Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ကာရံJune 8, 20141min3056
အမြဲမခွဲ​​နေချင်​​သော တွဲလက်​တစ်​စုံ​ ကြင်​နာ​သော အဖြူ​ရောင်​ သံဇဉ်​​လေး​ပြေးအလာမှာ ​တေးသွား​လေးတူတူ ဆိုညည်​းရင်​း ရင်​ခုန်​ရဖူးတယ်​ ​ဘေးမှာ သူ့အပြုံ​း​လေး ခိုနားရင်​းပါ ဆူးခင်​းလမ်​းပါတဲ့ အတူမငြင်​းဆန်​နိုင်​​သော ၁၅၀ဝ ​မေတ္တာများက တို့နှစ်​​ယောက်​ရင်​မှာ ခို​အောင်​း​နေစဲပါ​မေ ဘဝဆို​သောလမ်​း​လေးမှာ အချစ်​ဆို​သော ဆိုင်​းဘုတ်​​လေး ​ရေးထိုးဖူးတယ်​ အမုန်​း​တွေမဖိတ်​​ခေါ်ရဘူးတဲ့​​မေ ​ပျော်​ရွှင်​ဖူးတဲ့ ​နေ့ရက်​​လေးများ မျက်​ရည်​စက်​​လေး အလည်​မလာရဘူး​နော်​ ​မောင်​့ရင်​မှာ ချစ်​စကား​လေးတစ်​ခွန်​း အမိန်​့​တော်​ခံဘူးတယ်​ ထာဝရပါ​မေ ဘဝ​တွေဘယ်​​လောက်​ခြားခြား ​မေ့နဲ့​မောင်​သာ ချစ်​သစ္စာတည်​ရင်​​လေ တွဲလက်​က​လေး မြဲပါ​စသေား ကာရံ {8.8.2014}​


ကာရံJune 8, 20141min3175
အ​ကြောင်​းအမျိုးမျိုး​ကြောင်​့ ​နှောင်​းခဲ့တဲ့အတိတ်​​လေးမှာ ငါ​လေရပ်​တည်​ဖူးတယ်​ အ​တွေးက​တော့ ​မျှော်​​ငေးရင်​း​ပေါ့ ​ခြွေကျ​နေတဲ့ အပင်​အိုအနားမှာ ခိုနားရင်​း နွမ်​လို့​ဝေ​နေတဲ့ ပန်​းက​လေး​တွေ​မြေခ​နေတယ်​ ငါ့ပါးပြင်​မှာ​တော့ မျက်​ရည်​စ​တွေနဲ့ပါ   အလွမ်​းဆိုတာ စမ်​း​ရေလို​အေးမြ​စေသလား အချစ်​ဆိုတာ ပန်​းခ​ရေလို ​မွှေးပျံ့​စေသလား   ဖြူပါတယ်​ဆိုတဲ့စံပယ်​​တောင်​ မှိုင်​းလို့​နေခဲ့​သေးတယ်​ ယုယစွာ​ထွေးပိုက်​မိလို့​ပေါ့   ဆူးများမှန်​းသိ​ပေမယ်​့ နှင်​းဆီ​လေးတစ်​ပွင်​့ ရင်​ထဲပျိုးမိဖူးတယ်​ ရူးရမှန်​းသိ​ပေမယ်​့ တက်​မက်​စွာရှိုက်​နမ်​းဖူးတယ်​ ပန်​းက​လေးက​တော့ အလှမ်​းကွာ​ဝေးခဲ့ပါပြီ   ​ကြွေမှာစိုးလို့ တိုးတိုး​လေးခိုးအနမ်​းမှာ ရိုးရိုး​လေး​ပြောခဲ့ပြန်​တယ်​ ငါမင်​းကို သိပ်​ချစ်​တယ်​​ပေါ့   ကြာခဲ့ပါပြီ​လေ အတိတ်​ဆိုတာ တစ်​ခန်​းရပ်​မို့ အနမ်​း​လေးအိပ်​မက်​အ​ပေးမှာ ရနံ့​လေး သင်​းပါ​စေသား   ကာရံ  ၈  ့၈  ့၂၀၁၄​


ကာရံJune 6, 20141min2744
အဖိုးမထိုက်တန်လေရော့သလား ပိုးကိုက်တဲ့ပန်းတဲ့လေ ပြောရက်တယ်နော် အခြေမလှပေမယ့် မြေခတော့မယ်ပေါ့ကွယ် ရှိပါစေတော့လေ အခြေကြီးသူအမိဘဝက ပန်းခရေမဖြစ်ဖို့ မောင်တွေးမိပါတယ် ခရေဆိုတာလေ လေပွေပြင်းပြင်းလေမတိုက်တောင်မှ ဆင်းသက်ခြွေလေသူမို့ပါကွယ် ပက္ကာသဏတွေ စီးကာခြားသူမို့ သဘာဝအခြေမလှသူမောင့်အဖို့ကတော့ ပိုးကိုက်တဲ့ပန်းပမာ မလန်းတာတော့သေချာပြီပေါ့ ဆုတောင်းမှားလေရော့သလား ကံခေသူဘဝမို့ ပေးဆပ်နေရသူလား မေရယ် ဘဝတွေဘယ်လိုပဲပြောင်းပြောင်း အမိကိုချစ်တဲ့စိတ်ကလေ ဟောင်းမသွား ရိုးမသွားပါဘူးကွယ် အမြင့်ကိုမှမှန်းတက်တဲ့ အမိကိုလေ ပြောလှည့်ချင်ပါတယ် အချစ်ဆိုတာ ရင်ထဲကမပါပဲ ပြောတက်ရင်လေ အစဉ်သာလမ်းမှားလိုက်တက်တယ်ဆိုတာ နားလည်တဲ့တစ်နေ့ မောင့်မေတ္တာပန်းလေး လှမ်းဖို့လာခဲ့ပါနော်  ပိုးကိုက်တဲ့ပန်း ပိုးကိုက်တဲ့ပန်း ပိုးကိုက်တဲ့ပန်း ပါကွယ် ကာရံ (၆.၆.၂၀၁၄)


ကာရံJune 5, 20141min3275
ပန်းတစ်ခင်းပျိုးဖို့  ငါလည်းအားအင်အပြည့်ရှိပါတယ် အမိမြေပေါ်မှာ ကြီးပြင်းသူမို့ စိတ်မနောလည်းဖြူစင်လှသူပါ ရိုးရာအမွေမပြတ်စေဖို့ အသိစိတ်နဲ့ ကြိုးစားဖူးတယ် တိုင်းရင်းသားစိတ်ထားအလှ ကမ္ဘာကလည်းသိပါတယ်လေ ရွှေရောင်လွမ်းတဲ့တိုင်းပြည်မို့ မေတ္တာတရား ကြီးမြတ်သူပါ အတ္တဆိုဘေးမှာထား မာနကိုအဝေးပို့ ရိုင်းပင်းကူညီသူမို့ တစ်မျိုးချစ်စရာ့အသွင် အားငယ်သူဖေးမလို့ အကြင်နာတရား ရင်မှာထားသူပါ ငါမှာလက်နက်မရှိ ငါ့မှာအမုန်းမရှိ ငါ့မှာလောဘမရှိ ပြောသမျှသည် ရိုးသားဖြူစင်ခဲ့ရင် ငါပျိူးသည့်ပန်း လန်းပါစေသား အကြင်ဘယ်သို့သွားမည်နည်း အကြင်ဘာကြောင့်အတ္တဆန်နေသနည်း အကြင်ဘာ့ကြောင့် မအေးချမ်းပါသနည်း မေးခွန်းပေါင်းအဖြေရှာကြည့်လျှင် လောကကြီး တရားမျှတမှုအဘယ်ကြောင့် အဝေးကိုရောက်နေပြီနည်း ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမည် နောက်လိုက်ကောင်းမှ လောက အေးချမ်းမည် တရားသောလောကကြီးမှာ အသင်ဘာကြောင့် ဇောတက တက်နေရပါသလဲလေ တွေးကြည့်ပါလေ ပြေးကြည့်ပါလေ မေးသိပါစေကွယ် တစ်ခဏလေးဘဝမို့ လောဘမီး ငြိမ်းပါစေသား ပန်းဆိုတာ နေရောင်ဖြန်းမှပွင့်လန်းသလို အချိန်တန်မှ ငြိုးပါစေသား ကလေးသူငယ်အတွေးမှာ […]


ကာရံJune 3, 20141min50110
အားမငယ်ပါနဲ့ကွာ ဘဝဆိုတာ တမာလို မခါးသက်တာတော့ သေချာတာပေါ့ မာယာတွေ ဘယ်လောက်ပေါပေါ မင်းလေးပြုံးကြည့်လိုက်ပါ အရှုံးဆိုတာလေ ယူတက်ရင် အသုံးကျလာမယ့် လှေကားထစ်လေးများပါ သူငယ်ချင်း   ဘယ်တော့မှ ကျော်မတက်ပါနဲ့နော် မတော်လို့ ချော်လှဲခဲ့ရင်လေ မထိနာမိမှာစိုးလို့ပါ သူငယ်ချင်း   လောဘဆိုတာ သောကရဲ့လှည့်ကွက်တစ်ခုပါ မောဟချင်းမပြိုင်ချင်းပါနဲ့ ပြောသမျှတွေ သဘောမကျခဲ့ရင်လဲ မင်းဇောတက မတက်လိုက်ပါနဲ့နော် သူတို့ရဲ့သောကတွေက မင်းလောက်မလျှော့ဆိုတာ မမေ့ပါနဲ့ သူငယ်ချင်း   မချစ်လို့ပြစ်သွားသူတွေအတွက် မင်းဝမ်းမနည်းလိုက်ပါနဲ့ သက်ဆင်းလာမယ့် မျက်ရည်စက်တွေက အသွေးအသားတို့ရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင် မင်းနားလည်ပေးလိုက်ပါ မင်းနောက်မှာ ကြင်နာမယ့်သူတွေ လက်ကမ်းကြိုနေလိမ့်မယ်လေ   သူငယ်ချင်းသိပါစေ တိုတောင်းတဲ့ ဘဝခရီး ဘယ်လောက်ကြမ်းကြမ်း ဇွဲဆိုတာကို လက်ကိုင်ထားရင်လေ မျှော်လင့်ချက် ပန်းတိုင်ဆိုတာ ငါတို့အတွက်ပါ သူငယ်ချင်း   […]


ကာရံMarch 10, 20141min2703
အခြေတစ်ခုခိုင်မြဲဖို့ ခွန်အားတွေနဲ့ ထုစစ်ဖူးခဲ့တယ် လောကဓံကတော့ အငို အပြုံးရယ် ဆန်နေတုန်းလား အတုံ့အလှည့်ဆိုတာ အားငယ်သူအဖို့တော့ အရုံးပေးမိဖူးသော စိတ်ဓါတ်ခွန်အားလေလား မာနကိုရွက်လွှင့်ဖူးခဲ့ လောဘကိုလှော်တက်သဖွယ် ဦးနှောက်နှင့် ဆန်တက်သောလမ်း အတ္တခရီးကြမ်းတစ်ကွေ့မှာ ရှုံးနိမ့်ဖူးခဲ့တယ် သောကတွေကတော့ ဗလပွပေါ့ လွမ်းသစ်ပင် ငြိုးကာနွမ်း အကျည်းတန်ဌက် အော်သံတစ်ချို့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်အနားမှာ ခတ္တနားခိုနေကြတယ် ဒီညကြယ်တစ်ပွင့်မှ မလာဖူးလေ အရာရာ ဖြစ်ပျက်သဘောမို့ အနှစ်မဲ့ ညအခါ ဘဝတစ်ကွေ့မှာ ရေးမိခဲ့သော အလင်္ကာ


ကာရံMarch 10, 20141min2231
တစ်ပွင့်ပန်းမို့ မွှေးပျံနေစဲ နံဘေးမှာ ပျားပိတုန်းခိုတွဲလို့ အဝေးကလိပ်ပြာငယ်လေး မျှော်ကာတွေးမိပါတယ် ပန်းကလေးရယ် အလှမ်းဝေးရသူမို့ စိတ်အားရယ်ငယ်နေတုန်းပါ ရနံ့ကြွယ်ပန်းလေးမို့ တော်ဝင်ထိုက်ပါတယ် လိပ်ပြာငယ်လေးကတော့ တစ်ဝဲလည်လည်ပေါ့ ပန်းကလေးရယ် မငြိုးနွမ်းပါနဲ့နော် မိုးစက်ကလေးခြွေမကျအောင် အဝေးက ဆုတောင်းနေမယ့်သူပါ နွမ်းလို့ပဲကြွေကြွေ ရနံ့ကြွယ်လို့ပဲ ဝေဝေ ဆောင်းလေပြေလေးတစ်ကွေ့မှာ မျှော်ငေးရင်းရင်ခုန်ရသူမို့ ထာဝရပိုင်ဆိုင်ခွင့်လေး မရရင်လည်း ရနံ့လေးတော့ မွှေးပိုင်ခွင့် ရှိချင်ပါသေးတယ်     ကာရံ  ၉.၃.၂၀၁၄


ကာရံMarch 8, 20141min2653
မေမေအားငယ်စိတ်နဲ့ သားငယ်ကိုလွမ်းနေရောပေါ့ အနေဝေးတဲ့ တိုင်းတစ်ပါးမှာ အမေပေးတဲ့ခွန်အားတွေနဲ့ ရှင်သန်စဲပါမေမေ မေမေ အာရုံဦး တရားသံတွေရဲ့အောက်မှာ သားမရှိခဲ့ပါဘူးလေ မေမေအမျှဝေတဲ့ အသံကိုလေ အဝေးရောက်သား နေ့တိုင်း ကြားယောင်နေစဲပါပဲ မေမေချက်ကျွေးဖူးတဲ့ဟင်းလျှာတွေက သားအတွက်လေ နတ်သုဒ္ဒါအလား သားမေ့မရပေမယ့် တိုင်းတစ်ပါးမှာတော့ ဝမ်းဝအောင်စားရင်း မေမေ့ရင်ခွင်အနား ပြေးမြင်မိပါတယ် ခါးသက်လှတဲ့လောကအလည်မှာ အားငယ်စိတ်ထားနဲ့ ကြိုးစားနေတယ်ဆိုတာ မေမေသိရင်လေ မျက်ရည်မခြွေလိုက်ပါနဲ့နော် သားလေ တိုက်တာတွေနဲ့ ထားချင်သူမို့ပါ အချောအလှတွေပေါများပေမယ့် မေတ္တာစစ်ဆိုတာလေ မေမေ့ရင်ခွင်အလည်မှာ သားခိုဝင်နားချင်သူမို့ မေမေရယ် ကျမျက်ရည်ခြွေမိသူသား အပြစ်မရပါစေသား     ကာရံ ၆.၃.၂၀၁၄


ကာရံMarch 8, 20141min2983
သခင့်အနားခစားဝင်ဖို့ ရင်မှာထာဝရပိုင်ချင်သူ မာယာတစ်ခန်းတစ်နားနဲ့ နှလုံးသားကိုပန်းလိုခြွေဖို့ ဘဝကိုဖန်ဆင်းလေသူ မုသားကိုရေလိုသုံး အမုန်းကိုအဖော်ပြု သစ္စာတရားကို အနှစ်သာရမဲ့စွာပြောသည့် သခင်ကိုမှ ရင်ထဲကမြတ်နိုးစွာ ချစ်မိလေသူ အချစ်ကိုကျိန်စာမိခဲ့သူဘဝ နှလုံးသားတစ်ခုပျက်သုံးသွားပါစေ ပေးဆပ်ချစ်ရသူမို့ အမိန့်တွေကြားမှာ ခစားခဲ့ရသူ သခင်ရယ် ကြင်နာမှုဆိုတာ ရင်မှာဖြစ်တည်ရင်လေ ချစ်ကြီးသူဘဝမို့ စာနာလှည့်ပါ အိုပြည့်ရှင်       ကာရံ ၈.၃.၂၀၁၄


ကာရံMarch 3, 20141min2844
အတွေးကမ္ဘာထဲမှာ ရေးစရာများလာတော့ ကဗျာဆိုတာခံစားတက်လာတယ် ကာရန်တစ်ပိုင်းတစ်စကိုစု အခြေခံအပိုင်းအခြားတွေအောက်မှာ ကဗျာလေးကို အသက်သွင်းမိတယ် နှလုံးသားကနုတာလား အပြုံးတရားက ဖြူတာလားတော့မသိ ကဗျာလေးက  ချစ်စရာ အတွေးညတွေပေါ့ ချစ်ခြင်း မုန်းခြင်း ကွေကွင်းခြင်း ဝေးကွာခြင်းတွေအောက်မှာ ကဗျာလေးတွေ ကျရောက်လာတယ် ဆုံဆည်းခွင့်လေး နိုးမထခင် ရေးဖြစ်ခဲ့ကဗျာလေးကတော့ အလွမ် အဆွေး ဖြစ်ပေါ်လာခဲ့ရင် ကဗျာဆိုတာလေ                                 ကာရံ


ကာရံFebruary 10, 20141min2772
ခါနွေဦးမို့ လွမ်းရသူပါ ချစ်သူရယ် အလွမ်းနှစ်ကူးမို့ နွေဦးအလှလေးကတော့ တစ်မျိုးချစ်စရာပေါ့ စိမ်းလန်းခြင်းကင်းတဲ့ နွေဦးလေးမှာ လေရူးတို့ တစ်သုန်သုန် အရိပ်မဲ့ မြူခိုးတွေတောင် ကခုန်နေကြပြီ ဒီချိန်ဆို အလွမ်းတွေအပြည့်နဲ့ စမ်းရေအေးရဲ့ ဘေးနံဘေးက ချစ်သူလေးကတော့ ရွှေငါးလေးကို ရေတွက်ရင်း မျှော်နေပြီလား ပြန်ဆုံနိုင်မယ့်တစ်နေ့ လက်ချိုးရေရင်း နွေဦးရယ် မြန်မြန်ကုန်ခဲ့ရင်လေ ပြောလဲ့ချင်စမ်းပါဘိ ခါနွေဦးမို့ လွမ်းရသူသို့     ကာရံ 10.2.2014


ကာရံFebruary 10, 20141min3324
နွေဦးကဗျာ အချိန်တွေတစ်ကယ်ကူတဲ့ နွေဦးကဗျာည လမင်းလည်းထိန်ထိန်သာလို့ပေါ့ ဒါပေမယ့် ဘေးမှာကြင်နာသူမရှိဘူးလေ နွမ်းလို့ကြွေတဲ့ ပန်းဖူးလေးတောင် ရံနံကူးလို့ ပြယ်လွင့်ခဲ့ပြီပေါ့ အလွမ်းတွေ ရင်ခွင်အကူးမှာ လေပွေရူးတို့ မြူးတူးနေခဲ့ကြတယ် ဒီည ကြယ်မကြွေခဲ့ပါဘူးလေ အဖော်မဲ့နေတဲ့ဂစ်တာအိုလေးဘေးမှာ ငါ့တစ်ယောက်ထဲ တီဆိုရင်း မျက်ရည်စက်တစ်ချို့ အငွေ့ပျံခဲ့တယ် ဒါကိုသူမသိခဲ့တော့ဘူးလေ နွေဦးကဗျာလေးကတော့                                ကာရံ 10.2.2104 နွေလည် ဥဩ ငြိုးနွမ်းနေခဲ့ပြီလေ တစ်မျိုးလွမ်းစရာ နွေဦးခါ ရိုးတံပြိုင်းပြိုင်း အလှကင်းမဲ့ ရွက်ခြောက်တို့စုဝေးရာ ဘေးအကွယ် တေးစပ်နေတဲ့ ဥဩဌက်ငယ် ကြင်နာသူ ဘယ်ဆီမှန်း ရတက်မအေးဖွယ် ချစ်သူရေ နွေနေပူလျှောက်သောလမ်း ငါ့နှလုံးသား မောပန်းအတိ သူသိလေမလား ဥဩရယ် ဥဩ ဥဩ ရင်နစ်အောင်လွမ်းလည်း အထီးကျန်မျက်ဝန်းထဲမှာ ကြင်သူရဲ့ ပုံရိပ်ထင်ကျန်နေမလဲဆိုတာ ဘယ်သူသိမလဲလေ                          ကာရံ […]