ဟောဒီရွာမှာ မှတ်ပုံတင်ရတာ ၅လ ရှိလာ ဒီနေ့မှာ ၊ မကြာသေးဘူးဆိုပေမယ့် တွေ့ခဲ့ကြတဲ့သူတိုင်းဟာ ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ပါ၏ ၊ ထိမိလှသော စတိုင်ယာများ ဖတ်သွားရတာ ကျေနပ်သလို ပိုမိုလှပ ရိုက်ချက်ပြသော ဓါတ်ပုံတောထဲ ငါခိုဝင် လက်ဆော့ချင်လာ ကိုပေါက်ပမာ ကဗျာတွေကလည်းဆန်းသစ်လွင် ပြခန်းစဉ်လည်း လှပါရဲ့ မသိခဲ့ရတဲ့ နည်းပညာ ကိုခိုင်မာရေ ကျေးဇူးပါ ၊ ထိုမှတစ်ခွင် ရသလွင်ပြင် ကိုသော်ဇင်နဲ့အောင်မိုးသူ သူတို့ရေးတာ ရင်လာမှန်၏၊ ကြက်အူလှည့်သည့် ဟိုဆရာ ရေးတတ်လိုက်တာ လွန်ပါလေရော ဆေးသဘောမှာတော့ ဆရာခ ရှင်းပြခဲ့တာ ကျေးဇူးပါ ၊ ထိုမှတစ်ခါ လူ့ရွာလောက ဖြစ်တတ်သမျှ ရေးခဲ့ပါသော တောကမဟုတ်သည့် လုံမမေ တီအမ်အေ နှင့် မဝေဝေ ရင်ငြိမ်းနွေနှင့် ကိုမောင်ပေ သူတို့တွေ၏ […]


အဖေ အဖေများနေ့လို့ ကလေးတွေပြောဆိုသံကြားတော့ သား အဖေ့ကို သတိရမိပါတယ်အဖေ၊ ဒါပေမယ့် တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးခဲ့တဲ့ အဖေ့ရုပ်ရည်ဟာ ဘယ်လိုပါလိမ့် ၊ မယ်ဒလင်တီးပြီး တေးသွားလေးတွေနဲ့ အထက်တန်းပြ ဆရာမရဲ့  နှလုံးသားကို ဆုပ်ကိုင်စေမိခဲ့သူမို့ အဖေဟာ ခေသူမဟုတ်တာတော့ သေချာမှာပါ ၊ ဒါပေမယ့် ယမကာကျေးကျွန် ဖြစ်လာတဲ့နောက်မှာ မသာယာတော့တဲ့ အဖေတို့ အိမ်ထောင်ရေး ရှုပ်ထွေးခဲ့မှာပဲလေ ၊ တစ်နေ့ အဖေဟာ ရ လသားအရွယ် ကျနော့်ကို ချီပြီး ဘုံဆိုင်တစ်ခှမှာ သူငယ်ချင်းတွေနဲ့ စတည်းချနေသတဲ့ ၊ အဲဒီအချိန် သားပျောက်တဲ့ အမေက ဟိုဟိုဒီဒီ လိုက်စုံစမ်းရင်း သင်္ဘောဆိပ်အထက်ဘက် အဲဒီဆိုင်မှာ အဖေ့ကို တွေ့ခဲ့ပါတယ် ၊ အဖေဟာ အဖေ့ဘော်ဒါတွေကို ဒါ ငါ့သားကွ ငါ့သား […]


ဘဝ   စ လာခဲ့ရတာ ဘယ်လောက်ကြာပြီလဲ ? မရဲတရဲနဲ့ ပြန်ကြည့် မရှိခဲ့တာ အောင်မြင်ခြင်း ချဉ်းကပ်လို့ကို မလာ ငါ  အတော်ညံ့ခဲ့တယ်လေ သက်သေဖြစ်နိူင်တာတွေ ပြန်ရှာမနေတော့ပါဘူး မရူးခဲ့တာ ကံကောင်း ဟောင်းနွမ်းခဲ့တဲ့အတိတ်တွေမှာ ခြေရာတွေက မညီ စီရီနေတာတွေက ညစ်နွမ်းရင်း သစ်ဆန်းခြင်း ကင်းခဲ့ပါပြီ ပီပြင်စေဖို့ရာ ပြန်ရှာ ပေါ်လာတဲ့ ငါ့နောက်ကြောင်း ကောင်းခဲ့တာ မပါ ဒါဖြင့် ငါ ဒီလိုသာ နေရတော့မလား ဘဝရဲ့  တိုက်စစ်မှုးဖြစ်တဲ့ နူနယ်ပျိုမျစ်ခြင်း ကင်းခဲ့ရသလို ကွင်းလယ်ကိုစိုးမိုးမယ့် ပလေးမိတ်ကာ အသပြာ နဲ့ ဘွဲ့မဟာ တွေမရှိ ကြည့်မိတဲ့ နောက်တန်းဟာလည်း ပရမ်းပတာပါပဲ ဒီအချိန်မှာ ရွှီကနဲ အသံကြား မိနစ် ၉ဝ ပြည့်ပါရော့လား ရှုံးထားတဲ့ တစ်ဂိုး […]


ပျော်ခဲ့ ရွှင်ခဲ့ ခင်ခဲ့ မင်ခဲ့ ကြင်ခဲ့ရသူတွေနဲ့ပါ တစ်ဘဝစာ ထင်ခဲ့ပေမယ့် မမြင်ရတဲ့ ကံကြမ္မာ ဇာတ်ဆရာ အလိုကျ ခရီးနှင်ရဦးမှာမို့ စို့နေတဲ့ မျက်ရည် အခက်ပွေခဲ့ နှလုံးသား သုဉ်းသွားတဲ့ ခံစားမှု အမှန်စကားတစ်ခု စုဖြစ်ခဲ့သော အပျော်တွေ ချော်ရည်လိုမခဲ အရင်အတိုင်းပဲပေါ့ အခုတော့လေ ကြမ္မာစေခဲ့တဲ့ တစ်ပြည်တစ်ရွာ ထွက်လို့သာ ခွာခဲ့ရ ပြာလဲ့လဲ့ကျနေတဲ့ ကောင်းကင် အဟောင်းတွေ ပြန်မြင် နင်တို့ရဲ့  ရင်ထဲမှာ ငါ ဆက်ရှိလေမလား ဝေဝါးဝါးနဲ့ မျှော်လင့် တော်သင့်ခဲ့တာ မဟုတ်ပေမယ့် စုတ်နေတဲ့ ဘဝလှေခေါ်ရာ အပျော်တွေမပါ ငါ ငါ သွားတော့မယ်ကွာ ၊  


မေ ၃၁ ည ၊ မိုးကအတော်ကောင်းနေဆဲ ၊ ဒပ်ဖရင်ရဲ့  ကော်ရစ်ဒါမှာ ကျနော်ရပ်နေဆဲပေါ့ ၊ မိုးလေးနည်းနည်းစဲသွားတော့မှ ဆေးရုံအပြင်ဘက်က မိုးအလင်းဆိုင်လေးမှာ ကျဆိမ့်တစ်ခွက် နှင်းဆီတစ်လိပ်နဲ့ ဘာမှမမြင်ရတဲ့ ကောင်းကင်ကို ငေးမောရင်း မွေးခန်းထဲဝင်တော့မယ့်သူရဲ့ ဗိုက်ထဲမှာ ဘာလေးများလဲ ? သားလား သမီးလား သမီးကြီးမွေးတုန်းက အကြောင်း သတိရမိသေးတယ် ၊ ဒီလို မိုးတွင်းကြီးပါပဲ ၊ နေ့လည် ၁၁ း ၃၅ မှာ ကိုမျိုးသန့် ကိုမျိုးသန့်ရှိလားတဲ့ ၊ မွေးခန်းအဝ သံတံခါးမှာရပ်နေတဲ့ ကျနော်က ရှိပါတယ် ကျနော်ပါဆိုတော့ မွေးပြီ အားလုံးကျန်မာသတဲ့ ၊ နေ နေပါဦး သား သားလေးလားဆိုတော့ မိန်းကလေး ပါတဲ့ ၊ ဝန်ခံပါတယ် […]


ငါ့ အိပ်မက်တွေဟာ ကဗျာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ မဟာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ အထာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ ကညာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ ဆရာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ ဇရာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ အညာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် […]


ဪ  ဒီနေ့ မေ ၂ရ ဆိုတော့ လကုန်တော့မယ်ပေါ့ ၊ ဇွန်လ ၁ ရက်နေ့ဆိုရင် သားသားရဲ့  မွေးနေ့ ပြန်ရောက်ပြီပဲ ၊ ဘာများ ပူဆာဦးမလဲမသိ ၊ ၃ ရက်နေ့ကတော့ သား ကျောင်းပြန်တက်ရမယ့်နေ့ပဲ ၊ အိုင်စီအီးစီက ကျောင်းလခများ တိုးဦးမှာလား ၊ မတိုးပါစေနဲ့ မိုးနတ်မင်းရယ် ၊ မွေးနေ့လက်ဆောင် ၊ ပြီးရင် ကျောင်းလခ ကျောင်းကားခ ကျောင်းသုံးစာအုပ် ဗလာစာအုပ်  ကျောပိုးအိတ် ယူနီဖေါင်း  အမယ်လေးလေး  မနည်းပါလားနော် ၊ မိုးရာသီဆိုတော့ ထီးတို့ မိုးကာတို့က ပါလာဦးမှာ ၊ အဲဒီ ဇွန်လပြီး ဇူလိုင် ရ ရက်က သမီးငယ် မွေးနေ့ ၊ မုန့်ဘိုး […]


မညှာမတာချစ်ခဲ့တဲ့ နာဂစ်ရဲ့  ကျနော်တို့ရပ်ကွက်အတွက် လက်ဆောင်မွန်ကတော့ တာဝါကရိန်းအကျိုးကြီးပေါ့ဗျာ ၊ ဒိုင်းမွန်းကွန်ဒို ဆောက်ရင်းတန်းလန်း အဲဒီ နာဂစ်ညမှာ ပြည်ရိပ်မွန်တိုက်တစ်လုံးအပေါ် ကျိုးကျခဲ့ပါတယ် ၊ ကျနော့် အသိ ကိုအောင်ကြွယ်ရဲ့ ဆလွန်းကားလေးခမျာ ရစရာကို မရှိခဲ့ပါဘူး ၊ အဲဒီညမှာ အဲဒီနေရာ ရပ်မိတာကို မှားတယ်ပဲ ဆိုပါစို့ ၊ သူက စမ်းချောင်းမှာနေပြီး အဲဒီညကျမှ ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ လာဝိုင်းဖွဲ့ပြီး မပြန်ဖြစ်တာပါ ၊ အဲဒီ တာဝါကရိန်း အပိုင်းပိုင်းကြီးကို စီမံကိန်းမြေပုံထဲမှာ ကလေးကစားကွင်းဆိုပေမယ့် စားမဝနိူင်တဲ့ လူကြီးမင်းများ ဝေငှခွဲယူထားတဲ့ မြေကွက် ၂ ကွက်မှာ ပစ်ထားခဲ့တာ အခုမှ ပြန်လာသယ်ပါတယ် ၊ လူကြီးမင်းများ အဆင့်ဆင့်ရောင်းစားထားတဲ့  အဲဒီအကွက်တွေမှာ ၈ ထပ်ကွန်ဒိုတွေ လာတော့မှာမို့ […]


ဪ ဒီနေ့ မေလ ၂၂ ရက်နေ့ဆိုတော့ ရွာထဲရောက်တာ ၄ လကြာခဲ့ပြီပဲ ၊ ဒီဂဇက်က စာတွေ ၊ ဓါတ်ပုံတွေကို ဖတ်ခဲ့ မြင်ခဲ့တာ ၂၀၁၂ ကတည်းကပါ ၊ အထူးသဖြင့် ကိုပေါက် ၊ M လုလင်၊ ဆရာအုပ် တို့ရဲ့ပုံတွေကိုသဘောကျခဲ့ပါတယ်၊ ငါလည်း စိတ်ကူးပေါက်တာလေးတွေ ရင်ထဲရှိတာလေးတွေ ဝင်ရေးလို့ ရတာပဲဆိုပြီး ရွာသားဘဝခံယူမိတာ ၂၀၁၃ ဇန်နဝါရီ ၂၂ ရက်နေ့ပါ ၊ ၄ လ တဲ့ ၊ ဒါပေမယ့် စိတ်ထဲမှာ ၄ ဘဝ ကြာပြီလို့ ထင်ရလောက်အောင်ပါပဲ ၊ ရွာသူ ရွာသားတွေနဲ့ ပြောဆိုဆက်ဆံရတာတွေဟာ သိပ်ကို ရင်းနှီး နွေးထွေးလွန်းလို့ပါ ၊ ဒီရွာထဲမှာ […]


မျက်လုံးကိုမှိတ် အိပ်စက်လေတိုင်း မစေခိုင်းပဲဝင်လာ ကြင်နာမျက်ဝန်း ရွှန်းလဲ့လဲ့အပြုံး တစ်လောကလုံးတိတ်ဆိတ် လက်ချင်းချိတ်လိုက်တဲ့အခါ ငါ့ခမျာ အသက်ရှုရပ်မတတ် တလှပ်လှပ်ရင်မော အဘယ်သို့သောတန်ခိုး ဒီ ငမျိုးကိုပြုစား သူ့အပါးကငါမခွာနိူင် သဒ္ဓါတွေကပြိုယိုင်လဲ ပိုနိူင်ပဲရယ်လို့ထင်ချင်ထင် ဒီရင်ခွင်မှာ သူဘုရင်မ ကိုယ်ထင်ပြခဲ့ပြီပဲ ဒါပေမယ့်လည်း သွားနေဆဲအချိန်တွေက တိမ်တွေကြားက လကိုဆွဲယူ အရုဏ်သူကနီးကပ်လာ ကြီးမြတ်စွာသော မင်းသမီး ဇွတ်အတင်းကြီးနှုတ်ဆက်သွား နောက်ညများမှ ပြန်လာမတဲ့ ရှည်လှတဲ့ နေ့တာကြားမှာ ငါ ဘာမှလည်းမလုပ်ချင် မြင်နေတာက မင်းမျက်နှာ ကြာလှတဲ့ နာရီတွေထဲ ညရောက်ဖို့ပဲငါမျှော်နေ မင်းသမီးရေ မြန်မြန်အိပ်မက် မက်ပါစေ ၊  


အဖေ ရေတွက်လို့ မဆုံးနိူင်တဲ့ နေ့တွေထဲမှာ အဖေ့ကိုရှာမတွေ့သေးဘူးနော် ပျော်စရာမနီးလှ သမီးဘဝမှာ ငြီးရတာက ခပ်များများ အရပ်တစ်ပါးက အဖေ ဒါတွေ သိမယ်မထင် မြင်ချင်လှပေမယ့် ဘယ်ဆီမှာဟဲ့ လို့မသိတဲ့သမီး ရှာနည်းတွေလည်းစုံ တလှပ်လှပ်ခုန်နေတဲ့ ရင်ထဲ အဖေ့အသံပဲ ကြားနေ ဘယ်သွားနေသလဲ အဖေရယ် တကယ်ဆို အမေ့ကို မေ့ချင်မေ့ သမီးကိုတော့ လာမတွေ့သင့်ဘူးလား အက်ကြောင်းများလှတဲ့ အဖေတို့ရဲ့ အိမ်ထောင်ရေး ရှောင်ပြေးရလောက်အောင်များ နာကျည်းသွားတာလား အဖေ အဖေရေ တစ်နေထွက်ပြီး တစ်နေဝင်သွား ရက်များက တရွေ့ ရွေ့ မေ့မရတဲ့ ဟောဒီသမီး ရှာပုံတော်ခရီးထဲမှာ ဇွဲကိုသာ အဖော်ထား ဘယ်နားမှန်း မသိတဲ့အဖေ ကြားစေတော့လို့ ဆုမွန်ချွေ ။


လူဖြစ်ခဲ့တာ ၁၈ နှစ် ကြာပြီးတဲ့နောက် တောက်ပပ မျက်ဝန်းတစ်စုံနဲ့အတူ လူကြီးလေးဖြစ်လာပေမယ့် အဖေ့ရဲ့ အမြင်မှာ သမီးဟာ ကလေးသာသာပေါ့ ၊ မလျှော့တမ်းကြိုးစားတဲ့ သမီး ၁ဝ တန်း အောင်ပြီးချိန်မှာ သမီး ဘာလုပ်မလဲဆိုတော့ မော်ဒယ်လ်ပေါ့တဲ့ ၊ သမီးရေ အဲသလိုလောကတွေမှာ အချောအလှတွေခမျာ မောဟ ဒေါသ ပြောမရ သောကတွေ အများသားမို့ လက်လျှော့လို့ အနောက်ကိုခွာ ကိုယ်မကျွမ်းရာလမ်း သမီး စမ်းမလျှောက်နဲ့ လမ်းပျောက်တဲ့ဘဝ အကျိုးမလှနိူင်တာမို့ လမ်းကြောင်းပြောင်းစို့ သမီးရေ ။  


အောက်တိုဘာ ၂၁ ငါ လူဖြစ်ချိန်မှာ နေမင်းကသာ ကောင်းကင်ကလည်း ပြာခဲ့မှာပဲလေ ၊ အသက် ၅ နှစ် ကျောင်းသား စဖြစ်တော့ ခေါင်းမော့လိုက်တဲ့အခါ ကောင်းကင်က ပြာနေဆဲပါ ၊ လာလေမစဲတဲ့ အထပ်ထပ်သော နေ့သစ်တွေကိုဖြတ်သန်း ၁ဝ တန်း မှသည် ဘွဲ့ရသည်အထိ ငါ့ဘဝရဲ့ ကောင်းကင်ဟာ ပြာလွင်လို့နေ တချို့တွေအတွက် မိုးလေတွေပက်ခဲ့ပေမယ့် အမေ့ရဲ့ အရိပ်အောက်မှာ သားဘဝဟာ ခါး ရတာမရှိ ပကတိငြိမ်းချမ်း စိမ်းလန်းတဲ့ ရှုခင်းကြားမှာ ပြာလဲ့ကြည်လင် ပျော်ရွှင်ခဲ့ပါတယ် ၊ ဒါပေမယ့်လေ ကိုယ့်လမ်းကိုဖောက် စ လျှောက်ရတဲ့အခါ တောက်ပခဲ့တာလည်းရှိ အောက်ကျခဲ့တာလည်းရှိ နောက်ကျခဲ့တာလည်းရှိ ကောက်ရခဲ့တာလည်းရှိ ဂျောက်ချခဲ့သူတွေလည်းရှိ ပျောက်ကျခဲ့သူတွေလည်းရှိ တအိအိနဲ့ ရွေ့လာခဲ့ရင်း သက်ပြင်းဆိုတာ ဘယ်လောက်မှန်းမသိ လမ်းမရှိတာကိုမှ […]