nyilwinJanuary 28, 20111min14914
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ နာမည်ကြီးအထူးကု ဆေးရုံကြီးတစ်ခုရဲ့ တာဝန်ရှိသူများနဲ့ ဒီဆေးရုံမှာ လူနာတွေကို ရောဂါကုသပေးနေတဲ့ သမားတော်ကြီးများကို ကိုယ်တိုင်ကိုယ်ကျလိုက်တွေ့ပြီမေးရမှာ…။ အဆင်မပြေတဲ့အတွက် ကျွန်မ သိချင်လွန်းတဲ့ အချက်တွေကို ဒီကနေဘဲမေးလိုက်ရတာပါ။ ဒီဆေးရုံရဲ့ တာဝန်ရှိသူများနဲ့ အထူးကုသမားတော်ကြီးများ မိမိတို့အသက်သခင်ကျေးဇူးရှင်ဆိုပြီး ယုံကြည်အားကိုးစွာနဲ့ ကိုယ့်အသက်နဲ့ ခန္ဓာကိုယ်ကို အပ်ထားတဲ့ လူနာနဲ့ လူနာရှင်တွေအပေါ် ဘယ်လိုများသတ်မှတ်ပြီး ဘယ်လိုများ သဘောထားပါသလဲ? ကျွန်မဘာလို့ ဒီမေးခွန်းကို မေးရသလဲဆိုရင် ကျွန်မအမျိုးသားဟာ သူယုံကြည်အားကိုးစွာနဲ့ သူ့အသက်ကို အပ်နှံထားတဲ့ အဆစ်အမြစ်သမားတော်၊ ရင်ခေါင်းပိုင်းဆိုင်ရာ သူ့အဆုတ်ကို ကုသပေးနေတဲ့ အမျိုးသမီးသမားတော်၊ သွေးရောဂါကုသမားတော်ကြီးနဲ့ နောက်ဆုံးအပ်လိုက်ရတဲ့ နှလုံးအထူးကု သမားတော်ကြီး လေးယောက်စလုံးရဲ့ ဥပက္ခာပြု လျစ်လျူရှုခြင်းကိုခံရပြီး (၂၉.၁၁.၂၀၁၀) တနလာင်္နေ့ ညနေ(၄:၃၀) မှာ အဲ့ဒီဆေးရုံရဲ့ (ICU) ဆိုတဲ့အထူးကြပ်မတ်ဆောင်မှာဘဲ အသက်ပျောက်ခဲ့ရပါတယ်။ […]