phone_kyawApril 1, 20121min1280
အရှင်ဘုရားတပည့်တော် ဘုန်းကျော် အရမ်းမိုက်ရိုင်းတာကို ခဏဘေးဖယ်ခွင့်လွှတ်ထားပြီး အန်အယ်ဒီနိုင်ပါစေဆိုတဲ့ ဆု တစ်ခုကိုတော့ ဒီနေ ့ပဲ အားနာပါးနာ ပေးတော်မှုပါဘုရား


phone_kyawMarch 31, 20121min3088
ကျနော့်အဖေရဲ  ့တပ်ထဲမှာ စစ်သည်အင်အား ကိုးရာနီးပါးလောက် ရှိမယ်ထင်တယ်။ ဗိုလ်မှုးကြီးအဆင့်ရှိတဲ့သူက တပ်မှုးလုပ်တယ်။ ဒု-ဗိုလ်မှုးကြီးအဆင့်ရှိတဲ့သူက ဒု-ရင်းမှုးလုပ်တယ်။ ကျနော့်ဆရာမရဲ  ့အဖေက ဒု-ရင်းမှုး။ နောက်ဆရာမတစ်ယောက်ရဲ  ့ယောက်ျားက တပ်ခွဲမှုးအဆင့်ရှိဗိုလ်မှုး။ ရန်ကုန်တိုင်း အခြေစိုက်တပ်ရင်းတစ်ခုပါ။ သူတို ့ကို ခေါ်တာက အထိုင်တပ် သို ့မဟုတ် ပညာသည် တပ်ရင်းလို ့ခေါ်တယ်။ မြန်မာပြည်မှာ အကြီးဆုံး ပင်ခခဲယမ်းမီးကျောက်တပ်ဖြစ်တော့ တပ်ဖွဲ ့စည်းပုံကလည်း သူများတပ်တွေနဲ ့မတူပဲ အင်အားအတော်ပြည့်တဲ့ပုံပါပဲ။ ကျနော်တို ့တပ်ဘေးက ဆေးတပ်၊ ပင်ယာဉ်သိုလှောင်ရေးတပ်၊ ထောက်ပံ့နဲ ့ပို ့ဆောင်ရေးတပ်၊ ဂျီအီးတပ်တွေလို ကျနော်တို ့တပ်က မချမ်းသာပါဘူး။ ဒါနဲ ့ပက်သက်ပြီး ကျနော်တို ့ကို အမေ့က ပြောတယ်။ အမေက ဘာပြောလဲဆိုတော့ နင့်အဖေတပ်က ခဲယမ်းကို […]


phone_kyawMarch 29, 20121min2279
http://www.carsguide.com.au/search/vehicle-details/D_387272/@N=4294962119++492&Nf=pPrice%7CBTWN%201%205000&origin=advanced&type=cars&rs=bs&searchType=1&vehicleType=1&pos=2&pr=D_105636&nr=D_222075  တိုရိုတာ အော်တို ဈေးနှုံး ၉၉ဝ ဒေါ်လာ။ ဈေးလျှော့ထားပါတယ်။ မြန်မာငွေနဲ ့ဆိုရင် ၁ဝ-သိန်းခန် ့ တံခါးလေးပေါက် ၁၉၈၄ မော်ဒယ်


phone_kyawMarch 28, 20121min2225
ဦးစီးချုပ်မိန် ့ခွန်းကို ဟစ်ဟော့သီချင်းလို မာမာအေးအသံနဲ ့ဆိုလိုက်ချင်ရဲ  ့။ အရောင်တွေမှေး မှိန်လာလေလေ ထုံးဖြူဖြူနဲ ့ဆွမ်းအုပ်တစ်အုပ်ကို သတိရလို ့။ ပွဲခင်းထဲက ဆူညံသံတွေနဲ ့အတူ တရားထိုင်ချင်တယ်။ သီတဂူဆရာတော် ဩဝါဒနဲ ့ လေချွန်ချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းမိန် ့ခွန်းနဲ ့ ညအိပ်ရာဝင်ချင်တယ်။ အမှောင်တွေထဲမှာ Black ကာလာကို ဝတ်ချင်တယ်။ ကိုမိုးသီးဇွန်လက်ကိုဆွဲပြီး ဖက်ရှင်ပွဲမှာ လမ်းလျှောက်ချင်တယ်။ ဒေါက်တာနိုင်အောင်လို ABSDF မြောက်ပိုင်းက ရဲဘော်တွေကို အာဝါးပေးချင်တယ်။ ဒါပေမဲ့ဗျာ- ဒီခေတ်က…. ဒေါက်တာချက်ကြီးနဲ ့ဒေါက်တာလွမ်းဆွေတို ့ရဲ  ့ဘလော့ဂ်နဲ ့ ကျနော်အသက်ရှင်နေတဲ့ခေတ်က ဦးသိန်းစိန်နဲ ့ဒေါ်စုတို ့နဲ ့အတူပေါ့။ တစ်ခါတလေ ကဗျာတွေဟာ မိုးကျရွှေကိုယ်လောက်တောင် အရသာမရှိသလို မိန်းမ ထောင်းတဲ့ ငပိထောင်းလောက်တောင် […]


phone_kyawMarch 27, 20121min32511
မတ်လ ၂၆-ရက်နေ ့ညတိုင်းဆိုရင် ကျနော်တို ့အရမ်းအလုပ်ရှုပ်တယ်။ စံပယ်ပန်းတွေသီရတယ်။ ကောက်ညင်းပေါင်းနဲ ့စားစရာတွေ ထုတ်ပိုးရတယ်။ ဒီလိုရှုပ်ပေမဲ့ပျော်စရာအရမ်းကောင်းတယ်။ တစ်အိမ်တစ်ယောက် မလိုက်မနေရဆိုပြီး တပ်ရင်းမှုးက အမိန် ့ထုတ်တယ်။ အထူးသဖြင့် မိန်းမတွေလိုက်ရတယ်။ အဖေက လုံခြုံရေး တာဝန်ယူရတယ်။ အမေက ပန်းသီးတယ်။ ကျနော်က ကောက်ညင်းပေါင်းအိုးကို ထမ်းတယ်။ ဒါက ကျနော်တို ့တာဝန်။ မနက်နှစ်နာရီဆိုရင် တပ်ရှေ  ့မှာ စစ်ကားသုံးလေးစီးက အဆင့်သင့်နေရာယူထားတယ်။ အပျိုချောလေးတွေလည်း မနည်းဘူး။ သူတို ့က ကြိုဆိုရေးရဲ  ့အဓိကလူတွေ။ မျက်နှာမှာ မိတ်ကပ်တွေနဲ ့သစ်လွင်တောက်ပသော အကျင်္ီတွေနဲ ့ဆိုတော့ ကြည့်ရတာ ဘုရားပွဲတော်ကိုသွားသလိုပဲ။ စစ်ကားကလည်း လူအယောက်ငါးဆယ်လောက်ဆန် ့တယ်။ ကားပေါ်ကို အပျိုချောတွေကော လူပျိုချောတွေကော တက်ကြတယ်။ စကြနောက်ကြနဲ ့။ […]


phone_kyawMarch 25, 20121min1603
“စနစ်ပြောင်းအောင်တိုက်ရမယ်။ တိုက်ပွဲဆိုတာ ရဲရင့်တဲ့သူတွေရှိမှ နိုင်တာကွ” ကိုသိန်း ဒီလိုပြောတာကို ပရိတ်သတ်က တဖြောင်းဖြောင်းနဲ ့လက်ခုတ်တီးကြပါတယ်။ သူရဲ  ့ရဲရင့်တဲ့ စိတ်ဓာတ်ကို သဘောအရမ်းကြလို ့။ အဲဒိတုန်းက ရွေးကောက်ပွဲမတိုင်ခင် ကျောင်းသားခေါင်းဆောင် ကိုသိန်းရဲ  ့အသံ။ ခေတ်တွေလည်းပြောင်းလာပြီဆိုတော့ ကိုသိန်းတစ်ယောက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်ဝင်ရွေးခံပါတော့တယ်။ ဒီတစ်ခါတော့ ကျောင်းသားခေါင်းဆောင်ကနေ ပြည်သူ ့အမတ်လောင်းဖြစ်လာတဲ့ကိုသိန်းလို ့ပြောလို ့ရနေပြီ။ တနေ ့မှာ သူ ့ကို မီဒီယာတွေက အင်တာဗျူးတယ်။ နိုင်ငံရေးစနစ်ကို ဒိ့ထက်ကောင်းအောင် ဘယ်လိုပြောင်းရင် ကောင်းမလဲဆိုပြီး အင်တာဗျူးတဲ့စော်လေးက မေးတယ်။ “စနစ်ပြောင်းအောင် လုပ်ရမှာပေါ့နော်…။ တိုက်ပွဲဆိုတာ ရဲရင့်တဲ့သူတွေရှိမှ နိုင်တာပေါ့နော်” အမတ်မဖြစ်ခင်တုန်းက အသံနဲ ့အမတ်ပြီးတော့ ကိုသိန်းရဲ  ့အသံက ဂငယ်ဂွေ  ့လို တဆစ်ချိုးပြောင်းသွားတာနဲ ့ပက်သက်ပြီး၊ […]


phone_kyawMarch 24, 20121min3467
ကျနော်ဩစတျေးလျ မိုင်းမှာ လုပ်နေတာ ၂၀၀၈-ခုနှစ်ကတည်းက ဖြစ်ပါတယ်။ မိုင်းလေးငါးခုမှာ လုပ်ဘူးတယ်။ ကျနော့်အတွေ ့အကြုံအရဆိုရင် ဖားကန် ့က ကျောက်စိမ်းတူးနေတဲ့ ဓာတ်ပုံကို တွေ ့တော့ အတော်လေးကို ရှော့ဖြစ်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့- ၁) မိုင်းပတ်လည်မှာ လူနေအိမ်တွေရှိနေတယ်။ အိမ်ခေါင်မိုးတွေကို သတိထားပြီး ကြည့်ကြည့်ပါ။ ဖုန်တွေ နည်းတာမဟုတ်ဘူး။ ၂) အင်မတန်ကြီးတဲ့မိုင်းတွင်းဖြစ်ြ ပီး Traffic Management  လို ့ခေါ်တဲ့ Stop Sign လုပ်ထားတာ၊ သတိပေးထားတာမရှိဘူး။ ၃) Dust Control မတွေ ့ဘူး။ ဥပမာ ဖုန်တွေလေထဲမပျံ  ့အောင်ရေဖြန်းတဲ့စနစ်မရှိဘူး။ ၄) Environmental Management လို ့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ဖို ့လုပ်ထားတဲ့ ဌာနမရှိဘူး။ ၅) […]


phone_kyawMarch 23, 20121min40913
အဘွားကိုမွေးတဲ့နေရာက အလံတစ်ရာဘုရားနားက ကျိူက်ကော်လို ့ပဲ သိတယ်။ ရွာကတော့ ပဲခူးစုလို ့ခေါ်တဲ့ ပအိုဝ့်ရွာလေးပါ။ အဘွားနဲ ့ဗိုလ်ချူပ်မှုးကြီးသန်းရွှေရဲ  ့မိန်းမ ဒေါ်ကြိုင်ကြိုင်နဲ ့က တရွာတည်းသားတွေ။ ငယ်သူငယ်ချင်းတွေလည်း ဖြစ်တယ်။ သိအောင်လို ့ပါ။ သူတို ့ဆီကနေ ကျနော်တို ့အပ်တို တစ်ချောင်းတောင် မရခဲ့ပါဘူး။ အခုတော့ ကျနော်အရမ်းချစ်ရတဲ့အဘွားပြီးခဲ့တဲ့ရက်က ဆုံးသွားတော့ သူ ့အကြောင်းကို တစ်ခုသော မိသားစု နားလည်အောင်လို ့ဒီစာကိုရေးပါတယ်။ အဘွားရဲ  ့မွေးရပ် အတိအကျတော့ မမှတ်ဘူး။ သူ ့ကို သထုံပအိုဝ်လို ့ခေါ်တယ်။ ပအိုဝ်စကားနဲ ့စာလည်း အတော်ကျွမ်းတယ်ထင်တယ်။ ဗမာစကားပြောရင် ပအိုဝ်သံနဲ ့ပြောတယ်။ ကျနော်တို ့နဲ ့ပြောရင်တော့ ဗမာလိုကို ပအိုဝ်သံဝဲဝဲနဲ ့ပြောလေ့ရှိတယ်။ အဘွားမှာ […]


phone_kyawMarch 22, 20121min4119
အနော်ရထာမင်းကြီးကို ထိုင်းတွေက အရမ်းလေးစားတယ်။ ထိုင်းလူမျိူးတွေရဲ  ့အိမ်အချိူ  ့မှာ အနော်ရထာဘုရင်းကြီးရဲ  ့ပန်းချီကို ထားပြီးတောင် ကိုးကွယ်တဲ့ ထိုင်းတွေကို တွေ ့ဘူးတယ်။ အနော်ရထာလည်း အယုဒယကို နှစ်ခါဝင်ပြီးတိုက်ဘူးတယ်။ သူက ဦးအောင်ဇေယျနဲ ့မတူတာက စောက်ရမ်းမလုပ်ဘူး။ ဒီခေတ်စကားနဲ ့ပြောရရင် Nation Rebuilding ပြန်လုပ်ပေးတယ်။ နိုင်ငံကို သိမ်းပြီးတာနဲ ့ အနော်ရထာက အပျင်းပြေ ထိုင်းမချောချောလေးတွေ ရတယ်။ သူတို ့ဘုရင်ကိုယ်တိုင်က အနော်ရထာကိုကြည်ကြည်ဖြူဖြူနဲ ့ပေးထားတာ။ ဘုရင်နဲ ့ပေးစားရင် ခလေးတွေထွက်လာမယ်။ ဒီခလေးတွေကိုထောက်ပြီး ယိုးဒယားကို စစ်မခင်းနိုင်ဘူးဆိုပြီး ယိုးဒယားဘုရင်က ခလေးအတွေးနဲ ့တွက်ပုံရတယ်။  မြန်မာဆိုတာ သိတဲ့အတိုင်း အားအားရှိရှိ သူများကို ချ ချင်နေတာ။ သူများကို ချလို ့မရရင် ကိုယ့်အချင်းချင်းကို […]


phone_kyawMarch 22, 20121min2497
မီဒီယာသမားတွေကို မီဒီယာပေါ်မှာ မင်းသားတွေလို တွေ ့နေရတယ်။ သူ ့တို ့မျက်နှာတွေက ခန် ့ခန် ့ကြီးနဲ ့။ မသိရင်တော့ အထင်ကြီးစရာ။ အစိုးရက လုပ်တဲ့ပွဲမှာ တစ်ခါမှ မတက်ဘူးတော့ ဒီလိုဖြစ်တာတော့မစမ်းပါဘူး။ ဝန်ကြီးမပြောနဲ ့ စစ်ဗိုလ်တောင်အနီးကပ်မပေါင်းဘူးတဲ့လူတွေ ၊ အခုဝန်ကြီးတွေနဲ ့ထိတွေ ့ဆက်ဆံလာရတော့ သူတို ့ကိုသူတို ့ဟုတ်လှပြီထင်နေကြတယ်။ မီဒီယာဥပဒေရေးဆွဲဖို ့အတွက်ပြည်ပ မီဒီယာသမားတွေကို ဖိတ်ခေါ်လို ့သွားတာမဟုတ်ပါဘူး။ အစိုးရက Irrawaddy Mizzima and DVB တို ့ခင်ဗျား- ကျနော်တို ့ကို ဝိုင်းကူပါလို ့ပြောတာမဟုတ်ပါဘူး။ ကျနော့်မျက်စိထဲမှာ မျက်စိဆံပင်မွေးဆူးနေတာလား။ မနာလိုတဲ့စိတ်များနေတာလားတော့မသိဘူး။ တိုင်းပြည်ပြင်ပမှာ မီဒီယာတွေတစ်ပုံကြီးရှိပါတယ်။ ဘာ့ကြောင့်များသူတို ့ကို ရွေးပြီးမှ ကျနော် ကြည့်မရဖြစ်နေတာလဲဆိုတာကို […]