s0t04August 24, 20101min782
အခု ဒီမှာ နွေရာသီ ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပူ စ ပြုပြီပေါ့။ ပူတော့ နေလို့ ထိုင်လို့ မကောင်းဘူး။ လင်းတော့ လင်းချင်းပါရဲ့၊ ဒါပေမဲ့ အိုက်တယ်။ ကိုယ်က ဒီမှာ နွေဦးရာသီကို သဘောကျတယ်။ ရာသီဥတုလဲ ကောင်း၊ နေရောင်ခြည်လဲ ကောင်းကောင်းရလို့ပါ။ ပန်းတွေလဲ ပွင့်ကြတာမို့ မြင်မြင်သမျှ နှစ်သက်မိတယ်။ ငယ်ငယ်တုန်းက နွေရာသီဆိုရင် ကျောင်းပိတ်တာမို့ ပျော်စရာအကောင်းဆုံးပေါ့။ ကလေးဆိုတော့ နွေရာသီကိုသာ မျှော်မိတာပဲ။ ကျောင်းတက်ရတဲ့အချိန်တွေမှာ မနက်စောစော ကျောင်းတက်ဖို့ နှိုးရသလောက် နွေရာသီ ကျောင်းပိတ်ရက်ကျရင်တော့ အစောကြီး အလိုလို နိုးနေတတ်တယ်။ ဆော့ဖို့ ကစားဖို့ ရယ်ဒီပဲ ဆိုသလိုပေါဲ့။ ဒါကလဲ ရတန်းလောက်အထိပါပဲ။ ၈တန်း ကျောင်းပိတ်ရက်ကစ ပြီး ကိုယ်တို့ အမေ့ကျောင်းကို […]


s0t04August 23, 20101min771
(ငယ်စဉ်အခါက စိတ်ကူးစိတ်သန်းတွေ၊ အိမ်မက်တွေ၊ ရည်ရွယ်ချက် ရည်မှန်ချက်တွေနဲ့ လူတစ်ယောက် အကြောင်းပါ။ တွန့်လိမ်ကောက်ကွေး အသွင်ပြောင်းသွားတဲ့ ဒီစိတ်ကူး အိမ်မက်တွေ ကို Surrealism ပုံစံ ရေးကြည်တာပါ။ Sur ဆိုတာ ကျော်လွန် လွန်မြောက်သွားတဲ့ သဘောပါ။ realism ဆိုတာတော့ သရုပ်မှန်၊ အဖြစ်မှန်ကို ဆိုလိုတာပေါ့။ ကျွန်ုပ်တို့ အများသူငှာ ပြောတဲ့ Surrealism ဆိုတာတော့ သရုပ်လွန် လို့ ခေါ်ဆိုမှာပါ။ ပန်ချီဆွဲတဲ့ အခါ သဘာဝထက်ကျော်လွန်ပြီး၊ နဂိုရှိတဲ့ ပုံသဏ္ဍာန် သရုပ်ကို လွန်မြောက်ကာ စိတ်ကူးယဉ်ဆန်ဆန်၊ အိမ်မက်ဆန်တွေရှိတဲ့ ပုံတွေကို surrealism လို ခေါ်ကြမှာပေါ့။ ထို့အတူ ရုပ်ရှင်၊ ပန်းပု အစရှိတဲ့ ဖန်တီးမှု အရာတွေဟာ ရံဖန်ရံခါ လက်တွေ့ကျတဲ့ စိတ်ကူးဘောင်းထဲကနေ […]


s0t04August 23, 20101min490
ဆယ်တန်းကျောင်းသား ဘဝ သတ္တဗေဒဆရာမက ကပ်ပါးကောင်(parasite) များ အကြောင်းသင်ခဲ့ဘူးသည်။ ကပ်ပါးကောင်ဆိုကာ လက်ခံကောင် တစ်ခုအပေါ်မှာ အမှီသဟဲ ပြုပြီး ကြီးထွား ရှင်သန်ကြရတဲ့ သဘောမှာ ရှိတယ်လို့ ဆိုတယ်။ လက်ခံကောင် မရှိရင် သို့မဟုတ် လက်ခံကောင်က လက်မခံရင် ကပ်ပါးကောင်ဆိုတာ တကယ်တော့ ဘယ်ဖြစ်တည်နိုင်မလဲ။ ဒါဆိုရင် လက်ခံကောင်က အဓိကမဟုတ်ပေဘူးလား။ ကိုယ့်ကို ကောင်းကျိုးပေးမည့် ကပ်ပါးကောင်လား၊ ဆိုးကျိုးပေးမည့် ကပ်ပါးကောင်လား ဆိုတာ ခွဲခြားသုံးသပ်ဖို့ စွမ်းရည်တစ်မျိုးတော့ လိုမှာပေါ့။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ စိတ်အာရုံကို ဖြတ်ကနဲ လှုပ်နှိုးလိုက်သလို ခံစားလိုက်ရပြီး ဒီကနေ့ အလုပ်သွားရအုံးမှာပဲလို့ အသိက အာရုံထဲမှာ ရောက်လာတယ်။ လေးလံနေတဲ့ မျက်လုံး အစုံကို အသာအယာ ဖွင့်လိုက်တယ်။ ဒီနေ့က သောကြာနေ့ ပါလားဆိုတဲ့ အတွေးက […]


s0t04August 23, 20101min1597
မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ကို ကြည့်တုံး က စာရေးသူ သဘောကြလွန်းလို့ တဟားဟားနဲ့ ခွက်ထိုးခွက်လန် ဟားတိုက်ပြီးရီတာ။ နောက်ပြီး ရီချင်တဲ့ အခါတိုင်လည်း ထပ်ကာတလဲလဲ ကြည့်တယ်။ ကြည့်တိုင်းလည်း ရီရတယ်။ ကြာတော့ ဇနီးဖြစ်တဲ့သူက စိတ်ဝင်စားပြီး ဘယ်လိုဖြစ်နေတာလည်းပေါ့။ နောက်တော့ သူကလေးလည်း လိုက်ကြည့်တယ်။ ဒါပေမယ့် သူကလေးက ကျွန်တော့်လောက် လိုက်မရီနိုင်ဘူး။ သူမက တောင်ကြီး ဇာတိ။ ဆိုတော့ အချို့ပျက်လုံးတွေ ကို လုံးလုံးလျားလျား နားမလည်ဘူး။ နားလည်ခဲ့သည့်တိုင် မခံစားနိုင်ဘူးပေါ့။ တကယ်ပါ အဲဒီ တစ်ခန်းရပ်ပြဇာတ်ကို အင်တာနက်ပေါ် တင်ပေးတဲ့ သူ(ကိုချမ်းမြစိုး)ကိုလည်း ကျေးဇူးသိပ်တင်တယ်။ ဒါမျိုး သန့်ရှင်းပြီး ပြောင်မြောက်တဲ့ ဟာသတွေနဲ့ မရီရတာ နှစ်တွေကို ချီနေပြီ။ ငယ်ငယ်တုံးက အဘွားနဲ့အတူ ရုပ်သေးဇာတ်တွေကို […]


s0t04August 23, 20101min540
ဆောင်းဝင်လာလေပြီ။ ကြည့်လေရာရာ နေရာတိုင်းက အဖြူထည်များခြုံလွှမ်းထားသည်ကိုသာတွေ့ရသည်။ သက်ရှိသတ္တဝါအားလုံး သဘာဝဆောင်းအောက်တွင် ရှုံးနိမ့်ကျရှုံးကာ မိမိတို့ ခိုအောင်းရာ အသိုက်အမြုံထဲတွင် နွေထွေးမှုကို ရှာ၍ ဆောင်း၏ အအေးဒဏ်ကို အံတုတွန်းလှန်ကြရ၏။ သစ်ပင် သစ်ကိုင်း သစ်ခက်တို့ လည်း ဆောင်း၏ အလိုကို လိုက်ကာ ကိုင်းခက် ပင်စည်တို့တွင် အသီး အရွက် အပွင့်တို့ အစား နှင်းပွင့် နှင်းဖတ် နှင်းခဲတို့ကို ချိတ်ဆွဲထားကြရသည်။ မိခင် ကမ္ဘာမြေကြီးတစ်ခုလုံးသည်လည်း နှင်းပင်လယ်ပြင်ကြီးအောက်တွင် စုံစုံမြုတ်ကာ လူသားတို့ အသက်ဖြစ်တည်မှုကို ဖန်းတီးပေးသော မြေအပြင်သည် လုံးဝဥသုံပျောက်ဆုံးနေလေပြီ။ မျက်စိတစ်ဆုံး ကြည့်ပါမူ အဖြူရောင် နှင်းပင်လယ်ပြင်ကြီးသကဲ့သို့ အဆုံးစွန်း အဖြူရောင်က နေရောင် အဟတ်တွင် မျက်လုံးကို ကျိန်းစေသည်။ သက်ရှိ သတ္တဝါဟူအမျှ ဘာမှ မရှိ၊ […]


s0t04August 23, 20101min1366
စကားလိမ်တွေနဲ့ ပြောတဲ့ စကားသံ မကြားရတာ ဆယ်စုနှစ် တစ်စုကျော်ပြီး နှစ်ဆယ်စုနှစ်လောက်လောက်ရှိသွားပြီ။ ငယ်ငယ်တုန်းက မန္တလေးဖိနပ်တွေ ရောင်းတဲ့ ဖိနပ်အရောင်းသမားဘဝတုန်းကဆို ဒီစကားလိမ်က လှိုင်နေအောင် သုံးရ ပြောရတာကိုး။ အဲဒီတုန်းကလို ကိုယ်နဲ့ အပြိုင် စကားလိမ်တွေကို လွတ်ပြီးပြောနိုင်တဲ့ အသိမိတ်ဆွေ သူငယ်ချင်တွေလည်း အခုမရှိတော့ဘူး။ သတိရမိပါရဲ့။ တကယ်တော့ ဟိုအရင် မန္တလေးက လူငယ်တွေရဲ့ ပြောဟန်ဆိုဟန် ဝတ်ပုံစားပုံတွေက တစ်ခြားဒေသ၊ နေရာတွေနဲ့ မတူ တစ်မူကွဲပြားတယ်လို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင်ထီးနန်းတည်ခဲ့ နေခဲ့တဲ့ မြို့ဆိုတော့ စကားအသုံးအနှုန်းကလည်း တစ်ခါတစ်ရံ နန်းမူနန်းဟန်ပါတယ်လို့ ထင်တယ်။ ဥပမာ ရှုး(shoe) စီးတယ်ဆိုတာကို ခြေနင်းစီးတယ်ပေါ့။ ညဉ့်နက်သန်းခေါင် တစ်နာရီကို နာပြန်တစ်ချက်ထိုး သည် အစရှိသဖြင့်ပေါ့။ နောက်ပိုင်း ဆက်သွယ်ရေးတွေ […]


s0t04August 23, 20101min1264
အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..တဲ့ အဟိ နာလဲ ချင်ကာပူမှာ ကလယ်ရိုက်နေတယ် singlish နဲ့ စီလုပ်သံတွေကြားမှာ ပြီးတော့ အထာမသိတာ ရန်ကုန်မှာတုန်းကတော့ ခရီးသွားလုပ်ငန်းဆိုတော့ နိုင်ငံခြားသားနဲ့စကားပြောတဲ့ကိစ္စကမစိမ်းပဲ ထမင်းစားရေသောက်ပေမဲ့ ဒီရောက်မှ သူတို့ ဘာပြောမှန်းကို logic နဲ့ပြန်ပြန်စဉ်းစားနေရတယ် အဟတ်ဟတ် (ကိုယ်ညံ့ရင်ညံ့တယ်ပေါ့နော်) ထားပါတော့ အခုဒီပို့စ်ကတော့ ဟိုးရှေးရှေးတုန်းက အရင် ၁ဝနှစ်လောက်က ဘဝသစ် ဦးအောင်ကျော်မှာ အင်္ဂလိပ်စာသင်တန်းတက်တုန်းက စာအုပ်နောက်ကျောဖုံးမှာ ပါတာလေးကို ရိုက်ပီး တင်ပေးလိုက်ပါတယ်နော် – ကိုယ်တိုင် တကယ်တတ်ပြီး တပည့်တွေကို တကယ်တတ်အောင် သင်ပေးနိုင်တဲ့ ဆရာတွေရှားနေလို့ – ကျောင်းတွေ တက္ကသို်လ်တွေမှာ သင်ရတဲ့ အင်္ဂလိပ်စာနဲ့ မလုံလောက်လို့။ – အင်္ဂလိပ်စာကို အချန်ယူလေ့လာမှ၊ ဖတ်သမျှနားလည်၊ ပြောချင်ရာပြော၊ရေးချင်ရာရေးနိုင်တဲ့ အဆင့်ကို်ရောက်မယ်၊ တကယ်တတ်မယ်ဆိုတာကို သဘောမပေါက်ကြပဲ၊ […]