ဘာလီဆိုတာ အင်ဒိုနီးရှားနို်င်ငံရဲ ့ပြည်နယ်လေးတစ်ခုပါ။ အဲ့ကိုသွားဖို့ဆို မြန်မာကနေ transit လေယာဉ်နဲ့သွားမှရောက်ပါတယ်။ ဘာလီရောက်ရင် ကမ်းခြေတစ်ခုပဲလည်ရမှာမဟုတ်ပါဘူး။ တခြားလည်စရာ၊ပတ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ပြည်နယ်လေးပါ။ အဲလိုပါပဲ..သူမှာမြည်းစမ်းကြည့်ဖို့အတွက် အစားအစာတွေဆိုတာလည်း ပြည့်နှက်နေတာပါ။ ဟိုတလောက အမတစ်ယောက်က သူဘာလီသွားဖို့ရှိတယ်။ အဲ့မှာ ဘာတွေစားရမလဲတဲ့။ မွန်လေးသွားတုန်းကတော့ Royal Active Travels နဲ့သွားခဲ့တာဆိုတော့ တိုးကစီစဉ်ပေးတဲ့ဆိုင်မှာစားခဲ့တာပေါ့နော်။ ကိုယ့်ဖာသာ free & easy သွားမယ်ဆိုရင်တော့ စားလို့ရတဲ့ အစားအစာတွေကတော့အများကြီးပဲရှိပါတယ်။ ဒီထဲကမှ ကိုယ့်မြန်မာတွေရဲ ့ပါးစပ်နဲ့ကိုက်ညီတဲ့ သူတို့ရဲ ့ဒေသအစားအစာကို မြည်းစမ်းလို့ရအောင် မွန်လေးက ဖော်ပြပေးသွားပါမယ်။ ဘာလီဆာတေး ကိုယ်တွေမှာလည်းဆာတေးကင်ဆိုပြီးရှိတယ်နော်။ သူတို့မှာလည်းဆာတေးကင်ဆိုပြီးရှိပါတယ်။ အရသာကတော့အသားကိုကင်တာပါပဲ။ မတူတဲ့အချက်က အချဉ်ရည်အရသာနဲ့ အသားတွေကို ဝါးနဲ့ထိုးတာပါပဲ။ Babi Guling ဝက်သားပေါက်လေးတွေကို ကင်ထားတာပါ။ ပြီးတော့ အရွက်တွေလည်းအစုံပါတယ်။ […]