ရောက်နေတာ ကြာပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာမှ ရခဲ့တဲ့ ရွာသားမှတ်ပုံတင် ချစ်ခင်စရာလူတွေနဲ့ တိုးလာတဲ့ ဗဟုသုတ သိရတဲ့ အကြောင်းမျိုးစုံ မကုန်နိူင်တဲ့ ဇာတ်လမ်းပမာ ချမ်းသာတိုးပွား မိတ်ဆွေများနဲ့ စကားဖွဲ့လို့ အားမရ ဘယ်တော့များမှ တွေ့ရမလဲ မေးခွန်းထဲမှာ တလည်လည် ခက်ရပါပကော ဂဇက်ရယ် ။  ။ ဓါတ်ပုံက ဒီနေ့ ဖေ့စ်ဘုတ်ပေါ်တက်လာတဲ့ ( Htike Htike Melodyworld ) ရဲ့  ဓါတ်ပုံပါ ။ သူ့ဆီလည်း သုံးမယ့်အကြောင်း  Comment ပေးပြီးပါပြီ ၊ ( Htike Htike Melodyworld  =   ဒီနေ့ကတော့ America မှာ ပထမဦးဆုံးမြန်မာ သတင်းစာဖြစ်တဲ့ ‘ ရတနာပုံနေပြည်တော် ‘ သတင်းစာက […]


ဒီသင်္ကြန်ပိတ်ရက်မှာ မရောက်တာကြာပြီဖြစ်တဲ့ ဇာတိကချင်မြေပြန်မယ် ၊ အပြန် ၂ဝ ရက်နေ့မှာ ဆွေမျိုးတွေနဲ့ မန္တလေး ၄၂ လမ်း ဟိုပင်ကျောင်းတိုက်မှာ အလှုလုပ်မယ် ၊ ရဟန်းခံမယ် ၊ သင်္ကြန်အပြီး ရန်ကန်က တက်လာမယ့် သားလေးသန့်ကောင်းစံကိုလည်း သင်္ကန်းစည်းပေးမယ် ၊ ၂၅ ရက်နေ့ ရန်ကုန်ပြန်မယ် ၊ အဲဒီလို စီစဉ်ထားခဲ့တာပါ ၊ အခု ရထားလက်မှတ်က မရ ၊ ကားကလည်း ကုန်ပြီဆိုတာချည်းပဲ ၊ နောက်တော့မှ အသိတစ်ယောက်ကျေးဇူးနဲ့ ၁၁ ရက်နေ့ ည ကိုးနာရီခွဲ ထွက်မယ့် ဂျေဂျေ ကားလက်မှတ်ရခဲ့တယ် ၊ ကဲ ဒီတော့ မန္တလေးရုံးခွဲကိုဖုန်းဆက် ၁၂ ရက်နေ့ ညနေ ရွှေကူ ဗန်းမော်ကား လက်မှတ် […]


၂၀၁၃ နှစ်ဆန်းမှာ ရုံးက BOD များက စီမံချက်အသစ်တစ်ခု စပါတယ် ၊ ဝန်ထမ်းတွေကို အတိုင်းအတာတစ်ခုအထိ လစာတိုးပေးပြီး ဝန်ထမ်းတွေထဲက အလုပ်ကောင်းကောင်းမလုပ်သူတွေကို လစာ ၇၅ % ပဲပေးပြီး ကြိုးစားတဲ့ ဒါမှမဟုတ် တာဝန်ကျေသူတွေကို ၁၀ဝ % အပြည့်ပေးတဲ့စနစ်ပါ ၊ ဝန်ထမ်းတွေကို သက်ဆိုင်ရာမန်နေဂျာတွေက ကြည့်ရမယ် ၊ မန်နေဂျာတွေကိုတော့ BOD တွေက ကြည့်မယ်ပေါ့လေ ၊ ပြီးခဲ့တဲ့ လကုန်ခါနီးမှာ မန်နေဂျာတွေဆီက ရီပို့ တောင်းပါတယ် ၊ ဘယ်သူတွေက ၇၅ % လည်းပေါ့ ၊ ဌာန ၆ ခုလုံးမှာ မားကက်တင်းက ၂ ယောက်ပဲပါတယ် ၊ BOD က မကျေနပ်ပါဘူး ၊ […]


ကဲ   ကိုယ့်ဘဝ သူ့ဘဝ ဘယ်သူ့ဘဝဖြစ်ဖြစ် အချစ်ဆိုတာ နှုတ်ရင် အရူးသွင်သွင် ဖြစ်လာပါသတဲ့ ၊ ဟုတ်ပါပြီ အချစ်ဆိုတာ ၂၀၂၈ မေတ္တာကိုပြောတာနော် ၊ အဖေ အမေကိုချစ်တာ ၊ သားသမီးကိုချစ်တာ ၊ ချစ်သူကို ချစ်တာ ၊ လင် / မယားကိုချစ်တာ ၊ ဆွေမျိုးအသိုင်းအဝိုင်း နဲ့ သူငယ်ချင်းတွေကို ခင်မင်တွယ်တာ တာ အားလုံးကို ဆိုလိုချင်တာပါ ၊ အဲဒါတွေ အားလုံးမရှိ မသိတာ အရူးနဲ့တူလှတဲ့ အရူးနီးပါးပါတဲ့ ၊ ငြင်းချင်သူများ စာရင်းပေးကြပါ ( ရှိမယ်တော့ မထင်ပေါင် ) ( ဘာ ဟုတ်ဘူး ၊ ဖွဘုတ်တင်မက အွန်လိုင်းမှာပါ ပေါက်တတ်ကရ ငြင်းနေကြတာတွေ့လို့ ) […]


ခိုင်ရေ ဦးရေနဲ့ မြူးလေတဲ့ ဇာတ်လမ်း ရေတမာတန်းကိုဖြတ် အင်းလျားဘက်လည်း ပတ်ခဲ့ကြ ထပ်ထည့်မရလောက်အောင် အပျော်ပြည့် တကယ်ချမ်းမြေ့ရတဲ့ခရီး ခဏနဲ့ပြီးမယ်လို့ မထင်ခဲ့ ရက်စက်တဲ့ ကံကြမ္မာ အဖော်အသင်းပါ ခေါ်လာ မမျှော်သာတော့တဲ့ နောက်ဘဝ လွယ်လွယ်နဲ့ ပို့လိုက်ကြ ချိန်းမိရတာက အပြစ်လား ဖြစ်သွားခဲ့တဲ့ ည ရ နာရီ မှောင်သည်လို့ မဆိုနိူင်လည်း ပြိုယိုင်လို့ လဲခဲ့ရ ရက်စက်ပြတဲ့ ဒရိုင်ဘာ ထောင် ၁ဝ ခါကျလည်း အစားပြန်မရ ဆိုးလှတဲ့ ခိုင့်ဘဝ ပျက်ရတဲ့ ဦးနှလုံးသား အရှုံးသမားတစ်ယောက်လို ယောင်ဝါးဝါး ငိုင်တိုင်တိုင် ဖြစ်ရပါပြီ ခိုင် ။  


စနေည ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) ခန့်မှန်း     အဲဗာတန်     0-1     မန်စီးတီး အကြိုက်     မန်စီးတီး ခန့်မှန်း     ဗီလာ     0-1     ကျူပီအာ အကြိုက်     ကျူပီအာ ခန့်မှန်း     ဆောက်သင်တန်     1-2     လီဗာပူး အကြိုက်     လီဗာပူး ခန့်မှန်း     စတုတ်     1-1     ဝက်စ်ဘရွန်း အကြိုက်     ဝက်စ်ဘရွန်း ခန့်မှန်း     ဆွမ်ဆီး     1-1     အာဆင်နယ် အကြိုက်     ဆွမ်ဆီး ခန့်မှန်း […]


တစ်ခါက သားအဖနှစ်ယောက်ရှိလေသည် ကြီးပါပြီဆိုသူခမျာ အဖေဆိုတာ မမြင်ဖူး အချစ်ထူးသည့် အမေ့လက်ပေါ်မှာ နှစ်များစွာ ကြာတဲ့အထိ လိုလေသေး မရှိလာ သားမဟာ အခါမလင့် ဖြစ်သင့်ပြီလို့ယူဆ ချွေးမ ချွေးမ ဖေးမလိုက်ရတာအမော သားဇော သားဇော မမောဘူးလို့ မြိုချပေမယ့် အပျိုထက်လှချင် လင်ကို လင်လိုမထင် မီးထက်ပင် ပူတဲ့သားရှင်ဘဝ ယောက္ခမကြားဝင် မဆင်ခြင်ဘူး ထင်မှာစိုး ငမျိုးရယ်  . . . . လို့ပဲ စိတ်ထဲတွေး သွေးဆေးလေးသောက် ရောက်လိုက်ရတဲ့ဒုက္ခ သေလိုက်ချင်ပဟ လို့ အထင်ရ ဒင်းက သားမွေးပါသတဲ့ ဒတ်ဖရင်ရဲ့ ဈေးသည်တွေကြားမှာ ဒီအဖွားကြီးဟာ တော်တော်အဖြစ်သည်းရှာလို့ ဘယ်သို့ ဘယ်သူတွေးတွေး ငါ့မြေးလေး ငါ့မြေးလေး ရှေးကဆိုတဲ့ စာချိုးမှာ မြေးကိုဖျက်တာ အဖွားပါ […]


ညနေ ၃ နာရီ မန္တလေးဆီကထွက်ခါ မြစ်ကြီးနားရထားပေါ်မှာ ရှမ်းစုဘူတာအကျော် မြို့ဟောင်းဘူတာရယ်လို့တောင် မမြင်ရသေး ဈေးသည်လေးတွေတက်လာ ဘီယာကြက်ကြော်လည်းရ ရတနာပူရ အဲသည်ကမှ တစ်ခါထွက် ရွှေကြက်ယက် စစ်ကိုင်းဘက်မှာ ရပ်နားရာ ရွာထောင်ဘူတာ ရေလိုတာ အကုန်ဖြည့်ကြ ရှေ့မှာရှားတယ်ဗျ ခက်ခ နဲ့ ပဒူဘက် ဝက်လက်ကျော်လာ ဗိုက်ဆာတဲ့ ၆ နာရီ ဘာမထီတဲ့ ဦးအောင်ဇေယျ ထန်းလုံးတပ်က ဘယ်အနားမသိပေမယ့် ရှိနေတဲ့ရွှေဘို သိနေတဲ့ရွှေဘို ထို ထိုမှလွန်သည့်အခါ မိုးချုပ်လာပြီမို့ ကိုးထောင်ဘို့ အသာထား ကန့်ဘလူနားလည်း သတိမရခြင်း ကောလင်းကိုကျော် ဝန်းသိုနော် အင်းတော်ဆိုတာ အတော်ဝေးသေး တဟေးဟေးအသံကြား အဲဒါ နဘား ဖက်ဆွတ်တောင်ကျော် ကသာမြို့ခေါ်တဲ့ဆီရောက် ပိတောက်ဆိုတဲ့သင်္ဘောကိုစီး ကျောက်ကြီးမရောက်ခင်လွမ်းမိတမင် နေညိုရင် ရွှေဘိုကိုဖြင့်လွမ်းချင်ချင်


အောက်တိုဘာ ၂၁ ကျော်ဖြစ်ခဲ့ပြီးတဲ့နောက် ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ကိုယ်ပြန်ကြည့် ဪ ငါမသိခဲ့တာ များလှပါလား အဲဒီလိုပဲ မရှိခဲ့တာတွေလည်း တော်တော်များပေါ့ ဒါဖြင့် ငါ မသိခဲ့တာ ဘာလဲ ဝါသနာကိုသာ အရင်းတည် အချင်းမညီတဲ့ စက်ဝိုင်းတွေကြား ဗျာများခဲ့ရတာလေ ပြီးတော့ ၈ဝကျော် [၁၉၈ဝခုနှစ်]ကတည်းက ချစ်မယ်နော်လို့ ကြွေးကြော်ရင်း ဘေးချော်ခြင်းတွေနဲ့သာတွေ့ အချစ်ရေ့ နေလို့မှ ကောင်းရဲ့လား ဂျေမောင်မောင် တေးသွားနဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့် သစ်ဆိမ့်ပင်အောက်မှာ ငါကြေကွဲ နေမြဲဆိုတာလို  ဘာမှကို မထူးခြား ရူးမသွားခဲ့တာ ငါကံဆိုး ၉ဝ ခုနှစ်လောက်ရယ်အထိပေါ့ နောက်တော့ နောက်တော့ လျှောက်မချော့တတ်တဲ့ငါ အဲဒီ အချစ်ဆိုတာကြီးနဲ့တွေ့ ဟန်ပဟေ့ လို့ လက်ခမောင်းခတ်ပြီးတဲ့နောက် ဘဝဟာဇောက်ထိုးကျ မှောက်ထိုးလဲလိုက်တာကမှ တော်ပါဦးမယ်ကွယ် ကဲပါလေ တိုရှင်း […]


ဖော်မဲ့လမ်းမှာ အထီးကျန်စွာလျှောက်လှမ်း နောက်မဆုတ်တမ်းဆိုပေမယ့် လိုနေတဲ့ တစ်နေရာ ရင်ထဲမှာ ဟာတာတာနဲ့ လာပါကွဲ့လို့ ဖိတ်ခေါ်သော်လည်း နားလေးတဲ့မြားနတ်မောင် ဟိုယောင်ဒီယောင်နဲ့မို့ မျက်ရည်မစို့ပေမယ့် ချို့တဲ့ခဲ့ ချစ်ကြမ္မာ ဆန်းသစ်တာ မရှိသောလမ်း မေ့မောတမ်းတ မှန်းဆ လွမ်းရ နွမ်းလျခဲ့သူကို ဘယ်သူကြိုလို့ ဆီးမည်နည်း ၊


တောင်ပေါ်သားFebruary 28, 20131min21110
အဖေကို အဖေလို သဘောထား အဖေကို အမေလို သဘောထား အမိမဲ့သား သဘောတရားကြားမှာ သား လိုတာမရှိရအောင် အဖွား နဲ့ အဖေကကြံဆောင် ၁ နှစ် တစ်တန်းအောင်တဲ့သား အဖေ ခါးဘယ်လောက် ချိချိ သား သိဖို့က သားပျော်တာကိုအဖေမြင်လို ရင်ဖိုရတဲ့ ဘဝတိုက်ပွဲကြား အဖေ့သား ဝင်မပါရ သင်ကာပြမယ့် အဖေ့စကားသာနားထောင် များမြောင်လှတဲ့ အချိုးအကွေ့ သား တစ်နေ့ သိလာမှာပဲလေ အခုတော့ ငယ်သေးတဲ့သား အားရစွာ ပျော်အောင်နေ သား က နေတာမြင်ရတော့ ဟောဒီအဖေမှာ ပျော်လှပေါ့ ။


တောင်ပေါ်သားFebruary 25, 20131min22713
သားက ဝယ်ပေးမယ်ဆိုတာကို မဝယ်ပေးမိတဲ့ အဖေ့အပေါ် တန်ပြန်မှုက ကလေးမဆန်ပဲ အတော်လေးပြင်းထန်ခဲ့ပါတယ် ၊ ကျနော်နဲ့ အတူ ထမင်းမစားပါဘူး ၊ မအိပ်ပါဘူး ၊ ကျောင်းပိတ်ရက်လည်း အတူမလည်ပါဘူး ၊ တစ်ခုဖြေသာတာက နယူးပရောဂျက်ကိစ္စတွေရှိလာတော့ တချို့ရက်တွေမှာ အိမ်မပြန်ဖြစ်တာပါ ၊ ကိုယ့်ဇောနဲ့ကိုယ်မို့ သားကိုသတိရပေမယ့်သိပ်မတွေးအားတဲ့ အချိန်တွေပေါ့ ၊ အမေ့ဆီကိုတော့ မပြန်ဖြစ်ရင် ဖုန်းအမြဲဆက်ပါတယ် ၊ ကိုယ်တော်ချောက ကျနော့်နံပါတ်မြင်ရင် သူ့အဖွားကိုပဲပေးလိုက်ပါသတဲ့ ( အမေပြန်ပြောပြတာပါ ) တစ်ရက်မှာတော့ အမေ ဟောပြောပွဲသွားဖို့ဖြစ်လာပါရော ၊ သွားရမှာက ၃ ရက်လောက်ကြာမယ့်ခရီး ၊ အမေက နင်တို့သားအဖ ဖြစ်ပါ့မလား တဲ့ ၊ အမေရယ် သားအဖပါ ၊ ရန်သူလည်းမဟုတ် ရန်ဖြစ်ထားတာလည်းမဟုတ် ၊ […]


တောင်ပေါ်သားFebruary 23, 20131min23311
ကျနော့်အမေက ဒေါက်တာအောင်ထွန်းသက်နဲ့ ယုံကြည်မှု တည်ဆောက်ခြင်း ဆိုပြီး စာအုပ်တစ်အုပ်လုပ်ဖူးတယ် ။ ကျနော်ဟာ နေရာတကာမှာ ဆန့်ကျင်ဘက်ကချည်း စဉ်းစားတာမဟုတ်ပေမယ့် ယုံကြည်မှု ပျက်ပြားတာမျိုးကကော လို့ တွေးမိတယ် ။ တွေးမိတာကလည်း ကျနော့်သားရဲ့ စကားတစ်ခွန်းကြောင့်ပါ ၊ ဖြစ်ပုံက ဒီလို သူ ကျနော့်ကို သေနတ်တစ်လက် ပူဆာနေတာကြာပြီ အဲဒီ ကလေးကစားတဲ့ သေနတ်ကလည်း ၈၀၀ဝ တဲ့ ၊ ဆွေမျိုးပေါက်ဖေါ် နိူင်ငံကြီးက ထင်ပါရဲ့ ကလေးတွေ အမြင်မှာ အတော့်ကို လိုချင်စရာ ပုံစံမျိုးပေါ့ ကျနော်ကလည်း သူလိုချင်လှတာကို သိလို့ အေးပါ လခရရင် ဝယ်ပေးမှာပေါ့ကွာ လို့ ပြောခဲ့ဖူးတယ် ၊ ဖြစ်ချင်တော့ ပြီးခဲ့တဲ့ လစာထုတ်ရက်မှာ တခြားအရေးပေါ်ကိစ္စအတွက် အိမ်အတွက် လဝက်စာ […]