ကျိုက်ထီးရိုး ဘုရား *********************** ကျိုက်ထီးရို ရင်ပြင်တော်ကနေပြီး အနောက်ဘက်သို့ မျှော်ကြည့်ရင် စစ်တောင်းမြစ်ကို ကျော်လွန်ပြီး ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ – ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိပါတယ်။ (၁) စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်ပြီး (၂) မှာ ကျိုက်ထိုမြို့က မော်တော်ကားနဲ့ ၉မိုင်ခန့် ဝေးတဲ့ ကင်မွန်းစခန်းမှ တက်ရတဲ့ လမ်းပါ။ (ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်ပါတယ်။) – ဘုရားကို တက်ရာလမ်းတစ်လျောက်မှာ ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိတဲ့ စခန်းတွေရှိပါတယ်။ – ဘုရားဖူးတွေဟာ ကျိုက်ထီးရိုးဘုရားကနေ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်ပြီး […]