အဖြူထည်စာရွက်လေးတစ်ရွက် သူချည်းနေတော့ အမြင်ရှင်းတာပေါ့။ တနေ့ အရောင်ချယ်တက်တဲ့ စုပ်တံလေးရောက်လာပြီး ကာလာစုံနဲ့စာရွက်လေးကို ချယ်မှုန်းတာပေါ့ စာရွက်ကလေးလည်း သိပ်ပျော်နေတယ် သူ့တစ်ကိုလုံးမှာ ဆေးရောင်တွေနဲ့လှပနေလို့လေ။ နောက်တနေ့ အရောင်ချယ်တက်တဲ့စုပ်တံလေးစိတ်ပြောင်းသွားတယ် စာရွက်ကလေးစိတ်ညစ်နေတယ် သူ့တစ်ကိုလုံးမှာမဲညစ်ညစ်အရောင်တွေနဲ့လေ စာရွက်ကလေးမှိုင်နေတယ် ကာလာစုံဘဝလေးကိုသတိရလို့တဲ့။ “စုတ်တံလေးရေ မင်းချယ်မှုန်းမဲ့နေ့ကို စာရွက်ကလေးကစောင့်နေတယ်တဲ့” ငါ့ကိုပြောခိုင်းလိုက်လို့နော်။ (ကျွန်တော်၏ေရာက်တက်ရာရာဘလော့လေးမှ)