nyolayJune 19, 20111min55
ကျမ ငယ်ငယ်တုန်းထဲကပေါ့ ကျမမှာကောင်းကင် တစ်ခုရှိခဲ့ဘူးတယ်။လူတိုင်းမှာလဲ ကောင်းကင်ကိုယ်စီရှိမယ်လို့ထင်ပါတယ်။ကျမ ကောင်းကင်ကြီးကို အရမ်းချစ်တယ် ကလေး ဘဝထဲက ကောင်းကင်ကို  မျှော်ကြည့်လာခဲ့တာပေါ့ ကျမရဲ့ကောင်းကင်ကတော့ ကျမသိပ်ချစ်ရတဲ့ ဖေဖေပေါ့ ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်ထဲက ကျမကို ပြုစုလာခဲ့ရတာ ကျမ မွေးထဲက ကျန်းမာရေးချူချာသူမို့ဖေဖေပဲ ကျမကို ဂရုစိုက်လာခဲ့ရတာပေါ့ ဖေဖေနဲ့ ပတ်သက်ပီး အမှတ်တရတွေ အများကြီးပါ ကျွန်မအတွက် အမှတ်တရ အဖြစ်ဆုံးကတော့ ကျမငယ်ငယ်က နှာခေါင်းပိတ်နေလို့ အသက်ရှူမဝ ဘူးတဲ့ အဲဒါကို ကျမဖေဖေက ကျမနှာခေါင်းကို  ဖေဖေက ပါးစပ်နဲ့ စုပ်ပီး ကျမ အသက်ရှူလို့ ရအောင် လုပ်ပေးခဲ့ဘူးတယ် အဲ့ဒီ အဖြစ်ပျက်ကို မေမေက ပြန်ပြောတိုင်း ဖေဖေက အမြဲတမ်းပြုံးနေခဲ့တယ်လေ ၊ကျမကျောင်းတတ်ဖို့ အရွယ်ရောက်လာတော့ ကျမစာအုပ်လေးတွေကို အဖုံးဖုံးပေးခဲ့သူ ကျမခြင်းတောင်းလေးမှာ […]

images2.jpg

nyolayJune 14, 20111min28218
MG member များကို မိတ်ဆက်တာပါ း) ညိုလေး လို့ခေါ်ပါတယ် MG က star များဖြစ်တဲ့  လေးဖက် ၊ဦးပေါက် ၊မမဆူး ၊မမဝေ (ကျန်တဲ့သူတွေလဲ အများကြီးသိတယ်နော် ) တို့ ရေးတဲ့ ပိုစ့်တွေကို ဝင်ဖတ်နေတာ ကြာပါပီ အရေးသမား မဟုတ်ပဲ စာဖတ်တာ ဝါသနာပါလို့ MG မှာ ကျင်လည်ရင်း ပျော်နေတာပါ ခုတော့ သူများတွေ မန့်သလိုမျိုး ဆွေးနွေးချင်လို့ member ဝင်လိုက်တာပါ ပွင့်ပွင့် လင်းလင်းပြောဆို ခင်နိုင်ပါတယ် ရှင်။ (ရုပ်ဆိုးပေမဲ့ သဘောကောင်းပါတယ် )