တောင်ပေါ်သားFebruary 21, 20131min1263
အဖေ အမေ မရှိရှာသူတွေ အဖေ အမေ မသိရှာသူတွေ နာဂစ်ရဲ့ အမွေတွေလည်းပါခဲ့ ချို့တဲ့လှတဲ့ ဘဝကြမ်းကြမ်း လျှောက်လှမ်းရရှာတဲ့ သူတို့အပေါ် ဆရာတော်ရဲ့ အရိပ်အာဝါသ လာလှုကြသူတွေရဲ့ စေတနာ ပေါင်းစပ်လာလိုက်တာ ဘွဲ့ရလာသူတောင်ရှိ ပွင့်လာသည့်ပန်းကလေးတွေ လန်းအေးစေဖို့အပြင် ဖူးငုံချင်စ ဘဝလေးများ ငြိမ်းချမ်းမွှေးမြ ကြစေသား ။


တောင်ပေါ်သားFebruary 20, 20131min34512
လေးဆယ်ကျော် ငါးနှစ်ပတ်လည် အဘ အဘတို့အရွယ်  တဲ့ မောင် မှသည် ကို ကို မှသည် ဦး ကူး၍ ကူး၍ ခေါ်ခဲ့ကြရာ ဒီအရွယ်မှာ ခံစားရာကိုရေးကြ ကလေးကျနေတာပဲ သည်လိုလည်းပြောကြ ရင်ဖွင့်ပြပြန်တော့ သူငယ်ပြန်တော့မယ်နော့တဲ့ ရှောင်ရန်ရှားရန် ရေးတော့လည်း ဆရာကြီးလေသံပဲတဲ့ ကဲ လုပ်ချင်ရာလုပ်မယ်ဆိုရင်များ လူမိုက်စကားလို့ ပြောဦးမယ် တစ်လောကလုံးကိုသာ ရယ်လိုက်ချင် ငါ့ရင်ထဲမှာ ရှိနေတာ ခံစားလွယ်သော နှလုံးသားပါ ဒါလေးမှ မရှိရရင်လည်း မင်းတို့ ဘာပြောကြဦးမလဲကွယ် ။


တောင်ပေါ်သားFebruary 18, 20131min25312
၁ရ – ၂ – ၂၀၁၃ နေ့မနက်မှာ ကျနော်တို့ ရုံးက ဝန်ထမ်းတွေ ကား ၂ စီးနဲ့ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ မင်္ဂလာ ပရဟိတကျောင်းကို အလှူခရီး ထွက်ခဲ့ကြပါတယ် ၊ ရုံးရှိတဲ့ လှိူင်တက္ကသိုလ်နယ်မြေ မြန်မာအင်ဖိုတက်ကနေ တစ်နာရီခွဲလောက် မောင်းရပါတယ် ၊ ကျောင်းဝင်းကြီးက အတော်ကျယ်သလို ပထမတစ်ခါကထက် ကျောင်းဆောင်တွေပိုများလာပါပြီ ၊ ဆရာတော်ဆီ အရင်ဦးတိုက်ပြီးမှ ကလေးတွေဆီသွား စကားပြောက စပ်စုကြတာပေါ့လေ ၊ ၁ဝ နာရီခွဲမှာ ကလေးတွေ ထမင်းစားကြပါတယ် ၊   ကျနော်တို့ ထမင်းစားပြီးတော့ ဆရာတော်ဆီမှာ လှူဘွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်ကြပြီး ပြန်ခဲ့ကြပါတယ် ၊ ဒီကျောင်းမှာ လက်ရှိကျောင်းသား တစ်ထောင်လောက်ရှိနေပြီး ကျောင်း မနေရသေးတဲ့ အရွယ်ကစလို့ ဘွဲ့ရပြီးသူအထိရှိပါတယ် […]


တောင်ပေါ်သားFebruary 16, 20131min1601
မင်္ဂလာဒုံ မိတ္ထီလာ မြစ်ကြီးနား စတဲ့နေရာတွေမှာ ဒုတိယကမ႓ာစစ်အတွင်းက စပစ်ဖိုင်းယားလေယာဉ်တွေ မတပ်ဆင်ရသေးပဲ သေတ္တာတွေအလိုက် မြုစ်ထားခဲ့တယ်ဆိုပြီး လာရှာနေတဲ့အကြောင်းကတော့ တစ်ခန်းရပ်သွားပြီထင်ပါတယ် ၊ အင်္ဂလန် ဒေးလီးမေးလ်သတင်းမှာ အခုလိုပါခဲ့ပါတယ် ၊   http://www.dailymail.co.uk/news/article-2279537/Setback-search-WW2-Spitfires-lost-jungle-archaeologists-say-planes-taken-Burma-place.html


တောင်ပေါ်သားFebruary 11, 20131min1764
လကလည်း ကုန်နိူင်ခဲလိုက်တာလို့ တွေးမိခြင်းနဲ့အတူ သားက ဆွဲထူလိုက်ချိန်မှာ ရနာရီတောင်ခွဲနေပါပေါ့လား တစ်နေ့တာကို ဖြတ်သန်းရဦးတော့မယ်ပေါ့ ဖေကြီး နန်းကြီးသုပ်စားမယ်နော်ဆိုတဲ့ သားကို မုန့်ဟင်းခါးစားပါလားသားရယ်လို့ ပြောမိတော့ မရဘူး နန်းကြီးသုပ်ပဲတဲ့ နန်းကြီးသုပ်က ၅၀ဝ မုန့်ဟင်းခါးက ၂၅ဝ လေ ပြောမရတော့လည်း ကျွေးရတော့မှာပေါ့ ကိုယ်ကတော့ ရေနွေးကြမ်းကိုသာအဖေါ်လုပ်နေရပါတယ် လဘက်ရည်သောက်ချင်ပေမယ့် ၃၀ဝ မို့ ၁၅ဝရတဲ့ လှိုင်မင်းရောက်မှသာ သောက်မိတာပါ အဖေကြီး ဆန်နဲ့ဆီ ဝယ်ရဦးမယ်နော်ဆိုတော့ အေးပါလို့ပြောရင်း တစ်ထောင်တန် ၂ရွက် ထွက်ပြန်ပဟ လို့ ခပ်မောမောလေးတွေးမိရပြန်ရော ကျောင်းဝတ်စုံက တနင်္ဂနွေသွားဝယ်မှာလား ချုပ်လည်းချုပ်ရဦးမှာနော် ရွွှှေသဲ ( သားရဲ့အိမ်နာမည် ) ကြိုက်တဲ့ ကျောပိုးအိတ်က တစ်သောင်းတဲ့ လွန်ခဲ့တဲ့ အနှစ် ၃၀  ကျော် ၄ဝ က […]


တောင်ပေါ်သားFebruary 11, 20131min31815
ဒီဘက်ခေတ် လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ ကိစ္စ တစ်ခုကတော့ Valentine’s day ချစ်သူများနေ့ ဆိုတာပါပဲ ၊ အဲဒီ ဖေဖေါ်ဝါရီ ၁၄ မှာ စုံတွဲကိုယ်စီဟာ ဟိုသွား ဒီသွား သွားမယ် လည်မယ် လက်ဆောင်ပေးကြမယ်ပေါ့လေ ကျွန်တော်တို့ ခေတ်တုန်းကတော့ ကိုယ့်ချစ်သူက ကိုယ့်ကို အဖြေပေးတဲ့နေ့ဟာ ချစ်သူတို့နေ့ ပေါ့ဗျာ အဲ ခုလိုပြောမှစဉ်းစားမိတယ် ကျွန်တော့်ချစ်ဦးသူက ကျွန်တော့်ကို အဖြေပေးတာ ဘယ်နေ့ပါလိမ့် ဖေဖေါ်ဝါရီ ၃ဝ ထင်ပါ့ အဲဒီ Valentine’s day ဆိုတာ AD ၄၉၆ ခုနှစ် ကတည်းက စတင်ခဲ့တာပါတဲ့ ဒါနဲ့ အဲဒီ Valentine’s day ကိုသိရင် Father’s day Mother;s day Parent’s […]


ဘာပြောလိုက်တယ် ပြန်ဆုံကြမယ် ဟုတ်လား မင်း နှုတ်ဖျားကစကား ပြန်ရုပ်သိမ်းသွားပါ မင်းမှာလည်း မျက်စိတစ်စုံ ငါ့မှာလည်း မျက်စိတစ်စုံဆိုပေမယ့် မတူညီတဲ့ အကြည့်တွေကြားမှာ မင်းဘက်ကကြည့်တော့ လမ်းဆုံ ငါ့ဘက်ကကြည့်တော့ လမ်းခွဲ ပြီးသွားခဲ့ပြီပဲ ကြွေပြီးသား သစ်ရွက် ပင်စည်နဲ့ပြန်မဆက်နိူင်သလို ပြာကျပြီးသား စက္ကူစ ဥုံဖွ လို့ ဘယ်လောက် မန်း မန်း သူ့သက်တမ်းက ကုန်ခဲ့ပြီပဲ ရွှေမျက်ရည်လည်း လာမဝဲနဲ့ ကျူးလှခဲ့တဲ့ မင်း စကားသံ ငါ့နားထဲမှာ လျှံနေတုန်း လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ် အရုပ်လိုလဲ ငါမနေနိူင်လှ အခြေခိုင်စ ငါ့ဘဝနား လား လား တောင်လှမ်းမလာနဲ့ ဇာတ်သိမ်းခန်းရဲ့ နိဂုံး ပြီးဆုံးသွားခဲ့ပြီ ။


တောင်ပေါ်သားFebruary 9, 201315min2246
ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ခန့်မှန်း စပါး 2-1 နယူးကာဆယ် အကြိုက် စပါး ခန့်မှန်း ချဲလ်ဆီး 2-0 ဝီဂန် အကြိုက် ချဲလ်ဆီး ခန့်မှန်း နောဝှစ်ချ် 1-1 ဖူလ်ဟမ် အကြိုက် ဖူလ်ဟမ် ခန့်မှန်း စတုတ် 2-2 ရီးဒင်း အကြိုက် ရီးဒင်း ခန့်မှန်း ဆန်းဒါးလန်း 1-2 အာဆင်နယ် အကြိုက် အာဆင်နယ် ခန့်မှန်း ဆွမ်ဆီး 1-0 ကျူပီအာ အကြိုက် ဆွမ်ဆီး ခန့်မှန်း ဆောက်သင်တန် 0-2 မန်စီးတီး အကြိုက် မန်စီးတီး စီးရီးအေ ပွဲစဉ် (၂၄) ခန့်မှန်း ဂျူဗင်တပ် 2-1 ဖီအိုရင်တီးနား အကြိုက် ဂျူဗင်တပ် ခန့်မှန်း […]


ဝါဆိုဝါခေါင်ကာလ။ စာဆိုရှိသည့်အတိုင်း၊ ရေတွေဖောင်နေသည်။ ဧရာဝတီ၏ ဒေါမာန်များ အထွတ်အထိပ် ရောက်နေချိန်။ မြစ်ညာမှ တွန်းတွန်းတိုက်တိုက်နှင့် ဆွဲချခံခဲ့ရသော ဒိုက်သရောတို့သည် ဖြစ်ချင်ရာဖြစ်ဟူသော အားပျက်မှုဖြင့်၊ ရေစီးထဲဝယ် ငုတ်ချီပေါ်ချီ။ ဧရာဝတီမြစ်ပြင်က ကျယ်လွန်းသည်။ ဆောင်းတုန်းက မြေပဲခင်းများ၊ ဟသာင်္သောင်များ အားလုံးမြစ်ပြင်အောက် ငုံ့လျှိုးနေကြပြီ။ ဧရာဝတီသည် ကြီးစိုးနိူင်လွန်းစွ။ လှိုင်းတို့သည် ကမ်းပါးစွန်းကို ရန်စနေကြ၏ တစ်နေ့လုံး ကိုယ့်ဟာကိုယ်သီးခြားနေထိုင်ခဲ့သော မြစ်ကမ်းပါးစောင်းကြီးသည် ရေလှိုင်း၏ စော်ကားခြင်းကို ခံနေရ၏။ မြစ်ကမ်းပါးထိပ်သည် အမှိုက်စများ၊ ရေမြုပ်များဖြင့် ပစ်ပေါက်ခြင်းကို၊ အပြစ်မဲ့စွာ ငုံ့ခံနေရသည်။ သည်အချိန်မှာ ကိုယ်က ဘာများတတ်နိူင်ပါမည်နည်း။ သူမ၏ ထဘီအောက်နားစသည် လေထဲတဖျပ်ဖျပ် လွင့်နေသည်။ တစ်ချက်တစ်ချက်မှာ လေထဲ၌ ရေမှုန်စများဖြင့် စိုစွတ်လာလေသည်။ သို့သော် ဒါကို သူမ မသိ။ မြစ်လေကြမ်းက […]


ဇွန်လ ၁ ရက် မိုးရေစက်တွေကြားမှာ လူဖြစ်လာခဲ့တဲ့သားလေ ဒေါ်စံမေရဲ့ မြေး မျိုးသန့်လေးအတွက် ရတနာ လောကအလယ်မှာ အသန့်အကောင်းတွေနဲ့ စံရဖို့ အဖေတို့ကြိုးစား ၁ နှစ်သားကတည်းက အပေါ်ထပ်မှာ အဖွားနဲ့အိပ် တိတ်ဆိတ်ခြင်း မဲ့ခဲ့တဲ့ အဖေတို့အိမ်ထောင်ရေးကြားမှာ သားဟာ လူကြီးလေးပမာ နေတတ်ခဲ့တယ်နော် အရွယ်အတော်ရောက်လာပြီးတဲ့နောက် ကျောင်းအပ်ရတဲ့အခါ Smart School  မှာထား သားကို သူများထက်သာစေချင်ခဲ့တယ် သား စာရေးနေတဲ့အခါ အဖေ့ခမျာ အမောတွေပျောက် လူလားမြောက်တဲ့အထိ အဖေ အားတွေရှိနေအောင်ဆုတောင်းမိတယ် မင်းအမေ ဒူဘိုင်းမြေကပြန်လာတဲ့အခါ ပါလာတဲ့လက်ဆောင်ပုံတွေကြား ငါ့သားပျော်နေတာမြင်တော့လည်း ဪ သူ့အမေပဲ လို့ ဖြည့်တွေး အမေတည်းတဲ့ဟိုတယ်ဟာ သိပ်မိုက်တာပဲအဖေရာ တဲ့ ဟိုတယ်နဲ့အိမ် ကွာခြားမှု မိသားစုရဲ့ အဓိပ္ပါယ် သား တစ်နေ့ နားလည်လာလိမ့်မယ် […]


ဖြာကျနေတဲ့ရောင်စုံတွေနဲ့ သာယာတဲ့ဟောဒီလမ်းမဟာ အနော်ရထာ တဲ့ ၊ နှစ်ထောင်ကစ ငါးရာအဆုံး သုံးလို့ရတဲ့အင်္ကျီပုံကြား ရွေးလျက်သားဟာ ကျနော်ပါ ၊ ဘေထုပ်ဆိုပေမယ့် အခြေမစုတ်သလို အမေလုပ်သူမသိ လက်ထဲရှိတာ တစ်ထောင်တည်းပါ ၊ နှစ်ထောင်တန်ဟာ လှတာမှန်ပေမယ့် တကယ့်လိုအပ်မှုဟာ အင်္ကျီဖြစ်ဖို့ပါ အဲဒီလို အဲဒီလိုနဲ့ ကျနော့်ရဲ့ လက်တွေဟာ ငါးရာတန်ကြား အလုပ်များရင်း ဖျော့တော့တော့အဆင်းပေမယ့် ရှင်းနေတဲ့ အင်္ကျီအပြာ ကျနော့်လက်ထဲ ပါခဲ့ပါပြီ ၊ အင်္ကျီဖြစ်ဖို့သာ ယူဆတဲ့ကျနော့်အတွက် ပိုထွက်လာမယ့် အသပြာ လဘက်ရည်ဆိုတာမက စီးကရက်ပါ ရခဲ့ပါတယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် ဝတ်လိုက်ရင်အတူတူမို့ ချို့တဲ့ တဲ့ဘဝအပေါ် ကျနော် ပျော်လျက်ပါ ၊ ဒီလိုနဲ့ နေ့ရက်တွေကို မေ့လျက်သလို ဖြတ်သန်း အထီးကျန်လမ်းပေါ်မှာ ချစ်ချင်ခြင်းဆိုတာ ရှိလာပါရောလား […]


၁၉၈၈ လှုပ်ရှားမှုကြီးမှာ အမေကော ကျနော်ပါ လိုက်ပါစီးမျောရင်း ကိုယ်ယုံကြည်ရာတွေအတွက် ခရီးဆက်ခဲ့ကြပါတယ် ၊ တက္ကသိုလ်ရိပ်သာလမ်းရုံးချုပ်ကို အမေကော ကျနော်ပါရောက်ခဲ့ကြပြီး ကျရာတာဝန်အသီးသီးနဲ့အတူ နေ့ရက်တွေကိုကျော်ဖြတ်ခဲ့ပါတယ် ၊ အတွေ့အကြုံအသစ်အဆန်းတွေကြားမှာ နိူင်ငံရေးလုပ်သူနဲ့ လုပ်စားသူတွေအကြောင်းလည်း အများကြီးနားလည်ခဲ့ရပါတယ် ၊ ( တရားရမိတာလေးတွေကိုတော့ ဒီပို့စ်ခေါင်းစည်းနဲ့ သိပ်မလိုက်ဖက်ပေမယ့် နည်းနည်းပြောပါရစေ ) အဲဒီရုံးချုပ်လုပ်တဲ့ ၂ ထပ်တိုက်ကလေးက ငှားထားတာပါ ၊ ပထမဆုံး အကျယ်ချုပ်ချပြီးတဲ့အခါ ဒီရုံးချုပ်လုပ်ထားတဲ့ အိမ်ပိုင်ရှင်ကိုလည်း ဖိအားအကြီးအကျယ်ပေးတာမို့ ပြောင်းဖို့ဖြစ်လာပါတယ် ၊ အဖွဲ့ဝင်လက်ခံဌာနကို တာဝန်ယူထားရတဲ့ ကျနော့်အတွက် တစ်ပြည်လုံးက အဖွဲ့ဝင်တွေရဲ့ သိန်းချီတဲ့အဖွဲ့ဝင်ပုံစံတွေကိုသယ်ဖို့ ခေါင်းခဲခဲ့ရပါတယ် ၊ ဘယ်ကားမှ ငှားမရလို့ပါ ၊ အငှားလိုက်ရင်ပဲ ကားသိမ်းမလိုလို ထောင်ပဲချမလိုလို သတင်းတွေကြောင့်ပါ ၊ လူပေါင်းများစွာနဲ့ စည်ကားခဲ့တဲ့ […]