှ ခေါင်းလျှော်တတ်တဲ့သမီးကို အပြောင်းအလဲလေးဖြစ်သွားအောင် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ မိတ်ဆက်ပေးရပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် နိုင်ငံခြားကလာပြီးပိုက်ဆံတွေ အများကြီးပေးရမှ ကောင်းတယ်ထင်တဲ့ ကလေးကို လွယ်လင့်တကူ ဈေးထဲမှာ တစ်ထုပ်နှစ်ရာနဲ့ဝယ်လို့ရတဲ့သဘာဝသစ်ပင်ထွက် ပစ္စည်းတွေနဲ့ ဆွဲဆောင်နိုင်ဖို့ဆိုတာ သည်အတိုင်းတော့ မရပါဘူး။ သူ့ခမျာတရော်ကင်ပွန်းဆိုတာတောင် ခုမှ ကြားဖူးရှာတာ။ တရော်ဆိုတာက သစ်ကိုင်းကလေးတစ်ထွာတစ်ညိုကိုထုထောင်းယူလိုက်ရင် ပြစ်ချွဲချွဲ အရည်ကလေးတွေထွက်လာရော။ ကင်ပွန်းသီးကတော့ မန်ကျည်းသီးနဲ့ခပ်ဆင်ဆင်၊ လက်နဲ့ဖိချေလိုက်ရင် မန်ကျည်းနှစ်လို အညိုရည်ကလေးတွေ ထွက်လာတယ်။ အဲဒီနှစ်ခုပေါင်းလိုက်တော့ခေါင်းလျှော်လို့ ရသွားရော။ ချေးတွေပြောင်တဲ့အပြင် ဆံပင်မှာလည်း ကင်ပွန်းသီးနံ့ သင်းသင်းကလေးစွဲကျန်ရစ်တယ်။ ဖေတို့ငယ်ငယ်တုန်းက ကိုယ့်အမေခေါင်းလျှော်ထားရင် သူ့ဆံပင်တထွေးကြီးကိုသွားသွားမွှေးတယ်။ သမီးဖွားဖွားဆံပင်တွေက သူ့တံခေါက်ခွက်ကျော်တယ်။ အဲဒါ တရော်ကင်ပွန်းနဲ့ပဲလျှော်တာ။ သေသေခြာခြာခြောက်သွားပြီဆိုမှ ခရေပွင့်ကလေးစိမ်ထားတဲ့ အုန်းဆီမွှေးကလေး နှံ့အောင်လူးပြီးစပယ်ကြက်ရုံးကလေးတွေ ပန်တယ်။ ဓါတ်ပုံထဲမှာ သမီးမြင်ဖူးတဲ့ ဖေတို့ အဘေးကြီး ဆံပင်တွေဆိုလည်းလူတစ်ရပ်ကျော်တယ် မဟုတ်ဘူးလား။ […]


nicolus agralMarch 30, 20131min3656
“မှန်ရွှေပြူတင်းငယ်ပေါ် ရော်ကာရမ်းလို့ဖြင့် မှန်းမျှော်၊ အာရုံဆော်ကျင်းလို့ လင်းသော်၊ ပျိုမေ စောင့်လို့သာမျှော်…။” တဲ့။ ဒေါ်မေရှင်တို့ ခေတ်တုန်းက မိန်းမတွေဟာ လှိုင်ထိပ်ခေါင်တင်တို့ခေတ် စိန်ခြူးကြာညောင်ဘောလယ်ထဲကလိုပဲ ပြူတင်းပေါက်ကလေးက မေးတင်နေပြီဆိုရင် ဗေဒင်မမေးနဲ့။ အဲဒါ တစ်ယောက်ယောက်ကို မျှော်နေတာ လို့ ပြောလို့ရပါတယ်။ သို့သော်လည်း မြန်မာအမျိုးသမီးတွေရဲ့ အမျှော်စိုက်ကဏ္ဍကို ကားမှန်ပြူတင်းပေါ် မေးတင်ပြီးကြည့်နေတဲ့ ဓါတ်ပုံကလေး တစ်ပုံက တော်လှန်ရေး လုပ်ခဲ့ပါပြီ။ မိုနာလီဇာ ပန်းချီကားလိုပဲ အသိရခက်တဲ့ တွေးတောစရာတွေ တပုံကြီးနဲ့ အသက်ဝင်လှတဲ့ မျက်ဝန်းတစ်စုံဟာ နောက်က ဉာဏ်မီသလောက် လိုက်တွေးတာတောင် ချက်ချင်းသဘော မပေါက်နိုင်လောက်အောင် သိမ်မွေ့နက်နဲလှပါတယ်။ အဲဒီပုံကလေးကို မြင်လိုက်တဲ့သူတိုင်းက သူဘာတွေများ တွေးနေပါလိမ့်နော် လို့ စိတ်ဝင်စားရုံသက်သက်တော့ မကပါဘူး။ တစိမ့်စိမ့်ယိုဖိတ်လာတဲ့ ဂရုဏာရယ်၊ ဖြစ်မှဖြစ်ရပလေတယ် ဆိုတဲ့ စိတ်ပျက်လက်ပျက် […]


nicolus agralMarch 22, 20131min41211
ငယ်ငယ်တုန်းကတော့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလုပ်ခဲ့ရာက တဖြေးဖြေး အရွယ်ကလေးရလာတဲ့အခါ ကိုယ့်ဘာကိုယ် ဟုတ်သည် မဟုတ်သည် ချင့်ချိန်တတ်လာပါတယ်။ နောက်တော့လည်း ကိုယ့်ထက် အ တဲ့သူတွေ့ရင် ကြပ်တင်ပေး ချောက်ချ ပေါက်ကရတွေ ချွန်တွန်းလုပ်ခဲ့ပေမယ့် လူတဘက်သားနစ်နာလောက်အောင်တော့ အကျီစားမသန်ခဲ့ပါဘူး။ သူငယ်ချင်းပါဆိုမှ ချစ်လို့ခင်လို့ ပေါင်းတာကိုး။ အကြိုက်စရိုက်မတူလို့ သဘောထားကွဲလွဲတာသာ ရှိကောင်းရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်သူကြီးများလို တွေ့ရာသချင်္ိုင်း ဓါးမဆိုင်း သတ်မဟဲ့ဖြတ်မဟဲ့ ဘယ်သူနဲ့မှ မရှိခဲ့ဘူး။ အလုပ်ထဲရောက်တော့ ကိုယ့်ပေါ် မကောင်းကြံ၊ ဒုက္ခပေးတဲ့သူတွေကိုလည်း ဟိုတုန်းကပြောခဲ့သလိုပဲ ခွဲခွာတဲ့အချိန်မှာ တခါတည်း မေ့ပစ်ခဲ့တယ်။ သယ်မလာတော့ဘူး။ ဒါကြောင့်မို့ ခုချိန်မှာ ခါးခါးတူးတူး မုန်းတဲ့သူရှိသလားဆိုရင် တော်တော်စဉ်းစားယူတာတောင် ဘယ်သူ့ကို ပြောရမှန်းမသိဘူး။ သူများတွေလည်း သည်လိုပဲ ရှိပါလိမ့်မယ်။ မျက်နှာကြောမတည့်လို့ အမြင်ကပ်ရင်ကပ်လိမ့်မယ်။ အငြှိုးတကြီးနဲ့တော့ ငါမင်းကို […]


nicolus agralMarch 4, 20131min3184
အဋ္ဌကထာကျမ်းဂန်တွေမှာပါတဲ့ လေးကျွန်းတစ်မြင့်မိုရ် မေယု ဗဟိုရ် ယုဂန္ဓိုလ်တောင်ကြီးတွေ ဘယ်ဆီနေမှန်းမသိပေမယ့် ကမာ္ဘမြေပုံကြီးပေါ်က အကျယ်ပြန့်ဆုံး တစ်ဆက်တစ်စပ်တည်းရှိတဲ့ မြေပြင်ကြီးကတော့ အာရှ၊ ဥရောပ နဲ့ အာဖရိက ကုန်းမြေကြီးပါပဲ။ ကမာ္ဘကြီးရဲ့ ဗဟိုရ်ချက်မကို မြန်မာပညာရှိကြီး ဦးပေါ်ဦးက အမရပူရရွှေနန်းတော်တစ်နေရာကို လက်ညှိုးနဲ့ထောက်ပြပြီး “မယုံရင် တိုင်းကြည့်တော်မူပါဖျာ့။” လို့ သက်သေထူခဲ့ပေမယ့် သည်ကနေ့ခေတ်အခါမှာတော့ လုံးရာက ပြန်ပြားသွားရတဲ့ ကျုပ်တို့ကမာ္ဘကြီးဟာ မျောက်အမေကြီးကားတိုက်တဲ့ဆီမှာ ဗဟိုရ်ပြုနေသလိုလို ခံစားမိပါတယ်။ လွန်ခဲ့တဲ့ ထောင်စုနှစ်အတွင်းမှာဆိုရင်တော့ ဘက်ကင်ဟမ်နန်းတော်ကြီးမှာ ရှိသလိုလို ပြောကြမှာပေါ့။ ဘယ်သူဘာပြောပြော ကိုယ်ထင် ကုတင်ရွှေနန်းလို့ ဆိုကြသော်လည်းပဲ သူတို့ပြောစကားဆိုစကားတွေက မှတ်တမ်းမှတ်ရာအဖြစ်နဲ့ ကျန်ခဲ့လေတော့ လေထဲပြောပြီး လေတင်ပျောက်သွားတဲ့ ကိုယ်တွေပြောတဲ့စကားထက်စာရင် ပိုပြီး မှီငြမ်းကိုးကားစရာ ခိုင်လုံတဲ့ အထောက်အထားဖြစ်နေသယောင်ရှိတာပေါ့နော်။ အရင်တုန်းကလို တသီးတခြား တထီးတနန်းနေတာမျိုး မဟုတ်တော့ပဲ […]


nicolus agralDecember 24, 20121min2201
တရုတ်မကြီး ဒေါ်ယင်းမာရဲ့ “ရွှေစင်တစ်ထောင် ပုံဆောင်စကား” (A Thousand Pieces of Gold by Adeline Yen Mah) စာအုပ်ကလေးကို ဖတ်ရှုခံစား ရေးသားမျှဝေလာခဲ့တာ စက်တင်ဘာ ၂၉ ရက်ကတည်းကဆိုတော့ အခုဆို တစ်လခွဲတင်းတင်းပြည့်မှပဲ ဆုံးခန်းတိုင်သွားတာ ခေါင်းပေါ်က အထုပ်တစ်ခု လိုရာအရောက် ပို့ပေးလိုက်ရသလို လွတ်လပ်ပေါ့ပါးပြီး စိတ်ထဲမှာလည်း အတိုင်းအတာတစ်ခုထိ ကြေနပ်သွားပါတယ်။ ဝတ္တရားကြီးတစ်ရပ်လို ရေးခဲ့တာ မဟုတ်ပေမယ့် ဘယ်အထိရောက်မှာလဲ သိချင်စိတ်နဲ့ လျှောက်ခဲ့တဲ့ လမ်းတစ်ခုအဆုံးထိရောက်ခဲ့ရတော့ ကိုယ်လိုပဲ စိတ်ရှည်လက်ရှည် လိုက်ဖတ်နေကြတဲ့သူတွေနဲ့ “ဒါက ဒီလိုရှိတယ်” အတွေးအမြင်ချင်း ဖလှယ်ဖို့ လိုပါသေးတယ်။ စာတစ်ပုဒ်စီ တစ်ပုဒ်စီကို ပုလဲလုံးကလေးတွေလို ရင်ထဲကခံစားလို့ အုထုတ်လိုက်ပြီးတဲ့အခါ အဲဒီပုလဲလုံးကလေးတွေကို သီကုံးပေးဖို့လည်း လိုဦးမှာပေါ့။ ဒါမှလည်း အများသူငါ […]


nicolus agralDecember 20, 20121min2030
အိမ်ထောင်ပြုမယ် ဆုံးဖြတ်ပြီးတော့ ယင်းမာဖေဖေ နဲ့ မေမေလေးတို့ဆီ သူတို့သားမက်လောင်းကို ခေါ်ပြပြီး နောက်တစ်နှစ်ခွဲလောက်ကြာမှ ကာလီဖိုးနီးယားမှာ မင်္ဂလာဆောင်ဖြစ်ပါတယ်။ အိမ်ကတော့ ဘယ်သူမှ မလာနိုင်ခဲ့ပါဘူး။ ဒါနဲ့ သူတို့ကို မြေထဲပင်လယ်အစပ်က မွန်တီကာလိုမှာပဲ အလည်ခေါ်ပြီး ဘော့ပ်နဲ့ နှစ်ယောက်သား လာတွေ့ဖြစ်ပါတယ်။ မေမေလေးတို့က ပါရီကဖေးမှာ ညစာပြန်ဖိတ်ကျွေးသေးတယ်။ ဈေးကြီးသလောက်လည်း ခမ်းနားတဲ့ဆိုင်ပါပဲ။ မေမေလေးတစ်ယောက် ဝတ်ကောင်းစားလှတွေနဲ့ စိန်တွေရှိသမျှ အကုန်ထုတ်ဝတ်လာပုံရတယ်။ ယင်းမာတို့နဲ့ ကပ်လျက်စားပွဲမှာ လီဆာမင်နဲလီကြီး လာထိုင်တော့ ဆိုင်က စားပွဲထိုးကလေးက မေမေလေးအနားမှာ ဟိုဟာလာပေးသလို ဒီဟာလာပေးသလိုနဲ့ ရစ်သီရစ်သီလုပ်လို့ မဆုံးဘူး။ မကြာပါဘူး သူနဲ့မေမေလေးတို့နှစ်ယောက် ကမာ္ဘကျော် ရုပ်ရှင်မင်းသမီးကြီးတစ်ယောက်လုံးကို သတိမထားမိသလို ဟန်တွေထုတ်ပြီး တဟီးဟီးတဟားဟား ထလုပ်ကြပြန်တယ်။ ဖေဖေအပါအဝင် ယင်းမာတို့ သုံးယောက်သားကတော့ မေမေလေး ဘာတွေ ဒီလောက် […]


nicolus agralDecember 14, 20121min1710
ကို ပူပန်စပြုလာသတဲ့။ ဒါနဲ့ပဲ သံအမတ်ကြီး ဝူကို ဟန်ကျင်းဆီလွှတ်ပြီး သူ့ဘက်ပါအောင် စည်းရုံးစေပါတယ်။ “ကမာ္ဘလောကကြီးဟာ တချိန်က ချင်မင်းဆက်အောက်မှာ ပြားပြားဝပ် နှိပ်ကွပ်ခံခဲ့ရပါတယ်။ ကျွင်္နုပ်တို့ စစ်သူကြီးရှန်းယုခေါင်းဆောင်လို့ နယ်စားပယ်စားတွေ စည်းစည်းလုံးလုံး တိုက်ထုတ်လိုက်လို့သာ ဒုတိယမြောက်ဧကရာဇ်ကြီး ကျဆုံးသွားရတာပါ။ အဲဒီနောက် စစ်ပွဲကြီး အဆုံးသတ်လို့ ပြည်ထောင်နယ်စားအားလုံး ကိုယ့်ရပ်ကိုယ့်ရွာ အေးချမ်းစွာ ပြန်လည်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့သူကို ထိုက်တန်သလို ချီးမြှင့်မြှောက်စား ခွဲဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ လျူဘန်ဟာ သူရထားတဲ့ နိုင်ငံနဲ့ မကျေနပ်နိုင်တဲ့အတွက် တံခါးအတွင်းကနယ်မြေတွေကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကစလို့ ကျွင်္နုပ်တို့ ချူနိုင်ငံက ရှန်းယုစစ်သူကြီးကိုလည်း ထောင်ထားခြားနား ပုန်ကန်လာခဲ့ပါတယ်။ လျူဘန့်လောဘဟာ အတောမသတ်နိုင်တဲ့သဘောရှိပြီး ချင်ဧကရာဇ်ကြီးလို နယ်ပယ်အားလုံး သူ့လက်အောက် မရောက်မချင်း တင်းတိမ်မယ့်ပုံ မရှိပါဘူး။ သူဟာ သစ္စာရှိတဲ့၊ […]


nicolus agralDecember 13, 20121min2221
စာရေးဆရာဖြစ်လာတဲ့အခါ စာဖတ်ပရိသတ်ဆီက သူ့အကြောင်းကိုယ့်အကြောင်း ဆွေးနွေးနှီးနှောတဲ့စာတွေ ကမာ္ဘအရပ်ရပ်က လာကြပါတယ်။ လူမျိုးမရွေး ဘာသာမရွေး၊ ဆင်းရဲချမ်းသာ၊ ပညာနိမ့်မြင့် ဘယ်အဆင့်မှာပဲရှိရှိ၊ မိသားစုရယ်လို့ ဖြစ်လာကြရင် အိမ်တွင်းရေးဆိုတာလည်း ရှိစမြဲပဲ။ မိသားစုအတွင်းမှာလည်း ခြေပုန်းခုတ်တာတွေ၊ အတွင်းကျိတ်ကျိတ်ကြံတာတွေ၊ မနာလိုဝန်တိုစိတ်တွေ။ နောက်ကျောကို ဓါးနဲ့ထိုးတာတွေက ထူးတော့ မထူးဆန်းဘူး။ အားလုံးဟာ ပုထုဇဉ်တွေချည့်ပဲ မဟုတ်လား။ တစ်ယောက်ကောင်းစားသွားလို့ တစ်မိသားစုလုံး ပြန်စောင့်ရှောက်နိုင်တာရှိသလို တခါတရံတော့လည်း တစုံတယောက်အတွက်နဲ့ တစ်မိသားစုလုံး ရေစုန်မျောသွားရတာတွေလည်း ရှိတယ်။ တွေ့ဖူးသလောက် တော်တော်များများကတော့ အရွယ်ကလေး မဟိုင်းတဟိုင်း၊ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေ၊ စီးပွားရေး ချွတ်ခြုံကျ၊ အလုပ်ကလက်မဲ့ဆို ညစ်တွန်းတွန်းပြီး ဘယ်သူ့ညှော်ရမလဲ ဗြောင်းဆန်သွားအောင် မွှေပစ်လိုက်မယ့်သူတွေချည့်ပဲ။ (ဟုတ်တာမဟုတ်တာတော့ သိဘူးနော်။ သူပြောထားတာ ဘာသာပြန်ပေးရတာ) မမကြီးလီဒီယာဟာ အဲလိုမိန်းမထဲမှာ ပါတယ်။ […]


nicolus agralDecember 12, 20121min2191
တကယ်တမ်းကျတော့ အသက် ၁၄ နှစ်အထိသာ တရုတ်နိုင်ငံမှာနေခဲ့ပြီး လူလားမြောက်ကတည်းက အင်္ဂလန် အမေရိက မှာ ကြီးပြင်းခဲ့ရတာမို့ သူများကကိုယ့်ကို “တရုတ်ဖြစ်ရတာ ဘယ်လိုနေသလဲ။ ကိုယ့်ကိုယ်ကိုယ် တရုတ် လို့ရော စိတ်ထဲမှာ ထားသေးရဲ့လား။” လို့ မေးလာရင် ဘယ်လိုဖြေရမှန်းတောင် မသိပါဘူး။ အမှန်အတိုင်းပြောရရင်တော့ အမေရိကန်တွေကြားထဲရောက်နေရင် အမေရိကန်တစ်ယောက်လို့ ခံစားရပြီး တရုတ်တွေကြားထဲပြန်ရောက်သွားရင်တော့ တရုတ်ပြန်ဖြစ်သွားတာပေါ့။ ကျီးယောင်လည်း ဆောင်နေတာ မဟုတ်ဘူး။ ဒေါင်းယောင်လည်း ဆောင်နေတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နှစ်ခုစလုံးမှာ အသားကျအောင် နေတတ်နေပြီ။ အယူအဆ အတွေးအမြင် သဘောထားဆိုတာ တခြားလူတွေ နားလည်စေချင်ရင် စကားလုံးတွေနဲ့သာ ထုတ်ဖော်ပြသရစမြဲမို့ တခါတခါမှာ အင်္ဂလိပ်ဝေါဟာရတွေ တရုတ်ဘာသာမှာ အလားတူ မရှိဘူးဆိုရင် တရုတ်တွေဟာ အဲသလို အတွေးအမြင်မျိုး မရှိဘူး လို့ ယူဆလို့ရတယ်။ […]


nicolus agralDecember 11, 20121min2774
ယင်းမာဖေဖေဆုံးခါနီးတော့ ဟောင်ကောင်က နာတာရှည်ဆေးရုံပေါ်မှာ အယ်လ်ဇိုင်းမားရောဂါနဲ့ နှစ်နှစ်လောက် တက်နေလိုက်ရသေးတယ်။ ဟောင်ကောင်နဲ့ ကယ်လီဖိုးနီးယား ကူးသန်းနေခိုက်မှာပဲ မေမေလေးက ရှန်ဟိုင်းမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အန်တီလေးလည်း အူမကြီးကင်ဆာနဲ့ အသည်းအသန်ဖြစ်နေတယ် လို့ ဖုန်းဆက်လာတော့ ဘာလုပ်ရမှန်းတောင် မသိဘူး။ တတ်နိုင်ပါဘူး။ အလုပ်တွေ အကုန်ပစ်ထားပြီး အန်တီလေးဆီလိုက်သွား ခွဲဖို့စိတ်ဖို့ကိစ္စတွေ အကုန်စီစဉ်ရတာပေါ့။ တော်ပါသေးရဲ့။ ရှန်ဟိုင်းမှာ မမကြီးလီဒီယာလည်း ရှိနေသေးလို့။ တို့အမများ အရင်ကနဲ့ကို မတူဘူး။ သူ့ညီမလေးကို ဂရုစိုက်လိုက်ရတာမှ အရိပ်တကြည့်ကြည့်။ မကြည့်ပဲနေမလား သူ့ကလေးနှစ်ယောက်ကို အမေရိကားပို့ချင်နေတာကိုး။ ငါးရက်လောက်နေပြီး ဆေးရုံကဆင်းတဲ့အခါ အိမ်ကိုပြန်ခေါ်လာခဲ့တယ်။ တမနက်တော့ ပန်းကန်တွေဆေးနေတုန်း အန်တီလေးက ဘာစိတ်ကူးပေါက်တယ် မသိ။ “ယင်းမာရေ လာစမ်းပါဦး။ ဆံပင်တွေကလည်း ဖရိုဖရဲနဲ့။ လာလာ အန်တီလေး ခေါင်းဖြီးပေးမယ်။ ဒီရှေ့ကဆံယဉ်ကလေးတွေ တိလိုက်ရင် […]


nicolus agralNovember 27, 20121min2131
တရုတ်ဘာသာနဲ့ လော်ကျား လို့ပြောတာကို ဘာသာပြန်ဖို့တော်တော် ခက်ပါတယ်။ အိမ်အိုဟောင်းလို့ တိုက်ရိုက်ပြန်လို့ရပေမယ့် ဆိုလိုချင်တာ အဲဒါ မဟုတ်သေးဘူး။ လူလားမမြောက်ခင် ကလေးဘဝက နေထိုင်ကြီးပြင်းရာ အရပ်။ အိမ်လည်းဖြစ်ချင်ဖြစ်မယ်။ ဇာတိရပ်ရွာ၊ နိုင်ငံ ပြည်နယ် လို့လည်း ဖြစ်ချင်ဖြစ်မယ်။ ကောင်းကောင်းဆိုးဆိုး၊ ပျော်သည်ဖြစ်စေ၊ စိတ်ဆင်းရဲသည်ဖြစ်စေ၊ ကိုယ့်ခံစားချက် နဲ့ သဘောထား ဘယ်လိုရှိရှိ၊ လူတစ်ယောက်ရဲ့ဘဝကို တခြားဘာနဲ့မှမတူအောင် သက်ရောက်မှုအရှိဆုံး နေရာထိုင်ခင်းတစ်ခု၊ ဘယ်နေရာသွားသွား အတွင်းစိတ်ထဲကနေ အရိပ်လိုလိုက်ပါလာမယ့် အတိတ်က နေရာဟောင်းတစ်ခု လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘယ်အချိန်မှာပဲ ပြန်ရောက်သွားသွား ဆွတ်ပျံ့လွမ်းမောပြီး စိတ်အစဉ်က အတိတ်ကို ပြန်ရောက်သွားစေတာဟာ တခြားဘယ်နေရာတွေနဲ့မှ မတူတဲ့ ထူးခြားချက်ပါ။ ယင်းမာအတွက်တော့ ရှန်ဟိုင်းဟာ အဲလိုနေရာဟောင်းကလေးပါ။ မိုင်ထောင်ကျော်ဝေးတဲ့ ချန်ကျင်းမှာ မွေးခဲ့ပေမယ့် ငါးနှစ်သမီးကတည်းက ရှန်ဟိုင်းမှာ […]


nicolus agralNovember 26, 20121min1931
ပထမစာအုပ် “ရွက်ကြွေတော” ထွက်အပြီးမှာ တော်တော်များများ လူတွေမေးလေ့ရှိကြတာကတော့ “အိမ်ကလူတွေက ဘာပြောသလဲ။ သူတို့နဲ့ အဆက်အသွယ်ရော ရှိသေးရဲ့လား။” တဲ့။ အဲဒီစာအုပ်ထွက်ဖို့က တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ဘယ်သူကမှ ထုတ်မပေးချင်ကြဘူး။ နောက်ဆုံးတော့ လန်ဒန်က နံမယ်ကြီးထုတ်ဝေသူအယ်ဒီတာ ဆူဇန်ဝပ် လက်ထဲ ရောက်သွားတယ်။ “ဇာတ်အိမ်ကိုတော့ ကြိုက်ပါတယ်။ ဒါပေမယ့် ကျစ်ကျစ်လစ်လစ်မရှိဘူး။ ရှည်လွန်းတယ်။ စာလုံးရေ တစ်သိန်းလောက်နဲ့ ဝင်အောင် ပြန်တည်းဖြတ်လိုက်ဦး။” လို့ ပြောပြီး လက်ရေးစာမူကို ပြန်အပ်တယ်။ “ဒီစာအုပ်ကို ရေးရတာ မင်းအတွက် ဘယ်လောက် သတ္တိမွေးရမလဲဆိုတာ သိပါတယ်။ မင်းအိမ်ကလူတွေကတော့ ပျော်နိုင်မယ် မထင်ဘူး။ အဲဒါရော တွေးထားရဲ့လား။” တဲ့။ တစ်နှစ်လောက်ကြာအောင် ဖြတ်တောက်ပြုပြင်ပြီးတဲ့နောက်မှာတော့ ထုတ်ဝေသူ လက်ခံနိုင်တဲ့အဆင့်ရောက်သွားတယ်။ ဒါတောင် ပြင်လိုက်တာ ပြင်လိုက်တာမှ […]


nicolus agralNovember 23, 20121min4548
သီချင်းမှန်ရင် စိမ်းစိမ်းကျက်ကျက် အကုန်နားရည်ဝလွယ်လို့ တခါတလေတော့လည်း ကိုယ်ကသာ အဲဒီသီချင်းကြီး မုန်းစရာကောင်းလိုက်တာလို့ ထင်နေတာ။ တကယ်တမ်း အစအဆုံးရနေမှန်း ယောင်ယောင်ပြီး ညည်းမိမှပဲ သတိရပြီး ဖွဟဲ့ ဖွ ဖွ ပြန်လုပ်ယူရတယ်။ အထူးသဖြင့် အတင်းကြီး နားမယဉ်ယဉ်အောင် ခဏခဏ အသံလွှင့်ပေးတဲ့ သီချင်းမျိုးတွေပါ။ “တာဝန် ဝတ္တရား အသိစိတ်ဓါတ်နဲ့ စေတနာတွေညီ၊ လူတိုင်းလူတိုင်း စွမ်းအားပြလို့ ပျော်ရွှင်မဆုံးသည်။ ရေသာမခိုတမ်း ဇွဲလုံ့လနဲ့ အပြိုင်နွှဲမည်။ မြန်မာ့နည်းမြန်မာ့ဟန် လမ်းစဉ်အောင်ရမည်။” ဆိုတဲ့ သီချင်းမျိုးတွေပေါ့။ “စက်ရုံ အလုပ်ရုံ၊ ထုတ်ကုန်ပစ္စည်း တိုးပွားရအောင် ကြံဆောင်ကာကြိုးစားလို့ ရနိုင်ပါသည်။ ကာယအားကိုယ်စီ ဉာဏအားတူညီ ညီညွတ်မှု အဓိပ္ပါယ်ဖော်ဆောင်မည်။” တဲ့။ အဲဒါ ဘာပြောမှန်းမသိခင်ကတည်းက စာရေးတဲ့ခုံကို ပေတံစောင်းနဲ့ ခေါက်ပြီး ဆိုတတ်တဲ့သီချင်း။ ဒေါ်မာမာအေးကြီးဆိုတဲ့ […]