မနေ့က ရုံးကပြန်တော့ လှည်းတန်းမီးပွိုင့်ဟာ ထူးထူးဆန်းဆန်းရှင်းနေပြီး ခါတိုင်း နာရီဝက်ကျော်ခရီးကို မိနစ် ၂ဝ နဲ့ရောက်ခဲ့ပါတယ် ၊ ( လှိူင် သံလမ်းမှတ်တိုင် မှ စိုက်ပျိုးရေး ) အကြောင်းကတော့ ယာဉ်ထိန်းရဲတွေက ဘတ်စ်ကားတွေကို လှည်းတန်းမှာ ကျောက်ချမနေစေပဲ အဆင်းအတက်ပြီးတာနဲ့ တန်းမောင်းခိုင်းသလို ဗိုလ်ကျလှတဲ့ ဈေးသည်တွေကိုလည်း ရောင်းခွင့်မပေးခဲ့လို့ လမ်းဟာ ရှင်းနေပါတယ် ၊ ညနေ ၆ နာရီနောက်ပိုင်းတော့ မပြောတတ်ပါဘူး ၊ ဘာပဲဖြစ်ဖြစ် သောင်းချီတဲ့ ခရီးသွားတွေဟာ အတော်ကြီး အဆင်ပြေကြရပါတယ် ၊ ဒါမျိုးကို စီမံချက်ကာလမို့ လုပ်တာမျိုးမဟုတ်ပဲ အမြဲပုံမှန်ဖြစ်သွားစေချင်ပါတယ် ၊ ဒီအောက်ကတော့ ရတနာပုံဝက်ဘ်ဆိုက်က သတင်းပါ ၊ ရန်ကုန်မြို့ မြို့နယ် ၄ မြို့နယ်မှာ စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု […]


ရွှေကူ ဆိုတာ ထင်ရှားခြင်းမရှိလှတဲ့ ဧရာဝတီဘေးက မြို့ကလေးပါ အဲဒီကစ ကျွန်တော့်ဘဝ ၊ သူမ မြို့ပြမှာမွေး လှသွေးကြွယ်ဝ ချမ်းမြခြင်းနဲ့အတူ ကျွန်တော်လိုလူနဲ့ ခြားနားလှပေါ့ ၊ ဒါပေမယ့်လေ ဘဝဆိုတာ စိတ်ကူးထက်ဆန်း အချစ်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ ကျွန်တော်တို့ ပျော်မွေ့ခဲ့ပါတယ် ၊ ဒါပေမယ့်ကွယ် ကော်ဖီခရေဇီက သူမ ကျွန်တော်က လဘက်ရည် ငပိရည်ဆိုတာ ကျွန်တော့အကြိုက် သူ ခိုက်တာက ဟမ်ဘာဂါ ခက်ဘူးလားဗျာ ၊ စိုင်းစိုင်း ဆိုတာ ကျွန်တော်မသိခဲ့ ခနဲ့တဲ့တဲ့ သူ့စကား လှောင်သံများနဲ့ပေါ့ ၊ ကျွန်တော့်ရင်မှာ ရှိနေတာက ကိုမြကြီးရဲ့  မခင်နှင်းဆီ တစ်ဆောင်းသစ်ပြီ ဆိုတဲ့ ကိုသန်းလှိူင် အဆိုအလွမ်းပိုင်ပေမယ့် သူကတော့ ပန်းနွယ်ကစိမ်း ဆိုတဲ့ တွံတေးသိန်းတန်စာသားကို ဟစ်ဟော့လို […]


  ကျွန်တော် ဒီ ဂေဇက်ကို ဝင်ဝင်ဖတ်တာကြာပေမယ့် အခုမှ ရွာသားဘဝ ခံယူတာပါ ၊ ရန်ကုန်မှာနေတဲ့ ကချင်ပြည်နယ်ရွှေကူသားပါ ၊ အမေက စာရေးဆရာမ ကျွန်တော်က အားကစားဝက်ဘ်ဆိုက်အယ်ဒီတာပါခင်ဗျာ ၊