kpJuly 14, 20131min16511
အင်းမိုးတွင်းရောက်လာပြီဆိုတော့မိုးလေးကလည်းတစ်ဖျောက်ဖျောက် ဖုန်းသံလေးကလည်းတစ်ဂျိ့ဂျိ့နဲ့ပါ။ ဒါနဲ့ဘဲပြီးခဲ့တဲ့လက ၈ရက်နေ့လောက်ကလိုင်းမန်းကိုခေါ်ပြီးဖုန်းလိုင်းစစ်တော့ ကြိုးတွေအဆက်တွေများနေလို့ ကြိုးလဲရမ ယ်ဆိုတာနဲ့ ကြိုးလဲလိုက်တာ ၃သောင်းပေးလိုက်ပါတယ်။ကြိုးလဲလိုက်ပေမဲ့ လိုင်းကမကြည်ဘဲ Noise တွေဝင်နေပါတယ် ဒါနဲ့ ဘဲ noise ရှင်းဘို့နောက်ထပ် ၃သောင်းထပ်ပေးလိုက်ရပါတယ်။ဒါလည်းလိုင်းကကောင်းသလိုဖြစ်ပေမဲ့ အင်တာနက်သုံးတာကတော့ အချိန်ကြာလာရင်တစ်ဖြည်းဖြည်း ကျပြီးလုံးဝသုံးလို့မရတော့ပါဘူး ။ကျွန်တော်တို့လို ADSL ကိုဖုန်းလိုင်းကအသုံးပြုတဲ့အင်တာနက်ဆိုင်တွေကဖုန်းမကောင်းရင်လုံးဝအဆင်မပြေပါဘူး။ဒါနဲ့လိုင်းမန်းကိုထပ်စစ်ခိုင်းလိုက်တာနဲ့ UG- Underground cable ဖြစ်တာဆိုတာနဲ့ လိုက်ချိန်းလိုက်တာ နောက်ထပ်၄သောင်းထပ်ကုန်သွားတာနဲ့ ပြီးခဲ့တဲ့လက တစ်လတည်းနဲ့ ၁သိန်းနီးပါပြောင်သွားပါတယ်။ဒါပေမဲ့လိုင်းကတော့ဖုန်းလိုင်းလည်းကြည်ပြီးအင်တာနက်လိုင်းလည်းတော်တော်ကောင်းသွားတယ်ပေါ့။မကြာပါဘူးတစ်လဘဲကြာတယ် ဒီလ၈ရက်နေ့ကွက်တိမှာဘဲ ဖုန်းထဲက ရေဒီယိုအသံတွေကြားနေရပါတယ်။ဒါနဲ့လိုင်းမန်းကိုထပ်ခေါ်ပြီးပြောတော့တော်တော်နဲ့ လာမလုပ်ပေးပါဘူး။နောက်တော့ ဖုန်းဆက်ပါများတော့ ကိုယ့်ဖုန်းတိုင်ကိုတောင်လာလုပ်ပေးစရာမလိုပါဘူး။ ဖျာပုံလမ်းထိပ်ဘုတ်ကနေ မျက်စိတစ်မှိတ်လုပ်ပေးလိုက်တာဖုန်းကချက်ခြင်းဘဲ ကောင်းသွားတယ်။ဒါနဲ့လိုင်းမန်းခေါင်းဆောင်ကို ခင်ဗျားတို့ ကျုပ်ဖုန်းကိုခဏခဏမလုပ်ပါနဲ့ ဖုန်းပျက်ရင်လည်းတစ်ခါလာလုပ်ရင် ၂ထောင်လောက်ပေးနေရတာ ကျုပ်တစ်ခါတည်း ၃သောင်းပေးထားမယ်ဆိုပြီး ၃သောင်းပေးလိုက်ပါတယ်။သူ့ဆရာကိုပေးလိုက်ပေမဲ့ လှေခါးထမ်းတဲ့လိုင်းမန်းပုံကသိပ်မကြည်သလိုဘဲ ။မကြာပါဘူး နောက်နေ့သောကြာနေ့ ညနေ၆နာရီသူတို့ပြန်တဲ့အချိန်မှာလိုင်းကိုလုံးဝဖျက်တောက်သွားပါတယ် ဒါတော့ အရမ်းကိုလွန်သွားပါပြီ။ ရတယ်လေငါဒီကြိုးဖုန်းမသုံးလည်းဟမ်းဖုန်းသုံးမယ် […]


kpFebruary 10, 20131min650
စီးပွား/ကူးသန်းအငှားယာဉ်လုပ်ငန်းမှ အငှားယာဉ်များကို ရောင်းချပေးရာတွင် အငှားယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ဘဝသို့မရောက်ရှိဘဲ အလုပ်လက်မဲ့ဘဝရောက်ရှိမည့် ယာဉ်မောင်း (၁၂)ဦး ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၂၈)နေ့ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ (၁၀) ကော်လံ (၀၂) ပါ ရန်ကုန် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စီးပွား/ကူးသန်းအငှားလုပ်ငန်းမှ အငှားယာဉ်များကို မကြာမီရောင်းချပေးမည် ဆိုသည့်သတင်းနှင့် ၎င်းနောက်ဆက်တွဲတွင် အလုပ်လက်မဲ့ဘဝသို့ရောက်ရှိတော့မည့် ယာဉ်မောင်းများ အကြောင်းကို အောက်ပါအတိုင်းဖတ်နိုင်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (အငှားယာဉ်လုပ်ငန်း) မှအငှားယာဉ်မောင်းများအားမိမိတို့ မောင်းနှင်သော အငှားယာဉ်(taxi) များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း စီးပွား/ ကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ယာဉ်မောင်းများဖွဲ့စည်းထားသော သာရေးနာရေး ကော်မတီ အဖွဲ့ဝင် များကိုပြောကြားသည်။ (၂၁-၄-၂၀၁၂) မှစပြီး ဌာနနှင့်အငှားယာဉ်မောင်းများကြား မပြေလည်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ နိုင်ငံတော်သမ္မတကြီးက အငှားယာဉ်မောင်းများသည်လည်း ပြည်သူထဲက ပြည်သူတွေဖြစ်သည့်အတွက် ယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ဘဝသို့ရောက်ရှိပြီးအားလုံးအဆင်ပြေစေရန် […]


kpAugust 13, 20121min1155
သမ္မတကြီးအတွက် အင်တာနက်ဆိုင်တွေ ရေးလာတဲ့စာ အင်တာနက်လိုင်း ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ကျွန်တော်များ အင်တာနက်ကဖီး (ခေါ်) Public Access Centre လိုင်စင်ဖြင့် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသော ပိုင်ရှင်များမှ သမ္မတကြီးထံ ရိုသေစွာ တင်ပြတိုင်ကြားအပ်ပါသည်။ ကျွန်တော်တို့ အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူ တော်တော်များဟာ Myanmar Teleport, Yatanarpon Teleport, Redlink, ရွှေသံလွင်, မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စသည့် ဆက်သွယ်ရေးဝန်ကြီး ဌာနရဲ့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ဌာန လုပ်ငန်းများမှ ADSL, FibreToHome, Wimax, Wireless Broadband, ipstar, Skynet MPS စသည့် ဈေး အလွန်ကြီးမားတဲ့ အင်တာနက်လိုင်းများ တပ်ဆင် အသုံးပြုပြီး ဖွင့်လှစ် လုပ်ကိုင်နေကြရပါတယ်။ ကနဦး […]


kpJuly 23, 20121min3019
ရဟန္တာ (၈၀) ရဟန္တာ (၈၀)ရှေးဟောင်းသိမ်တော်ကြီးသည် ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ၊နွားမယံကျေးရွာ အုပ်စု ဖိုးသိန်တန်ရွာအနီး၊ရွှေတောင်ချည်မျှင်နှင့်အထည်စက်ရုံ အရှေ့တည့်တည့် ရန်ကုန် ပြည်ကားလမ်းနဘေးတွင်တည်ရှိသည်။ဆရာတော်ကြီး ၏သိမ်အနောက်ဘက် ပေ၂၀၀ဝခန့် အကွာတွင် ဧရာဝတီမြစ်ကြီးက တစ်သွင်သွင်စီးဆင်းနေပါသည်။ ဆရာတော်အားလာရောက် စတင်လျှောက်ထားအပ်နှံခြင်း။ ၂၀၀၄၊ ဧပြီလ ၁၈ ရက် နေ့တွင်ပြည်မြို့ မှဦးဌေး ရွှေတောင်မြို့မှ ဦးဖေချစ်၊ ဦးပုနှင့် ထန်းကုန်းရွာမှ ဦးသိန်းအောင် တို့သည် မြို့နယ်သံဃနာယကအဖွဲ့၏တာဝန်ပေးချက်အရ သာသနာပြုအဖွဲ့များကို ဦးစီးဦးဆောင်ပြုပြီး မှဲ့ရှင်ဆရာတော်အားလာရောက်လျှောက်ထားကြပါသည်။ ထိုအချိန်မှ မှဲ့ရှင်ဆရာတော်သည်ပဲခူးတိုင်း အနောက်ပိုင်း၊ ရွှေတောင်မြို့နယ် ၊မယားမာန်ကျေးရွာ ၊ကဉ္စနာဂီရိရွှေတောင်၊ငါးဆူ တောင်ဓမ္မရိပ်သာတွင် သာသနာပြုနေစဉ်ဖြစ်ပါသည်။အဆိုပါအဖွဲ့၏လျှောက်ထားချက်အရ သိရသည်မှာ တောင်ကြီးမြို့မှ ဘိုးတော်ဦးအေး သည်အိမ်မက်အရ ပြည်မြို့သို့ ရောက်ရှိလာပြီးနောက် ပြည်တော်ဝင် ဦးအေးဟုအမည်ခံကာ ထန်းကုန်းရွာနှင့် နောင်လာသောအခါ […]


kpMarch 8, 20121min45219
ကျွန်တော်ဒီနေ့မနက် စိတ်ကူးရှိတာနဲ့ ဘဲ တီရှပ်လေးလုပ်ကြည့်လိုက်တာပါ။  mandalaygazette  ကရွာသားတွေရဲ့ အမြင်လေးကိုလည်းပြောကြည့်ပါဦး။ Giordano, Hang ten တီရှပ်လေးတွေနဲ့ ကောင်းကောင်းလေးလုပ်မှာပါ။


kpSeptember 9, 20111min670
မိမိကြိုက်နှစ်သက်မိသောဂါထာလေးတစ်ပုဒ်ပါ။ဘဘကြောင်ကြီးလိုစာတတ်ပေတတ် ကျမ်းဂါမ်တတ်ကြီးတော့မဟုတ်ပါဘူး။စိတ်ထဲမှာကြိုက်နှစ်သက်လို့တင်ပြရခြင်းဘဲဖြစ်ပါတယ်။ “စိတ္တေနနိယေတေလောကော” စိတ္တေန -မိမိစိတ်သာလျှင် ၊နိယေတေ -ရှေးဆောင်ရာ၏ ၊ လောကော -ဖြစ်ခြင်း ပျက်ခြင်းရှိတဲ့လောကကြီးကို။ မိမိစိတ်သာလျှင်လောကကြီးတစ်လုံးကိုရှေးဆောင်နိုင်သည်။မိမိစိတ်သာလျှင်လောကကြီးတစ်ခုလုံးကိုလွှမ်းမိုးနိုင်သည်။ဗုဒ္ဓမြတ်စွာဘုရားလက်ထက်က ရဟန်းတစ်ပါးက ဘုရားကိုလျှောက်တင်ပါတယ်…အရှင်ဘုရားတပည့်တော် ရဟန်းသိက္ခာပုဒ်၂၂ရ သွယ်ကိုများလွန်းလှတဲ့အတွက်လူထွက်ခွင့်ပြုပါလို့လျှောက်တင်တော့ ဗုဒ္ဓမြတ်စွာဘုရားက သိက္ခာပုဒ် ၂၂ရသွယ်သောပုဒ်ကိုစောင့်ထိန်းစရာမလိုဘူး မိမိစိတ်တစ်ခုထဲကိုသာစောင့်ထိန်းပါလို့ ဟောကြားတာကိုဆရာတော်တစ်ပါးကဟောကြားတာကိုကြားခဲ့ဖူးပါတယ်။ မိမိကိုဝမ်းသာပျော်ရွှင်အောင်လုပ်တာလည်း မိမိစိတ်ဘဲ မိမိကို စိတ်ညစ်အောင်လုပ်တာလည်း မိမိရဲ့စိတ်ပါဘဲ။ အဲ့ဒီ့စိတ်ကဘဲ ကောင်းတဲ့နေရာရောက်အောင်လုပ်နိုင်သလို ဆိုးတဲ့နေရာရောက်အောင်လည်းလုပ်နိုင်ပါတယ်။ အရမ်းအဖိုးတန်တဲ့ နာရီတစ်လုံးနဲ့ တန်ဘိုးနည်းတဲ့ နာရီတစ်လုံးဒါပေမဲ့ရလိုက်တဲ့အချိန်ကတော့တူတူပါဘဲ ၂သိန်းတန်နာရီ ၁၂နာရီထိုးရင် ၁သောင်းတန်နာရီအလည်း ၁၂ နာရီပါဘဲ…အဖိုးတန်လွန်းလို့၂၄နာရီထက်ပိုမရနိုင်ပါဘူး။ မှတ်ချက်။ ။ကျန်တာကိုတော့ဘဘကြောင်ကြီးကဘဲ ကွန်မန့်မှာဆက်လက်ရှင်းပြပါလိမ့်မည်။ 😛


kpJuly 17, 20111min26535
ယခုလ အတွက် ရင်ကို ထိမှန် စေသော သတင်း နှစ်ပုဒ် ရှိသည်။ တစ်ပုဒ်က နိုင်ငံခြား သတင်း မီဒီယာသည် စထရိတ်တိုင်းမ်တွင် ဖော်ပြပါရှိခဲ့သော တရုတ် တိုင်ပေတွင် “နှစ် ပေါင်း ၂ဝ ကျော်ကြာ အောင်ပိတ် ပင်ထား သော ပြည့်တန်ဆာ လုပ်ငန်း ပြန်လည်ဖွင့် လှစ်တော့မည်” ဟူသောသတင်း။ နောက် တစ်ခုက ပြည်တွင်း မီဒီယာတို့တွင် ဖော်ပြ ထားသော “အနှိပ်ခန်း၊ ကေတီဗွီတို့ကို ပြင်း ပြင်း ထန်ထန် အရေး ယူမည်”ဟူသောသ တင်းအကြောင်းအရာကတူသည်။ အချိန် ကာလကလည်း သိပ်မကွာ။ မတူညီ သည် က ပိတ်ခြင်းနှင့်ဖွင့်ခြင်း သဘောတရားနှစ်ခု က လားလားမျှမတူ။ ဖြောင့်ဖြောင့်ကြီး ကို ဆန့်ကျင် […]


kpJuly 10, 20111min12311
ဘဝဆိုတာဒီလိုဘဲလား သတ္တဝါတစ်ခု ဖြစ်လာရင် လူဖြစ်စေနတ်ဗြဟ္မာဖြစ်စေကြက်ငှက်ဝက်ဖြစ်စေ၊ တစ်နေ့တော့ဘဝကိုနိဂုံးချုပ်ကြရမှာဖြစ်ပါတယ်။ဒါကိုဘယ်သူမှ မလွန်ဆန်နိုင်ကြပါဘူး။ ဒါပေမဲ့ သတ္တဝါတွေဟာ သူတို့ဖြစ်တဲ့ဘဝမှာပျော်ကြတယ်ဗျ။ဒါကတော့ကောင်းတဲ့သဘောပေါ့နော် ဗုဒ္ဓစာပေတစ်ခုထဲမှာ “ငရဲကျတဲ့သူတွေကော ပျော်ကြရဲ့လား” လို့မေးတာကိုဖြေတဲ့သူက “သူတို့လည်း ပျော်တဲ့အချိန်တော့ရှိမှာပေါ့” လို့ဖြေထားတာဖတ်ရပါတယ်။ သတ္တဝါတိုင်းပျော်ချင်ကျတာထင်ရှားပါတယ်လေ။မြတ်စွာဘုရားလက်ထက်က ဘုရားဒေသစာရီကြွရင်း ရွာတစ်ရွာကိုရောက်သွားတယ်။ရွာသူရွာသားတွေက မြတ်စွာဘုရားကို ဖူးမြော်ပူဇော်ကြရင်းမေးခွန်းတစ်ခုမေးပါတယ်။မြတ်စွာဘုရားတပည့်တော်တို့ အနေနဲ့ အိမ်ထောင်သားမွေးအလုပ်ကိုလည်းမစွန့်နိုင်ပါဘူး။ စီးပွါးရှာတဲ့အလုပ်ကိုလည်းမစွန့်နိုင်ပါဘူး။ အဲ့သလိုဘဝကိုရုန်းကန်နေရင်း ယခုဘဝမှာကော နောင်တမလွန်ဘဝမှာကော ကောင်းကျိုးချမ်းသာ ရနိုင်တဲ့နည်းများရောရှိပါသလားလို့ မေးကြပါတယ်။ ဒီအခါမြတ်စွာဘုရားက “အေး ခုဘဝရော နောက်ဘဝရော ကောင်းကျိုးချမ်းသာရနိုင်တဲ့ နည်းလမ်း၈ခုရှိတယ်” လို့ဖြေပါတယ်။ ယခုဘဝကောင်းကျိုးချမ်းသာရနိုင်မဲ့ နည်းလမ်း၄ခု။ ၁။  အလုပ်ကိုကြိုးစားလုပ်ရမယ်။မိမိလုပ်တဲ့အလုပ်ကိုကျွမ်းကျင်ရမယ်၊ဇွဲနဲ့လုပ်ရမယ်။အလုပ်လုပ်တဲ့နည်းစနစ်မှန်ကန်ဖို့လိုတယ်။ ၂။ မိမိအလုပ်ကရလာတဲ့ဝင်ငွေကို ကောင်းစွာထိမ်းသိမ်းစောင့်ရှောက်ရမယ် မလေလွင့်ရဘူး။ ၃။ မိမိမှာ အကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ မိတ်ဆွေကောင်းမျိုးရှိဖို့လိုတယ်။ ၄။ ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင်အသုံးအစွဲဂရုစိုက်ဖို့လိုတယ်။ အထက်ပါအချက် ၄ချက်ကလောကီကောင်းစားရေးအတွက်ဘုရားဟောထားတာပါ။ဘုရားကလောကီကောင်းစားရေးလောကုတ္တရာကောင်းစားရေးရောဟောခဲ့တာပါ။ […]


kpJune 21, 20111min1521
ယောနိသော မနသိကာရ ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှု ပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်း မှန်ကန်သူများဟာ စိတ်ကျေနပ်မှုကုို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများ ကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွွှင်မှုနဲ့လည်း ဝေးနေတတ်ပါတယ်၊ လောကအရေးဖြစ်ဖြစ် လောကုတ္တရာ အရေးမှာပဲ ဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကို လေ့ကျင့်ထားသင့်ပါတယ်။ ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာ အရေးမှာလည်း တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်. (ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဉာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင် ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ […]


kpApril 24, 20111min8911
ကျွန်တော်တို့ဗုဒ္ဓဘာသာများအားလုံးလိုလိုပင် နိဗ္ဗာန်ဆိုတာကိုမကြာခဏပြောလေ့ရှိကျပါသည်။ လူကြီးသူမများ၏ပါးစပ်ဖျားတွင်လည်းနိဗ္ဗာန်ဆိုတာကိုမကြာခဏအငြင်းပွားလေ့ရှိပါသည်။ ဆရာတော်ကြီးများတရားပွဲများတွင်လည်းနိဗ္ဗာန်ဆိုတာကိုအမြဲဟောလေ့ရှိပါသည်။ကျွန်တော်တို့အတွက်ကတော့ နိဗ္ဗာန်ဆိုတာ ရောက်ဖို့မပြောနဲ့ နိဗ္ဗာန် အကြောင်းရှင်းပြရင်တောင်နားလည်နိုင်တဲ့ဉာဏ်စင်မျိုးမရှိသေးပါဘူး။ နိဗ္ဗာန်ကိုမြင်နိုင်တဲ့ ဉာဏ်စဉ်ရှိအောင် မကျင့်ကြံဘဲနိဗ္ဗာန်ကိုမမြင်နိုင်ပါဘူး။မိမိစိတ်သာလျှင်အရာအားလုံးကိုအောင်မြင်နိုင်သည်။ မိမိစိတ်သာလျှင်လောကကိုလွှမ်းမိုးနိုင်သည်။မိမိစိတ်သာ နိဗ္ဗာန်ကိုမြင်နိုင်အောင်မကျင့်ကြံဘဲ နိဗ္ဗာန်ကိုစာဖတ်ရုံနဲ့တော့မမြင်နိုင်ပါဘူး။တရားနာရုံနဲ့တော့ မသိနိုင်ပါဘူး။ဘုရားလက်ထက်ကတရားတစ်ပုဒ်ကိုအကျယ်ဟောရင် သောတပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာတောင်ဖြစ်နိုင်သေးတယ်။ဟောကြားတဲ့ လူကလည်းတစ်ခြားမဟုတ်ပါဘူး ဗုဒ္ဓမြတ်စွာဘုရားပါ နာတဲ့ လူတွေကလည်း အင်မတန်ဉာဏ်ကောင်းတဲ့လူတွေပါ။ ခုခေတ်ကျွန်တော်တို့တွေကို အပုဒ် ၁၀၀၊ ၁၀၀ဝ ဟောရင်တောင် ကိုယ်တိုင်ကျင့်ကြံမှူ့မရှိဘဲ မရနိုင်ပါဘူး။ဟောကြားပြသတဲ့ ဆရာတော်တွေတောင်ဖြစ်ဘို့ခဲယဉ်းသေးတာဘဲ၊နာတဲ့လူကလည်းကိုယ်တိုင်ကျင့်ကြံအားထုတ်မှူ့မရှိဘဲနဲ့တော့ ခန္တာဉာဏ်နဲ့နားလည်ဘို့ဆိုတာအင်မတန်ခဲယာဉ်းပါတယ်။မိမိကိုဝမ်းသာအောင်လုပ်လိုက်တာလည်းမိမိစိတ်ဘဲ၊ ဝမ်းနည်းအောင်လုပ်လိုက်တာလည်းမိမိစိတ်ပါဘဲ။တရားရစေနိုင်တာလည်း မိမိစိတ်ဘဲ၊တရားမရစေနိုင်တာလည်းမိမိစိတ်ပါဘဲ။တရားဆိုတာ စီဒီပေါ်မှာလည်းမရှိဘူး စာအုပ်ပေါ်မှာလည်းမရှိပါဘူး မိမိခန္တာဉာဏ်မှာသာရှိတာပါ။ ကျွန်တော်တို့တွေအားလုံးက အိုခြင်းတွေလည်းရှိတယ် နာခြင်း သေခြင်းတွေလည်းရှိတဲ့ သာမာန်ပုထုဇာဉ်လူသားတွေပါ။တစ်ခါတစ်လေမှာ မျက်စိရှေ့မှာ သေဆုံးသွားတဲ့လူတွေ နာမကျန်းဖြစ်နေတဲ့ လူတွေကို မြင်မိတဲ့အခါမှာ အရမ်းကြောက်ရွံ့မိပြီး အိုခြင်းတွေလည်းမရှိချင်ဘူး နာခြင်းတွေလည်းမရှိချင်ဘူး သေဆုံးခြင်းတွေလည်းမရှိချင်ဘူး၊တွေ့ဆုံခြင်းတွေ […]