ဦးဦးပါလေရာ အစစ်ရေ ဦးပါက ပို့စ်တစ်ခုမှာ အစိုးရကို လမ်းဘေးဈေးသည်ပဲ နိုင်အောင် ရှင်းပါအုံး လို့ ရေးထားတာလေး မှတ်မိလိုက်ပါတယ်။ ဘယ်ပို့စ်လဲတော့ မသိတော့ဘူး။ တနင်္ဂနွေနေ့ညနေက ဘိလပ်ပြန် အဘဆွေနဲ့ ရွာသူားတွေ တွေ့ကြပြီးတော့ ဦးပါက ကျမကို မြို့ထဲ လမ်းကြုံပို့ပေးတယ်မလား။ ။ အဲဒီနေ့က လမ်းမတော်မီးပွိုင့်လွန်ကတည်းက မဟာဗန္ဓုလလမ်းမကြီးရဲ့ ဘယ်ညာမှာ ခင်းထားတဲ့ လမ်းဘေးဈေးဆိုင်တွေ နဲ့ လမ်းလယ်မှာ လူတင်ချတဲ့ ဘတ်စကားတွေကြားက ဘုရားတပြီး စလိုးမိုးရှင်းနဲ့ မောင်းခဲ့ရတယ်လေ။ ကျမတို့ လမ်းထိပ်ရောက်တော့ မဟာဗန္ဓုလလမ်းမကြီးရဲ့ ကတ္တရာလမ်းပေါ် မီးဖိုတွေ၊စားပွဲ ကုလားထိုင်တွေချပြီး ယာယီအမိုးတဲတွေထိုးပြီး ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ နဲ့ လမ်းထိပ်မှာ ကန့်လန့်ရပ်ထားတဲ့ စည်းကမ်းမဲ့ကားတွေကြားက အသက်အောင့်ပြီး ကွေ့ဝင်ခဲ့ရတယ်။ နောက်တနေ့ 4.3.2013 တနင်္လာနေ့ညနေ မြို့ထဲရောက်တော့ […]