ဘဝ ဘဝ လိုတိုင်း မရ ဆိုခိုင်းကြတဲ့ ကံဇာတ်ဆရာစေသမျှ နေရ သေကြ အနေလှသူရှိ အသေလှသူရှိ အနေမလှသူ ဝေဒနာ အသေမလှသူ ဘဝလမ်းမှာ စမ်းရေအေးနဲ့ဖြင့် ဝေးခဲ့တာက အသေအချာ အဖြေရှာ မရပဲရှား ဝေဝါးဝါးကမ်းပါးမှာ ရေတွေ့ပေမယ့် ရေမရသူ အသေမတွေ့ပေမယ့် အခြေမလှသူ လူချင်းလည်းတူပါရဲ့ အားထုတ်မှုလည်း မကွာပါပဲ ချာချာလည်ငမွဲသာဖြစ်  အပြစ်ဘယ်သူ့တင်ရမည် ၊


၂၀၁၅ ဆီဂိမ်းဘောလုံး ပြိုင်ပွဲကြီးကား ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မြန်မာယူ-၂၃ အသင်းမှာ ဒုတိယငွတံဆိပ်နှင့် ကျေနပ် ခဲ့ရပြီဖြစ်သည်။ ၈ နှစ်အတွင်း ဆီးဂိမ်းဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ လာခဲ့သည့် မြန်မာယူ-၂၃ အသင်းအတွက် ပြည်တွင်းပြည်ပမှ မြန်မာတိုင်းက ချီးကျူးခဲ့ကြပြီး ဗိုလ်လုပွဲတွင် အနိုင်ရစေရန် လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြသည်။ သို့သော် မြန်မာယူ-၂၃ အသင်းမှာ စနစ်တကျရွေးချယ်စုစည်း လေ့ကျင့်ထားခဲ့သည့် ထိုင်းယူ-၂၃ ကို မယှဉ်သာပဲ ဝး၃ ဖြင့်အရှုံးပေးခဲ့ရသည်။ မြန်မာယူ-၂၃ ရှုံးနိုမ့်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရသော်လည်း ထိုရွေးကျအသင်းအတွက်ကိုမူ များစွာဂုဏ်ယူမိပါသည်။ ရွေးကျအသင်းဟု အဘယ်ကြောင့် ဆိုရသနည်း။ မြန်မာကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် AFC ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ ကဆီမီးအထိရောက်ခဲ့သဖြင့် ဖီဖာယူ-၂၀ ကမာ္ဘ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ ထိုပြိုင်ပွဲသည် ၂၀၁၅ […]


နွေမှာ ရေမရှိ  ဆောင်းမှာဖြင့် သေအောင်အေး အဲဒီရွာကလေးဟာ မိုးအခါရေလွှမ်း ကြမ်းတမ်းမှုက ဖွဲ့မကုန် မြူမှုန်မှုန်တစ်နေ့မှာ ကျနော် ထွက်ခွာလာခဲ့တယ် ၊ ဟိုးအဝေးကမြို့ဆီမယ် အလုပ်ရယ် တကယ်ပေါသမို့ မျှော်လင့်ချက်တို့ကို အဖော်ပြုလို့ ပေါ့ ၊ လက်ထဲကဘွဲ့လက်မှတ်ခမျာ ဘယ်နေရာမှ ဟန်မကျ ကြံရာမရတဲ့အဆုံး အလုပ်ကြမ်းသမားလုံးလုံးဖြစ် စိတ်မညစ်ပါဘူးလေ ရွာကအမေအတွက် အနေမခက်ဖို့သားကြိုးပမ်း ပင်ပန်းတယ်လို့မမှတ်ယူ ဖုန်ထူထူဘိလပ်မြေကြား ပျော်ပါးနိူင်ခဲ့သူပါ ၊ ဒီလိုနဲ့တစ်နေ့မှာ တွေ့လာသူအပြောကြား မျောသွားတဲ့သား အသပြာများများရစေဖို့ နယ်စပ်သို့ခြေလှမ်းကာ ထွက်လာခဲ့တယ်အမေ ၊ ရွှန်းရွှန်းဝေစကားတွေက အိပ်မက်ပါလှစေသမို့ သားကတော့ ပျော်လို့ပေါ့ ၊ နောက်တော့မှသိရအကြောင်းစုံ ရောင်းကုန်ဖြစ်ရတဲ့သား နောင်တများနဲ့ခြေချုပ်ကျ လှုပ်လို့ကို မရဘူးအမေ မထူးလေတဲ့ဘဝလို့တွေး ထွက်ပြေးလို့လည်းမရ အမှောင်ကျနေ့ရက်များစွာ  အားမပါပဲဖြတ်သန်း မရပ်တန်းပါပဲ အမေ ၊ […]


တစ်ချိန်က ဟောဒီမိုးတွေကြား သမီးရည်းစားနှစ်ယောက် ရူးလောက်အောင် ပျော်ခဲ့ကြ တစ်လက်ထဲသောထီးကလေးအောက် သောကပျောက်စုံတွဲ တစ်သက်လုံးမြဲမယ့် အတွေးနဲ့ အချစ်တွေ နယ်ချဲ့ခဲ့သပေါ့လေ ၊ မိုးစိုမှာစိုးသူက သူ့ကိုပိုက်ထွေး အို  နွေးလိုက်တာ တဲ့ ၊ ဒီလိုနဲ့ နေ့ရက်တွေဖြတ်သန်း နောက်နှစ်ဆန်းမှာတော့ ကံပဲပေါ့ဆိုတဲ့ စကားနဲ့ ထားခဲ့တဲ့မင်း နားမလည်နိူင်ခြင်းတွေကြား မိန်းမဆိုတဲ့လူစား ဒီလို တစ်သားတည်းလား များခဲ့တဲ့အတွေးတွေနဲ့ အနာကြီးနာခဲ့  စာဖွဲ့မကုန်အောင်ချစ်ပေမယ့် ညစ်လေတဲ့ မင်းလိုလူအတွက် အခန်းဆက်စရာမလို ငါဆိုတဲ့ယောင်္ကျား လွမ်းများနေမယ်ထင်သလား မင်းသင်သွားတဲ့ မာယာအတတ် ငါ အခါခါမှတ်ခဲ့ အတုံ့အလှည့်ကိုကွယ့်ငါမျှော် မင်းသာထပ်ပေါ်ခဲ့ရင် ငါ ညှာလိမ့်မယ် မထင်နဲ့နော် ၊


ဘာရယ်ဟုတ်ပါဘူး ၊ သတင်းလေးတွေ လိုက်ဖတ်ရင်း ဒီသတင်းလေး တွေ့လို့ပါ ၊ http://www.bbc.co.uk/news/uk-33090043 အဲဒီငှက်ကလေးကို နိူင်ငံကိုယ်စားပြုအထိမ်းအမှတ် ငှက်အဖြစ် လူပေါင်း ၂ သိန်းကျော်က ရွေးခဲ့သတဲ့ ၊ မဲအားလုံးရဲ့    ၃၄ % က ဒီငှက်ကလေးကို ရွေးတာပါတဲ့ ၊ ၁၂ % နဲ့ ဒုတိယက ဇီးကွက်ဗျ ၊ တစ်ခြားနိူင်ငံတွေမှာလည်း ရှိသတဲ့ ၊ အမေရိကန်က   American bald eagle လင်းယုန် ၊ အိန္ဒိယက colourful Indian peacock ကဒေါင်း ၊ ပြင်သစ်က  the Gallic rooster  ကြက်ဖ ၊ ဩစတြေးလျက အီမျူးငှက် တဲ့ ၊ ဘာပဲဖြစ်ဖြစ်ဗဟုသုတပေါ့နော […]


အဟဲ  ဘာရယ်ဟုတ်ဘူးဗျ ၊   ကိုပေါက်ရဲ့   ဓါတ်ဖမ်း အခန်းဆက်ပို့စ်တွေဖတ်ပြီး ခလုပ်နှိပ်တာသာ တတ်တဲ့ ကျနော့်ပုံလေးတွေကို သတိရလာလို့ ၊   သဂျီးဆီကလည်း ပွိုင့်ယူရင်းပေါ့လေ ၊     🙂   (  ချစ်သော ကချင်မြေ  )     ( ဆန်လေတဲ့ ဆန်လေ )   ( တစ်ကိုယ်တည်း အထီးကျန် )   ( မြူဖုံးနေတဲ့ ဇွဲကပင် )   ( ကျင်လည်ရာ )   ( တံတား နဲ့ ဘုရား )   ( သရက်သီးလေးတွေ ချိုပါတယ် )   ( […]


သားရဲ့  မွေးနေ့ ပျော်မွေ့စရာ စုံစွာညစာ ဘီယာ ၃ လုံး သောက်သုံးပြီးသကာလ ည ညအခါ လ မသာသော်လည်း အိပ်ရာထဲဆီ ဟိုဒီလူးလိမ့် ချမ်းစိမ့်စိမ့်ကြား အိပ်မက်များထဲ သူ့ကိုပဲမြင် သူ့ပင်တမ်းတ လှမ်းမရသော်လည်း အိပ်မက်ထဲတွင် သူပင်သခင်ဖြစ် တွက်ချင့်ပါသော် မမျှော်သာလည်း မျှော်မိနေဆဲ သူ့ကိုပဲ ၊ ( အိပ်မက်ဆိုတာ စိတ်ကူးယဉ်မဟုတ်သမို့ သူမက်ချင်တာ မက်တာပဲဗျို့ )    🙂


( ကျမ အိမ်ပြန်တော့မယ် မောင် ) ဒီနေရာရောက်ခါစ အူတူတူ ကျမ စတွေ့တဲ့မောင့်ကို ကျမ ဘယ်မေ့ပါ့မလည်းမောင် ဒါပေမယ့် ကျမ အိမ်ပြန်တော့မယ် မောင် အထီးကျန်မောင့်ဘဝ သိလာရလို့ သံယောဇဉ်ပိုမိတာ ဝန်ခံပါတယ်မောင် ဒါပေမယ့် ကျမ အိမ်ပြန်တော့မယ် မောင် မောင့်ဖုန်းထဲက အလွမ်းသီချင်းတွေကို ကျမ သိပ်ကြိုက်မိတယ်မောင် ဒါပေမယ့် ကျမ အိမ်ပြန်တော့မယ် မောင် မောင့်ဖုန်းစခရင်မ်က မောင့်သားဓါတ်ပုံလေးမြင်တော့ ရွာက ကျမမောင်လေး ပညာရေးအတွက် ပိုက်ဆံပိုရှာဖို့ သတိပေးနေသသလိုပဲမောင် ဒါပေမယ့် ကျမ အိမ်ပြန်တော့မယ် မောင် ကျမဘဝအတွက် ပထမဆုံးဖြစ်တဲ့ မောင့်အနမ်းတွေ ဝေချင်သလိုဝေ ကျေနပ်ပါတယ်မောင် ဒါပေမယ့် ကျမ အိမ်ပြန်တော့မယ် မောင် ပြောင်းလေရာလိပ်စာတိုင်း မဆိုင်းမတွ လာပြတတ်တဲ့မောင့်ကို ကျေးဇူးပါမောင် […]


ဂေါဝိန်ကအထွက် သင်္ဘောထက်မှာ ဗလာနီးပါး ခရီးသွား အပြောင်းများတစ်ဖက် ခုလက်ထက်ဝယ် ရှော်တယ်စက်ပြောင်း ခုတ်မောင်းသော်လည်း အလျင်လိုခရီးအတွေး ရှပ်ပြေးလေးရဲ့ တစ်ခဏနဲ့ နီးသကိုး ၊ ထိုမှတစ်လီ ကားလမ်းဆီဝယ် ဟိုမယ် အိပ်စ်ပရက်စ် ဒီညထွက်ရင် မနက်ရောက် အဲသလောက်မြန်သမို့ ဒို့တွေလူသား သုတ်သုတ်သွားလို့ သုတ်သုတ်ပြန် အဟုတ်မြန်မြန် ရုန်းကန်လှုပ်ရှား ခေတ်များပြောင်းပြီမို့  အညာဆန်တို့ရေ ကုန်ပို့အဖြစ်နဲ့ နေရစ်စေ ။ ( ခရီးသည် မပါသလောက်ဖြစ်နေတဲ့ မန္တလေး – ဗန်းမော် အညာဆန်သင်္ဘောများကိုယ်စား )


ဟိုးအရင်က စိမ်းမြမြဧရာဘေး အပျော်တေးတွေဆိုရင်း အပျိုတစ်သင်းရေခပ်ဆင်း ဝပ်စင်းဧရာ ရှိလာတာဝန် ကျေပွန်ခဲ့၏ ၊ တဖန်ထိုမှ ကာလရွေ့လာ ယခုခါဝယ် ပျက်ပြယ်သူ့အလှ မယုယသူများကြောင့် စိုးနှောင့်ဗျာပွေ ဖြစ်ရလေကြ စောက်သုံးမကျသူတို့ ဝိုင်းလို့ဖျက်ဆီး ပျက်စီးခြင်းက ငါးပါးမက ဝါးစားသွားတဲ့ မဟားတရားလူတစ်စု ပြန်ကုလို့မရတဲ့ဝေဒနာ သေရွာပါမယ့်ဒဏ်ရာ သူ့ခမျာခံနေရ ထွန်းလှတဲ့သောင်ပြင် ပြောင်းလှတဲ့ရေကြောင်း အကောင်းဆိုတာဝေး ရေကအေးပေမယ့် အရောင်ကညို ချိုစရာအကြောင်းမရှိ သနားအတိ မိဧရာ ဘယ်သူလာလို့ ကယ်ပါမည် ၊


ပိတောက်တွေဝေ နွေဆိုတာကို နူတ်ဆက်ခါနီး အထီးကျန်ခရီးက မပြီးနိူင် ယိုင်တိုင်တိုင်အတွေးတွေကြား အမေ့သား ဘာမှားလို့ အဖော်မဲ့ ပြောလှည့်ပါလား အမိမာတာ ၊


ဧပြီ ၉ ရက် အောင်မင်္ဂလာကားကြီးဝင်း ဧပြီ ၉ ရက်  မန္တလေးသို့ နေကြာအိပ်စပရက်စ် ဧပြီ ၁ဝ ရက် မန္တလေး မှ ရွှေကူ သို့ ဧပြီ ၁ဝ ရက် မန္တလေး မှ ရွှေကူ သို့ ဧပြီ ၁ဝ ရက် မန္တလေး မှ ရွှေကူ သို့ တကောင်းလမ်းခွဲ ဧပြီ ၁၁ ရက် ကျွန်းတော်ဘုရား သို့ ဧပြီ ၁၁ ရက် ကျွန်းတော်ဘုရား သို့ ဧပြီ ၁၁ ရက် ကျွန်းတော်ဘုရား သို့ တစ်တီတူး တွန်ကြူးကျော် ကျွန်းတော်ဘုရားပေါင်း ဖွားဘက်တော်ပန်း လုမ္ဗနီအင်ကြင်း ဧရာဝတီ ဒုတိယမြစ်ကျဉ်းကို လှမ်းမျှော်ရင်း ဧရာဝတီ […]


     လာမယ့် နက်ဖြန် သဘက်ခါ မကြာတော့တဲ့ ချိန်အခါ သင်္ကြန်ဆိုတာ လာတော့မယ် ၊ ကညာနော့ပျိုရွယ်များ တင်ထားတဲ့မောင်းတွေ လောင်းလိုက်တဲ့ရေတွေကြားမှာ ယမကာကတစ်ဖက် အိုက်စ်တစ်ဖက်နဲ့ ပျက်ခဲ့ရဘဝတွေ တွက်ရေလို့မဆုံး ဘယ်သူရှုံးသလဲ ? ဘယ်သူပုန်းမလဲ ? ဝုန်းကနဲတစ်ခဏမှာ ဗုန်းဗုန်းလဲကျခဲ့တဲ့အပျိုစင်ဘဝ ငိုချင်ရုံနဲ့လည်းပြန်မရ စံရခဏ ခံကြတစ်သက် အပျော်က အပျက်ဖြစ် နှစ်ကအသစ်ကိုကူး မင်းကတော့အရူး မထူးဇာတ်မှာနစ်သူတွေလည်းရှိ ပြန်ကြည့်တော့ ကောင်းကွက်မရှိ အကြောင်းဆက်ကြည့်တော့ သင်္ကြန်ဆိုတာ ပျိုကညာတွေ အိုစရာနွေဖြစ်လာ ချစ်စရာကလေးရေ ညစ်ထေးလေတဲ့ဘဝဟာ ဘာနဲ့မှ အစားထိုးမရသမို့ သတိထားလို့ဖြင့် ပျော်စေချင် ။