Noe NoeOctober 21, 20111min1344
အချစ်ဆိုတာ ဘာလဲ? အချစ်ဆိုတာ ဘာလဲ? ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူတိုင်းရဲ့အဖြေက ယောင်တဝါးဝါးဖြစ်မယ် ထင်ပါတယ်။ တကယ်လည်း အချစ်မှာ တိကျတဲ့အဓိပ္ပာယ် သတ်မှတ်ချက်မရှိခဲ့ပါဘူး။ အချစ်ဆိုတာ ချစ်သူနှစ်ဦးကြားက ချိုမြိန်တဲ့ခံစားမှုတစ်မျိုးဖြစ်တယ်။ ချစ်သူကို တမ်းတလိုက်ရုံနဲ့ နှုတ်ခမ်းထောင့်စွန်းလေးက မသိမသာ ကွေးတက်သွားပြီး ရင်ခုန်သွားစေတဲ့အရာဖြစ်တယ်။ဒါမှမဟုတ် အချစ်ဆိုတာ ကျီစယ်တတ်တဲ့နတ်သူငယ်နဲ့တူပြီး မြင်တွေ့သူတိုင်းကို ပျော်ရွှင်တဲ့ခံစားမှုတွေ ပေးတယ်။ သွေးကြောထဲထိတောင် ပျော်ရွှင်တဲ့သံစဉ်လေးတွေ စီးဆင်းစေတယ်။ဒါမှမဟုတ် အချစ်ဆိုတာ မျိုးစေ့တစ်စေ့ဖြစ်တယ်။ အဲဒီမျိုးစေ့ကို သင့်တော်မှန်ကန်တဲ့ လူအပေါ်မှာ ပျိုးပြီး နှလုံးသွေးနဲ့ သွန်းလောင်းမယ်၊ ဂရုတစိုက်နဲ့ ပိုးမွှားတွေကို သုတ်သင်ခဲ့မယ်ဆိုရင် လှပတဲ့ပန်းပွင့်တွေပွင့်ပြီး ပျော်ရွှင်တဲ့အသီးတွေကို ခံစားရမှာဖြစ်တယ်။ ဒါမှမဟုတ် အချစ်ဆိုတာ စိတ်ကိုထုံထိုင်း၊ မြူးကြွစေတဲ့ဆေးဖြစ်တယ်။ အချစ်နဲ့တွေ့ဆုံသူတွေဟာ ထုံထုံထိုင်းထိုင်းဖြစ်နိုင်တယ်။ အချစ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုလည်း သတိ္တရှိရှိ ရင်ဆိုင်နိုင်တယ်။ အချစ်ဟာ ရောဂါဝေဒနာကို […]