Hlaing Zar ChiNovember 6, 20131min2602
တောင်းတွင်းကြီမြို့ တပ်အတွင်းငါးမွေးမြူရေးကန်တွင် ကလေးငယ်နှစ်ဦးရေနစ်သေဆုံး             တောင်တွင်းကြီမြို့၊ တောင်ပြင်(၂)ရပ်ကွက်၏တောင်ဘက်(၆)ဖာလုံခန့်အကွာရှိ ခမရ(၁၀၃)တပ်အတွင်းရှိ ငါးမွေးကန် ၌နိုဝင်ဘာ(၂)ရက်နေ့ညနေ(၆)နာရီ(၁၅)မိနစ်ချိန်တွင်  ကလေးငယ်နှစ်ဦးရေနစ်သေဆုံး မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ                                 သည်ဖြစ်စဉ်မှာ (၁၀၃)တပ် တွင်းနေ တပ်သား သန်းေအောင်၏သား သိန်းသန်းအောင်၊ဝင်းထက်အောင်(၁၂)နှစ်အရွယ် ၊(၇)တန်းကျောင်းသား၊သမီးဖြစ်သူ မအေးအေးမော်နှင့် တပ်သား မန်းတင်၏ သားဖြစ်သူ ကျော်စိုးဦးတို့လေးဦးသည် ခမရ(၁၀၃)တပ်အတွင်းရေအနက်(၆)ပေခန့် ရှိ ငါးမွေးမြူရေးကန်အစပ်တွင် ခြေထောက်ဆင်းဆေးရာမှ (၄)ဦးစလုံးကန် အတွင်းပြုတ်ကျ ခဲ့ပြီး သိန်းသန်းအောင်နှင့်ကျော်စိုးဦးတို့ နှစ်ဦးသည်ရေကန်အတွင်းမှပြန်တက်နိုင်ခဲ့ပြီး ဝင်းထက်အောင်နှင့် မအေးအေးမော်၊အသက်(၁၀)နှစ် (၅)တန်းကျောင်းသူတို့ သည် ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။အဆိုပါဖြစ်စဉ်အား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် တောင်တွင်းကြီးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၆/ ၂၀၁၃ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရသည်။ သူငယ်ချင်း(၃)ဦးအရက်အတူသောက်စားရာမှစကားများရန်ဖြစ်ပြီး သစ်သားခုံဖြင့်ရိုက်ရာမှတစ်ဦးသေဆုံးခဲ့ဟုဆို       မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊အလယ်ချောင်းနယ်မြေရဲစခန်း၏တောင်ဘက်(၁၈)မိုင်ခန့်အကွာရှိ ချင်းနက်ကျေး ရွာတွင် နိုဝင်ဘာ(၁)ရက်နေ့ည(၈)နာရီချိန်ကရိုက်မှုဖြစ်၍အမျိုးသားတစ်ဦးသေဆုံးကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ ချင်းနက်ကျေးရွာနေ မြင့်ဦး၏နေအိမ်တွင် တစ်ရွာတည်းနေ […]


Hlaing Zar ChiOctober 30, 20131min1630
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်အောက်တိုဘာ(၂၈)ရက်နေ့ညနေပိုင်းက အမျိုးသားတစ်ဦးနွားလှည်းပိ သေဆုံးမှုဖြစ်ပွားကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာနေ ဦးမောင်ဆန်းနှင့် ၎င်း၏ သမီးဖြစ် သူမအေးယုနိုင်တို့သည် အဆိုပါနေ့နေ့လည်(၃)နာရီချိန်က ရွာ၏အနောက်ဘက်(၁)မိုင်ခန့်အကွာရှိယာခင်းမှနွားစာပြောင်းပင် များအားရိတ်ယူရန် အတွက်နွားလှည်းဖြင့်ထွက်သွား ခဲ့ကြောင်း ညနေပိုင်းတွင် သမီးဖြစ်သူ မအေးယုနိုင် မှာနွားစာရိတ်နေစဉ် ဖခင်ဖြစ်သူအော်သံကြား၍သွားရောက်ကြည့်ရှုရာ ဦးမောင်ဆန်းသည်ရိတ်သိမ်းပြီးေ သာနွားစာထုံးများကိုလှည်းပေါ်တင်ရန်အ တွက် နွားလှည်းအား(၈)ပေခန့်မြင့်သည့်ချောင်းဘေး ကမ်းပါးယံမှယာခင်းထဲသို့မောင်းနှင်၍ဆင်းလိုက်စဉ်လည်းတိမ်းမှောက် သွားကာ ဦးမောင်ဆန်း၏ကိုယ်ပေါ်သို့လှည်းပိပြီး ယာဘက်နားထင် အထက်(၁)လက်မ ခန့်ပေါက်ပြဲဒဏ်ရာ၊ဝဲဘက်တံတောင် ဆစ်ကျိုး၊ ဝဲ/ယာ နံရိုးများကျိုးခဲ့ပြီး ဝါးကြီးအိုင် တိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့စဉ်လမ်း၌သေဆုံးသွားခဲ့ကြောင်းအဆိုပါဖြစ် စဉ်အား မြို့သစ်မြို့နယ်၊ ဝါးကြီးအိုင်နယ်မြေရဲစခန်းမှ (ပ) ၉/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 30, 20131min1200
    မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့်မန်းကျိုးကျေးရွာသို့ကူးသည့် မန်းရေနံမြေမှဆောက်လုပ်ထားသော အလျား(၃၆၀)ပေ၊အကျယ်(၁၄)ပေ(၆)လက်မရှိ တံတားခံနိုင်ဝန် တန်(၄၀)ရှိ သံဘေလီ တံတား သည် အောက်တိုဘာ(၂၉)ရက် နေ့နံနက်(၈)နာရီချိန်ကမန်းချောင်းရေတိုး၍ ရေစီးသန်ပြီးချောင်းရေတိုက်စားမှုကြောင့် တံတားသံတိုင်(၇)တိုင်ရှိသည့်အနက် တောင်ဘက်အစွန် ဆုံး သံဘောင်တိုင်မှာ တဖြည်းဖြည်း နိမ့်ဆင်း သွားပြီး တံတားကြမ်းခင်းနှင့်(၁၀)ပေခန့်ကွာဟသွားခဲ့သည်၊ အဆိုပါတံတားမှာပျက်စီးမှုမရှိဘဲကြံ့ခိုင်မှုအားနည်းသွားသဖြင့် (၃)တန်အထက်ကားများဖြစ်သန်းခွင့်ပိတ်ပင်ထားပြီး လူ၊စက်ဘီး နှင့် ဆိုင်ကယ်များသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ၎င်းတံတားအား မန်းရေနံမြေမှ အထွေထွေမန်နေဂျာ ဦးမြင့်ဆွေနှင့် အဖွဲ့မှပြန်လည်ပြုပြင်ဆောင်ရွက်လျှက်ရှိပြီး တံတားပေါ်ဖြတ်သန်းသွားလာသူများအား အန္တရာယ်မဖြစ်စေရေးအတွက် မန်းရေနံ မြေရဲစခန်းမှဒုရဲတပ်ဖွဲ့ဝင်များ၊မန်းကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်စိမ့်အဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေကြောင်းသိရှိ ရသည်။


Hlaing Zar ChiOctober 30, 20131min1360
                မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကုနယ်မြေအတွင်း အောက်တိုဘာ(၂၆)ရက်နေ့နံနက်(၇)နာရီချိန်က မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စကုတိုက်နယ်ဆေးရုံအတွင်း ဝရန်တာအထက် (၂)ပေခန့် အထိရေများဝင်ရောက်လာ ခဲ့သဖြင့် အဆိုပါဆေးရုံတက်လူနာ အမျိုးသား(၅)ဦး၊အမျိုးသမီး(၃)ဦးတို့အား စကုမြို့၊အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဆောင်သို ့ပြောင်းရွှေ့ပေးခဲ့ ရကြောင်း အောက်တိုဘာ(၂၉)ရက်နေ့တွင် ထိုဆေးရုံအတွင်းရေများပြန်လည် ကျဆင်းသွားသော် လည်း ခြောက်သွေ့မှုမရှိသေး၍ ပြန်လည်မပြောင်းရွှေ့နိုင်သေးကြောင်း ဆေးရုံတာဝန်ရှိသူမှပြောကြားသည်။


Hlaing Zar ChiOctober 29, 20131min1220
မကွေးမြို့၊ရွာသစ်ပွဲကြိုရပ်ကွက် နတ်မောက်လမ်းရှိ မကွေးဟိုတယ်ခန်းမတွင်နံနက်(၉)နာရီ(၃၀)မိနစ်ချိန်က Internation Labour Organization( Freedom Of Association Programme) နှင့်အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန တို့ပူးပေါင်းကာ မကွေးမြို့အခြေစိုက်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊လုပ်ငန်းရှင်များအားဖိတ်ကြားခဲ့ပြီးအစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်းအစည်းအဝေးတွင် Internation Labour Organization မှ နည်းပညာအရာရှိချုပ် Mr Patrick Quinn မှ အလုပ်သမား အသင်းဖွဲ့စည်းခြင်းနှင့်အလုပ်သမားအဖွဲ့အစည်းဥပဒေ အကြောင်း နှင့်အလုပ်သမားအငြင်းပွားမှုဥပဒေအကြောင်း တို့အားဆွေး နွေး ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးနှင့်စီမံခန့်ခွဲရေးဝန်ကြီး ဦးမြင့်နိုင်၊နေပြည်တော်အ လုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး နှင့်မကွေးမြို့ အခြေစိုက်ဌာနဆိုင်ရာများ၊ဝန်ထမ်များ၊ လုပ်ငန်းရှင်(၆)ဦး၊အလုပ်သမား(၂၄)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 29, 20131min1510
     မကွေးမြသလွန်ဘုရားပွဲတော်ကြီး ယခုနှစ် နေရာညရောရွာသွန်းခဲ့သည့်မိုးကြောင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့် ဆီမီး(၉၀၀၀)ပူဇော်ပွဲ သီတင်းကျွတ်လပြည့်နေ့မှာ ပျက်ခဲ့ရသလို အောက်တိုဘာ(၂၇)ရက်နေ ့ရက်ပြောင်းရွှေ့ခဲ့သော်လည်း ဝမိုးကစဉ်ဆက်မပြတ်ရွာသွန်းနေလို့ပျက်ခဲ့ရပြန်သည် ယခုတော့ဘယ်နေ့ဘယ်ရက် ဆီမီး(၉၀၀၀၀)ပူဇော်ပွဲရက်မသတ်မှတ်နိုင် သေးကြောင်း၊လက်ရှိကပြနေသည့် ပန်ထွာ  အောင်ဆန်းပွင့် ဇတ်ကတော့မကွေးမိုးကြောင့်လူမလာသလိုမိုးမလုံလို့ဇတ်ပွဲပျက်ခဲ့ ရကြောင်း အောက်တိုဘာ(၂၉)ရက်နေ့ ဖိုးချစ်ဇတ်စဝင်မှဘဲ မိုးလေဝသအခြေအနေနှင့်ကံတရား ကိုဘဲကြည့်ရမှာ ဘဲလို ့ဒေသခံ များကပြောသည်။ယခုလိုသမိုင်းဝင်မြသလွန်ဘုရားပွဲတော်ကာလနှစ်(၃၀)အတွင်းမှာ ဆီမီး(၉၀၀၀)ပွဲပျက်ခဲ့ရတာယခုနှစ် ပထမဆုံးဖြစ်တယ်လိုဒေသခံများကပြောကြား သည်။အမြို့မြို့ အနယ်နယ် အရပ်ရပ်မှ ဈေးသည်များကတော့ မကွေးမြသလွန် ဘုရားပွဲတော်ကိုရက်(၂၀)တိုင်တိုင်ကျင်းပသည့်ရက်များတွင်ဟိုယခင်နှစ်များကတော့ယခုလိုရာသီဥတုဖောက်ပြန်တာတို့ အရောင်းအဝယ်ပါး တာတို့ မကြုံခဲ့ရပါဘူးကုန်ကြမ်းပစ္စည်းပြတ်လတ်သည်အထိရောင်းကောင်းခဲ့ပါတယ် ယခုနှစ်ထူးခြားတာက တော့ကမ္ဘာလှည့်နိုင်ငံခြားဧည့်သည်များ ယမန်နှစ်ကထက်ပို၍ဘုရားပွဲတော်အတွင်း လာရောက်လေ့လာမှုများ များလာတယ်လို့ ဈေးရောင်းသူများမှပြောကြားသည်။


Hlaing Zar ChiOctober 28, 20131min1420
    ပခုက္ကူခရိုင်၊မြိုင်မြို့နယ်နေသူ အသက်(၁၃)အရွယ်(၈)တန်းကျောင်းသူသည် အောက်တိုဘာ(၂၅)ရက်နေ့ညနေ(၄)နာရီ ချိန်က ကျူရှင်ဆရာတစ်ဦး ၏နေအိမ်စာသင်ဝိုင်းမှ၎င်း၏မိဘများနေထိုင်ရာရွာ၏ အနောက်ဘက်(၄) ဖာလုံ ခန့်အကွာရှိ ဆည်ကုန်းတောတိုက် သို့စက်ဘီးဖြင်တစ်ဦးတည်းပြန် လာခဲစဉ် မောင်ထွန်း၊အသက်(၃၃)နှစ် ရေနံမှော်လုပ်သား မှလမ်းတွင် စက်ဘီးအားတွန်းလှဲပြီးလူအားဆွဲခေါ်ကာ ကာမစပ်ယှက်ရန်ကြံစည်အားထုတ်သဖြင့် အဆိုပါမိန်းကလေးမှာရုန်းကန် ထွက်ပြေးပြီး  ဖခင်ဖြစ်သူအားပြောကြားခဲ့သဖြင့် မောင်ထွန်းအားအရေးယူပေးပါရန်တိုင်တန်းခဲ့ရာ သက်ဆိုင်ရာ မြိုင်မြို့ နယ်၊ဗဟင်းနယ်မြေရဲစခန်းမှ (ပ)၄၁/၂၀၁၃၊ပုဒ်မ ၃၇၆ /၅၅၁ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 28, 20131min1370
    မင်းဘူးခရိုင်၊ငဖဲမြို့နယ်၊ပဇီကျေးရွာကွက်သစ်တွင် အောက်တိုဘာလ(၂၄)ရက်နေ့ညနေ(၅)နာရီ(၃၀)မိနစ်ချိန်က ရဲဘက်ပြေးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ရဲအုပ်အောင်သွင် နှင့်အဖွဲ့သက်သေများနှင့် အတူသွားရောက် ဖမ်းဆီးခဲ့ ရာ ချစ်ဝမ်း၊အသက်(၃၇)နှစ်၊ပဇီကျေးရွာကွက်သစ် ငဖဲမြို့နယ်နေသူအားဖမ်းဆီးရမိပြီး  စစ်မေးခဲ့ရာ ၎င်းသည် မင်းဘူးမြို့မရဲစခန်းမှ မယ(ပ) ၁/၂၀၀၁၊မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်း လဲစေသော ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀/၂၁ ဖြင့်ထောင်(၅)နှစ်ကျခံရပြီး ကရင်ပြည်နယ်၊ မြိုင်ကလေးဝန်ဆောင်လုပ်သားအဖြစ်ရဲဘက်စခန်းသို့ပါသွားရာမှ ထွက်ပြေးလာသူဖြစ်ကြောင်းစစ်ဆေးတွေ့ရှိ ရ၍ ချစ်ဝမ်း အား အရေးယူပေးပါရန် ရဲအုပ်အောင်သွင် မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း မှ (ပ)၁၁၆/၂၀၁၃၊ပုဒ်မ ၂၂၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သက်ဆိုင်ရာရဲမှတ်တမ်းအရ သိရှိရသည်။


Hlaing Zar ChiOctober 28, 20131min1020
   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မြောက်ခရမ်းရွာနေ ဦးကြည်ထွန်း၏နေအိမ်အား အောက်တိုဘာ(၂၆)ရက်နေ့ည(၇)နာရီ (၁၅)မိနစ်ချိန်ကသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဝရမ်းအမှတ်(၂/၂၀၁၃)ဖြင့် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေစခန်းမှ ဒုရဲအုပ် အောင်ကျော်စိုးနှင့်အဖွဲ့ဝင်ရောက်ရှာဖွေခဲ့ရာ ဦးကြည်ထွန်းဝတ်ဆင်ထားသည့် အကျင်္ ီအိပ်ကပ်အတွင်းမှ (၁)လက်မခွဲခန့်ရှည် သောအအေးပိုက်အနီရောင်းဖြင့်ထည့်လျှက် ဘိန်းဖြူဟုယူဆရသောအဖြူရောင်အမှုန့်(ဝ.၁၃၆ဝ၉)ဂရမ်နှင့်ဘိန်းဖြူအမှုန့်များ ထည့်ရန်ပြင်ဆင်ထားသေား (၁)လက်မခန့်ရှိ အအေးပိုက်အနီရောင်(၅)ချောင်း၊နေအိမ်အိပ်ခန်းခေါင်းရင်း တွင်ထားသော သေတ္တာ အတွင်းမှ တစ်နေ့တာရောင်းရငွေကျပ်(၂၉၁၈၀)တို့အားသိမ်းဆည်းရမိခဲ့သဖြင့်အဆိုပါမူးယစ်ဆေးဝါးသုံးစွဲလက်ဝယ် ထားရှိဖြန့်ဖြူရောင်းချသူ ကြည်ထွန်အား ဂန့်ဂေါမြို့နယ်၊ကန်နယ်မြေရဲစခန်းမှ မူး/စိတ်(ပ)၂/၂၀၁၃၊ မူးယစ်၁၅/၁၆(ဂ) ဖြင့်အရေး ယူထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 28, 20131min1270
         မကွေးမြို့၊မဲထီးလမ်းရှိ အလက(၂) မြို့မကျောင်းတွင် အောက်တိုဘာ(၂၆)ရက်နေ့နံနက်(၉)နာရီမှနေ့လည်(၁၁)နာရီ ချိန်ထိ ၂၀၁၃ခုနှစ်၊တပ်တွင်းဒုရဲအုပ်လောင်း ဝင်ခွင့် ရေးဖြေ စာမေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းအဆိုပါစာမေးပွဲအား မကွေးတိုင်း ဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းကြည်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှအနီးကပ်ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး အဆိုပါ တပ်တွင်းဒုရဲအုပ်လောင်း ဝင်ခွင့်ရေးဖြေ စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အမျိုးသား(၁၇၆)ဦးတို့သည် မြန်မာစာ၊အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတဘာသာရပ်တို့အားဖြေဆိုခဲ့ကြကြောင်းသက်ဆိုင်ရာမှသိရသည်။


Hlaing Zar ChiOctober 25, 20131min1200
ပွင့်ဖြူမြို့နယ်၊မဲဇလီအုပ်စု၊ကျွဲခြံရွာနေ (၁၀)တန်းကျောင်းသား သော်ဇင်မင်းသူ သည်အောက်တိုဘာ(၂၁)ရက်နေ့ ည(၁၀) နာရီ(၃၀)မိနစ်ချိန်က မဲဇလီရွာရှိ အမေ့အိမ်ဘော်ဒါဆောင် စာသင်ခန်းနောက်ဆုံးခုံ၌တစ်ဦးတည်း စာကြည့်နေစဉ် ဘော်ဒါဆောင် တစ်ဆောင်တည်းနေ အေးချမ်းအောင်(၁၀)တန်းကျောင်းသား ဖလံကျင်းရွာနေသူမှ ကျောင်းသားအချင်းချင်း သန့်ရှင်းရေးလုပ်ခိုင်းသည်ကိုမကျေနပ်သဖြင့် အေးချမ်းအောင် မှ သော်ဇင်မင်းသူ အားဓါးဖြင့်ခုတ်သဖြင့်  သော်ဇင်မင်းသူတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အေးချမ်းအောင်အားအရေးယူပေးပါရန်တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပွင့်ဖြူမြို့နယ်၊ပွင့်ဖြူမြို့မရဲစခန်း မှ (ပ)၇၅ /၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာမှသိရှိရသည်။


Hlaing Zar ChiOctober 25, 20131min1120
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု ထန်းတောလယ်ကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာရှိ သုံးမွှာချောင်းတောတဲတိုက်တွင် အောက်တိုဘာ(၂၁)ရက်နေ့နံနက်(၉)နာရီချိန်က အဆိုပါတဲတိုက်နေ မသီတာဌေး အသက်(၂၇)နှစ်သည်၎င်း၏ခင်ပွန်းဖြစ်သူ အသက်(၇၈)ရှိ ဦးငသန်း တို့သည်လင်မယားချင်းရန်ဖြစ်ရာမှ ဦးငသန်းသည် ဓါးဖြင့်ခုတ်ခံရ၍လဲနေသည်ကို မသီတာဌေး၏အစ်ကို ဇော်ဝင်းမောင်နှင့် ရဲဝင်းတို့နှစ်ဦးမှ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင်ထံသို့သွားရောက်အကြောင်းကြားရာ အခင်းဖြစ်နေရာသို့ ဦးဇော်မင်းနိုင်သွားရောက်ကြည့်ရှုရာ ဦးငသန်း ၏ အလောင်းအား  ၎င်းတို့တဲ၏ နွားတင်းကုတ်အနီးတွင်မြုပ်နှံထားသည်ကိုတွေ့ရှိရသဖြင့် ကိုင်းလယ်ရဲကင်းစခန်းသို့အကြောင်း ကြားသဖြင့် သက်ဆိုင်ရာကိုင်းလယ်ရဲကင်းစခန်းမှူး ဒုရဲအုပ် ဝင်းဆွေနှင့်အဖွဲ့အခင်းဖြစ်နေရာ တောတဲတိုက်သို့သွားရောက် စစ်ဆေးရာ ဦးငသန်း ၏အလောင်းမှာ နွားတင်းကုတ်အနီးတွင်မြေမြှပ်ထားသည်ကိုတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူ မသီတာဌေး သည် စိတ်ရှုးသွတ်နေသူဖြစ်ကြောင်းသိရှိရသည်။အဆိုပါအမှုနှင့်ပက်သက်၍ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင် မှဦးငသန်းအားဓါးဖြင့်ခုတ်သူ မသီတာဌေးအား တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပေါက်မြို့မရဲစခန်းမှ (ပ)၈၆/၂၀၁၃၊ ပုဒ်မ ၃၀၂  ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။


Hlaing Zar ChiOctober 23, 20131min3630
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု ထန်းတောလယ်ကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာရှိ သုံးမွှာချောင်းတောတဲတိုက်တွင် အောက်တိုဘာ(၂၁)ရက်နေ့နံနက်(၉)နာရီချိန်က အဆိုပါတဲတိုက်နေ မသီတာဌေး အသက်(၂၇)နှစ်သည်၎င်း၏ခင်ပွန်းဖြစ်သူ အသက်(၇၈)ရှိ ဦးငသန်း တို့သည်လင်မယားချင်းရန်ဖြစ်ရာမှ ဦးငသန်းသည် ဓါးဖြင့်ခုတ်ခံရ၍လဲနေသည်ကို မသီတာဌေး၏အစ်ကို ဇော်ဝင်းမောင်နှင့် ရဲဝင်းတို့နှစ်ဦးမှ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင်ထံသို့သွားရောက်အကြောင်းကြားရာ အခင်းဖြစ်နေရာသို့ ဦးဇော်မင်းနိုင်သွားရောက်ကြည့်ရှုရာ ဦးငသန်း ၏ အလောင်းအား  ၎င်းတို့တဲ၏ နွားတင်းကုတ်အနီးတွင်မြုပ်နှံထားသည်ကိုတွေ့ရှိရသဖြင့် ကိုင်းလယ်ရဲကင်းစခန်းသို့အကြောင်း ကြားသဖြင့် သက်ဆိုင်ရာကိုင်းလယ်ရဲကင်းစခန်းမှူး ဒုရဲအုပ် ဝင်းဆွေနှင့်အဖွဲ့အခင်းဖြစ်နေရာ တောတဲတိုက်သို့သွားရောက် စစ်ဆေးရာ ဦးငသန်း ၏အလောင်းမှာ နွားတင်းကုတ်အနီးတွင်မြေမြှပ်ထားသည်ကိုတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူ မသီတာဌေး သည် စိတ်ရှုးသွတ်နေသူဖြစ်ကြောင်းသိရှိရသည်။အဆိုပါအမှုနှင့်ပက်သက်၍ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင် မှဦးငသန်းအားဓါးဖြင့်ခုတ်သူ မသီတာဌေးအား တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပေါက်မြို့မရဲစခန်းမှ (ပ)၈၆/၂၀၁၃၊ ပုဒ်မ ၃၀၂  ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။