လူရယ်လို့ဖြစ်လာ အချစ်လည်းရှိ အပြစ်လည်းရှိ အပြုံးလည်းရှိ အမုန်းလည်းရှိ အသုံးလည်းရှိ အဖြုန်းလည်းရှိ အကြည့်လည်းရှိ အထိလည်းရှိ အသိလည်းရှိ မသိလည်းရှိ အလွမ်းလည်းရှိ အကြမ်းလည်းရှိ ပီဘိလူသားဖြစ်သော်ငြားလည်း အားခဲလို့တက်သည့်လမ်းများ အမှားတွေက စောင့်ကြို ငိုနေလို့လည်း ပိုမထူး မူးမိုက်ရှိုက်သံ  မိုးသို့ညံလည်း နည်းသောငါ့ကံ မဟန်သာသမျှ ကြံပါလည်းမရ အကျလည်းနာလှသမို့ ငါကွ လို့ ဟန်မကိုယ့်နိူင် ယိုင်နဲ့နဲ့စိတ်တွေအပေါ် ဘာကိုမျှော်၍ ရမည်နည်း ။


ဟောဟိုတိမ်တွေရဲ့  အဆုံး မင်း အပြုံးနဲ့စောင့်နေမလား အရောက်သွားမယ့် ငါ့ခြေလှမ်းတွေမှာ သေချာခြင်းတွေ သိပ်မပါပေမယ့် ရှိတဲ့သစ္စာ  ငြိတဲ့မေတ္ထာ ချစ်တာကို အားကိုးလို့ ရှေ့သို့မှသည် အစချီ လာလေပြီ မင်းထံ ငြင်းဆန်ပြန်ခဲ့ရင်ဖြင့် မထိုက်သင့်သူလို့ မှတ်ယူ ချစ်ရသူရေ ရင်ပူလှတယ်လေး   ။


တုံးအအ ယောကျင်္ား အပြုံးများအောက်မှာ မလှုပ်သာပဲ မက်ဆဲစိတ်ကူး ရူးနေဘဝမှာ ကျေနပ်စွာ ၊ ပြုံးစစမိန်းမ ထိန်းပြတဲ့ မာယာကြား များစွာ ပုရိသ သက်ဆင်းကျလာ ကျော့ကွင်းမှာ ၊ ထိုသို့သောအခါ မာယာများရှင် လွန်ပျော်ရွှင်သွား တွေ့လား ကိုးဖြာ သဲမာယာတဲ့ အိုဘယ့် ပုရိသ ခံလိုက်ရ ၊ သို့လေသော်လည်း ထိုငနဲတွင် ချေခြင်လက်စား စိတ်ကားအပြည့်ရှိ ရမည့်ခွင့်ရေး  တွေးကာချောင်းမြောင်း နေမစောင်းမီ  တုံးသည်ထင်ထား ထိုယောကျင်္ား၏ ဒါးသွားများကို မြင်စေလို ၊


– (သား….ဟဲ့သား……..ထတော့လေ…..၈ နာရီထိုးပြီ၊ လေးလပတ် အစည်းအဝေးရှိတယ်ဆို…….) အမေ့နိူးသံကြောင့် ကျနော် နိုးလာပါတယ်။ အင်း…….ဟုတ်သားပဲ၊ ဒီကနေ့ လေးလပတ် အစည်းအဝေးတက်ရဦးမှာ -(ဟုတ် အမေ……သား……နိုးပြီ…..) ညက ဟိုတွေး……ဒီတွေး……..ရုပ်ရှင်လေးကကောင်းပြန်တော့ တော်တော်နဲ့ မအိပ်ဖြစ်၊ သန်းခေါင်ကျော်……တစ်နာရီခွဲ နှစ်နာရီလောက်မှ အိပ်ဖြစ်တာကိုး…။ ဟိုတွေး…….ဒီတွေး…….ဆိုတဲ့အထဲမှာ ဒီအစည်းအဝေးလည်း ပါတာပေါ့ဗျာ။ အပတ်စဉ် အစည်းအဝေးမဟုတ်တဲ့ ဒီလို လေးလပတ်မှာ ပြီးခဲ့တဲ့ လေး လ က ဘာလုပ်ခဲ့တယ်။ လာမယ့် လေးလမှာ ဘာလုပ်မယ်ဆိုတာကို ပါဝါပွိုင့်နဲ့ ပြရတာ။ ဒါပေမယ့် MD က ရက်ကပ်ပြီးမှ ပြောလိုက်တော့ ဘာမှ ပြင်ဆင်ချိန်မရ၊ ဒီတော့ ပြီးခဲ့တဲ့ လေးလက လုပ်ခဲ့တာတွေကို ရေးချ၊ နောင်လုပ်မှာတွေကိုလည်း ရေးချ၊ ဒါကိုပဲ လက်ထဲထည့်ပေးလိုက်တော့မယ်လို့ပဲ စိတ်ကူးထားတာပေါ့၊ ဆောင်းနေရောင်က […]


ဪ…..ဘာလိုလိုနဲ့ ဝါလကင်းလွတ် သီတင်းကျွတ် ဆိုတဲ့အချိန်ရောက်ခဲ့ ပြန်ပါပကောလား……။ မနက်စောစော တိုက်ခတ်လာတဲ့ မိုးနံ့ကင်းလေကလေးတွေကြားမှာ…..ရာသီဥတုက သာသာယာယာပေါ့။ ဆောင်းကာလဖြစ်တဲ့ အောက်တိုဘာမှာ မွေးခဲ့တဲ့ ကျနော့်အတွက် မွေးနေ့က နီးလာပြန်ပြီလေ။ အသက် ၁ နှစ် ကြီးရပြန်ဦးမယ်…လို့ တွေးနေတုန်း ဖုန်းဝင်လာခဲ့ပါတယ်။ ဟဲလို….. ဟဲလို…..တောင်ပေါ်သားကြီးလား ဪ…..ဟုတ်ကဲ့ ကိုမိုက်……ပြော ဒီလိုပါ တောင်ပေါ်သားရေ…..(သိလိုက်ပြီ တစ်ခုခု အမိန့်ပေးတော့မယ်ဆိုတာ…..   🙂      ) စက်တင်ဘာ အကောင်းဆုံးပို့စ်အတွက်ဗျာ….အဲဒါလေ…..ကူညီပေးပါလား…လို့ ။ အင်း…..သူက ငှက်ကထကြီးဆိုတော့ ငြင်းလိုက်ရင်….မျက်လုံးစိမ်းကြီးတွေနဲ့ အကြည့်ခံရဦးမယ်။   ဒါပေမယ့်လေ… ကိုယ်က ရွာထဲမှာ ရွာသားတစ်ယောက်ဆိုပေမယ့် ဟိုအရေး ဒီအရေးဆို ဘာမှဖြစ်ဖြစ်မြောက်မြောက် ကူညီနိုင်ခဲ့တာလည်း မရှိ၊ တိုးတိုးတိတ်တိတ် ဝိုင်းတွေဆိုလည်း ကိုယ်ကမပါ…. (ဟဲ…..ဟဲ……စတာ)၊ ဒီတော့ ဒီလိုမျိုးလေးတွေ ကူညီပေးဖို့ […]


Nobel peace prize is won by Pakistani child education activist Malala Yousafzai, youngest person ever to receive the honour. Pakistani child education activist Malala Yousafzai and Indian child rights activist Kailash Satyrathi have won the Nobel Peace prize. At 17, Malala is the youngest recipient of the prize. The schoolgirl campaigner has continued her work […]


( နှင်းနံနက်ခင်း ) အောက်တိုဘာ ၂ ရက်  ဒီမနက်မှာ ငါမျှော်နေကြ သင်္ကေတ နှင်းတွေကဖြင့် ကျခဲ့ပြီ ၊ ပျော်သည်အတွေး ဟိုဒီငေးရင်း နှင်းတွေကြားမှာ ချမ်းမြေ့လာ တီတာဟစ်ကြွေး ငှက်ကလေးများက ငါ့အားဝန်းခ သီဆိုကြတော့ မော့ကြည့်ကောင်းကင် နှင်းများဆင်သ မြင်ရခဲ့တာ မင်းမျက်နှာ ။


ဝန်ထမ်းဟူသည်  သူ့ဝန်ထမ်းရင်း ဝမ်းဝခြင်းသို့  မျှော်လို့တွေးရ ပေးသမျှဂျူတီ ငြင်းသည်ဘယ်မရှိ မသိလျှင်မေး သိရင်တွေးရင်း ကြွေးပြင်းတွေကြား နစ်နေသားလည်း အမှားနဲဖို့ ဟန်ကိုကိုယ့် သူ့ဖို့ ကိုယ့်ဖို့ မျှလို့ရုန်းကန် ဘုန်းကံကမွဲ သည်ဘဝပဲလို့ ကံကိုလွှဲမချ   ငါဟ လူသား သူများတွေလို  သည်ကိုယ်သည်ခေါင်း သည်လက်သည်ခြေ ရှိနေသည်မို့ သူတို့ဝန်ကို မထမ်းလိုသော သည်ဇောသည်စိတ်  ကြိတ်ကာကြိုးပမ်း လွတ်လမ်းဆိုသည် ရှိရမည် ၊


တောင်ပေါ်သားSeptember 27, 20141min25711
ကံကြမ္မာက ဖန်တီးခဲ့ အမှတ်တမဲ့ မှ အမှတ်တရ ပတ်သက်လာကြပြီးတဲ့နောက် အခေါက်ခေါက်သော တွေ့ဆုံမှုကြား တိုးပွားခဲ့ရ သံယောဇဉ် ပြောချင်စရာ အများအမြင်ကြောင့် စောင့်နေကျနေရာတွေကို ငါရှောင် ဆာလောင်တဲ့ နှလုံးသားကို တပ်ဆုတ် ကျပ်ထုပ်နေတဲ့ခံစားမှုကို ယမကာနဲ့မျှော ချောမွေ့မယ့် မင်းဘဝလမ်း ငါ့ကြောင့် မကြမ်းစေချင်သမို့ ထွက်စို့လို့ အသံပေး ငါပြေးမယ် ကြံခါမှ ခွာမရအောင် ကပ်လာတော့ ထပ်မကျော့သင့်တဲ့ ဇာတ်ဝင်ခန်း ရပ်တန်းကရပ်လိုက်ရင်း ဇာတ်တိုက်ခြင်း မရှိပဲ ငါတို့ငို ပြိုမယောင် မိုးတွေကြား သွားကြစို့မှန်း တစ်ယောက် တစ်လမ်း ၊


တောင်ပေါ်သားSeptember 26, 20141min29415
ရိုးသားလို့ အေးချမ်း ဧရာကမ်းနဘေး မွေးခဲ့တဲ့ငါ အမေခေါ်ရာ ပါခဲ့ရင်း ရန်ကုန်မှာ ကြီးပြင်းရ ရက် လ တွေကိုဖြတ်သန်း အနမ်း အလွမ်း အကြမ်းတွေနဲ့အတူ ခံနိူင်ရည်တွေလည်း ထူခဲ့ပေါ့ ကျောင်းသားဘဝကနေ ဝန်ထမ်းဖြစ် အသစ် အသစ်သော အတွေ့အကြုံကြား နွားဖြစ်လိုက်  ကျားဖြစ်လိုက် မချစ်ထိုက်သူကို လွမ်းလိုလွမ်း ပစ်ထိုက်သူကို မှန်းလိုမှန်း ခပ်ကြမ်းကြမ်းဇာတ်မှာ ငါက မင်းသားဖြစ်လာတော့ ပျော့နေလို့မှ မရ လာလေသမျှ ဒုက္ခများ သုခ ဆိုတဲ့ဓါးနဲ့ရှင်း ပျက်စီးခြင်း လမ်းတွေကိုကျော် အရှေ့ကိုမျှော်လိုက်တော့ ဖျော့တော့လို့မှုန်ဝါး စုန်နေသလား ဆန်လေသလား မကွဲပြားပေမယ့် ဧရာသားရဲ့  မာန် မင်း သိချိန်ဖြင့် တန်လေပြီ ၊


တောင်ပေါ်သားSeptember 22, 20141min31412
(မြေနီကုန်း…တစ်ရာ….မြေနီကုန်း…..တစ်ရာ……ဆူးလေ ၊ ဗိုလ်တစ်ထောင်အထိ ရောက်မယ်….။) သံလမ်းမှတ်တိုင်တွင် ရပ်နေသော ကျနော်၏နားထဲသို့ တိုးဝင်လာသော ၂၂၆ ဘတ်စ်ကား စပယ်ရာ၏ အသံ ဖြစ်ပါသည်။ မြေနီကုန်းအထိ တစ်ရာဆိုတော့ အနည်းဆုံး ကားပေါ်တက်တာနဲ့ တစ်ရာပေးရတော့မှာပါလား ဟု ကိုယ့်ကိုယ်ကို တွေးမိလိုက်သည်။ ယခင်က ငါးဆယ်ခရီး ရှိခဲ့သေးသော်လည်း ယခုမူ ငါးဆယ်တန်တစ်ရွက်ဖြင့် ဘတ်စ်ကားပေါ် တက်မရတော့သည့် ကာလသို့ ရောက်ရှိခဲ့လေပြီ….။ ——————————————————————— ကျနော်သည် နာနတ်တောလမ်း ပြည်ရိပ်မွန်အိမ်ရာတွင် နေ၍ အလုပ်သည် သံလမ်းမှတ်တိုင်အနီးတွင် ဖြစ်သဖြင့် ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ စနေနေ့အထိ လှည်းတန်းမှတ်တိုင်မှ သံလမ်း ၊ သံလမ်းမှတ်တိုင်မှ လှည်းတန်းခရီးကို မရိုးတမ်း သွားနေရသူဖြစ်သည်။ ကျနော့်တွင် အကျင့်တစ်ခုရှိသည်။ သည်လမ်း သည်ခရီးအတွက် သည်မျှလောက်သော တန်ဘိုးဖြင့် ရောက်နိုင်လျှင် […]


တောင်ပေါ်သားSeptember 18, 20141min39814
မိုဘိုင်းလ်ဖုန်း ဆိုတာ ပေါ်လာတာ အတော်ကြာခဲ့ပေမယ့် ကိုယ်တွေလည်း ဘာသိဘာသာ ဒီလိုပဲ ကိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီဘက်ပိုင်းနှစ်တွေမှာတော့ ဆန်းသစ်လာမှုတွေနဲ့အတူ ဖုန်းမြည်သံ မျိုးစုံပြောင်းလဲသုံးစွဲလာကြပါတော့တယ်။ အဲဒီလိုနဲ့ ဖုန်းမြည်သံ Ringtone နဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးတာတွေ ဖြစ်လာရောပေါ့။ ဖြစ်ချင်တာတော့ ကျနော်တို့ ကုမ္ပဏီကလည်း အဲဒီ Ringtone ဝန်ဆောင်မှု လုပ်ငန်းကိုပါ ထပ်ချဲ့ခဲ့ပါတယ်။ ခေါ်နိုင်တဲ့ နံပါတ်တွေပေးထားပြီး ဒီနံပါတ်တွေကိုဆက်လို့ ကိုယ်လိုချင်တဲ့သီချင်းတွေကို Ringtone အဖြစ်သုံးဖို့ တောင်းနိုင်အောင်ပေါ့ တဲ့ ၊ သီချင်းတွေကို Ringtone အဖြစ် သုံးဖို့တောင်းနိုင်အောင်ပေါ့။ အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ။ ဝန်ဆောင်မှုပေးတဲ့ နံပါတ်တွေထဲက တစ်ခုက ဝ၉-၅၁၅၁၀၁၀၊ ကျနော့်ဖုန်းက ဝ၉-၅၁၅၁၀၂ဝ ။ ခပ်ဆင်ဆင်ဖြစ်နေတဲ့ ဖုန်းနံပါတ်ကြောင့် ကျနော့်ခဗျာမလည်း ဒီ […]


တောင်ပေါ်သားSeptember 17, 20141min1445
ငါ့နှလုံးသား စတေဒီယမ်မှာ ကြားကွင်းအဖြစ် လာကစားရတဲ့ မင်း နိူင်ခြင်းတွေကို ပွေ့ဖက် မမေ့ရက်စရာ မျက်နှာလေး ငါ မြင်ယောင်နေသေးသလို အရှုံးဆိုတာနဲ့ ကြုံရပြန်လို့ မျက်ရည်လေးစို့စို့ မို့နေတဲ့မျက်ဝန်းတွေ ငါလေ တွေ့ရပေမယ့် ဘာဆိုဘာတဲ့မှ မတတ်နိူင် ပိုင်ဆိုင်သူမဟုတ်ပဲ ပွဲကြည့်သူသာဖြစ်နေရ အရန်ဘဝက မတက်နိူင်သေး လူစားလေးလဲမှာကိုသာ မျှော်နေရ ဆိုးလှ  ဆိုးလှ  ဟောဒီဘဝ .