MG ကိုခပ်ကြောင်ကြောင်“မောင်”လို့ထင်သလား…။။။ ခင်ဗျားတို့ကိုသနားတယ် ကျုပ်ကိုကျုပ်ပိုတောင်သနားသေးတယ် ဝင်ဖတ်လို့ရနေတာတစ်ခုထဲနဲ့ကျေးဇူးတင်လိုက်တော့ တစ်ခါတစ်ခါ ကွန်နက်ရှင်ဒေါင်းရင် server error ဆိုတာကြီးပဲ တွေ့နေရတတ်တာ “သူကြီးတဲ့” ဘယ်သူကစ,ခေါ်တယ်မသိပါဘူး  ကျွန်တော့်အထင် ကိုရင်အောင်ပုနေမှာ သူကမူးလာရင်၊။ မူးလာရင်ဆိုလို့ သူကထန်းရေပဲသောက်တတ်တာ ကျွန်တော်က  ဝီစကီသောက်နေကျ  သူက  သောက်ဝါ ငယ်နေသေးတယ် ကျွန်တော်က ရှပ်ကီမန်း ဆိုတော့ သူထက်ဝါကြီးတယ်လေ  ထန်းရေ  ထက် ဝီစကီက ဈေးကြီးတာပဲကြည့်ပေါ့ ဒါပေမယ့် ထန်းရေမူးလို့ဘဲ  ကျွဲခိုးပေါ်တာနော် ကျနော် ဝီစကီ မူးနေလဲ လာမေးကြည့် “သားသားမလုပ်ဘူး” ပဲပြောမှာ စကားပြတ်သွားလို့…..သူစ,ခေါ်တာနေမှာ ….။။ “သူကြီး ”ဆိုတဲ့  စာလုံး သုံးလုံးနဲ့သူလေ …..ဘာတဲ့ K ရယ် a ရယ် i ရယ်  “ကီ” လို့ […]


လက်တို့ပြီးပြောပရစေ…။။။ ဒီရက်ပိုင်းတော့  ဒေါ်လာဈေးတွေကလဲ ထိုးကျလိုက်တာ အဝီစိရောက်လုနီးနီးပါပဲ လက်ခစားလုပ်ကိုင်နေကြတဲ့ CMP လုပ်ငန်းရှင်များအတွက်ကတော့ Nov လနဲ့ ,Dec လများအတွက် လက်ခစားချုပ်လုပ်ဘို့ အော်ဒါပြတ်လုပြတ်ခင် ဖြစ်နေကြ ပြီး တစ်ချို့     Garment  တွေကတော့ ထိုလများ အတွက်အော်ဒါလုံးဝ မရှိဘဲဖြစ်နေကြလို့  Local ဘက်က ရမယ့်အော်ဒါတွေကို လိုက်ကမ်းလှမ်းနေကြရပါတယ် ယခင်လများက Garment တော်တော်များများ ဂျပန်အော်ဒါများ ရရှိကြပေမယ့်  Main Buyer များဆီက တိုက်ရိုက် ရရှိ ကြခြင်းမဟုတ်ပဲ ၎င်းအော်ဒါများဟာ တစ်ဆင့်ခံ Buyer  ကြားခံနေပြီး   ကြားခံ Buyer များဟာ ကိုရီးယားဆိုဒ်က လူတွေများပါတယ် ….။။။ Nov လနဲ့ ,Dec လများအတွက် အော်ဒါရှားပါးရခြင်းကတော့  ဒေါ်လာဈေးနဲ့ သက်ဆိုင်နေပါတယ် ဒေါ်လာဈေး […]


မျက်ရည်..။။ စာဖတ်သူများခင်ဗျား..မျက်ရည်ကျဘူးပါသလား..? ကျဘူးပါတယ်လို့သံပြိုင်ဖြေဆိုကြမယ်လို့ ထင်ပါတယ် ဘယ်အချိန်တွေမှာကျဘူးခဲ့တာပါလဲ ….ခင်ဗျား..? ဟုတ်ကဲ့ တစ်ယောက်တစ်ပေါက်ဖြေဆိုကြမယ် လို့ ထင်ပါတယ် အသံတွေတူနိုင်မယ်မထင်တော့ပါဘူး လူတိုင်းမျက်ရည်ကျဘူးကြတယ်လို့ ပြောရမှာပါ ….။ မျက်ရည်ကျခြင်း အကြောင်းအရာအဖြစ်သနစ်တွေသာ မတူညီရင် နေရမယ် တစ်ကြိမ်တော့ မျက်ရည် ကျဘူးခဲ့ကြပါတယ်တစ်ချို့ဆိုအကြိမ်ကြိမ် မျက်ရည် ကျဘူးတဲ့အတွက် မိငို/မယ်ငို/နောက်ပိုင်းမင်းသမီး/ နောက်ပိုင်းမင်းသာကြီး/အလွမ်းမင်းသမီး/အလွမ်းမင်းသား /တိုက်ကြီးသံပုရာ  လို့တောင် နောက်ပြောင်ခေါ်ဝေါ်ကြတာ တွေ့ကြုံရဘူးမှာပါ..။။လူတွေဘာကြောင့်မျက်ရည်ကျရတာပါလဲ..ကျွန်တော်ရဲ့ မပြည့်မစုံလေ့လာမှတ်သားမိသမျှလေး စာဖတ်သူအပေါင်း မျက်စိညောင်း စေခြင်းငှာ ထင်သမျှမြင်သမျှ  မဟုတ်တာရောဟုတ်တာရော ရုပ်တန်းရမ်းတုတ် မှန်းခြေလေးနဲ့ ကုတ်ခြစ်စဉ်းစားမှတ်သားစိမ့်စေသောငှာ ရေးသားအလုပ်လုပ် မျက်စိရှုပ်တော်မူကြပါရန် စေတနာအပေါင်းနဲ့ ကြေငြာမောင်းခတ်အပ်ပါတယ်…။။။။လူတွေမျက်ရည်ကျရတဲ့ အကြောင်းတရားပေါင်းများစွာရှိပါတယ်.. အဲဒီအကြောင်းတွေထဲက  အဓိက လည်းကျ ဖြစ်နိုင်ခြေလဲ များတဲ့ တစ်ချို့သော အကြောင်းလေးတွေကိုထုတ်နှုတ် တင်ပြရရင်တော့… “လူတစ်ယောက်ဟာ သိပ်ဝမ်းသာလွန်းအားကြီးလာရင်..။။” ဟာဒယဝတ္ထု နှလုံးအိမ်၌ […]


ဘယ်တတ်နိုင်ပါ့မလဲ ….။။ မနက် ၆ နာရီ ၅မိနစ် ကမန်းကတန်းလူးလဲ ထလိုက်ရတယ် တော်ပါသေးတယ် ဗီဗာဟိန်းကယ်လို့ အလုပ်နောက်ကျတော့မလို့  ငါးမိနစ်မြန်ထားတဲ့ တိုင်ကပ်နာရီကိုလှမ်းကြည့်ပြီး အခုမှ ၆ နာရီထိုးတာပါကွာလို့ စိတ်ထဲက ပြန်ပြောနေမိတယ် .. နိုးလာတဲ့အကြောင်းကတော့ ရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံက  အဆိုတော် ဗီဗာဟိန်းရဲ့ နတ်ကနားပေးတဲ့အိမ် ဆိုတဲ့သီချင်းကိုကျယ်လောင်စွာထဖွင့်လိုက်လို့ပါပဲ…အိမ်ရှေခန်းမှာတော့ အဖေလုပ်သူက ပဌာန်း တရားခွေ သံကိုကြားနေရတယ် ခုတင်ခြေရင်းရောက်နေတဲ့ခေါင်အုံးကိုခြေထောက်နဲ့ချိတ်ကောက်ယူပြီး ခေါင်းရင်းပြန်တင်လိုက်တယ်လည်ပင်းမှာစွပ်နေတဲ့ ပုဆိုးကို အောက်ကိုဆွဲချလိုက်တယ် စောင်နှစ်ထည်ကို စုပြီး အလုံးကြီးလုပ်ကာ ခေါင်းရင်းမှာထပ်ပုံ လိုက်တယ် ခြင်ထောင်ကို တွေကရာ အစကနေကိုင်ပြီးအပေါ်ကိုအကုန်ပစ်တင်ကာ မွှေ့ယာခင်းကိုလဲ  ခုနကစောင်းလုံးကြီးပေါ်ခေါက်တင်လိုက်တော့ စောင်လုံးကြီး အဖြစ်လုပ်ထားတဲ့ ဖရိုဖရဲအပုံကြီး  ပျောက်သွားတော့တယ် ဒါကအိမ်ယာသိမ်းနည်းအသစ်ပဲ….။။ အိပ်ရှေ့ဘက်ထွက်လာလိုက်တယ် တန်းပေါ်မှာတင်ထားတဲ့ ရေဝတ်ချိုးတဲ့ ဘောင်းဘီတိုလေး ကောက်စွပ်လိုက်ပြီ သွားတိုက် တံတွေ […]


ငါးမိနစ် ..လူလိမ်တွေ ။။ ကျွန်တော်ကဒီပစ္စည်းကိုသိပ်ယုံကြည်လွန်းလို့ လက်မှာပတ်ပြီးဆောင်ထားတယ်များ ထင်လို့လား ကိုယ့်လက်ပေါ်ကဟာမပြောနဲ့ အိမ်က သူ့ထက်ကြီးတဲ့ ဟာတောင်မယုံဘူး  အဲဒီအပြင် အိမ်က ဟာတွေထက် မြင့်မြင့်ရှည်မျှောမျှောကြီး ဆောက်ပြီး  အပေါ်မှာတင်ထားတဲ့ဟာကြီးတွေကိုပိုမယုံဘူးဗျာ ကျွန်တော်ကသာမယုံတာပါ . ဒါပေမယ့်ဒါကြီးက  မြန်မာပြည်ရဲ့ခရေစီ  ဖြစ်နေပြီလားတောင်ပြောရမယ်ဗျ မြန်မာပြည်တနံတလျှား    မြို့တွေမှာတော့ ဒီဟာကြီးတွေ ဆောက်ပြီး တစ်ခန်းတစ်နားခြံတောင်ခတ်ထားလိုက်သေးတယ်လေ ဒီဟာကြီးတွေဆိုတာက နာရီစင်ကြီးတွေကိုပြောတာပါဗျာ နာရီစင်ကြီးတွေဟာ တစ်မြို့တစ်ခုနီးပါး မရှိမဖြစ် မဆောက်မနေရ ဆောက်ထားသလားအောင့် မေ့ရတယ် အင်္ဂလိပ်ခေတ် ကတည်းက ဆောက်ခဲ့တာများတဲ့အတွက် အင်္ဂလိပ်တွေဟာ သူတို့လူမျိုးတီထွင်ခဲ့တဲ့နာရီကို တော်တော်လေး  တန်ဘိုးထား ဂုဏ်ယူခဲ့မှန်း ဒီလိုနာရီစင်ကြီးတွေကို  ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်  ….။။။။။ မြန်မာနိုင်ငံရဲ့အထင်ကရ နာရီစင်ကြီးတွေကိုဖေါ်ပြရ ရင်  မန္တလေးမြို့က ဈေးချိုနာရီစင်/မေမြို့ က နာရီစင် စစ်တွေမြို့က နာရီစင်/ရန်ကုန်မြို့  […]


“ပုဆိုး”ပါတဲ့…ဗျာတို့။။။။ မြန်မာလူမျိုးများ၏ ဝတ်စားဆင်ယင်မှုတွင် ရှေးရှေးကာလများက တည်းက  “လုံချည်” ခေါ် “ပုဆိုး” “ထမီ” များဝတ်ဆင်ခဲ့ကြသည်..ယခုကာလ၌ ဝတ်ဆင်ကြသော လုံချည်ပုဆိုးတို့ကို မည်သည့် အချိန်က စတင် ဝတ်ဆင်ခဲ့သည်ကို မှတ်တမ်းမှတ်ရာများရှာဖွေသင့်ကောင်းတယ်လို့ထင်မြင်မိပါတယ်။ “လုံချည်”ဟုခေါ်လျှင် ယခုခေတ် ယောက်ျားဝတ် နှင့် အမျိုးသမီး ဝတ်အားလုံးအား သိမ်းကြုံခေါ်ဆိုခြင်းဖြစ်ပြီ “ပုဆိုး” ဟုခေါ်ဆိုလျှင် ယောက်ျားလေးဝတ်ဟုသိထားကြပြီး “ထမီ” ဟုခေါ်လျှင် မိန်းကလေးဝတ်ဟုသိထားကြပါတယ် ယခင် သက်ဦးဆံပိုင် ရှင်ဘုရင်များလက်ထက်က  ရှင်ဘုရင် မင်းညီမင်းသားများရဲ့ ပုဆိုးဟာ အရှည်အတောင်နှစ်ခန့်ရှိတယ်လို့သိရပြီး  သာမန် လက်လုပ်လက်စားလူတန်းစားတွေရဲ့ ပုဆိုးဟာ မည်မျှအတိုင်းအတာရှိတယ်လို့မသိခဲ့ရပါဘူး ….။။။ ““ရှင်ဘုရင့် ပုဆိုး ပိုးချည်ပဲ”” ဆိုတဲ့ အရင်ကလူကြီးတွေ ပြောစကားအရ တော့ ရှင်ဘုရင်ရဲ့ပုဆိုးဟာ ပိုးသားစစ်စစ်တွေနဲ့သာ  ရက်လုပ်ထားတယ်လို့ မှတ်သားရပါတယ် ““အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျား”” လို့ […]


(၁) ရွေးချယ်မှု (၂) ပီတာလေးနဲ့ သန်း (၃) ဆရာ့ညွှန်ကြားချက် (၄) ပြီးမှပေါ့ (၅) ဆရာမနဲ့ရွှေအ (၆) စိတ်ရှည်ဖို့လိုတယ် (၇) ဘယ်လောက်ချစ်လဲ (၈) ဒါဆိုအိုကေ (၉) ‘ပီတာလေး’ နဲ့ ‘မေမေ့အကျႌ’ (၁၀) ပြဘို့ *********************************************************************************** (၁) ရွေးချယ်မှု ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။ ” ရွှေ နဲ့ အသိဉာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ ” ” ရွှေကို ယူမှာပေ့ါ ” ” ဆရာကတော့ အသိဉာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား ” ” […]


စာတန်းများနဲ့မြန်မာ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ မှာ စာတန်းတွေနဲ့တိုးတက်အောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူးစာတန်းတွေကြောင့်လည်း တိုင်းပြည်မတိုးတက်ပါဘူး   ဒါပေမယ် ကျွန်တော်တို့ရွှေမြန်မာများကတော့ စာတမ်းတွေနဲ့ တိုင်းပြည်တိုးတက်အောင်လုပ်နေကြတယ်လို့မြင်မိတယ်ဗျ….။။ တိုင်းပြည်တိုးတက်ဖို့ မပြောနဲ့ ပြည်သူလူထုကိုတောင် ဘယ်လိုအကျိုးသက်ရောက်မှုပေးနိုင်ပါသလဲ အဲဒီစာတန်းတွေကြောင့် ပြည်သူလူထုရဲ့ ရုပ်ပိုင်းဆိုင်ရာ  စိတ်ပိုင်းဆိုင်ရာများကို ရောအကောင်းဖက်ကိုတိုးတက်ပြောင်းလဲစေပါသလား…။။ ဒါပေမယ့် ကျွန်တော်တို့ ကိုရွှေမြန်မာ များကတော့ စာတန်းတွေနဲ့ရင်းနှီး နေပြီးသားပါ အဲဒီစာတန်းတွေ ကိုဖတ်ရလွန်းလို့လဲ ရိုးအီနေပါပြီ တစ်ခါတစ်လေလည်း အဲဒီစာတန်းတွေကို မျက်ကွယ်ပြုတတ်နေပါပြီ တစ်ခါတစ်လေလည်း သတိမမှုမိသလိုလည်းနေတတ် နေကြပြီလေ ..။။ဒါကြောင်စာတန်းတွေက်ုမမုန်းကြ သေးဘူးစာတမ်းတွေ ထပ်ကပ်ဖို့ လုပ်နေကြတုန်းဗျစာတန်းတွေရေးပြ ဖတ်ပြ ရုံနဲ့ သာတိုးတက်လာမယ် ဆိုရင်ကျွန်တော်တို့ တိုင်းပြည်ဟာ စာတန်းတွေ အပေါ်လိုက်နာမှု အရှိဆုံးနဲ့ စာတန်းတွေကြောင့်တိုးတက် လာတဲ့တိုင်းပြည်တစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ အထူးဆန်းဆုံးတိုင်းပြည်အဖြစ် ရပ်တည်နိုင်မှာပါ..။။ စာတန်းတွေက စနစ်တွေကိုပြောင်းလဲနိုင်သလား စာတန်းတွေက  ခေတ်တွေကို […]


ရိုးသားခြင်း၏ …အလွဲများ။။။ မိတ်ဆွေ ဒီတစ်ခါလဲ မေးခွန်းလေးတစ်ခုနှစ်ခုလောက်မေးပါမယ့် ရိုးသားခြင်းဟာကောင်းပါသလား..? ဘဝတစ်လျှောက်လုံးတစ်သက်လုံး ရိုးသားစွာနေတာကောင်းပါသလား..? “““( ရိုးသားမှုဂုဏ် စားမကုန်)””” ****************************************************** ရိုးသားခြင်းရှိသူအား  လူနှင့်လူပတ်ဝန်းကျင်တွင် လူတော်လူကောင်းအဖြစ်သတ်မှတ်နိုင်ပါသလား ရိုးသားတိုင်း ထူချွန်ထက်မြက်သော လူသားတစ်ဦးအဖြစ်ရပ်တည်နိုင်ပါသလား ရိုးသားမှုရှိသူသည် လူမှုရေး စီးပွားရေ ဘက်တွင် ထူးချွန်အောင်မြင်သောသူတစ်ယောက် ဖြစ်နိုင်ပါသလား ရိုးသားတိုင်းအောင်မြင်တဲ့သူဖြစ်မဖြစ် ဆိုတာထက် ကျွန်တော်သိတဲ့ အလွန်ရိုးသားသူတစ်ယောက်ရဲရိုးသားမှုကို သင်ခန်းစာယူနိုင်စေချင်ငှာ တင်ပြရေးသားအပ်ပါတယ် အသက်က ၁၃ နှစ်သားအရွယ် ဧရာဝတီတိုင်း ရွှေလောင်းမြိုကလေးရဲ့ တဖက်ကမ်း ဘွတ်တန်း ဆိုတဲ့ ရွာကြီးကနေ ရန်ကုန်ကို ဦးလေးတစ်ယောက်အားကိုးနဲ့ တက်လာခဲ့တဲ့ချာတိတ်ကလေး အတန်းစာမတတ် အသိပညာဗဟုသုတ က ဘာမှမရှိ ရွားဘေးက ဧရာဝတီ မြစ်ကြီးထဲမှာနေ့စဉ် အစုန်အဆန်ခုတ်မောင်းနေတဲ့ နှစ်ထပ်သင်္ဘောကြီးတွေကိုတောင် မစီးဘူးပဲ သေသွားတဲ့လူတွေ  ရွာတစ်ဖက်ကမ်းက ရွှေလောင်းမြို့ကလေးကိုတောင် […]


(၁) ဘာနဲ့တူလဲ (၂) အကောင်းမြင် နဲ့အဆိုးမြင် (၃) နိုင်ငံရေးပြစ်မှု (၄) တစ်ဈေးထဲပဲ (၅) မှားလို့ (၆) ဒုက္ခပေးတဲ့ကောင် (၇) မြဲမြဲကိုင် (၈) ဥပဒေသစ် (၉) ငါးပြား (၁၀) တက္ကစီ ************************************************************************************ (၁) ဘာနဲ့တူလဲ မင်းတို့မိန်းမတွေဟာလေ လက်မထပ်ခင်ကတော့ ရုပ်မြင်သံကြားလို့ပဲ အသံရောရုပ်ရော ကြားချင် ကြည့်ချင်စရာကောင်းတယ် လက်ထပ်ပြီးသွားရင်တော့ ရေဒီယိုလိုပဲ ရုပ်ကိုမကြည့်ချင်တော့ဘူး အသံကြားရတာတောင် နားညီးလာတယ် အိမ်ထောင်သက်ကလေးများကြာလာရင် ဘောလုံးလိုသာ လှိမ့်လှိမ့် ကန်ပစ်ဖို့ပဲကောင်းတော့တယ်…။။ ***************************************************************************************** (၂) အကောင်းမြင် နဲ့အဆိုးမြင် အဆိုးမြင်သမားက စိတ်မချမ်းသာစွာ ပြောသည် . . . ” ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး . . . […]


စိတ်ထားတတ်ရင်….။။။ မိတ်ဆွေ သင်တို့ကိုယ်တိုင် အလှူခံဖူးပါသလား…? ဒါမှမဟုတ်သူများလာအလှူခံတာကိုရောကြုံဖူးပါသလား…? အထက်ပါမေးခွန်းများနှစ်ခုအနက် ဒုတိယမေးခွန်းကို လူများစွာက မကြုံဘူးပါလို့ ဖြေလို့  မရနိုင်လောက်အောင် ကြုံဘူးနေကြမှာပါ ကိုယ် တိုင်အလှူလိုက်မခံဘူးသော်လည်း ကိုယ်တိုင်တော့ အလှူခံနဲ့ကြုံဘူးကြမှာပါ…..ထပ်မေးလိုက်ပါအုံးမယ်  ဘယ်လိုများ လာအလှူခံတာကိုကြုံဘူးတာပါလဲ…? ဒီမေးခွန်းကတော့  နည်းနည်းခက်ရင်ခက်  မခက်ရင် ဖြေစရာအကြောင်းအရာတွေများနေပါလိမ့်မယ်…… မိတ်ဆွေတို့ တော့ဘယ်လို အလှူခံတာမျိုးကို ကြုံဘူးတယ်မသိပါ  ကျွန်တော်ကြုံခဲ့ရတဲ့  အလှူခံနည်းအမျိုးမျိုးထဲက ကောင်းနိုးရာရာ အလှူခံနည်းများကို  တတ်သမျှမှတ်သမျှ ….. အသုံးချနိုင်စေချင်းငှာသော်လည်းကောင်း ..။။။။။ ရှောင်ရှားနိုင်စေချင်းငှာသော်လည်ကောင်း…။။။။။ ဒါနပြု နိုင်စေခြင်းငှာသော်လည်ကောင်း    တင်ပြအပ်ပါတယ်……။။ လက်တို့တောင်းရင်…။။။။။။။ အဲဒီတောင်းနည်း ……ဒီဟာကတော့ အလှူခံတာတော့မဟုတ်ဘူးဗျ ဒါပေမယ့် စိတ်ထားတတ်မြတ်တယ် လို့ ရှေးလူကြီးသူမတွေ စကားအရတော့ စိတ်ကလေးထားတတ်ဘို့တော့လိုပါတယ်..ဒီဟာကလဲ အလှူတစ်မျိုးပဲလေ.. သင် ကားဂိတ် လမ်းစုံလမ်းခွ တစ်နေရာရာမှာများ ဘတ်စ် ကားသော်လည်းကောင်းအသိမိတ်ဆွေသော်လည်ကောင်း […]


ဓမ္မာရုံ..။။ မြန်မာလူမျိုးများဟာ  သီလ ဘာဝနာကိုသာ မပွားနိုင်ရင်နေရမယ် အလှူဒါန နဲ့ ပါတ်သက်လို့ကတော့ သိပ် များများ  ပြောစရာ  ဟောစရာမလို ပါဘူး အလှူ ရေစက်လက်နဲမကွာဆိုသလို …. လို့  ပြောရမယ်ဗျ  ““သာဓုပါ သာဓုပါ”” ဆိုပြီး အသံချဲစက်သံ ကြားတာနဲ့  ငါးဆယ် တစ်ရာကတော့ လှူ သွားကြတာပါပဲ အလှူ ခံရတဲ့ အဓိက အကြောင်းရင်းသာမသိရင်နေမယ် တရား သီချင်းခွေလေးနောက်ခံဖွင့်ပြီး ဖလားတစ်လုံးရှေမှာချထားရင် အခံလှူထည့်သွားရမယ်လို့ သိနေကြပြီးသားပါ နည်းတာများတာ ပဒါန မထား ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်ကြီးလောက်အကျိုးများတတ်တယ်လို့ မြန်မာအများသိထားကြတယ်လေ……။။။ ရန်ကုန်မြို့ရဲ့  ရပ်ကွက်တော်တော်များများမှာတော့  ဓမ္မာရုံများဟာမရှိမဖြစ်  နိဗ္ပာန်ကိုသွားမယ့် ပထမလှေကားထစ်တွေလို ရှိနေခဲ့ကြတာ ပါပဲ….  ကိုယ့်ရပ်ကွက် မှာဓမ္မာရုံတစ်ခုတည်ဆောက်နိုင်ရင် ကိုယ်ပဲ ရပ်ကွက်သားတွေအနေနဲ့  အလှူအတန်းလုပ်ရာ မှာပဲဖြစ်ဖြစ် […]