Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


တောင်ပေါ်သားNovember 18, 20141min52410
လမ်းတွေ လမ်းတွေကိုမြင် ဘယ်ကဝင်မလဲ မသဲကွဲလို့ ဆက်မျှော်စို့ ၊ စမ်းရေ စမ်းရေတသွင်သွင် စီးနေစဉ်မှာ လာမယ့်သူက ဘယ်ဆီမှာ ၊ ပန်းကြွေ ပန်းကြွေပြန့်ခင်း သည်ရှုခင်း မနင်းရက်သာ ကြိုသူမှာ ၊ အနမ်းပြေ အနမ်းပြေပြီ သည်လိုထင်မိ မကြည့်ချင်သူများ ဖြစ်နေမလား ၊ အလွမ်းဝေ အလွမ်းဝေဝေ ပန်းကြွေတောထဲ မျှော်မောဆဲဟာ ကျနော်ပါ ၊


တောင်ပေါ်သားNovember 14, 20141min5419
ဖူး . . . . ဖူူးလာသည့်လမ်း ဝမ်းပန်းတသာ ရှိ၍လာခဲ့ ကြိုမယ့်သူအကြည့်  သူ မသိ ၊ ငုံ . . . . ငုံစထွေးထွေး မွှေးစသည်ပန်း စခန်းသာမြေ ဩဇာရေနှင့် စ၍တော့ဖြင့် ပွင့်ရော့မည် ၊ ပွင့် . . . . ပွင့်၍လာပြီ ရိုးတံဖျားဆီ နီရဲစွေးစွေး လှသွေးကြွယ်ဝ သူ့ဘဝ ၊ လန်း . . . . လန်းလန်းလှလှ ချမ်းချမ်းမြမြ ဖြစ်ရစေဖို့ တိုးလို့ကြည်နူး ဥယျာဉ်မှုး ၊ နွမ်း . . . . နွမ်းစယောင်သမ်း မနမ်းရက်သာ ခက်ညှာဝေကင်း ဆင်းသွင်ရုပ်မှာ […]


တောင်ပေါ်သားNovember 13, 20141min80920
(တောက်…….) ဘယ်လိုမှ ငြိမ်နေလို့မရတော့ပဲ ယားနေလှတဲ့ လက်မောင်းကို ကုတ်ဖဲ့ရင်း မီးထဖွင့်လိုက်ရတယ်။ မီးရောင်အောက် ကျနော့် မွေ့ယာပေါ်မှာတော့ ကာလနာ သေချင်းဆိုးကြမ်းပိုးက ပြေးပေါက်ရှာနေပြီ၊ ရှိသမျှ အားကို လက်ညှိုးနဲ့ လက်မကြားထားပြီး ဖိချေလိုက်တဲ့အခါ ဖောင်းကားနေတဲ့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေက ဗျစ်ကနဲ ထွက်လာခဲ့တယ်။ ဒါ……..သူ စုတ်ယူထားတဲ့ ကျနော့်သွေးတွေပဲ။ x                         x                        x တကယ်တော့ ကျနော့် အိမ်လေးမှာ အရင်တုန်းက ကြမ်းပိုးဆိုတာ သိပ်မသောင်းကျန်းလှပါဘူး။ ကျနော် ငယ်ငယ်တုန်းက ကြမ်းပိုးဆိုတာလည်း သိပ်ဂရုမစိုက်မိသလို အိပ်ပြီဆိုရင်လည်း တုံးကနဲကိုး၊ ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ ဒီကြမ်းပိုးတွေဟာ […]


တောင်ပေါ်သားNovember 12, 20141min79411
တိမ်တွေပေါ်မှာ မင်း စကားသံ   လွင့်ပျံဆဲလေ သေချာသော်လည်း အဖမ်းခက်ခဲ ၊ မြေနီလမ်းမှာ မင်းခြေရာများ ရှိထားသော်လည်း ရှာရန်ကမလွယ် ဇဝေဇဝါရယ် ၊ လှည်းတန်းက အိုက်စ်ဘယ်ရီ ကော်ဖီ၂ ခွက်ရယ် သက်သေတည်လည်း ဘယ်ခွက်ဆိုတာ ငါမပြသာ ၊ အင်းစိန်လမ်းပေါ် ဒို့ပျော်ခဲ့တဲ့ ၄၈  စီးဖြစ်ကြတာ သေချာပေမယ့် ဘယ်ကားဆိုတာမရေရာ ၊ ဝိုင်ကေကေအို ထိုင်လေကို တဲ့  ချွဲနွဲ့သူ့အသံ ဟန်ပန်များရယ် ဘယ်ပျောက်ကွယ် ၊ လပြည့်ဝါဆို ငါငိုချင်ခဲ့ ခွဲတဲ့ချစ်သူ ပြစ်မြူ မျှမတင် ချစ်သူကိုကွယ့်လှစေချင် ၊


တောင်ပေါ်သားNovember 10, 20141min65510
နာရီတွေပြောင်းတိုင်း ရာသီတွေဟာဟောင်းသွားသတဲ့ ဒါပေမယ့် ချိုတစ်ခါ ရယ်တစ်လှည့် ပလီတတ်တဲ့ မင်းအတွက် ရူးတစ်ခါ ပျော်တစ်ချက် ဖြစ်ပျက်ရတဲ့ကိုယ့်မှာ နာရီဆိုတာ မရှိတော့ပါဘူး ။


မိုုးကောင်းကင်အောာက် မင်းရောက်လာမလား မျှော်စောင့်စားလည်း ခွဲသွားသူက ပြန်မလာ ၊ တိမ်ပြာပြာကြား မင်းလားလို့တွေး ငေးနေသော်လည်း ထားခဲ့သူက အဝေးမှာ ၊ စီးနေဆဲ မြစ်ရေ အသစ်တွေဖြစ်ခဲ့ပေမယ့် ချစ်ခဲ့လေတဲ့ သူ အပြစ်တွေဖွဲ့ ပစ်လေတဲ့ အမုန်းမြား ငါ့အား ထိမှန် မချိ ပြန် ငမိုက်သားမျိုး ဘာအားကိုးနဲ့ စောင့်လေသလဲ သဲကွဲခြင်း မရှိ ပီဘိအရူးပမာ ထူးမလာတာသိပေမယ့် ငြိနေဆဲ သံယောဇဉ် အမှန်ကော ထင်သလား ဟင်  ၊


ဘာရယ်ဟုတ်ပါဘူး ၊   ၂၀၁၅ ခုနှစ်အတွက် ကမ႓ာ့အကောင်းဆုံး ဝီစကီရွေးရာမှာ ဂျပန်ထုတ် ဝီစကီ ( ရာမာဇာကီ ဝီစကီ ) က နံပါတ်တစ် ရသွားတယ်ဆိုတော့   စိတ်ထဲ ထူးခြားသလို ဖြစ်သွားလို့ပါ ၊   ကျနော်တို့က စကော့ဝီစကီကသာ အကောင်းဆုံးနေရာမှာ အမြဲရှိတယ် လို့ စွဲသိခဲ့ဘူးတာကိုး ၊ တစ်ကမာ္ဘလုံးက ဝီစကီတွေရဲ့     အရသာ ၊ အရည်အသွေးစတာတွေကို အကောင်းဆုံးဖော်ပြသတ်မှတ်ပေးတဲ့   ဝီစကီ အညွှန်းအဖွဲ့  ( ဂျင်မူရေး – ဝီစကီဘိုင်ဘယ်လ် ) က ရွေးပေးခဲ့တာလို့ ဆိုပါတယ် ၊   daily mail  မှာ ဖတ်ရတာပါ ၊   ၁ […]


ဘာပြောလိုက်တယ် ပြန်ဆုံကြမယ် ဟုတ်လား မင်း နှုတ်ဖျားကစကား ပြန်ရုပ်သိမ်းသွားပါ မင်းမှာလည်း မျက်စိတစ်စုံ ငါ့မှာလည်း မျက်စိတစ်စုံဆိုပေမယ့် မတူညီတဲ့ အကြည့်တွေကြားမှာ မင်းဘက်ကကြည့်တော့ လမ်းဆုံ ငါ့ဘက်ကကြည့်တော့ လမ်းခွဲ ပြီးသွားခဲ့ပြီပဲ ကြွေပြီးသား သစ်ရွက် ပင်စည်နဲ့ပြန်မဆက်နိူင်သလို ပြာကျပြီးသား စက္ကူ စ ဥုံ ဖွ လို့ ဘယ်လောက် မန်း မန်း သူ့သက်တမ်းက ကုန်ခဲ့ပြီပဲ ရွှေမျက်ရည်လည်း လာမဝဲနဲ့ ကျူး လှခဲ့တဲ့ မင်း စကားသံ ငါ့နားထဲမှာ လျှံနေတုန်း လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ် အရုပ်လိုလဲ ငါမနေနိူင်လှ အခြေခိုင်စ ငါ့ဘဝနား လား လား တောင်လှမ်းမလာနဲ့ ဇာတ်သိမ်းခန်းရဲ့ နိဂုံး ပြီးဆုံးသွားခဲ့ပြီ ။ ( ၂၄ – […]


( ၂၀၁၄ စက်တင်ဘာ ၃ဝ အင်္ဂါည ) အိုးးးး လှေကားကလည်း မဆုံးနိူင်သေးပါလား ၊ ငါ့အိမ်နှယ်  ရောက်ခဲလိုက်တာ ၊ ရ ထစ်ဆို ထောင့်ချိုး ၊ နောက် ရ ထစ်ဆို တစ်ထပ် ၊ အဲသလို မှတ်ထားပေမယ့်  မှောင်မည်းမည်းထဲမှာ ကျနော် ဘာမှ မသဲကွဲ ၊ ချာလည်လည် မဟုတ်လှပေမယ့် လူက ထွေထွေ ခြေလှမ်းကယိုင်ယိုင် ၊ လက်တန်းကို ကိုင်တက်နေရင်း ဘယ်အထပ်ကို ရောက်နေသလဲ မသိ ၊ စောစောက ဆိုင်မှာထိုင်ရင်း စကားများခဲ့တာကပဲ အတွေးထဲမှာ ဝေ့လည်လည် ၊ ဘယ့်နှယ်ဗျာ  မနေ့တစ်နေ့ကမှ ၅ဝ ကျော်တန်ကားလေး ဝယ်စီးတဲ့ကောင်က စကားကြီး စကားကျယ်တွေ လျှောက်ပြော […]


လမ်းတွေ   လမ်းတွေ အရှေ့  အနောက်  မြောက်နဲ့တောင် လျှောက်ခဲ့သယောင် ရှိပေမယ့် ပြန်ကြည့်လေတဲ့အခါ ငါ  ဘယ်ဘက်ကလာခဲ့သလဲ မသဲကွဲပြန်ဘူး ရူးတာမဟုတ်ပေမယ့် အတိတ်တွေကပျောက် စိတ်တွေလည်း နောက်ခဲ့ပြီ ၊ ရောက်တော့မည့် ပန်းတိုင်များစွာဟာ ယောင်ချာချာငါ့ကို ကြည့်ရင်း လှောင်ခြင်းတွေနဲ့ ပုန်းနေလေရဲ့ မဆုံးတဲ့ သံသရာလမ်းမှာ မပန်သာပန်းတွေက မွှေးရနံ့နဲ့ လှည့်စား ခပ်ခါးခါးကချင်အရက် တမင်မမက်ပဲမော့ချ ပျော့ကျသွားတဲ့ယောကျင်္ားမာန ငါကွလို့ မာန်မတင်းနိူင် ရှုံးခြင်းတွေကလှိုင်လှ ပြိုင်မရတဲ့ ပွဲတွေကြား လဲသေမသွားပေမယ့် ဝဲတွေများတဲ့ မြစ်အလယ်မှာ နှစ် ၂ဝ ကြာ ကုန်ဆုံးခဲ့ ကြုံဦးဟဲ့ လောကဓံ ဇောမသန်တာ မဟုတ်ပေမယ့် မြုစ်နေတဲ့ ဘဝလှေ ရနေခဲ့ နောင်တများ အမှောင်ကျသွားတဲ့ လောကမှာ ပြောကြတာ ငါလူဆိုးတဲ့ ချိုးဖဲ့ဖဲ့ […]


ရွှေကူ ဆိုတာ ထင်ရှားခြင်းမရှိလှတဲ့ ဧရာဝတီဘေးက မြို့ကလေးပါ အဲဒီကစ ကျနော့်ဘဝ ၊ သူမ မြို့ပြမှာမွေး လှသွေးကြွယ်ဝ ချမ်းမြခြင်းနဲ့အတူ ကျနော်လိုလူနဲ့ ခြားနားလှပေါ့ ၊ ဒါပေမယ့်လေ ဘဝဆိုတာ စိတ်ကူးထက်ဆန်း အချစ်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ ကျနော်တို့ ပျော်မွေ့ခဲ့ပါတယ် ၊ ဒါပေမယ့်ကွယ် ကော်ဖီခရေဇီက သူမ ကျနော်က လဘက်ရည် ငပိရည်ဆိုတာ ကျနော့်အကြိုက် သူ ခိုက်တာက ဟမ်ဘာဂါ ခက်ဘူးလားဗျာ ၊ စိုင်းစိုင်း ဆိုတာ ကျနော်မသိခဲ့ ခနဲ့တဲ့တဲ့ သူ့စကား လှောင်သံများနဲ့ပေါ့ ၊ ကျနော့်ရင်မှာ ရှိနေတာက ကိုမြကြီးရဲ့  မခင်နှင်းဆီ တစ်ဆောင်းသစ်ပြီ ဆိုတဲ့ ကိုသန်းလှိူင် အဆိုအလွမ်းပိုင်ပေမယ့် သူကတော့ ပန်းနွယ်ကစိမ်း ဆိုတဲ့ တွံတေးသိန်းတန်စာသားကို ဟစ်ဟော့လို […]


အောက်တိုဘာ ၂၁   လူဖြစ်လာတဲ့ငါ အဖေဆိုတာ မမြင်ဖူး အမေကိုသာ ဦးချ ဖြတ်သန်းရ ခရီးလမ်း အတော်ကြမ်းခဲ့တယ် ၊ မျက်နှာမငယ်စေချင်တဲ့အမေ ထားစေတဲ့ကျောင်းက တီတီစီ မညီညာလူတန်းစားတွေကြား နေသားကျအောင်ကြိုးစား အမေ့သား မတော်လှပေမယ့်  ၁ နှစ်မှာ တစ်တန်းတက်ခဲ့ ဘွဲ့ရယ်လို့ရပြီး လောကကြီးကို စ ရင်ဆိုင် နိူင်တာလည်းရှိ ယိုင်တာလည်းရှိ ပြုံးတာလည်းရှိ ရှုံးတာလည်းရှိ သိလာရ ဘဝအကြောင်း ကောင်းချိန်မှာစံ နှောင်းချိန်မှာခံ ကံဇာတ်ဆရာ အလိုတော်အတိုင်း ခပ်မှိုင်းမှိုင်းဘဝလမ်းမှာ သားဟာ အားမပါသူ မဟုတ်ကြောင်း အမေကောင်းကောင်းသိစေဖို့ ကြိုးစားလို့ ရုန်းနေဆဲ အရှုံးတွေထဲက အမြတ်ရှာ ကျနော်ဟာ အမေ့သားပဲဗျာ အားခဲကာ မာန်ကိုတင်း ကောင်းခြင်းဆိုတာ လက်တစ်ကမ်းပါ ၊


၈၈ အပြီးတွင် စစ်တပ်အင်အားကို အကြီးအကျယ်တိုးချဲ့သည်။ ထိုအင်အား အတွက် မြေသိမ်းသည်။ ပြည်လမ်း မကြီးတစ်လျှောက် မင်္ဂလာဒုံမှ ထောက်ကြံ့ လမ်းဆုံအထိကို အုတ်တံတိုင်းခတ်လိုက်ရုံနှင့် “တပ်မြေ”ဟု သစ်သား ဆိုင်းဘုတ်လေး စိုက်ထူရုံနှင့် ပြီးသွားပြီ . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~အကြောင်းကြောင့် အကျိုးဖြစ်ကြောင်း မြတ်စွာဘုရားက ဟောခဲ့သည်။ ““ဟေတုပစ္စယော””ဟူသော ပါဠိ စကားဖြစ် ၏။ ထိုသဘောကိုပင် အိုင်းစတိုင်းကလည်း ““ရီလေတီဗတီ””ဟူသော စကားရပ်ဖြင့် သီဝရီထုတ်ပြ ခဲ့သည်။ အကျိုး တရား မှန်သမျှတွင် အကြောင်းတရားရှိကြောင်း သာဓကများစွာပြခဲ့သည်။ အကြောင်းကောင်း လျှင်အကျိုးကောင်း မည်။ အကြောင်း မကောင်းလျှင် အကျိုးမကောင်းနိုင်ပေ။ ယခုသီတင်းပတ်အတွင်း အကျိုးမကောင်းသော သတင်းတစ်ခု ကြားနေရ၍ စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ မိမိ တစ်ဦးတည်းအတွက် မဟုတ်။ […]