သူ့မှာတမ်း
အဖြူထည်စာရွက်လေးတစ်ရွက်
သူချည်းနေတော့
အမြင်ရှင်းတာပေါ့။
တနေ့
အရောင်ချယ်တက်တဲ့
စုပ်တံလေးရောက်လာပြီး
ကာလာစုံနဲ့စာရွက်လေးကို
ချယ်မှုန်းတာပေါ့
စာရွက်ကလေးလည်း
သိပ်ပျော်နေတယ်
သူ့တစ်ကိုလုံးမှာ
ဆေးရောင်တွေနဲ့လှပနေလို့လေ။
နောက်တနေ့
အရောင်ချယ်တက်တဲ့စုပ်တံလေးစိတ်ပြောင်းသွားတယ်
စာရွက်ကလေးစိတ်ညစ်နေတယ်
သူ့တစ်ကိုလုံးမှာမဲညစ်ညစ်အရောင်တွေနဲ့လေ
စာရွက်ကလေးမှိုင်နေတယ်
ကာလာစုံဘဝလေးကိုသတိရလို့တဲ့။
“စုတ်တံလေးရေ
မင်းချယ်မှုန်းမဲ့နေ့ကို
စာရွက်ကလေးကစောင့်နေတယ်တဲ့”
ငါ့ကိုပြောခိုင်းလိုက်လို့နော်။
(ကျွန်တော်၏ေရာက်တက်ရာရာဘလော့လေးမှ)
6 comments
Khin Kha
June 18, 2012 at 11:51 am
တစ်ခါတရံ စုတ်ချက်ပြင်းရင် စာရွက်ကလေးတော့ သနားပါတယ်။
kaung lay
June 18, 2012 at 11:54 am
စာရွက်ကလေးကတော့စုတ်ချက်ပြင်းရင်ပြင်းပါစေ
သူ့ဆီပြန်လာရင်ကိုကျေနပ်နေမှာပါတဲ့။
ghost
June 18, 2012 at 12:10 pm
ပြန်လာခဲ့မှာပါ စာရွက်လေးရယ်
စောင့်နေမယ် မလား
ပြန်လာလို့ မတွေ့ရရင် ရင်ကျိုးရချည်ရဲ့ကွယ် ။
kaung lay
June 18, 2012 at 12:19 pm
တကယ်ပါ တနေ့တော့မင်းပြန်လာဦးမလား
(အဲ့သီချင်းဆိုပြီးတော့ကိုစောင့်နေတာပါတနားပါတယ်)
shwe kyi
June 18, 2012 at 12:10 pm
စောင့်ရကျိုးနပ်ပါစေ စာရွတ်လေးရေ..။
kaung lay
June 18, 2012 at 12:20 pm
ဟုတ်ကျေးကျေးနော်
(စာရွက်ကလေးကပြောတာနော်)