padonmarJune 9, 20141min40125
လွန်ခဲ့တဲ့ တလကျော် (သင်္ကြန်အပြီးမှာ) ရန်ကုန်မှာ အလုပ်လုပ်ချင်လို့ဆိုပြီး ကျမရဲ့ နယ်ကကုန်သည်လေးက သူ့သမီးကို ပို့လာပါတယ်။ ၁၆နှစ်ပြည့်ပြီးခါစ အသားဖြူဖြူ ကရင်ဗမာကပြားမလေး`ယမင်း´ဟာ တော်တော်သွက်ပါတယ်။လူလည်းမကြောက်ပဲ ပြောရဲဆိုရဲရှိပါတယ်။ဒီနှစ် ၁ဝ တန်းဖြေထားပါတယ်တဲ့။အောင်ရင်တော့ မိဘက ငွေရေးကြေးရေး မပြည့်စုံလို့ စာပေးစာယူတက်ရင်း အလုပ်ဆက်လုပ်ပါမယ်။မအောင်ခဲ့ရင်တော့ သူ့မိဘက ကျောင်းပြန်နေစေချင်ပြီး သူကတော့ ကျောင်းမတက်ချင်တော့ပါဘူး၊အလုပ်ပဲလုပ်ချင်တယ်တဲ့။ သူ့အမေက လကုန်ထိ ဆယ်ရက်စာ ထမင်းချိုင့်ဖိုးလေးပဲပေးသွားပြီး ကျမရဲ့ ဝန်ထမ်းမိန်းကလေးတွေ နေတဲ့ ဖြစ်သလို အဆောင်လေးမှာ ထားခဲ့ပါတယ်။ ဧပြီလကုန်တော့ `အဖေများလာမှာလားမသိဘူး´ လို့ မျက်နှာလေး ရှံ့မဲ့မဲ့နဲ့ မေးလို့ သေချာစိစစ်ကြည့်မှ ကျမပေးတဲ့ ဆယ်ရက်စာ လုပ်ခအပြင် သုံးစရာမရှိရှာပါဘူး။ ဒါနဲ့ တလစာ ထမင်းချိုင့်ဖိုး နှစ်သောင်းနဲ့ အပိုသုံးဖို့ တသောင်း ပေါင်း ၃ သောင်းကို […]


padonmarJune 1, 20141min37827
21.3.2014 သောကြာနေ့ ဓမ္မဗျူဟာ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း (OG-USA)၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဟောပြောပွဲ ဆီးချိုရောဂါအန္တရာယ် ဉာဏ်ယှဉ်၍ ကာကွယ်မယ် ဆီးချိုရောဂါသည် ယခုအခါ ကမာ္ဘပေါ်တွင် အဖြစ်များဆုံးရောဂါဖြစ်နေပါသည်။ အဖြစ်အများဆုံးတိုင်းပြည်မှာ တရုတ်ပြည် ဖြစ်ပါသည်။ ဆီးချိုရောဂါဖြစ်ရခြင်း အကြောင်းကို သေချာသိထားပြီးလျှင် ရောဂါဖြစ်ရသော အကြောင်းရင်းကို ဖယ်ရှားခြင်း ဖြင့်ရောဂါကို မဖြစ်အောင် ကာကွယ်နိုင်၍ ၊ရောဂါဖြစ်နေလျှင်လည်း ထိန်းထားနိုင်ပါသည်။ ဆီးချိုရောဂါဆိုသည်မှာ သွေးထဲတွင် သကြားဓာတ်သည် လိုအပ်သည်ထက်ပိုနေခြင်း ဖြစ်ပါသည်။ ဆေးပညာအရ Diabetes Mellitus ဟုခေါ်သည်။ ဆီးချိုရောဂါဖြစ်လျှင် နောက်ဆက်တွဲအဖြစ် သွေးတိုး ၊ လေဖြတ် ၊ ကင်ဆာ ၊ Cholesterol တက် ၊ (Dementia) သူငယ်ပြန် ၊ […]


padonmarMay 24, 20141min51538
ကျမတို့ ငယ်ငယ် နယ်မှာနေစဉ်တုံးက အိမ်တွေက တအိမ်နဲ့ တအိမ် ကပ်နေကြပါတယ်။ တအိမ်က ရန်ဖြစ်သံ ဆူဆူညံညံဆိုရင် ဘေးအိမ်တွေကကြားပြီး ဆွဲတန်ရင် လာဆွဲကြပါတယ်။ဒါကြောင့် ရန်ဖြစ်ရင်တောင် ဘေးအိမ်ကို အားနာလို့ အချင်းချင်း `တိုးတိုး၊မအော်ပါနဲ့၊မရှက်ဘူးလား´ သတိပေးရပါတယ်။ တအိမ်က ငရုပ်သီးလှော်ရင်လည်း အခြားအိမ်ကို အနံ့ရောက်ပါတယ်။ အဲတော့ အနံ့ထွက်မယ့် အကြော်တွေ၊အလှော်တွေ လုပ်မယ်ဆိုရင် မလုပ်ခင် `ညှော်မယ်ဗျို့ ´လို့ ဗျိုးဟစ်ရပါတယ်။ ဘေးအိမ်တွေ ဆဲတာမခံရအောင်ထက် မြန်မာလူမျိုးတွေ က အညှော်ရှောင် အညှော်ကြောက်တတ်ကြတော့ ဖျားနာနေသူ၊ခေါင်းကိုက်နေသူ၊သက်ကြီးရွယ်အိုများ ကိုယ့်ကြောင့် နေမကောင်းထိုင်မသာ စိတ်ဆင်းရဲမှုမဖြစ်စေချင်လို့ပါ။ ရန်ကုန်ရောက်လာတော့ တိုက်ခန်းမှာ နေရပါတယ်။ အဲဒီအခါ နယ်နဲ့မတူပဲ ညှော်မယ်လို့လည်း မပြောကြ၊ ညှော်မကြောက်တတ်ကြလို့ မအော်တာထား။ အပေါ်ထပ်က ရေညစ်တွေကို အောက်ကို ဗျန်းကနဲ သွန်အချ […]


padonmarMay 13, 20141min41822
ကဆုန်လပြည့် ဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆရာ ဂေါတမဗုဒ္ဓ ရဲ့ ဆု၊ဖွား၊ပွင့်၊စံ ရာ နေ့မြတ်ဖြစ်ပါတယ်။ ဂေါတမ မြတ်စွာဘုရားဟာ လူသားမိဘက မွေးဖွားပြီး အသက် ၈ဝနှစ် ထိ လူ့လောကမှာ နေသွား ကျင်လည်သွားပါတယ်။ ၄၅ နှစ်ပတ်လုံး တနေ့မှာ ညဉ့်သုံးယာမ်အနက် တယာမ်ရဲ့ သုံးပုံတပုံပဲ (တနာရီနဲ့ မိနစ် ၂ဝခန့်) အနားယူပြီး သတ္တဝါတွေအကျိုးအတွက် မနားတမ်း တရားပြ တော်မူသွားတယ်။ ဗုဒ္ဓဘုရားရှင် တကယ်ရှိခဲ့တယ်ဆိုတာကို မှန်းဆကြည်ညိုနိုင်ဖို့ ဘုရားရှင် ကျင်လည်ခဲ့တဲ့ ဒေသတွေရဲ့ မြေပုံကို ပထမမဲထီးဆရာတော်ရဲ့ ဗုဒ္ဓဝင်စာအုပ်ထဲက ကူးယူဖော်ပြပေးပါတယ်။ ဇာတ်နိပါတ် တရားတော်တွေမှာပါတဲ့ တိုင်းပြည်မြို့ရွာ တောတောင် မြစ်ချောင်းတွေနဲ့ တိုက်ဆိုင်ပြီး မှန်းဆကြည်ညိုနိုင်ဖို့ပါ။ ဥပမာ -မြတ်စွာဘုရားဟာ ဝါဆိုလပြည့် သာဝတ္ထိမြို့မှာ တန်ခိုးပြာဋိဟာပြပြီး […]


padonmarMay 11, 20142min37029
တနေ့မှာ ကျောင်းက အပြန် တက်စီစီးလာရင်း ယာဉ်ကြောကြပ်တဲ့နေရာအရောက်မှာ တက်စီဆရာက ညည်းချင်းစလာပါတယ်။ သူက အင်ဂျင်နီယာဘွဲ့ရပြီး စင်္ကာပူမှာ (၇)နှစ် အလုပ်သွားလုပ်ခဲ့ပါတယ်တဲ့။မိသားစုနဲ့မခွဲနိုင်လို့ မြန်မာပြည်ကို ပြန်လာပြီး အီလက်ထရွန်နစ် ပစ္စည်းပြုပြင်ရေး လုပ်ငန်းလေးလုပ်ရင်း တဖက်က အပိုဝင်ငွေ ရအောင် တက်စီထွက်မောင်းပါသတဲ့။ ခုလိုယာဉ်ကြောပိတ်တာနဲ့တိုးရင် အုံနာကြေးတောင် မရတော့ပါဘူးလို့ ညည်းပြောလေး ပြောပါတယ်။ အဲဒီတော့မှ ကျမရဲ့အင်တာဗျူးစပါတော့တယ်။ `စင်္ကာပူမှာ (၇)နှစ်တောင် လုပ်ခဲ့တာ ဒီမှာနဲ့တော့ တော်တော်ကွာမှာပေါ့နော်´လို့ စပေးလိုက်ပါတယ်။ တက်စီဆရာလည်း ရင်ဖွင့်ချင်ချင်ဆိုတော့ ဆက်တိုက် ပြောတော့တာပါပဲ။ “ကွာတာပေါ့ဗျာ ၊ ဆီနဲ့ရေလိုပဲ။ ဒီကိုပြန်ရောက်ရောက်ချင်း လေဆိပ်ထဲရောက်တာနဲ့ တခြားစီပဲ ဆိုတာတွေးလိုက်မိတယ်။ မိသားစုသံယောဇဉ်ကြောင့်မို့လို့သာပေါ့ဗျာ။ ဟိုမှာဆိုရင် အစစအရာရာ စည်းကမ်း ရှိတယ်။ အမှိုက်တစ မတွေ့ရဘူး။ အခုက လေဆိပ်မှာတောင် အမှိုက်တွေတွေ့နေရတယ်။ […]


padonmarApril 26, 20141min46432
ကျမတို့ငယ်ငယ်က အင်မတန် စည်းကမ်းကြီးတဲ့ မိဘ၊ဖွားကြီး၊ဖွားလေး၊ကြီးတော် တွေနဲ့ နေခဲ့ရပါတယ်။ ကျောင်းကပြန်လာရင် ကျောင်းဝတ်တဲ့ ဂါဝန်ကိုချွတ်၊အိမ်နေဂါဝန်နဲ့ လဲဝတ်ရပါတယ်။(ကျမတို့က နယ်မှာနေတော့ ကျောင်းဝတ်စုံ အဖြူအစိမ်းကို ၈တန်းနှစ်ရောက်မှ စဝတ်ရပါတယ်) ဖိနပ်ဆို ကျောင်းစီးတာက ခပ်လတ်လတ်၊အိမ်နေဖိနပ်က ခုံဖိနပ် စီးရပါတယ်။ အလှူမင်္ဂလာဆောင်သွားရင် ဖိနပ် လှလှရွရွလေးစီး၊ပြန်လာရင် ပြန်သိမ်းရပါတယ်။ အဲသလို သူ့နေရာနဲ့သူ ဝတ်ရ၊စီးရတော့ ကျမတို့ အဝတ်အစားတွေ တော်တော်နဲ့ မဟောင်းသလို ဖိနပ်တွေဆိုလည်း နှစ်ပေါက်အောင် စီးရပါတယ်။ တခါတော့ မင်္ဂလာဆောင်သွားပြီး နောက်တနေ့ ဖိနပ်အကောင်းလေးကို ကြွားချင်လို့ ကျောင်းကိုစီးသွားမိပါတယ်။ မိုးရွာတာနဲ့ တိုးတော့ ဖိနပ်အသစ် ရွရွလေးဟာ တခါတည်းပြတ်ပြီး ကျောင်းအပြန် ဖိနပ်ပြတ် လက်ကကိုင်ပြန်ခဲ့ရပါတယ်။ အင်မတန် စည်းကမ်းကြီးတဲ့ ကြီးတော်က ` ရွှေဖိနပ် ရှပ်တိုက်စီးတဲ့ သူဌေးမ၊ […]


padonmarApril 18, 20141min33722
အခုခေတ်ကလေးတွေ သင်္ကြန်လည်တာကို အပြစ်မတင်ချင်ပါဘူး။ ကျမတို့ ငယ်ငယ်က သင်္ကြန်ကို ကိုယ့် မြို့ကျော်ပြီး သူများမြို့တွေကိုတောင် ပဲ့ထောင်နဲ့ လျှောက်လည် ရေပက်ခံထွက်ပြီး ကဲခဲ့ဖူးတာကိုး။ (စက်လှေ/မော်တော်ကို ကျမတို့နယ်မှာ ပဲ့ထောင်လို့ ခေါ်ပါတယ်) လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကပါ။ ၁၉၈ဝလား ၁၉၈၁ လားတော့ မမှတ်မိတော့ပါဘူး။ ကျမတို့ ဦးလေးဝမ်းကွဲလူပျိုကြီးဦးလေးသိန်းက မြို့ကို စာရင်းရုံး အရာရှိ အဖြစ်ပြောင်းလာ၊ပဲ့ထောင်တစင်းပူပူနွေးနွေးဝယ်ထားတော့ သင်္ကြန်လျှောက်လည်ကြမလား တူမတို့ လို့ အော်ဖာလုပ်လာပါတယ်။(အခုတော့ လူပျိုကြီး မဟုတ်တော့ပါဘူး) တူမတွေကလည်း ခပ်ရွရွဆိုတော့ နှစ်ခါမခေါ်ရပါဘူး။ ဆွေမျိုးတသိုက် သင်္ကြန်လျှောက်လည်ဖို့ စုလိုက်ကြတာ၊ ကျမတို့ မောင်နှမက ၅ယောက်၊ပူပူနွေးနွေး အိမ်ထောင်ကျထားတဲ့ အကို့မိန်းမယောင်းမလည်းပါတယ်။အမေ့မောင် ဦးလေးရယ်၊သူ့မိန်းမ(အဲဒီအဒေါ်က ဦးလေးအရင်းထက်တောင် ချစ်ရပါတယ်)၊သူတို့ သမီးနဲ့သား၊အမေ့ညီမ အပျိုကြီး၊အဖေ့တူမ အပျိုကြီးများ (အဲဒီတုံးကတော့ အပျိုလတ်တွေပေါ့)၊ဟိုဖက်ဒီဖက် ဆွေမျိုးတွေ […]


padonmarApril 17, 20141min27212
ပရပဋိဗဒ္ဓါ မေ ဇီဝိကာတိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ( အဘိဏှသုတ်။ အင်္ဂုတ္တရနိကာယ။ ဒသကနိပါတ်။ ) သာသနာနှစ် ၂၅၅ရ ၊ခရစ် နှစ် 17.4.2014. ၁၃၇၆ ခုနှစ် တန်ခူးလဆုတ် ၃ရက် မြန်မာနှစ်ဆန်း ၁ရက်နေ့ မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီ လမ်း အိမ်အမှတ် 718(C) ဦးသင်းအောင်-ဒေါ်စန္ဒာဝင်းအောင်၊ညီမ ဒေါ်သန္တာဝင်းအောင်၊ဒေါ် နွယ်နီဝင်းအောင်နှင့် မောင်နှစ်မ တစုတို့၏ သီးပင်စားပင်ဝေဝေဆာဆာအရိပ်အောက်မှ မေတ္တာစံအိမ်တွင် ပြုလုပ်သော ပကာသနမဖက်သော နှစ်ဦးပူဇာ ဓမ္မသဘင် အလှူ ၌ သစ္စာရွှေစည်ဆရာတော် အရှင် ဥတ္တမ၏ `ပဗ္ဗဇိတ အဘိဏှသုတ်´တရားကို နာကြားခွင့်ရခဲ့ပါသည်။ တရားကောက်နှုတ်ချက်လေးကို မိတ်ဆွေများသို့ ဓမ္မဒါန ပြန်ပေးလိုပါသည်။ ပဗ္ဗဇိတ=ရဟန်း အဘိဏှ=အမြဲတမ်း ရဟန်းတို့ဟာ မိမိရဲ့နေ့ ညဉ့်တို့ကို […]


padonmarApril 15, 20149min31915
ပန်းကလေးများပွင့်တော့မည် 2014 ပန်းကလေးများပွင့်တော့မည် 2014 ရဲ့ နောက်ဆက်တွဲပါ။ နှစ်စဉ် ဇာတိမြို့ကိုပြန်တိုင်း တရုတ်တန်းဆိုတဲ့ ရပ်ကွက်ကလေးက ကလေးလေးတွေဆီ ရောက်ခဲ့ပြန်ပါပြီ။ ဒီတခါတော့ ခါတိုင်းပေးသလို အကျင်္ီလေးတွေတင်မက ဂဇက် ရွာသူားတွေ ပေးလိုက်တဲ့ လက်ဆောင်တွေ တပုံတပင်နဲ့ မို့လို့ ကလေးတွေပျော်မယ့်အရေး တွေးပြီး ရင်ခုန်မိပါတယ်။ ကိုကြီးရဲစည်က သားသားမီးမီးတို့အတွက် ဘောပင်ရောင်စုံတွေ၊ကွန်ပါဘူး၊ချွန်စက်တွေ ပေးလိုက်သလို မမကြီး ခိုင်ဇာကလည်း ရောင်စုံခဲတံ၊ကစားစရာတွေနဲ့မှတ်စုစာအုပ်လှလှလေးတွေ ပို့ပေးလာပါတယ်။ အန်တီလေး မနှင်းပြုံးက ဗလာစာအုပ် ဒါဇင် ၂၀၊ခဲသားဘောပင်၊ဘောပင်၊ပေတံတွေအပြင် ရောင်စုံထီးလေးတွေ အများကြီး လာပို့သွားပါတယ်။ ဗလာစာအုပ်လေးတွေ ရတော့ စိတ်ကူးတခုရပြီး အနားရှိတဲ့ မူလတန်းကျောင်းက ခုံတန်းလျားတွေ ငှားထားပေးခိုင်းလိုက်ပါတယ်။ ကလေးတွေကိုတိုက်ဖို့ သာကူလည်း စီစဉ်ခိုင်းထားပါတယ်။ နေ့လည်ကျမတို့ ထမင်းစားနေတော့ ကလေးတွေ အများကြီးစောင့်နေကြပြီလို့ သတင်းပို့လာပါတယ်။ […]


padonmarApril 14, 20141min70260
ကို်ယ်ဂေါက်တာတွေ အားရပါးရရေးပြီးလို့ နောက်ထပ် ဂေါက်စီးရီးမရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် သင်္ကြန်ပိတ်ရက် မတိုင်မီ ပြောရဆိုရ ငြင်းရတာတွေ ရှိလာတော့ ကိုယ့်ရွာထဲ ရင်ဖွင့်ချင်လာပါတယ်။ သင်္ကြန်ပိတ်ရက် ၁ဝရက် ဆိုတာနဲ့ ပတ်သက်လို့ပါ။ ရှေးရှေးကလည်း သင်္ကြန်အကြောင်းပြောတိုင်း ငြင်းခဲ့ကြရပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာကို အများပျော်ကြရွှင်ကြတာဆိုတော့ ပျော်စရာပွဲတော်အဖြစ် လက်ခံပါတယ်။ ဒါပေမယ့် နဂို အကြို ၊အကျ ၊အကြတ်၊အတက်၊နှစ်ဆန်း ၁ရက် ပေါင်း၅ရက် လောက် ပိတ်ကြ၊ရေကစားကြရရင် တော်သင့်ပြီလို့ မြင်ပါတယ်။ ၅ရက်လောက်ဆို နယ်ဝေးမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားလေးတွေအဖို့ အနားရရုံပါပဲ။ ၁ဝရက်တောင်ပိတ်တော့ အလုပ်မရှိပဲ အိမ်ရဲ့အဝေးမှာ နေရစားရတာလည်း ခက်၊အိမ်ကိုလည်း ပြန်ချင်တာကြောင့် အိမ်ပြန်ခရီးတွေ ဖြစ်လာပါတယ်။ အဲသလို နေရပ်ပြန်တွေ စုပြုံများတော့ ကားဂိတ်တွေလည်း စီစဉ်ရခက်ပါတော့တယ်။ ကြိုရောင်းရင်လည်း မှောင်ခိုလက်မှတ်ရောင်းသလိုဖြစ်မယ်။ […]


padonmarMarch 31, 20142min32215
ဒီနှစ် ဇာတိမြေ အပြန် ချစ်စဖွယ်ကလေးလေးတွေအတွက် ဝါးခယ်မသားလေးရဲစည်၊ချင်ကျားပူက မမဂျီးခိုင်ဇာ၊ဆိုက်ကားသမီးဘခက် မနှင်းပြုံးတို့ ကူညီအားဖြည့်တဲ့ စာရေးကိရိယာအစုံကြောင့် ကလေးတွေကိုယ်စား အပျော်ကြီးပျော်နေမိပါတယ်။ ကလေးတွေကို ဘယ်လိုပေးရင်ကောင်းမလဲလို့ အမျိုးမျိုးစိတ်ကူးနေခဲ့ပါတယ်။ ၂ရရက်နေ့ နံနက်အစောကြီး ၂နာရီ ၃ဝ ကတည်းက အိမ်က ကားမောင်းထွက်ခဲ့ကြပါတယ်။ လမ်းတလျှောက်ကတ္တရာနဲ့ ကောင်းကောင်းမောင်းလို့ရပေမယ့် ရွှေလောင်းအလွန်ကစပြီး လမ်းကြမ်းလာတာကြောင့် ဖြည်းဖြည်းမောင်းရတာ ၁၄မိုင်ခရီးကို မိနစ် ၄ဝ မောင်းရပါတယ်။ ကျမတို့ မြို့ကိုရောက်တော့ နံနက် ရနာရီထိုးပါပြီ၊နာမည်ကျော် စာတိုက်လမ်းမုန့်ဟင်းခါးကို အမီပြေး၊ တယောက် ၂ပွဲစီစားလိုက်ကြပြီးတော့ မောင်နှစ်မတသိုက် သုသာန်ကို ချီတက်ကြပါတယ်။ နှစ်စဉ် မိဘ ဘိုးဘွားတွေရဲ့ အုတ်ဂူကို သန့်ရှင်းရေးလုပ်ပြီး ကန်တော့ကြရတာ ထုံးစံပါ။ ကျမတို့လိုပဲ အခြားမိသားစုတွေလည်း မြို့ကိုပြန်လာပြီး သူတို့ဘိုးဘွားမိဘတွေကို ကန်တော့ကြတာကြောင့် သုသာန်မှာ စည်ကားနေပါတယ်။အနီးတဝိုက်က […]


padonmarMarch 23, 20142min44722
နှစ်စဉ် ဒီလို ရာသီရောက်တိုင်း ကျမတို့ ဇာတိမြို့ကလေးကို ပြန်ဖြစ်ပါတယ်။ဘိုးဘွားမိဘတွေရဲ့ အုတ်ဂူမှာ သွားကန်တော့ ၊ဆွေမျိုး မိတ်ဆွေတွေကို လက်ဆောင်ပေး လိုက်နှုတ်ဆက်၊ပျော်စရာ ခရီးဖြစ်ပါတယ်။ ကျမ အဖေ စီးပွားရေးလုပ်ငန်းတွေ အခြေစခဲ့တဲ့ ရပ်ကွက်ကလေးဟာ မြို့ရဲ့ တဖက်ကမ်းမှာ ရှိပါတယ်။ အရင်နှစ်တွေကသွားတဲ့အခါ အဖေ့ လုပ်သားဟောင်းကြီးတွေရဲ့ သားမြေးမြစ် ကလေးတွေကို စက်ရုံချုပ်အကျင်္ီကလေးတွေ ဝေပေးရင်း သူတို့ကလေးတွေရဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးကြည့်ခဲ့ပါတယ်။ အရင် ပို့စ်အဟောင်းတွေမှာ ဖတ်ကြည့်ရင် အသေးစိတ်သိနိုင်ပါတယ်။ https://myanmargazette.net/177204 ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ – padonmar Posted by padonmar on May 27, 2013 in Creative Writing, Education | 29 comments ပဒုမ္မာရဲ့ […]


padonmarMarch 18, 20141min25315
အလောင်းအစားဝတ္ထုတိုလေးကို ဒေါ်ဒေါ် ဒေါ်အမာက ဘယ်လို မြန်မာဆန်ဆန် မှီငြမ်းပြီး ရေးခဲ့တယ် ဆိုတာလေး လေ့လာရအောင် တင်ပေးလိုက်ပါတယ်။ ရှေ့ပိုင်းကတော့ အရင် ပို့စ်မှာ အကြမ်းရေးပေးထားတဲ့ အတိုင်းဖြစ်လို့ အခန်းထဲမှာ ဝတ်လုံလေး ဘယ်လိုနေသွားတယ်ဆိုတာနဲ့ နောက်ဆုံး ဘယ်လို ဇာတ်သိမ်းသွားတယ်ဆိုတာလေးပဲ ရိုက်တင်လိုက်ပါတယ်။ မူရင်းက နိုင်ငံခြားဝတ္ထုဆိုတော့ သူတို့ အတွေးအကြံ အပြုအမူတွေက အရှေ့တိုင်းနဲ့ နည်းနည်းတော့ ကွဲပြားနေတာကို သတိထားမိကြမှာပါ။ ဒါပေမယ့် ဒေါ်အမာရဲ့ အရေးအသားပြေပြစ်တော့ မြန်မာဇာတ်လမ်းပဲလို့ ထင်ရလောက်အောင် လေ့လာတဲ့ စာအုပ်နဲ့ တွေ့ရှိသွားတဲ့ လွတ်မြောက်မှုကို ဖွဲ့ထားတာ လေ့လာကြည့်ကြစေလိုပါတယ်။ ပထမနှစ် အခန်းတွင်းတွင် နေရစဉ်ကား ဝတ်လုံသည် များစွာ ပျင်းရိ ငြီးငွေ့ပုံရ၍ သူ့ထံမှရေးသောစာများမှလည်း ဤသို့ တယောက်တည်း နေရခြင်း၏ ဒုက္ခအမျိုးမျိုး ရေးပြလေသည်။ […]