nicolus agralNovember 23, 20121min761
ဝမ်ပြည်နယ်ရဲ့ မြို့တော်ကို ရောက်တဲ့အခါ လျူဘန်က မြို့တော် တံတိုင်းအထပ်ထပ်မှာ ဝိုင်းကာပတ်ကာ ကင်းချထားတဲ့ လေးသည်တော်တွေ ကို မြင်ပါတယ်။ စံနစ်တကျ ကာကွယ်ထားတဲ့ မြို့မို့လို့ အလွယ်တကူနဲ့ ကျမှာ မဟုတ်ဘူး လို့ လည်း ရိပ်မိသတဲ့။ ဒါကြောင့် ဘေးကရှောင်ပြီး ရှန်းယန်ကိုပဲ ခရီးဆက်ဖို့ ပြင်ပါတယ်။ ဆန်းလျန်က အကြံပေးတာကတော့ နောက်ကနေ ဝူတပ်တွေ လိုက်လာရင် ရှန်းယန်မှာ စစ်နှစ်ဘက်ညပ်နိုင်တယ်။ အန္တရာယ်များလွန်းတယ်။ နောက်ကြောင်းအေးအောင် အရင် လုပ်သွားပါတဲ့။ ညသန်းခေါင်ကျော်တော့မှ ကွန်မန်ဒိုလက်ရွေးစင်တွေနဲ့ အလံတွေ တံခွန်တွေလိပ်၊ မြင်းတွေကို အသံမထွက်အောင် ဇက်ခွံ့ပြီး မြို့ရိုးအစပ်ထိ တက်စေပါတယ်။ မိုးလင်းတာနဲ့ ရုတ်တရက်ကြီး ဟန်တပ်တွေ မြို့ရိုးအပြင်ရောက်နေတာ မြင်တဲ့ ဝမ်မြို့စားဟာ မြို့ရိုးပေါ်တက်ပြီး သူ့လည်ပင်းသူလှီးမယ် လုပ်တော့ သူ့သက်တော်စောင့် […]


nicolus agralNovember 20, 20121min1015
တရုတ်လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာအရ ပညာရေးဆိုတာ ယောင်္ကျားလေးတွေနဲ့သာ သက်ဆိုင်ပြီး မိန်းကလေးတွေနဲ့ မထိုက်တန်သလိုလို အတွေးအမြင်တွေ ရှိခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ သည်ကနေ့ထိအောင်တောင်မှပဲ အစွန်းရောက် မွတ်စလင်နိုင်ငံတွေမှာ မိန်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ တောင်းဆိုနေကြရတုန်းရယ်။ ကိုယ်တို့ မြန်မာတွေတောင် ဟိုးအရင်က “မိန်းကလေးဆိုတာ သေစာရှင်စာတတ် တော်ရောပေါ့။ အချိန်တန်တော့ သူ့ယောင်္ကျားက လုပ်ကျွေးလိမ့်မယ်” ဆိုတဲ့ သဘောမျိုး ပြောခဲ့ဆိုခဲ့ကြတာ ကြားဖူးသိမီလိုက်ပါသေးတယ်။ တော်လှန်တဲ့၊ ခေတ်မီတဲ့၊ ထက်မြက်တဲ့ မိန်းမပျိုကလေးများကတော့ သူတို့လည်း အမျိုးသားများနဲ့ တန်းတူအခွင့်ရေး ရရှိသင့်တယ် လို့ အရေးဆိုနေကြတာ၊ ကြိုးစားပန်းစား နေရာယူလာခဲ့ကြတာ မနည်းပါဘူး။ အင်္ဂလိပ်ခေတ်မှာကတည်းက ကုမ္မာရီအသင်းတွေထောင်ပြီး ဘီအေမ အိုင်အေမကြီးတွေ ထွက်လာအောင် လေ့ကျင့်သင်ကြားခဲ့ကြတယ်။ ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ၊ ဒေါ်ခင်နှင်းယုတို့လို အမျိုးသမီးများဘဝကို ထင်ဟပ် ဆုံးမ လမ်းးညွှန်ပေးနိုင်တဲ့ […]


nicolus agralNovember 17, 20121min1153
ဖန်ဘိုးဘိုးရဲ့ စကားကို ရှန်းတူဝရီးက သဘောပေါက်လို့ ချူဘုရင်မင်းမြတ်ရဲ့အနွယ်တော်ကို လိုက်ရှာတဲ့အခါ တောမှာသိုးကျောင်းနေတဲ့တစ်ယောက်ကို ခြေရာခံမိပြီး သူတို့တော်လှန်ရေးအဖွဲ့ရဲ့ အမည်ခံခေါင်းဆောင် ချူဘုရင်မင်းမြတ်အဖြစ် နန်းတင်လိုက်သတဲ့။ ဒီအခါမှာ တကွဲတပြားစီဖြစ်နေတဲ့ သူပုန်တပ်တွေအားလုံး တပေါင်းတစည်းတည်း သစ္စာခံ ခိုဝင်လာလိုက်ကြတာ လျူဘန်တို့ တပ်တောင် မနေသာတော့ဘူးတဲ့။ တပ်ပေါင်းစုကြီးကို ဦးရီးတော်ကိုယ်တိုင်ကွပ်ကဲပြီး ဘဏ္ဍာထိန်းဆန်းဟန်ရဲ့ ချင်တပ်မဟာကြီးကို တိုက်ခိုက်တဲ့အခါ အောင်ပွဲတွေ အလီလီရလာပါလေရော။ အဲဒီအချိန်မှာ ဖန်မြို့တော်ကို ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ လျူဘန်တို့တပ်ဆီကို စစ်ကူပေးဖို့ ရှန်းယုကို စစ်သည်အများအပြားနဲ့အတူ စေလွှတ်လိုက်တယ်။ စစ်သတင်းတွေပေါက်ကြားလို့လား။ တိုက်ဆိုင်သလားတော့ မသိပါဘူး။ ချင်ဧကရာဇ်ကလည်း ဆန်းဟန်တို့တပ်ဆီကို စစ်ကူလွှတ်လိုက်တော့ စစ်ပွဲချိန်ခွင်ညှာက ပြောင်းသွားပါတယ်။ ဆန်းဟန်တို့က သူပုန်တပ်တွေကို ထွက်ပေါက်မရှိအောင် ဝိုင်းထားနိုင်ပြီး အားကိုးရမယ့် ရှန်းယုနဲ့ လျူဘန်ကလည်း လက်လှမ်းမမီတဲ့ အရပ်မှာ ရောက်နေတဲ့အတွက် […]


nicolus agralNovember 14, 20121min580
ပြန်တွေးကြည့်လိုက်တော့ ဘဝမှာ နောက်ပြန်လှည့်စရာ အမှီအခိုမပါပဲ သေမြေကြီး ရှင်ရွှေထီး စွန့်စားခဲ့ရတဲ့အခါမျိုး သုံးခါကြုံခဲ့ရဖူးပါတယ်။ ဖိုးဖိုးဈာပနအတွက် ကွန်ဗင့်ကျောင်းက အိမ်ပြန်လာပြီးတဲ့နောက် မေမေလေးက “ကျောင်းပြန်သွားစရာမလိုတော့ဘူး။ အလုပ်ရှာထားပြီးပြီ” ဆိုတော့ တော်တော်ကို ဆောက်တည်ရာမရ ဖြစ်သွားတုန်းက တစ်ခါ။ မမလီဒီယာကိုလည်း ၁ရ နှစ် နဲ့ လင်ပေးစားလိုက်တာမို့ ကျောင်းထုတ်ပြီးရင် သူတို့ဘာဆက်လုပ်မယ်ဆိုတာ ဖွင့်မပြောပေမယ့် အလိုလိုကို သိနေပါပြီ။ အကိုသုံးယောက်ကို ကောလိပ်ကျောင်းပို့ပေးသော်ငြား ကိုယ်ကမိန်းကလေးဆိုတော့ ပညာရေးဟာ ကိုယ့်အတွက် အနာဂတ်အဖြစ် ရင်းနှီးမြှုတ်နှံပေးလိုက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အိပ်မပျော်နိုင်တဲ့ညပေါင်းများစွာကို ဟောင်ကောင်ဆိပ်ကမ်းမှာကပ်ထားတဲ့ သင်္ဘောကြီးတွေကို ကြည့်ပြီး ငါ့ဘဝဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်ပါ့မလဲ တွေးရင်း အခါခါ သက်ပြင်းချမိပါတယ်။ တခုခုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်မှ ဖြစ်တော့မယ်။ အိုးစားလည်းပစ် လှေလည်းနှစ်ခဲ့ပြီ။ နောက်ပြန်မလှည့်နိုင်တော့ဘူး။ “po […]


nicolus agralNovember 12, 20121min1247
ဟောင်ကောင်မှာတုန်းက မေမေလေး အစီအမံနဲ့ ကက်သလစ်သီလရှင်ကျောင်းမှာ ၁၁ နှစ် က ၁၄ နှစ် ရောက်တဲ့အထိ ကျောင်းအိပ်ကျောင်းစား နေခဲ့ဖူးပါတယ်။ ညနေဧည့်ချိန်ရောက်လို့လည်း ဘယ်သူမှ လာတွေ့မယ့်လူ မရှိဘူး။ ကျောင်းပိတ်ရက်ရှည်မှာလည်း အိမ်ပြန်ရအောင်လို့ ဘယ်သူမှ လာမခေါ်ကြဘူး။ အဆောင်တစ်ခုလုံး ပြောင်တလင်းခါနေတာတောင် တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့သူဆိုတော့ လူသူမရှိတဲ့ စာသင်ခန်းတွေ၊ စာကြည့်တိုက်တွေထဲမှာ ငြိမ်ငြိမ်တိတ်တိတ်ကလေး လျှောက်သွားနေတတ်တဲ့ ယင်းမာကို ကျောင်းကသီလရှင်ဆရာလေးတွေကတောင် ဘာလုပ်ရမှန်းမသိ ဖြစ်ကြတယ်။ ကစားစရာ အဖော်မရှိတဲ့အတူတူတော့ စာကြည့်တိုက်ထဲတင် အချိန်ဖြုန်းနေရင်းက တနေ့တော့ အင်္ဂလိပ်မဂ္ဂဇင်းတစ်အုပ်ထဲမှာ ပြဇာတ်ရေးပြိုင်ပွဲတစ်ခု ကြော်ငြာထားတာဖတ်လိုက်ရပါတယ်။ အသက် ၁ဝ နှစ်က ၁၉ နှစ်အတွင်း မည်သူမဆို အင်္ဂလိပ်ဘာသာနဲ့ ဝင်ရောက်ရေးသား ယှဉ်ပြိုင်နိုင်သတဲ့။ ကိုယ်ကလည်း အဲသလောက်တောင် အားအားယားယား ရှိနေတဲ့ အချိန်မို့လို့ […]


nicolus agralNovember 10, 20121min721
အားလုံးအပြီးမှာတော့ ဒုတိယမြောက်ဧကရာဇ်မင်းမြတ်ဟာ သူ့မာမီကုန်းကုန်းကြီးကို ခေါ်တိုင်ပင်ပါတယ်။ “လူ့သက်တမ်းဆိုတာ အင်မတန် တိုတောင်းလှပါပေရဲ့။ အခုလို နန်းစည်းစိမ်ကလေး ခံစားခွင့်ရသခိုက် အာရုံငါးပါးစလုံး တစ်ခုမှ မကျန်အောင် အရသာခံစားလိုလှတယ်။ ဘယ်လိုသဘောရသလဲ ကုန်းကုန်း။” ဆိုတော့ “ပျော်လိုက်စမ်း။ ကဲလိုက်စမ်း။ အမေကြေနပ်တယ် ဟေ့။ အမေ ကြေနပ်တယ် သား။ ဒါမျိုးဆိုတာ ခပ်ချာချာ ပရမ်းပတာကောင်တွေ ဘယ်တွေးတတ်မှာတုန်း။ ရှိတ် ရှိတ် ရှိတ် ရှိတ်ကြစို့ဟေ့။” တွေ ဖြစ်ကုန်ရော။ (ဆဋ္ဌမမြောက်အာရုံပါ ခံစားတတ်အောင် သင်ပေးမပေးတော့ စာအုပ်ထဲမပါလို့ ပြောတတ်ပါဘူး။ ဒီမာမီကြီး ကြည့်ရတာ လွယ်ဘူး လွယ်ဘူး)။ “ဒါပေမယ့် ကုန်းကုန်းရယ် တချို့မူးမတ်တွေကို ကြည့်ရတာ ဂျစ်ကန်ကန်နဲ့ နားခံမနာဘူးဗျ။ သူတို့ ရာထူးကြီးတွေကြောင့်သာ အောင့်ထားရတယ်။ အဲဒါ ဘယ့်နှယ်လုပ်ကြမတုန်း။” (ဒီလိုအကွက်မျိုးရဖို့ […]


nicolus agralNovember 7, 20121min772
ကလေးဘဝတလျှောက်လုံးမှာ ယင်းမာနဲ့ လက်ပွန်းတတီးအနေဖြစ်ဆုံးကတော့ ကိုကိုလေး ဂျိမ်းစ် ပဲ ဖြစ်ပါတယ်။ သူနဲ့ကစားရင် တခြားမောင်နှမတွေလို ရွံ့တွန့်တွန့်ကြီးမနေပဲ စိတ်လွတ်ကိုယ်လွတ် ပြောမနာဆိုမနာရှိတယ်။ အသက်ကြီးလာတော့ ဟောင်ကောင်မှာ ဖေဖေနဲ့ မေမေလေးကို စောင့်ရှောက်ဖို့ မိသားစုလက်ငုတ်ကလေးကို အရှိန်မပျက် ဆက်လုပ်ဖို့ သူတစ်ယောက်ပဲ ကျန်ခဲ့ရှာတယ်။ ဒါကြောင့်လည်း ဖေဖေတို့ကသူ့ကို လက်ကတုံးတောင်ဝှေးကလေး လို့ ခေါ်ကြတာ။ မမကြီး လီဒီယာကတော့ အသက် ၁ရ နှစ်မှာ မေမေလေးတို့ စပ်ဟပ်ချိန်းတွေ့ပေးတဲ့ အမေရိကားက အင်ဂျင်နီယာကြီးနဲ့ ဒိတ်လုပ်ပြီး ပြန်လာတော့ စိတ်နဲ့လူနဲ့တောင် ကပ်တယ် မထင်ရဘူး။ ယင်းမာရယ်၊ အန်တီလေးရယ်။ ဖိုးဖိုးရယ် ဖဲကစားနေတာကို မျက်စောင်းတောင်ထိုးမကြည့်ဘူး။ သီချင်းလေး တအေးအေးနဲ့။ ဆိုတဲ့သီချင်းကလည်း အပ်ကြောင်းတွေထပ်နေတာ အခါတစ်ရာလောက် ရှိမယ်။ အမြင်ကပ်လို့ မသိချင်ယောင်ဆောင်ပြီး ဘယ်သူမှ […]


nicolus agralNovember 5, 20121min631
လူကဲခတ်မညံ့တဲ့ မာမီဂျောင်ဟာ လီဆီဘိုးဘိုး ဘာကြိုက်သလဲဆိုတာလည်း ကောင်းကောင်းသိတာပါပဲ။ လောကမှာ အာဏာနဲ့ငွေ မမက်တဲ့လူရယ်လို့ ရှိလို့လား။ ရှိရင်ပြစမ်းပါ။ များလည်းကြည့်ချင်တယ်။ တစ်ခုပဲ။ သူက လောလောဆယ် နန်းတော်ထဲမှာ ရာထူးလည်းအကြီးဆုံး၊ လစာဝင်ငွေလည်း အမြင့်ဆုံး။ သည်လိုလူကို တစ်ချီတည်းနဲ့ ပိုင်အောင် မချုပ်နိုင်ရင် ငုတ်တုတ်မေ့သွားမယ်။ ခေါင်းတောင်ပြုတ်သွားဦးမှာ။ ဒါပေမယ့် မပူပါနဲ့။ မာမီ့တာဝန်ထား။ “ဘိုးဘိုးရေ။ ခေတ်ကာလကြီးကလည်း မရေမရာ ရှိလိုက်ပါဘိသနဲ့။ ဘိုးဘိုးကို ခင်လို့ ပြောရဦးမယ် သိလား။ ဗိုလ်ချုပ်မုန်းရှန်နဲ့ ဖူဆူမင်းသားနဲ့က ပုလဲနာမ သိပ်သင့်ကြတာ။ အခုသူက သားတော်ကြီးဆိုတော့ ထီးနန်းက သေချာသလောက်ပဲ။ နောက်နှစ်နောက်နှစ်များဆိုရင်ဖြင့် တနန်းတော်လုံးမှာ မုန်အိမ်က ဘုန်းတောက်လာရင် များတို့ နေစရာတောင် ရှိမယ်မထင်ဘူး။ စိတ်မဆိုးရင် တစ်ခုလောက်တော့ မေးချင်တယ် ဘိုးဘိုးရယ်။ ဘိုးဘိုးအနေနဲ့ […]


nicolus agralNovember 4, 20121min1237
မပြောမပြီး မတီးမမည် ဆိုတော့ ပြောရဦးမယ်ဗျာ စားသောက်ဖွယ်ရာအကြောင်းပေါ့ ၁။အမြန်ရင့်မှဲ ့စေသောဆေးဝါးများ ဒီဆေးတွေဟာ သစ်သီးဝလံတွေမှာအသုံးများပါတယ် စားသုံးတဲ့အချိန်မှာ ရေသေချာဆေးပြီးမှ စားသင့်ပါတယ် ဒါတောင် သစ်သီးအသားထဲထိစိမ့်ဝင်နေတဲ့ ဆေးတွေတော့ကျန်ခဲ့ပါတယ် လူရဲ ့ဇီဝဖြစ်စဉ်တွေကို ပြသနာပေးပါတယ် ၂။ပိုးသတ်ဆေးများ သစ်သီးတွေ ၊ ဟင်းသီးဟင်းရွက်တွေ ၊ ကောက်ပဲသီးနှံတွေမှာ သုံးပါတယ် သူကနှစ်မျိုးရှိပါတယ် organic နဲ ့ inorganic ပါ organic ကချက်ပြ ုတ်လိုက်ရင် အာနိသင်ပျက်ပေမဲ့ inorganic ကမပျက်ပါဘူး အဆိပ်သင့်ပုံနည်းလမ်းကလည်း ၂ မျိုးရှိပါတယ် ဖြန်းထားတဲ့အစားအစာကတဆင့်ရယ် ၊ မြေအောက်ကိုစိမ့်ဝင်ပြီးမြေအောက်ရေကြောကတဆင့်သောက်ရေထဲကိုရောက်သွားတဲ့နည်းရယ် ၃။ကြီးထွားစေတဲ့ဆေးများ သစ်သီးဝလံတွေမှာအသုံးများပါတယ် စားသုံးတဲ့အချိန်မှာ ရေသေချာဆေးပြီးမှ စားသင့်ပါတယ် သစ်သီးအသားထဲထိစိမ့်ဝင်နေတဲ့ ဆေးတွေတော့ကျန်ခဲ့ပါတယ် ၄။ဓာတ်မြေဩဇာ သီးနှံအားလုံးမှာသုံးပါတယ် သူကတော့ မြေအောက်ကိုစိမ့်ဝင်ပြီး မြေအောက်ရေကတဆင့်၎င်း […]


nicolus agralNovember 3, 20121min1165
ယင်းမာတို့ တရုတ်ပြည်ကို အလည်ပြန်ဖြစ်တော့ ရှန်တုံနယ်က ချူဖူမြို့ကလေးကို ဝင်ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်စ်ရဲ့ မွေးဇာတိဖြစ်ပြီး သင်္ချိုင်းဂူလည်းရှိတယ်။ Confucious Temple တဲ့။ အဲဒီထဲမှာ ကွန်ဖြူးရှပ်စ်ကစလို့ သူ့မျိုးရိုးစဉ်ဆက်ကို ဖွားရက် သေရက် အတိအကျနဲ့ မှတ်တမ်းတင်ထားခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ ကျော်ကဆိုတော့ မျိုးဆက်ပေါင်း ၇ရ ဆက်တောင်ရှိသတဲ့။ ၁၉၄ဝ မှာ ဂျပန်တွေ ကျူးကျော်ဝင်ရောက်လာလို့ မျိုးဆက်နောက်ဆုံးယောင်္ကျားလေးက ထိုင်ဝမ်ကို ထွက်ပြေးသွားတော့မှ အစအနပျောက်သွားတော့တယ်။ ဟန်မင်းဆက်လက်ထက်တုန်းက ကျောင်းတော်ကို ပြုပြင်ဖို့ အုတ်နံရံတစ်ခုကို ဖြိုချလိုက်တဲ့အခါ အထဲက စာအုပ်တွေ ထွက်လာလို့ စာအုပ်မီးရှို့သူကြီးလက်ကဝေးအောင် သိုဝှက်သိမ်းဆည်းထားမှန်း အထောက်အထားဖြစ်ခဲ့ပါတယ်။ အဲသည်နောက်ပိုင်း မင်းဆက်များက ကျောင်းတော်ကို အလည်ရောက်တဲ့အခါ အမှတ်တရကျောက်စာတိုင်များ ရေးထိုးသွားလို့ သမိုင်းမှတ်တမ်း ကျန်ရစ်တာပေါ့။ တပ်နီတွေလက်ထက်ရောက်မှပဲ တန်ဖိုးထားရကောင်းမှန်းမသိပဲ […]


nicolus agralNovember 1, 20121min832
၁၉၇၉တုန်းက ရှန်ဟိုင်းကို ပြန်ရောက်တဲ့အခါ အနှစ်သုံးဆယ်ကျော် ကွဲနေတဲ့ အန်တီလေး နဲ့ တူဝရီးနှစ်ယောက်သား ပြန်တွေ့ကြပါတယ်။ ပရိဘောဂမရှိ ဘာမရှိနဲ့ သူနေတဲ့ အိမ်ခန်းကျဉ်းကျဉ်းစုတ်စုတ်ကလေးကို မြင်တော့ ရင်ထဲကို ဆို့တက်လာတာပဲ။ သူ့အိမ်က ပြည်သူပိုင် အသိမ်းခံလိုက်ရလို့ ၁၉၆၆ ကတည်းက သူများအိမ်မှာ ကပ်နေရရှာတယ်။ သူ့ခမျာ သနားပါတယ်။ စကားတောင် ကျယ်ကျယ် မပြောရဲဘူး။ ဟိုဟိုသည်သည် ကျီးကန်းတောင်းမှောက်ကြည့်ပြီးမှ လက်ကလေးကာ လေသံကလေးနဲ့ ကပ်ပြောတယ်။ ပြောမှားဆိုမှားရှိလို့ ထောက်လှမ်းရေးတွေက တို့ လိုက်ရင် မလွယ်ဘူးလေ။ “အောင်မယ်လေး။ ငါ့တူမလေးရယ်။ မသေလို့သာ တွေ့ရတော့တယ်။ ဒီ့အရင် သုံးနှစ်လောက်က ပုံမျိုးသာဆိုရင် တို့တွေ စကားတောင် ဟဟပြောရဲမှာ မဟုတ်ဘူး။” တဲ့။ မာကြောင်းသာကြောင်းကနေ ဟိုအကြောင်း သည်အကြောင်းတွေ ရောက်ကုန်တော့ ဥက္ကဋ္ဌကြီးမာရဲ့နော […]


nicolus agralOctober 31, 20121min500
မေမေလေး နာရေးရက်တွေမှာ မောင်လေး ဂျိမ်းစ် က လက်ဖျားခါလောက်စရာ သတင်းထူးတစ်ခုပေးပါတယ်။ “ယင်းမာ နင့်ကို မေမေလေးက အမွေပြတ် စွန့်လွှတ်ထားတယ်။” တဲ့။ သူ့ထက်အရင် နှစ်နှစ်လောက်စောပြီး ဆုံးသွားတဲ့ ယင်းမာဖေဖေ့အသုဘတုန်းကလည်း မေမေလေးက ဖေဖေ့သေတမ်းစာကို ဘယ်သူ့မှလည်းမပြ၊ ဘယ်သူ့ကိုမှလည်း အမွေခွဲမပေးခဲ့ပါဘူး။ မေမေလေးကတော့ မိထွေးမို့ထားပါတော့လေ။ ဖေဖေကရော သမီးအရင်းဖြစ်တဲ့ ယင်းမာကို တစ်ပြားတစ်ချပ်တောင် စေတနာ မရှိဘူးလား။ မခံနိုင်လွန်းလို့ လင်တော်မောင် ဘော့ပ်နဲ့ နှစ်ယောက်သား မေမေလေးအိမ်ခန်းကလေးကို မြေလှန်ရှာကြတာပေါ့။ ဖေဖေ့သေတမ်းစာများ တွေ့ဦးမလားလို့ပါ။ မရှာရပဲတွေ့တာကတော့ မေမေလေးကို ကဏ္ဍကောစလုပ်ပြီး သူ့သားသမီးတွေနဲ့အတူ အမေရိကကိုထွက်သွားတဲ့ မမကြီးဆီကနေ မေမေလေးဆီ ရေးပို့ထားတဲ့ စာတွေ တထပ်ကြီးပါပဲ။ အို ဘုရားသခင်။ မေမေလေးက ယင်းမာကို မမုန်းပဲ ဘယ်နေပါ့မလဲ။ မမကြီးရေးတဲ့စာတွေထဲမှာ […]


nicolus agralOctober 31, 20121min900
စကားပုံတွေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်သာအောင် ပြောတတ်တဲ့အထဲမှာ တရုတ်သမ္မတ ကျန်ဇီမင်းကြီးလည်း ပါပါတယ်။ ဟိုတလောတုန်းက တရုတ် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်လို့ သတင်းဌာနတစ်ခုက မေးတဲ့အခါ သူက ရယ်ကာမောကာနဲ့ “လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့ မမြည်ပါဘူး။” လို့ ပြောသွားပါတယ်။ “Gu zhang nan ming.” (Claping with one hand produces no sound.) တဲ့။ တရုတ်ပညာရှိ ဟန်ဖေးဆီ က ပြောခဲ့တဲ့စကားလို့ သိရတယ်။ အပြည့်အစုံကတော့ “ဘယ်လောက်ပဲ မြန်အောင် တီးတီး၊ တစ်ဘက်တည်းတီးနေသရွေ့တော့ ဘာအသံမှ ထွက်မှာ မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။ အဲဒီအဓိပ္ပါယ်အတိုင်း မြန်မာစကားပုံ ရှိသလို အင်္ဂလိပ်လိုလည်း စကားပုံရှိပါတယ်။ “It takes […]