မိန်းမချစ်ဆေးတဲ.ဗျာ ။။ ကျနော်ကတော. လူပျိုလေးဆိုတော.မသိဘူးဗျို. ။။ ရွာထဲကအစ်ကိုကြီးတွေအတွက်လိုမလားလို. ရိုးရာ ဆိုဒ်ထဲကကူးလာပေးတာပါ။ အဆင်ပြေကြပါစေ ၁။ သူမ ငယ်ငယ်တုန်းက အလှဆုံးပုံကို ဧည့်ခန်းမှာချိတ်ထားလိုက်ပါ။ ၂။ ချွေးထုတ်ခန်းအလကားသွားလို့ရမယ့် လက်ဆောင်ကတ်လေး သူမအတွက် ယူလာပါ။ ၃။ သူမကားကို ဆီဖြည့်ပေးထားလိုက်ပါ။ ၄။ သူမရဲ့ပွဲတက်ဝတ်စုံကို နောက်ကျောမှဇစ်ဆွဲတင်ပေးပါ။ ၅။ ဖျားနေရင် ဆေးသွားဝယ်ပေးပါ။ ၆။ ကလေးတွေကို ကိုယ်တိုင်ရေချိုးပေးပါ။ ၇။ မိန်းကလေးသုံး ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ ဆပ်ပြာဝယ်လာပေးပါ။ ၈။ တစ်ခါတလေ ဖုန်းအကြာကြီးပြောနေရင် မငြိုငြင်ပါနဲ့။ ၉။ အနားအကပ်မခံချင်ရင် ခွာနေလိုက်ပါ။ ၁၀။ရေချိုးကန်ထဲမှာ ဆင်ပြာပူဖောင်းတွေနဲ့ သူမ ရေချိုးနိုင်အောင် ပြင်ဆင်ထားလိုက်ပါ။ လေးဖက်လေးတန် ဖယောင်းတိုင်လေးတွေထွန်းပေးပါ။ Link: http://www.yoyarlay.com/social-funny/1206-funny-7day-v9n31-1


အရှေ.တောင်အာရှရဲ. အကြီးဆုံးအားကစားပြိုင်ပွဲတစ်ခုဖြစ်တဲ. SEA Game ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ဝင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်အထိ လက်ခံကျင်းပတော.မှာဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ 12 ရက်နေ.ကနေ ၁ရ ရက်နေ.ထိကျင်းပခဲ.တဲ. ပထမအကြိမ်တုန်းကတော. ကစားနည်း ၁၂ မျိုးပါဝင်ပြီး ပြိုင်ပွဲရဲ.နာမည်ကလဲ SEA Game မဟုတ်သေးပဲ SEAP Game (South East Asia Peninsular) ဆိုပြီးတော.ပါ။ ယခုနှစ် အင်ဒီနီးရှားနိုင်ငံမှာကျင်းပမယ်.ပြိုင်ပွဲမှာတော. ကစားနည်း ၄၄ မျိုးပါဝင်မှာဖြစ်ပါတယ်။ ကစားနည်းတွေကတော. 1. Aquatics 2. Archery 3. Athletics 4. Badminton 5. Baseball 6. Basketball 7. Billiards & […]


မြန်မာနိုင်ငံ မှာ ဆီချိုသွေးချို ရောဂါ ဝေဒနာရှင် အတော်များများ ရှိနေ ပြီဟု ကျန်းမာရေး ဝန်ကြီးဌာ န ထုတ်ပြန်သော စာရင်းများ အရ သိရှိရပါတယ်…။ဒါကြောင့်ဆီးချို သွေးချို ဝေဒနာရှင် များတွက် ဆေးကောင်းတလက် ကို ဝေမျှ လိုက်ပါတယ် ..။ အမေရိကန် အစားအစာနဲ့ ဆေးဝါး အုပ်ချုပ်ရေး အဖွဲ့ ( FDA ) က အရွယ်ရောက်ပြီးသူများမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ ဆီးချိုရောဂါ အမျိုးအစား ( Type – 2 ) ကြောင့် သွေးအတွင်း သကြားဓာတ် ပါဝင်မှုကို ထိန်းချုပ်ပေးရန်အတွက် Tradjenta ဆေးပြားကို အသုံးပြုရန် သဘောတူ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ Type 2 […]


ဒီနေ. မေလ ရဲ.ပထမပါတ် နောက်ဆုံးရက် တနင်္ဂနွေ နေ.ပေါ. ဒီကနေ.မှာကျရောက်တဲ. နိုင်ငံတော်တော်များများရဲ.အမေများနေ.မှာ ကျနော်.အနေနဲ. အမေ.ကိုလွမ်းရင်း ဘာလုပ်ရမလဲလို.စဉ်းစားလိုက်တော့ အရင်ဆုံးဒီရွာလေးကိုပဲသတိရပြီး ဝင်လာမိပြန်တာပဲ အမေ.ကိုအရမ်းသတိရတဲ.အချိန်မှာ ဒီရွာလေးကိုလဲသတိရမိတာတော.အဆန်းဗျ ဘာမှမဟုတ်ပေမယ်.သံယောဇဉ်တွယ်မိနေတယ်ပဲပြောရမလား။ ဒီရွာထဲကိုလာလည်မိတဲ.ဟိုးအရင်နှစ်ကစလို.အခုဆိုကျနော်တစ်ယောက်လဲရွာသားတစ်ယောက်လို.အသိအမှတ်ပြုခံရပြီ( ကိုယ်.အတွေးနဲ.)။ ဒီနေ.မှာကျရောက်တဲ.အမေများနေ.မှာကျနော်တို.တွေရဲ.မွေးမေမေ ကျွေးမေမေ စာတွေသင်ပေးတဲ.မေမေ ဗဟုတုတတွေသင်ပေးတဲ. ကမာ္ဘပေါ်ကရှိရှိသမျှ အမေတွေအားလုံးကို လက်စုံမိုးလို.ရှိခိုးကန်တော.လိုက်ကျရအောင်ဗျာ ဒီသားဒီသမီးတို.ကနေပြီတော. ဖြစ်လေရာဘဝတိုင်းမှာ ကျင်လည်ခဲ.ဘူးသမျှ အမေတို.အပေါ်မှာ ကာယကံ ဝစီကံ မနောကံ နဲ.ပြစ်မှားမိခဲသိများရှိခဲ.ရင်ခွင်.လွှတ်ပေးပါ။ အဖေက နေ.ဘက်မှာလင်းတဲ.သူရိန်ဆိုရင် အမေကညဘက်မှာလင်းတဲ. စန္ဒာလမင်းပါ ကျနော်တို.အတွက်ဆို နီရဲနေတဲ.သွေးကိုတောင် အဖြူရောင်ဖြစ်အောင်ပြောင်းပစ်နိုင်တဲ.သူပါ တောင်းဆိုပလုံးဆိုးသာ စွန်.ပစ်နိုင်ပေမယ်. သားဆိုးသမီးဆိုးတွေကိုတော.ရင်ဝယ်သာပိုက်ထားချင်သူပါ အမေဆိုတာ…. အမေဆိုတာ…. အမေဆိုတာ…. ဘယ်လိုဖွဲ.ဖွဲ. ပြီးမြောက်အောင် ဖွဲ.ဆိုလို.မရတဲ.သူပါဗျာ


၂၀၁၂ လန်ဒန် အိုလံပစ် ခြေစစ်ပွဲ ဝင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း၏ နောက်ဆုံး ၁၈ဦး လူစာရင်းအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF က ယနေ့ ညနေပိုင်းတွင် တရားဝင် သတင်း ထုတ်ပြန် ကြေညာ သွားခဲ့သည်။ အဆိုပါ လူစာရင်းတွင် ဆားဘီးယား နည်းပြကြီး အနေဖြင့် ဂိုးသမား နှစ်ဦး၊ နောက်ခံလူ ရဦး၊ ကွင်းလယ် ကစားသမား ၆ဦးနှင့် တိုက်စစ်မှူး ၃ဦး ထည့်သွင်း ရွေးချယ်ခဲ့သည်။ ၁၈ဦး စာရင်းတွင် ပရိသတ် ရင်းနှီးသည့် ကစားသမား အတော်များများ ပါဝင် လာခဲ့ကာ ဒဏ်ရာ ရရှိနေသည့် ကျော်ကိုကို၊ ဇော်ဇော်ဦးတို့နှင့် အခြား ကစားသမား ၅ဦးကိုမူ […]


ရန်ကုန် ယူနိုက်တက် အသင်းက ကြီးမှူး၍ လူငယ် ကစားသမားများ ပေါ်ထွက်လာရေး ရည်မှန်းကာ အသက် ၁၆နှစ်အောက် လူငယ် ဘောလုံး ပြိုင်ပွဲ တစ်ရပ်အား ကျင်းပမည် ဖြစ်ရာ ခြေစစ်ပွဲ ပွဲစဉ်များအား လာမည့် ဖေဖော်ဝါရီ ၂၈ရက်နေ့နှင့် မတ်လ ၁ရက်နေ့ များတွင် သုဝဏ္ဏ အားကစား ကွင်းဘေးရှိ လေ့ကျင့်ရေး ကွင်း (၁)နှင့် (၂) တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခြေစစ်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားသည့် အသင်း အရေအတွက်မှာ ၁၀၄သင်း အထိ ရှိနေခြင်းကြောင့် မူလက ၁ဝသင်း တည်းဖြင့် ဖိုင်နယ်အဆင့် ပြိုင်ပွဲအား ကျင်းပရန် ရည်မှန်း ထားသော်လည်း အသင်း […]


မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) မှကြီးမူး၍ ကုလသမဂ္ဂလူဦးရေထောက်ပံ့ငွေ၏ အကူအညီဖြင့် လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိရာ ယမခုလ(၂၂) ရက်မှစ၍ ပျော်ရွှင်တက်ကြွဆယ်ကျော်သက်ဘဝသင်တန်းအမှတ်စဉ်(၄၉) ကိုဖွင့်လှစ်မည်ဖြစ်သည်။ လူငယ်များပျော်ရွှင်ခြင်း၊ကျန်းမာခြင်းနှင့်အတူ တက်ကြွလန်းဆန်းတဲ့ဆယ်ကျော်သက်ဘဝ (သို့) လူငယ်ဘဝကိုရရှိစေလိုသော ဆန္ဒများနှင့်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။ “လူငယ်များသိသင့်သိထိုက်သော ကျန်းမာရေးနှင့်ပတ်သက်သည့် အခြေဗဟုသုတများရရှိစေရန်၊ ရရှိသော အခြေခံဗဟုသုတများကို မူတည်၍ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များပြုမူဆောင်ရွက်လာစေရန်၊ ဘဝနှင့်ပတ်သက်သော တန်ဖိုးထားမှုများအကြောင်း နားလည်ပြီး မိမိ၏ လူကြီးဘဝအတွက်ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေရန်၊ မိသားစုနှင့် ပတ်ဝန်းကျင်တွင် အဆင်ပြေစွာ ဆက်ဆံတတ်ပြီး ပတ်ဝန်းကျင်ကောင်းကို ရှာဖွေနိုင်စေရန်နှင့် ဘဝတွင်ဆုံးဖြတ်ချက်များကို ကြောင်းကျိုုးညီညွှတ်စွာချမှတ်တတ်စေရန်” ဟူသောရည်ရွယ်ချက်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းရဲ့ဆောင်ပုဒ်လေးက Be knowledge, Pass it on သုတရှာဖွေဖြန့်ဝေပါလို့ ဆိုလိုပါတယ်။ အသက်(၁၅) မှ (၂၄) အထိ စိတ်ဝင်စားသူဆယ်ကျော်သက်လူငယ်များတက်ရောက်ခွင့်ရှိပြီး တစ်ကြိမ်မှာ သင်တန်းသားဦးရေ(၄၀) သာလက်ခံသင်ကြားပေးနေကြောင်း၊ […]


ေမာင္ဖိုးတီFebruary 10, 20111min1617
ကျွန်တော် ဒီဆိုဒ် ကို အမြဲ တမ်းလိုလို ဝင်ကြည်.ဖြစ်တာ သုံးလကျော်သွားပါပြီ တကယ်ကိုကောင်းတဲ.ဆိုဒ်လို.ပဲဆန္ဒပြုချင်ပါတယ် တစ်ခြားရွာသူရွာသားတွေလဲကျွန်တော်.လိုပဲလို.ထင်ပါတယ် ဆိုဒ်ထဲမှာ ပညာရေး ကျန်းမာရေး လူမှုရေး နိုင်ငံရေးစသဖြင်.ပေါ.ဗျာ တော်တော်လေးကိုစုံပါတယ် ရွာသူရွာသားတွေကလဲ တစ်ယောက်တစ်မျိုးနဲ.တော်တော်လေးကိုပျော်စရာကောင်းပါတယ် ဒါပေမယ်.လို.ပေါ.ဗျာ ဒီဆိုဒ်မှာ အားကစားနဲ.ပါတ်သက်တဲ.သတင်းလေးတွေများလိုနေသလားလို.ပါ အဲ.ဒါမျိုးလေးတွေပါတင်ရင်ကောင်းမလားလို.ပါ (မှတ်ချက်၊ ၊ ပွိုင်.လိုချင်လို.မဟုတ်ပါ):P


လောင်ပြန်ပြီဗျို. မီးမီး ဟုတ်ကဲ.ခင်ဗျ အခုတလော ရန်ကုန်မှာမီးတွေဆက်တိုက်ဆိုသလိုလောင်နေပါတယ် အခု ရန်ကုန်စံတော်ချိန် ၂:၃ဝ အချိန်ခန်.မှာလည်းရန်ကုန်မြို.တော်ကြီးမှာမီးလောင်နေပြန်ပါပြီ ဘယ်မှာဆိုတာတော.သေချာမသိရသေးပါဘူး သာကေတဘက်မှာတော. မီးခိုးလုံးတွေတွေ.နေရပါတယ်


ဗမာအယူအစမှာပေါ.ဗျာ ကျွန်တော်တို.မြန်မာနိုင်ငံမှာ ဟိုးရှေးရှေးကတဲကအားထားကြတဲ. ဗေ ဒင်မေးခြင်းဆိုတဲ.အကြောင်းလေးပါ ဗေဒင်ဆရာအများစုက သူတို.ဟောပြီးရင် ယတြာဆိုတာမပါမဖြစ်ဝေါဟာရလိုပါပဲ ကျွန်တောသိချင်တာက ရွာသူရွာသားများအနေနဲ.က အဲ.ဒီယတြာဆိုတဲ.စကားလုံးပေါ်မှာ ဘယ်လိုအမြင်လေးတွေများရှိမလဲလို.ပါ


ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။ မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ- ဒီကနေ ့ဂျစ်တူးအကိုရဲ ့သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ တာတော့မဟုတ်ပါဘူး။သူမရဲ ့ချစ်ဆုံးယောက်ျားဆုံးသွားလို ့အပူနဲ ့လာခဲ ့ရသူပါ။ လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ ့။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို ့- အလုပ်ထွက်ဖို ့ဆိုတာတော်တော်ခက်လို ့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို ့အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင် တော့အတူတူနေလို ့ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ ့ဆရာမလေးတစ်ယောက်ပျော်နေခဲ ့တာပေါ့) ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။ ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ ့ပက်စီသောက်မိလို ့သေဆုံးသွား ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ ့ပေါ့။ ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။ ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို ့သေသွားတဲ ့မြန်မာအမျိုးသား တစ်ယောက်လည်းဆုံးပါးသွားပါပြီ။ သူ့ခေါင်းတွေကိုက်လွန်းလို ့ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူလွန်းလို ့ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို ့ဆေးရုံကိုပို့လိုက်ရပါတယ် အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။ အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။ ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့ ပါဘူး။ နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။ အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို ့ရပါတယ်။တစ်ယောက်ကြည့်လို […]


ကြို့ထိုးခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။ ကြို့ထိုးခြင်းကို ဆေးပညာမှာ ၄၈ နာရီအောက် ကြို့ထိုးခြင်း၊ ၄၈နာရီကြာအောင် ကြို့ထိုးခြင်း နဲ့ ၁လကြာအောင် ကြို့ထိုးခြင်းရယ်လို့ ၃မျိုးခွဲခြားထားပါတယ်။ မွေးကင်းစမှ အသက်အရွယ်မရွေးထိ ဖြစ်ပွါးနိုင်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုမို အဖြစ်များတယ်လို့ ဆိုကြပါတယ်။မနက်ပိုင်းထက် ညနေပိုင်းအချိန်တွင် အများဆုံးကြို့ထိုးလေ့ရှိပြီး တစ်မိနစ်လျှင် ၅ ကြိမ်မှ အကြိမ် ၆ဝ ခန့်ထိဖြစ်ပွါးတတ်ပါတယ်။ ကြို့ထိုးခြင်း ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုရင် Diaphragm လို့ခေါ်တဲ့ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ ့ရင်ဝမ်းကြွက်သားရဲ့ ရုတ်တရက် အဆက်မပြတ် ကျုံ့မှုကြောင့် ကြို့ထိုးခြင်း ဖြစ်ပေါ်လာတယ်လို ့ဆိုပါတယ်။ လူတွေအသက်ရှုသွင်းလိုက်တဲ့အခါမှာ ရင်ဝမ်းခြားကြွက်သားဟာ ကျုံ့ကာ အောက်ကိုဆင်းသွားပြီး အသက်ရှုထုတ်လိုက်တဲ့အခါမှာ အပေါ်ကိုတက်လာပါတယ်။ ရင်ဝမ်းခြားကြွက်သားရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားတာက Phrenic nerve ဆိုတဲ ့အာရုံကြောပါ။ […]


ကြို့ထိုးခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။ ကြို့ထိုးခြင်းကို ဆေးပညာမှာ ၄၈ နာရီအောက် ကြို့ထိုးခြင်း၊ ၄၈နာရီကြာအောင် ကြို့ထိုးခြင်း နဲ့ ၁လကြာအောင် ကြို့ထိုးခြင်းရယ်လို့ ၃မျိုးခွဲခြားထားပါတယ်။ မွေးကင်းစမှ အသက်အရွယ်မရွေးထိ ဖြစ်ပွါးနိုင်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုမို အဖြစ်များတယ်လို့ ဆိုကြပါတယ်။မနက်ပိုင်းထက် ညနေပိုင်းအချိန်တွင် အများဆုံးကြို့ထိုးလေ့ရှိပြီး တစ်မိနစ်လျှင် ၅ ကြိမ်မှ အကြိမ် ၆ဝ ခန့်ထိဖြစ်ပွါးတတ်ပါတယ်။ ကြို့ထိုးခြင်း ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုရင် Diaphragm လို့ခေါ်တဲ့ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ ့ရင်ဝမ်းကြွက်သားရဲ့ ရုတ်တရက် အဆက်မပြတ် ကျုံ့မှုကြောင့် ကြို့ထိုးခြင်း ဖြစ်ပေါ်လာတယ်လို ့ဆိုပါတယ်။ လူတွေအသက်ရှုသွင်းလိုက်တဲ့အခါမှာ ရင်ဝမ်းခြားကြွက်သားဟာ ကျုံ့ကာ အောက်ကိုဆင်းသွားပြီး အသက်ရှုထုတ်လိုက်တဲ့အခါမှာ အပေါ်ကိုတက်လာပါတယ်။ ရင်ဝမ်းခြားကြွက်သားရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားတာက Phrenic nerve ဆိုတဲ ့အာရုံကြောပါ။ […]