padonmarJuly 27, 20112min2275
မ ရယ် .. မိုး ရယ် .. ချောစိုး ရယ် … .. .. . မန္တလေး – ကျောက်ဆည် ခရီးစဉ် .. .. ၂၃-ဇူလိုင်-၂၀၁၁ – – – – – – – – – – – – – – – – – – – – မနေ့က ဘဲ အစ်ကိုတစ်ယောက်က ပြောလိုက်ပါရဲ့.. “ဒီမှာ ထမိန်လေး နဲနဲ မ, လိုက် စမ်းပါ …” .. “အို .. ဘာဖြစ်လို့ လဲ […]


padonmarJuly 17, 20111min36314
< ဒီစာလေးကို မသိသေးတဲ့ လူငယ်တွေအတွက်ရည်ရွယ်ပါတယ်။သိနားလည်ပြီးလူကြီးများကတော့ အမှားပါရင် ပြင်ပေးကြပါရန်။ အရင်က  ဓမ္မစကြာတရားတော်ဟောကြားပုံနဲ့ ပတ်သက်လို့ ပဉ္စဝဂ္ဂီဆိုရင် ရဟန်းအသွင်နဲ့ ထုလုပ်ထားတဲ့ပုံတွေဘဲ မြင်လေ့ရှိတာရော၊ ကိုယ်တိုင်ဗဟုသုတနည်းတာပါ ပေါင်းပြီး ဝါဆိုလပြည့် မြတ်စွာဘုရားရဲ့ ဓမ္မစကြာတရားနာလိုက်တာနဲ့ ပဉ္စဝဂ္ဂီ ငါးပါးလုံးရဟန္တာဖြစ်သွားတယ်လို့ထင်ခဲ့မိပါတယ်။ မကြာသေးမီနှစ်များမှာမှ ဓမ္မစကြာ သင်တန်းတွေတက်မိတော့မှဘဲ ဒီအထင်မှားမှန်းသိခဲ့ပါတယ်။ တကယ်တော့ ပဉ္စ=၅   ဝဂ္ဂီ=အစု ၊ဒီငါးပါးအစုလေးမှာ ပါရမီချင်း ဉာဏ်ရည်ချင်းမတူကြပါဘူး၊ အရှင် ကောဏ္ဍည(ကွန်ဒင်ညလို့ အသံထွက်ပါတယ်) တစ်ပါးသာ ဓမ္မစကြာဒေသနာအဆုံးမှာ သောတာပန် ဘဝ နဲ့ ဧဟိဘိက္ခု အခေါ်ခံရပြီး ရဟန်းဘဝရောက်ပါတယ်။ အရှင် ဝပ္ပ က ဝါဆိုလပြည့်ကျော် ၁ရက်နေ့ ၊အရှင် ဘဒ္ဒိယက ၂ရက်နေ့ ၊အရှင် မဟာနာမ် က ၃ ရက်နေ့ ၊အရှင် […]


padonmarJuly 6, 20112min5883
လုပ်ကိုင်ချင်စိတ်ရယ်၊ ကျွမ်းကျင်မှုရယ်၊ ရှိပြီး လုပ်ကိုင်နေကျဆိုရင် ဘယ်အလုပ်မဆို လွယ်ကူသွားပါပြီ။ (ဓမ္မဒူတ အရှင်ဆေကိန္ဒ) အာယုဒါန (ကျန်းမာရေး) အလှူတော် .။ အခမဲ့ ဆေးခန်း နန္ဒဝန်ဓမ္မရိပ်သာ၊ သန်ဒေပင်ရပ်၊ ပြည် အခုလာမယ့် စနေနေ့ 9-7-2011 ခရီးစဉ်ကတော့.. ကျောက်ကွင်းကျေးရွာ က မူလွန်ကျောင်း အဆောက်အဦး နဲ့ စားပွဲ-ကုလားထိုင်တွေ ပြီးသွားပြီ မို့ ကလေးတွေက အဆောက်အဦး အသစ်မှာ စားပွဲ ကုလားထိုင် အသစ်တွေနဲ့ စာသင်နေကြ ပါပြီ။ အဲဒါလေးလဲ သွားကြည့်ရင်း လှူစရာရှိတာလေးတွေလဲ လှူရအောင်ရယ်..။ နောက်ထပ် လှူထားတဲ့ ရေတွင်း ရေကန်တွေ လဲ ပြီးနေပြီမို့ အခြေအနေ သွားကြည့်ပြီး မှတ်တမ်းတင်ပုံတွေ ယူဖို့ပါ..။ ကျမတို့ ရဲ့ အလှူရှင်တွေ စုပေါင်းပြီး […]


padonmarJune 27, 20111min44112
မိုးစက် မိုးပေါက် ကလေးများ မှ သည်……. ၁၉-ဇွန်လ-၂၀၁၁ (တနင်္ဂနွေနေ့) ဒီကနေ့ ရန်ကုန် သီတဂူ ကမာ္ဘ့ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲ နဲ့ အလှူ ရေစက်ချ အခန်းအနားကို ရောက်ပါတယ်..။ နှစ်ထောင် အဖွဲ့ အနေ နဲ့ပါ…။ ကျမ တို့ ၂၀၀ဝ အဖွဲ့ ရဲ့ လစဉ် ပုံမှန် လှူနေကျ အလှူ တွေ ထဲမှာ .. သီတဂူ အလှူတော် က နံပါတ် (၁) ထိပ်ဆုံးကပေါ့..။ ၂၀၀၆ အောက်တိုဘာလ က စပြီး လစဉ် လှူခဲ့တာ အခုဆိုရင် ၅ရ ကြိမ် မြောက်ခဲ့ပါပြီ..။ သီတဂူ လုပ်ငန်းကြီး (၃) ရပ် ဖြစ်တဲ့ သီတဂူ […]


padonmarJune 14, 20111min33811
၁၄ နှစ်သမီးကျောင်းသူလေး တစ်ယောက်အကြောင်း ရွာသူရွာသားတွေကို ပြောပြချင်ပါတယ်။ သူကလေးက ရ တန်းအောင် ၈တန်းတက်ရမှာပါ။ကျောင်းပိတ်ရက် အထည်ချုပ်စက်ရုံမှာ ချည်မွေးညှပ်ဝင်လုပ်ပါတယ်။ လစာ ၄၅၀၀ဝ ရပါတယ်။ဒီလဆန်းမှာ ကျောင်းပြန်တက်ဖို့ ထွက်သွားရာက လလယ်မှာ အင်တာဗျူးပြန်လာဝင်ပါတယ်။ကျောင်းတက်ဖို့ စုထားတဲ့ လခကို အိမ်လခပေးလိုက်ရပါတယ်။(အိမ်လခက ၄၀၀၀ဝပါ၊မရမ်းကုန်းမှာပါ) အမေက လေးဘက်နာ နှလုံးရောဂါသည်။အဖေနဲ့ အမေက ကွဲနေပါသတဲ့၊အစ်မအကြီးဆုံးက ၅ တန်းထဲက ကျောင်းထွက်ပြီး အခု ဝက်သားတုတ်ထိုး လမ်းဘေးမှာရောင်းရပါတယ်။ ဒီတလောမှာ ဝက်နားရွက်ပြာနေတော့ အမဲသားတုတ်ထိုးပေါ့။ အစ်မ ကလည်း အပျိုလေးဆိုတော့ ဈေးရောင်းရတာရှက်ပါတယ်တဲ့။ အစ်မလတ်က ၁ဝ တန်းကျတော့ ဒီနှစ် အပြင်က ကျူရှင်တက်ဖြေမယ်တဲ့။ မောင်လေးက ၅ တန်းပါ။အဖွားပါ မိသားစု ၆ယောက်မှာ အစ်မကြီးလုပ်စာနဲ့ ဒီသမီးလေးကျောင်းပိတ်ရက် လုပ်အားခ နဲ့ […]


padonmarJune 14, 20111min42723
ဒီရက်ပိုင်းအတွင်း ဒေါ်လှတွေ ရော FEC ,Earning တွေရော ဒလိမ့်ခေါက်ကွေးကျနေလို့ exporter တွေ ဒေါ်လှစားတွေသာမက ကြွေးယူပြီး ပြည်ပထွက် ငွေရှာကြတဲ့သူတွေပါ အော်ညည်းနေကြပါတယ်။ အကြောင်းတွေတော့ အမျိုးမျိုးကြားရပါတယ်။အိမ်ခြံမြေ လေလံငွေရှင်းဖို့၊ကျောက်ပွဲလေလံငွေတွေဝင်လာလို့ ၊ရေနံနဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ စုပုံလာလို့၊တရုတ်ကချေးငွေရလာလို့စသည်စသည်….. အဲဒီထဲမှာ အခုအသစ်ကြားမိတာကတော့ US& China Big Game Play တာဖြစ်ပါသတဲ့၊ China Yuan က ဈေးတအားမာနေတာကို US က ချခိုင်းလို့မရတော့ ဒေါ်လာငွေပျော့အောင်လုပ်ပါတယ်တဲ့။ဒီအခါ တရုတ်ပြည်ထဲက ရင်းနှီးမြှုပ်နှံမှုတွေ တွက်ခြေမကိုက်လို့ နီးစပ်ရာ မြန်မာ။ဗီယက်နမ်စသည် ပြောင်းရန်ပြင်ပါတယ်တဲ့။ အဲဒီလိုမပြောင်းနိုင်အောင် တရုတ်ကြီးက မြန်မာမှာလည်းငွေမာသွားအောင် ငွေထုတ်ချေးပေးလိုက်ခြင်းဖြင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မကိုက်အောင် တနည်းသူ့နိုင်ငံကထွက်မသွားနိုင်အောင် play တာပါတဲ့။ ရွာထဲမှာ think tank […]


padonmarJune 3, 20114min2195
သဝဏ်လွှာ (၈) by May Aye Oo on Friday, June 3, 2011 at 11:57am မူလွန် ကျောင်း Project URGENT! လောဘသမားက လှူဖို့ စဉ်းစားလိုက်တာနဲ့ မိမိရဲ့ ငွေကြေး ဥစ္စာတွေ ကုန်သွားမှာကို စိုးရိမ်စိတ် ကြောင့်ကြစိတ် သောကတွေနဲ့ ပူလောင်သွားတယ်။ အလောဘ သမားကျတော့ လှူလိုက်တာနဲ့ စိတ်ထဲမှာ ပီတိအဟုန်နဲ့ ကြည်နူး အေးချမ်းသွားတယ်။ အရှင်ဉာဏဒီပ ———- xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ——– ကျောက်ကွင်းရွာ မှာ မူလတန်းကျောင်းကလေးဘဲ ရှိပါတယ်။ ဒါကြောင့် ကျောက်ကွင်းရွာက ကလေးများဟာ.. ၄ တန်း အောင်ပြီးရင် ကျောင်းပြီးပြီလို့ ဆိုကြပါသတဲ့..။ ဒါကြောင့်ရွာ က လူငယ် ၊ […]


padonmarMay 26, 201111min2030
Gmail သုံးတဲ့သူတွေ တနေ့နေ့ တွေ့ရနိုင်တဲ့ ပြဿနာမို့လို့ ဗဟုသုတရစေဖို့ရော ၊2000 ရဲ့ မိတ်ဆွေတွေ မေအေးဦးဆီ ဒီaccount နဲ့ပြန်ဆက်သွယ်လို့ရပြီဆိုတာရော သိစေချင်လို့ ဒီpost ကိုတင်ပေးလိုက်ပါတယ်။ My Notes (19) (In English version – Translated by Lin Htet Oo) by May Aye Oo on Thursday, May 26, 2011 at 8:57am I would like to share how my g-mail account was hacked and how hard I have to […]


padonmarMay 24, 20111min1501
သဝဏ်လွှာ (၆) by May Aye Oo on Tuesday, May 24, 2011 at 12:52pm ၂၀၁၁-၂၀၁၂ ပညာရေးနှစ် အလှူ အစီအစဉ် ။ ဒီလ (မေလ-၂၀၁၁) အတွက် ပညာရေး အလှူ Education Donation ကတော့ .. .. မြိုင် သီလရှင်သင် ပညာရေးကျောင်း (ရွှေပြည်သာ) ကို လှူမှာပါ..။ ၂၀၀၉ ခုနှစ်မှာ သီလရှင်သင် ပညာရေးကျောင်း စ ဖွင့်ခဲ့တာပါ..။ မပြည့်စုံ တဲ့ အဆောက် အဦ၊ စားပွဲ၊ စာအုပ် တွေနဲ့ ဘဲ စ တင်ခဲ့ကြတာပါ..။ ဝါးကပ်ခင်းတဲ၊့ လမ်းလျှောက်လိုက်တိုင်း တအိအိ လှုပ်နေတဲ့ ကြမ်းခင်းနဲ့ […]


padonmarMay 24, 20112min1962
ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၇) by May Aye Oo on Wednesday, May 18, 2011 at 9:45am သူကလေးရဲ့ နွမ်းပြီး ညှိုးငယ်နေတဲ့ မျက်နှာလေးကိုမြင်ရတဲ့ အခိုက်မှာ .. ကျမရင်ထဲမှာ .. သားသမီးချင်း စာနာစိတ်နဲ့ .. ဂရုဏာမြစ်တစ်စင်း.. ဖြာဆင်းသွားလေရဲ့ …. x – x – x – x – x – x – x – x – x – x – x – x – x – x […]


padonmarMay 24, 20113min1490
သဝဏ်လွှာ (၅) by May Aye Oo on Tuesday, May 24, 2011 at 12:08pm ကျောက်ကွင်းကျေးရွာ (ကျုံကျိုးကျေးရွာအုပ်စု) အာယုဒါန (ကျန်းမာရေး) အလှူတော် .။ အခမဲ့ ဆေးခန်း ကျောက်ကွင်းကျေးရွာ (ကျုံကျိုးကျေးရွာအုပ်စု) ပတ်ဝန်းကျင် ကျေးရွာ ၅ ရွာမှ ရွာသူရွာသားများ အား ကျန်းမာရေး စစ်ဆေး၊ ဆေးကုသပေးရန်အတွက် အခမဲ့ ဆေးခန်း ဖွင့်လှစ်ပေးမည် ဖြစ်ပါ၍ လုပ်အား၊ ပညာ ဒါန ပြုချင်သော ဆရာဝန် များ နှင့် ဆေး အလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်..။ ဆေးခန်းဖွင့်ပေးမည့်ရက် – ၂၈-၅-၁၁ (စနေ နေ့) ကျမတို့ ၂၀၀ဝ အဖွဲ့မှ အခမဲ့ဆေးခန်းတွေ […]


padonmarMay 18, 20115min1892
2000 မေအေးဦးရဲ့ account သုံးပြီး သူဒုက္ခရောက်လို့ ငွေပို့ပေးပါဆိုတဲ့ စာတွေပို့နေပါတယ်၊ ခင်မင်သူတွေက တကယ်လားလို့လည်းမေးကြပါတယ်၊ ဒီလို e-mail တွေ တွေ့တတ်ပေမယ့် ကိုယ်ခင်တဲ့သူဆိုရင် တကယ်များဖြစ်နေမလားလို့ အလိမ်ခံရမှာစိုးလို့ပါ၊ နောက်ပြီး သူ့ရဲ့ gmail account ရော facebook ပါ hack ခံရပါတယ်၊နားလည်တဲ့သူတွေ ကူညီပေးကြပါနော်၊ Dear bros and sis, My Gmail account 2000.donation.group@gmail.com was hacked by someone on Monday 16-5-2011. Please delete this mail from your list. I will create a new gmail and […]


padonmarMay 17, 20111min2657
ဒီသမီးလေးနာမည်က တွယ်တာအောင်တဲ့။မောင်နှစ်မ ၃ယောက်မှာ အကြီးဆုံးပါ၊အဖေက ပွဲရုံတစ်ခုက အလုပ်သမားပါ၊ သူတို့အမေက အငယ်ဆုံးယောကျင်္ားလေးမွေးပြီး လသားမှာဆုံးသွားပါတယ်။ ကလေးတွေကိုနီးစပ်ရာဆွေမျိုးတွေက တစ်ယောက်စီ ခွဲယူမယ်ဆိုတော့ သူကလေးက သမီးတို့မောင်နှစ်မတွေကို မခွဲပါနဲ့လို့ ငိုရှာသတဲ့၊ဒါနဲ့ သူ့အဖေ မနက် အလုပ်ထွက်လုပ်ရင် သူကလေးက ထမင်းချက်တယ်တဲ့၊ကလေးအငယ်လေးကိုလည်းသူပဲထိန်းရှာတယ်၊ကျောင်းလည်းမနေရ၊ထမင်းလည်းသိုးတဲ့ အခါသိုးနဲ့ပေါ့၊ အောင်ဖေယျာမင်းပရဟိတကျောင်း အကြောင်း ကျွန်မတို့ သူငယ်ချင်းတွေအလှူသွားလုပ်ရင်းသိရတော့ ဆရာတော်ကို ခွင့်တောင်းပြီး ဒီကလေးတွေကို ဆရာတော့်ကျောင်းပို့လိုက်ရတယ်၊ စရောက်ခါစတော့ ငိုမဲ့မဲ့နဲ့ အဖေ့လက်ကိုဆွဲထားကြတာပေါ့၊သူ့အဖေလည်း ၂ရက်၃ရက်တစ်ခါသွားတွေ့ရတယ်၊နောက်တော့ကျောင်းမှာပျော်သွားကြပါတယ်။ သူကလေးလည်း အဲဒီတော့မှ ကျောင်းစတက်ရပါတယ်၊အခု အောင်ဇေယျာမင်းရောက်တာ၁နှစ်ရှိသွားပါပြီ။ဒီပုံတွေက သူတို့ကျောင်းရောက်ပြီးတစ်လလောက်မှာ ကျွန်မတို့ သာကူသွားလှုတုံးကပုံတွေပါ။အငယ်ဆုံးလေးက ထွားသွားပြီး အလတ်မလေးက ညှက်နေရှာပါတယ်။ သူနဲ့ရွယ်တူ ကလေးတွေ ကိုယ့်ဖာသာကိုယ်ပဲစားနေချိန်မှာ တွယ်တာအောင်လေးက သူတောင်မစားနိုင်သေးပဲ အလတ်မလေးကိုကျွေးနေတာတွေ့ရတော့ ရင်ထဲကြင်နာရပါတယ်၊ အလှူရှင်အုပ်စုထဲက အန်တီကြီးက ကလေးတွေကို သာကူတိုက်ပေးတော့မှပဲ […]