Mon LayDecember 16, 20163min2214
ဒီတစ်ခါရုံးသမားတွေခရီးလေးတွေသွားလို့ရအောင် Wings ကစီစဉ်ပေးလိုက် တဲ့ခရီးစဉ်လေးကတော့ ကဗျာဆန်ဆန်နဲ ့ယဉ်အောင်လှတဲ့ရေးမှာရှိတဲ့ ?ကဗျာဝကမ်းခြေစီးရီးခရီးစဉ်?ပဲဖြစ်ပါတယ်။ ကဗျာဝ ကမ်းခြေ နေ့ချင်းပြန်ခရီးစဉ် (40,000 ကျပ်) =================================== 28 ဒီဇင်ဘာညမှာစထွက်ပါမည်။ ကရင်နှစ်သစ်ကူးနေ ့ မှာလျှောက်လည်ပြီး ညဘက်ရန်ကုန်ပြန်ရောက်ပါမည်။ ဘယ်တွေရောက်မလဲဆိုရင်……… ? ရေးရှေးဟောင်းကျုံ းရေလည်ဘုရား ? ကိုရင်လေးတည်ထားတဲ့လေးမျက်နှာဘုရား ? ကဗာျဝကမ်းခြေ ? ပင်လယ်ဝကမ်းခြေ ? ကော့ဒွတ်ကမ်းခြေ ? သထုံမြို့ရဲ့ ကျက်သရေဆောင် ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူရဲ့ ဓါတ်တော်မွေတော်လေးဆူ ကို ဌါပနာထားတဲ့လေးဆူဓါတ်ရံ သထုံရွှေ စာရံ ဘုရားကြီး ? စိတ်တိုုင်းကျဈေးဝယ်နို်င်မယ် ့ဈေးတန်းများ ပါဝင်သောဝန်ဆောင်မှုများ။ ————————— ✌33Seater AirCon Express Higer Car (မှတ်ချက်။ ။၃၃ယောက်စီးသာဖြင့်သာခရီးလမ်းကို သွား၍ […]


Mon LayDecember 16, 20162min1642
မကြာသေးခင်အချိန်များကပင် CNN သတင်းဌာနက ဥရောပရဲ့အလှဆုံးနဲ့ postcard တွေမှာ ထည့်သွင်းဖော်ပြဖို့အတွက် အကောင်းဆုံး ရွာတွေကို စာရင်းထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဲ့ဒီ့ရွာတွေရဲ့ အလှအပတွေကိုလေ့လာ ကြည့်ရှုပြီးတဲ့နောက် မှာတော့ ခရီးသွားအများစုက သွားနေကြနေရာတွေနဲ့မတူ အသစ်အဆန်းဖြစ်တဲ့ ဝေးလံပြီး လူသူသိပ်မသိတဲ့ ဒေသတွေကို သွားဖို့စိတ်အား ထက်သန်လာကြပါတယ်။ ဒီလို ကမ္ဘာတစ်ဝှမ်းသိအောင်ကြေညာထားတဲ့ စာရင်းထဲမှာပါဝင်ဖို့အတွက်ဆိုရင်တော့ အချက်အလက်တော်တော် များများနဲ ့ပြည့်စုံတဲ့ရွာတွေဖြစ်ဖို့လိုပါတယ်။ ပထမဆုံးအချက်ကတော့ ထူးခြားတဲ့တည်နေရာဖြစ်ပြီး၊ ခရီးသွားတွေကိုဆွဲဆောင်နိုင်မယ့် ဆန်းသစ်ပြီး စိတ်ဝင်စားစရာ သွင်ပြင်တွေလည်းရှိရပါမယ်။ အရေးကြီးဆုံးအချက်ကတော့ ခရီးသွားတွေအတွက် စိတ်လှုပ်ရှားစရာနေရာတစ်ခု ဖြစ်ဖို့ပါပဲ။ ကဲ….. ဘယ်လိုရွာတွေဖြစ်မလဲဆိုတာ ကြည့်ရအောင်။   Tellaro, Italy မြေထဲပင်လယ်ဒေသမှာရှိတဲ့ ဒီဆိပ်ကမ်းရွာလေးကတော့ ၎င်းရဲ့ ကမ်းပါးပေါ်မှာဖောက်ထားတဲ့ လမ်းတွေနဲ့ အသေးစား ဆိပ်ကမ်းလေးတွေကို ခရီးသွားတွေကြောင့်မပျက်စီးသွားရအောင် စီမံထားပါးတယ်။ ဒီရွာလေးက […]


Mon LayDecember 15, 20162min2417
ကိုယ်က လက်ထပ်ဖို့ရွေးချယ်တာမဟုတ်သေးဘဲ ရည်းစားကောင်လေးအဖြစ် လက်ခံမှာဖြစ်ပါတယ်။ ကောင်လေးတစ်ယောက်ကို လက်တွဲဖော်အဖြစ် လေးလေးနက်နက်မတွဲမီ သူ့မှာဒီအချက်လေးတွေရှိလား ကြည့်သင့်ပါတယ်။ ဘယ်လို အသိုင်းအဝိုင်း၊ ဘယ်လိုအလုပ်၊ ငွေကြေးဘယ်လောက်ဝင်လဲဆိုတာတွေ မကြည့်သင့်သေးပါဘူး။ ကိုယ်က လက်ထပ်ဖို့ရွေးချယ်တာမဟုတ်သေးဘဲ ရည်းစားကောင်လေးအဖြစ် လက်ခံမှာဖြစ်ပါတယ်။ ၁ – စိတ်ရှည်ရမယ် ပထမဆုံးကောင်လေးဟာ စိတ်ရှည်ရပါမယ်။ တစ်ချိန်လုံး သင့်ကိုစိတ်တိုနေတယ့်လူ မဖြစ်သင့်ပါဘူး။ ၂ – ဟာသ ပထမဆုံးကောင်လေးဟာ တစ်ချိန်လုံး လေးလေးနက်နက်ကြီးနေနေတဲ့လူထက် ဟာသရှိတဲ့လူ ဖြစ်သင့်ပါတယ်။ ၃ – လေးစားမှု သူငယ်ချင်း၊မိဘ၊ဆရာ၊လုပ်ဖော်ကိုင်ဖက်စတဲ့လူတွေအပေါ် သူ့ဘက်က အလွန်အကျွံမလေးမစား အပြုအမူတွေရှိတယ်ဆို မကောင်းပါဘူး။ သင့်ကို မလေးစားတဲ့တစ်နေ့ရောက်လာမှာပါ။     ၄ – အကောင်းမြင်စိတ်ဓာတ် သင်နဲ့အချိန်တော်တော်များများ ရှိတဲ့လူဖြစ်တာမို့ အကောင်းမြင်စိတ်ဓာတ်ရှိသင့်ပါတယ်။ အရာရာကို အဆိုးမြင်တတ်တဲ့စိတ်ဟာ အနေနီးတဲ့လူကို […]


Mon LayDecember 15, 20161min1421
မင်းဟာကမ္ဘာပတ်နေတဲ့ အမေရိကန်စာဖိုမှူး Anthony Bourdain ဒါမှမဟုတ် ခရီးသွားခြင်းနဲ့ သက်ဆိုင်တဲ့ အလုပ်လုပ်ကိုင် သူမဟုတ်ဖူးဆိုရင် တိုက်ကြီး(၆)တိုက်ပေါ် တစ်ဒါဇင်ထက်ပိုတဲ့နိုင်ငံတွေကို သွားရောက်ဖို့ဆိုတာ မင်းရဲ့တစ်သက်လောက် အချိန်ကြာသွားနိုင်ပါတယ်။ ဦးတည်ထားတဲ့နေရာတွေကတော့ကမ္ဘာ့တိုက်ကြီး(၆)တိုက်ပေါ်ကနိုင်ငံပေါင်း(၃၂) နိုင်ငံပဲဖြစ်ပါတယ်။ဒါတောင် မင်းကကံတော်တော်ကောင်းနေမှ ဖြစ်မှာပါ။ ဒါပေမယ့်မင်းမှာ ခရီးတစ်ခုတည်းနဲ့ တစ်ကမ္ဘာလုံး ကိုရောက်ဖူးချင်တဲ့ဆန္ဒက ပြင်းပြနေပြီဆိုရင်တော့ ဒီ(၁၁၉)ရက်ကြာ သင်္ဘောခရီးစဉ်သစ်ကမင်းကို စိတ်ဝင်စားစေမှာပါ။ MSCCruisesကပြေးဆွဲမယ့်လေးလနီးပါးကြာမြင့်ချိန်ရှိတဲ့သင်္ဘောခရီးစဉ်ကို“WorldCruise”လို့လိုက်ဖက်စွာနာမည်ပေးထားပါတယ်။ခရီးစမြို့ကနေ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ(၅)ရက်နေ့မှာစတင်ထွက်ခွါမှာဖြစ်ပြီး၁၁၉ရက်(၁၁၈ည)ကြာကမ္ဘာလှည့်ခရီးစဉ်ပြီးဆုံးတဲ့အခါ ပြန်လည်ဆိုက်ရောက်မှာ ဖြစ်ပါတယ်။MSCကသူတို့ရဲ့သင်္ဘောMSCMagnificaကအကြီးဆုံးနဲ့ ခေတ်အမီဆုံးသင်္ဘောကြီးဖြစ်တာကြောင့်ဒီလိုမျိုးရှည်လျားတဲ့ခရီးစဉ်ကို ပြေးဆွဲဖို့ရွေးချယ်ခဲ့တာပါ။ခရီးသွားတွေကိုဆွဲဆောင်နိုင်မယ့်အရာတွေအနေနဲ့သင်္ဘောပေါ်မှာbar(၁၁)ခု၊စားသောက်ဆိုင်(၄)ခု၊casino(၁)ခု၊ပင်လယ်ပြင်ကျယ်ကြီးရဲ့အလှကိုရှုစားရင်းကခုန်နိုင်မယ်လေဟာပြင်ကပွဲကျင်းပဖို့ နေရာကျယ်(၁)ခု၊ ဆေးလိပ်သောက်ဖို့သီးသန့်နေရာတစ်ခုနဲ့4Dcinema(၁)ခုပါဝင်မယ်ဆိုတဲ့အကြောင်းသတင်းစားရှင်းလင်းပွဲမှတစ်ဆင့် သိရှိရပါတယ်။ သင်္ဘောကြီးရဲ့ခရီးစဉ်အရ ခရီးစဉ်ကစတင်ပြီးတဲ့အခါ ဥရောပမြို့တွေဖြစ်တဲ့ ပြင်သစ်နိုင်ငံက Marseille, စပိန်နိုင်ငံက Barcelona နဲ့ Malaga ၊ ပေါ်တူဂီနိုင်ငံက Funchalစတဲ့မြို့တွေမှာ ရပ်နားမှာဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Atlantic သမုဒ္ဒရာကိုဖြတ်ပြီး Caribbean ပင်လယ်ထဲက ကျွန်းနိုင်ငံတွေဖြစ်တဲ့ St.Maarten, US […]


Mon LayDecember 14, 20161min1050
ပန်းခြံအတွင်းမှာလာရောက်လည်ပတ်သူတွေ ရွေးချယ်စားသောက်နိုင်ဖို့စားသောက်ဆိုင်ပေါင်း (၂၅)ခုနဲ့အစားအသောက်ကောင်တာ များစွာရှိပါတယ်။ ကမ္ဘာ့နာမည်ကျော် အီတလီဈေးဝယ် စင်တာတစ်ခုဖြစ်တဲ့ Eataly ဈေးဝယ်စင်တာက ၎င်းရဲ့ကြီးမားတဲ့ စီမံကိန်းတစ်ခုကို ချပြလိုက်ပါပြီ။ အဲ့ဒါကတော့ ၂၆ဧကကျယ်ဝန်းတဲ့ “FICO Eataly World” ဖြစ်ပါတယ်။ “Fabbrica Italiana Contadina” အမည်ရ FICO (သို့မဟုတ်) အီတလီ စိုက်ပျိုးရေးနဲ့တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းက ပန်းခြံမှာ နေရာယူထားပြီး ထုတ်လုပ်ရေး၊ ပညာပေးလုပ်ငန်းနဲ့ များများထုတ်လုပ်၊များများသုံးစွဲမှုတွေကိုပြုလုပ်နိုင်တဲ့ Bologna,Italy မှာတည်ရှိပြီး စတုရန်းမိုင်(၈၀၀၀၀) ကျယ်ဝန်းတဲ့ ပန်းခြံထဲက အချက်အခြာနေရာတစ်ခုပါပဲ။ ဒီပန်းခြံဟာ သူ့ရဲ့ရည်မှန်းချက်အတိုင်း ခြံထွက်ပစ္စည်းတွေအပြင် တန်ဖိုးရှိတဲ့အရာတွေကို ထုတ်လုပ် တဲ့နေရာတစ်ခုဖြစ်ပြီး အီတလီဟင်းလျာတွေကို ကုန်ကြမ်းကနေစလို့ စားသုံးနိုင်တဲ့ အဆင့်ရောက်သည်အထိ ထုတ်လုပ်ပေးပါတယ်။ ပန်းခြံထဲကို လာရောက်လည်ပတ် သူတွေကစတုရန်းမီတာ(၉၀၀၀) ကျယ်ဝန်းတဲ့နေရာမှာ စားသောက်ဆိုင်ပေါင်း (၂၅)ဆိုင်နဲ့အစားအသောက်ကောင်တာ […]


Mon LayDecember 14, 20162min1661
သင်ဟာ စာဖတ်ဖို့ စိတ်အားထက်သန်တဲ့ သူတစ်ယောက် ဆိုရင်Dublin မြို့က TrinityCollege စာကြည့်တိုက်ကို သွားရောက် လည်ပတ်သင့်ပါတယ်။ မယုံနိုင်လောက်အောင် ကြီးမားတဲ့ နှစ် ၃၀ဝ သက်တမ်းရှိတဲ့ Trinity College စာကြည့်တိုက်ကြီးဟာ ၁၇၁၂ ခုနှစ်ကနေ ၁၇၃၂ ခုနှစ် အတွင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စာကြည့်တိုက်ကြီး ရဲ့ အကြီးကျယ်ဆုံး နေရာထဲက တစ်ခုကတော့ ၂၁၃ပေရှည်တဲ့ အပြောင်မြောက်ဆုံး ဗိသုကာပညာ နဲ့ဆောက်လုပ်ထားတဲ့ The Long Room လို့ခေါ်တဲ့ အခန်းဘဲ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၂၀၀၀၀ဝ ထက် သာလွန်ပြီး သိမ်းဆည်းနိုင်ဖို့ အတွက် ၁၈၅ဝ ခုနှစ်တွေ မှာ The Long Room ကို ချဲ့ထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ […]


Mon LayDecember 13, 20168min2022
#Chaung_Thar #ချောင်းသာ ဒီခရီးစဉ်လေးကတော့မှတ်မှတ်ရရပိတ်ရက်တွေဆက်တိုက်ရတဲ့စ်တုန်းကသွားခဲ့တာလေးပါ။ အလုပ်တွေကိုတစ်နှစ်ပတ် လုံးကြိုးကြိုးစားစားလုပ်ထားတော့တစ်နှစ်တစ်ခေါက်တော့ခရီးလေးထွက်ရင်ကောင်းမယ်ဆိုပြီးစိတ်ကူးရတာနဲ ့ပထမဦးဆုံး ထွက်ဖြစ်ခဲ့တဲ့ခရီးစဉ်လေးပါ။ကမ်းခြေကိုရခိုင်ကမ်းခြေပြီးရင်ဒုတိယရောက်ခဲ့တဲ့ကမ်းခြေကတော့ဟောဒီ့ဒီချောင်းသာပေါ့။ ချောင်းသာ၊ ငွေဆောင် စတဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်က အပန်းဖြေကမ်းခြေတွေဟာ ရန်ကုန်မြို့တော်ကနေ နာရီပိုင်းလောက်နဲ့ အရောက်သွားနိုင်ပြီး အပန်းဖြေနိုင်တာမို့ ခရီးသွားတွေနဲ့ အမြဲလိုလိုစည်ကားနေလေ့ရှိပါတယ်။ #ဘယ်အချိန်သွားရင်သင့်တော်လဲ။ ကမ်းခြေဒေသဆိုတော့မိုးတွင်းကုန်ဆောင်းဦးပဲဖြစ်ဖြစ်၊နွေရာသီပဲဖြစ်ဖြစ်သွားရင်အသင့်တော်ဆုံးပါပဲ။ဒါမှမုန်တိုင်းဒဏ်က ဝေးပြီးကမ်းခြေမှာဘောကွင်းနဲ ့လှိုင်းစီးလို ့ကောင်းမှာပါ။အကောင်းဆုံးကတဲ့ကိုယ်အားတဲ့အချိန်သွားတာအကောင်းဆုံးပါပဲ။ 😛 မွန်လေးကတော့မေလမှာသွားခဲ့တာ။မွန်လေးတို ့သွားတဲ့နေ ့ကပိတ်ရက်တွေဆက်နေတော့ချောင်းသာကဟိုတယ်တွေရ ဲ ့ အခန်းတွေတောင်ရဖို ့မနည်းဖုန်းတွေနဲ ့ဆက်ခဲ့ရပါတယ်။ #လမ်းခရီး ? ရန်ကုန်ကနေဆို3နာရီကျော်4နာရီသာသာသာသွားရတဲ့ခရီးလေးပါ။ပုသိမ်လမ်းမကြီးအတိုင်းလာပြီးလမ်းခွဲရောက်ရင် ချောင်းသာသို ့၊ငွေဆောင်သို ့လို ့ရေးထားပါတယ်။ ချောင်းသာသွားမယ့်သူတွေကချောင်းသာလမ်းဘက်ကိုကွေ ့ပြီးငွေ ဆောင်သွားမယ့်သူတွေကငွေဆောင်လမ်းဘက်ကိုကွေ ့ပြီးသွားရမှာဖြစ်ပါတယ်။ချောင်းသာသွားရင်တော့ဥတိုတံတားတို လေးကိုရင်သပ်ရှုမောစွာဖြတ်သန်းသွားရပါမယ်။ #ဘယ်တွေလည်လို့ရလဲ ချောင်းသာကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေ၊ ဖိုးကုလားကျွှန်း(ခ)အောင်မင်္ဂလာကျွှန်းနဲ ့သဲဖြူကျွန်းတို ့ပါ။ #ချောင်းသာကမ်းခြေ သူကတော့ကားကြီးဝင်း၊ဟိုတယ်တွေ၊စားသောက်တန်းတွေ၊ဝယ်စရာ၊ခြမ်းစရာတွေရှိတဲ့ကမ်းခြေပါ။ကျောက်ပုထိုးစေတီ လေးကလည်းသပ္ပါယ်စွာတည်ရှိနေပါတယ်။ လမ်းကြုံလို့ပြောချင်တာကတော့ […]


Mon LayDecember 13, 20162min1935
၂၀၁ရကိုရောက်ဖို့ သိပ်မလိုတော့ပါဘူး။ ပြီးတော့၂၀၁၆ ခုနှစ်ကုန်ဆုံးတော့မယ် ဆိုရင်ကောင်းတဲ့ အရာတွေကို  ပြုလုပ်ရင်းကုန်ဆုံးတာ ပိုကောင်းပါတယ်။Christmasကို လပြည့်ညပါတီတွေ နဲ့နှင်းလျှောစီး အပန်းဖြေစခန်းတွေမှာပဲကုန်ဆုံးပြီး အားလပ်ရပ်တွေကို မဖြုန်းတီးပစ်ပါနဲ့။ နှစ်သစ်ကိုကြိုဆိုဖို့အတွက် လှပတဲ့နေရာအချို့ Asia မှာရှိပါတယ်။ Great Wall of China, China ရှေးဦးကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပြီး စံပြုလောက်တဲ့ အထင်ကရနေရာဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ Great Wall က လူသားတွေတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး တံတိုင်းကြီးဖြစ်ပါတယ်။ Jinshanling ကနေ Simatai ကို တစ်ရက်တာ ခြေလျင်သွားခြင်းနဲ့ Bedaling ဝန်းကျင်မှာလည်ပတ်ခြင်းက Beijing ခရီးစဉ်မှာ မပါမဖြစ်ပါပဲ။ တံတိုင်းရဲ့ ပိုပြီး တိတ်ဆိတ်တဲ့နေရာကိုသွားချင်တယ်ဆိုရင်တော့ Gubeikou ကနေ Jinshanling ကိုသွားတဲ့လမ်းကြောင်းကို ရွေးချယ်ပါ။ မဟာတံတိုင်းကြီးက နှစ်သစ်ကိုကြိုဆိုဖို့ အကောင်းဆုံး အတွေ့အကြုံတွေသစ် […]


Mon LayDecember 12, 20161min1632
ထိုင်း နိုင်ငံ ရဲ့ မော်လဒိုက် လို့ တင်စား ခေါ်ဝေါ်ကြ တဲ့ သဘာဝ အလှမ ပျက် ပဲ အရိုင်း ဆန်ဆန် ပက တိ လှပနေ တဲ့ ကော့ဖါ့ယမ်း ကျွန်း ကို လူ တော် တော် များ များ သိပ် မသိ သေး ကြ ပါ ဘူး ။ ဘန်ကောက်ကနေ သွားမယ်ဆိုရင် Sai Tai Mai အဝေးပြေး ကားဂိတ် ကနေ ရနောင်း ကို ကား ဖြင် ့ ခရီး နှင် ပြီး ကော ့ဖာ ယမ်း ကျွန်း ကို တစ် […]


Mon LayDecember 12, 20161min2317
အမေရိကန် *********** ကမ္ဘာ့အရှည်ဆုံး Highways လမ်းမ Pan American ရှိသော နိုင်ငံဖြစ်သည်။လမ်းမအရှည်မှာ မိုင်ပေါင်း (၂၀၀၀၀)ကျော် ရှည်လျားသည်။ အကျဉ်းသားများ (၂.၂) သန်းကျော်ရှိသော ကမ္ဘာ့ အကျဉ်းသား အများဆုံးရှိသော နိုင်ငံဖြစ်သည်။ ဘီနင် ****** ကမ္ဘာ့အမြွှာအများဆုံး နိုင်ငံဖြစ်သည်။လူဦးရေ (၁၀၀၀)တွင် အမွှာ (၂၈)ယောက်ရှိကြသည်။ ကနေဒါ ******** ကမ္ဘာ့ပေါ်ရှိ ရေကန်ပေါင်း၏ (၆၀%) တည်ရှိသော ကမ္ဘာ့ရေကန် အများဆုံး နိုင်ငံဖြစ်သည်။ ကော်စတာရီကာ *************** ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်ကျောင်းရှိပြီး၊ အမြဲတမ်းစစ်တပ် မရှိသော နိုင်ငံဖြစ်သည်။ ဖင်လန် ******* ကျွန်းပေါင်း (၁၈၀၀၀၀)ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့ကျွန်းအများဆုံး နိုင်ငံဖြစ်သည်။ ဖောက်ကလန်ကျွန်းနိုင်ငံ ********************** နိုင်ငံလူဦးရေထက် သိုးကောင်ရေများက အဆ(၂၀၀)ပိုများသော Sheep City […]


Mon LayDecember 9, 20161min2303
ဆိုလာအသုံးပြု Telsa battery တွေက တောင်ပစိဖိတ်ဒေသမှာ နေရာယူထားပါပြီ။ဝေးလံပြီးတသီးတသန့်ဖြစ်နေတဲ့ ဒီကျွန်းလေးက ဆိုလာစွမ်းအင်ကိုအပြည့်အဝအသုံးချပြီး ရပ်တည်နေတာပါ။ သဘာဝပတ်ဝန်းကျင်ကိုလေ့လာချင်သူ ခရီးသွားတွေဟာ သူတို့ရဲ့ခရီးစဉ်တွေထဲမှာ တောင်ပစိဖိတ်ကျွန်းစုတွေထဲက Ta’u ကျွန်းကိုထည့်သွင်းဖို့လိုနေပါပြီ။ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့အနေနဲ့ ကျွန်းပေါ်မှာ ဆိုလာစွမ်းအင်ရရှိစေဖို့ solar panel ပေါင်း (၅၀၀၀) ခန့်နဲ့ ဆိုလာအသုံးပြု telsa battery ပေါင်း (၆၀) ကို ထားရှိပြီး ကျွန်းတစ်ကျွန်းလုံးက နေရောင်ခြည်စွမ်းအင် တစ်မျိုးတည်းကို သာအသုံးပြု မှီတည်နေပါတယ်။ အမေရိကန် ကမ်းရိုးတန်းရဲ့အနောက်ဘက်ကနေ မိုင်ပေါင်း(၄၀၀၀)ကွာဝေးတဲ့ ဒီကျွန်းငယ်လေးမှာ နေထိုင်သူ (၆၀၀)လောက်ပဲရှိပါတယ်။သို့ပေမယ့် နှစ်ပေါင်းများစွာကြာ ဒီကျွန်းလေးပေါ်မှာ လူတွေအဆင်ပြေပြေနေနိုင်ဖို့အတွက် ဒီဇယ်ဂါလံပေါင်း (၁၀၀၀၀၀) လောက်လိုအပ်ခဲ့တယ်လို့ “the Independent” အွန်လိုင်းသတင်းစာအရ သိရပါတယ်။ ဒီဇယ်တွေကို ကျွန်းပေါ်သယ်ယူဖို့ ရာသီဥတုအခြေအနေမကောင်းတဲ့အခါ ကျွန်းတစ်ကျွန်းလုံး […]


Mon LayDecember 8, 20162min3018
ဂူတွေက မှောင်မည်းစိုစွတ်ပြီး ကြောက်စရာကောင်းတတ်ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူသားတွေအတွက်အံ့ဖွယ်နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အပင်မျိုးစိတ်တွေ တိရစ္ဆာန်မျိုးစိတ်တွေရဲ့ ကျက်စားရာနေရာ လည်းဖြစ်သလို တခါတလေ လက်တွေ့ဆန်တဲ့လူသားတွေအတွက် နားမလည်နိုင်တဲ့ အဖြစ်အပျက်တွေတည်ရှိတဲ့ နေရာတွေလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂူတွေကို နေထိုင်စရာနေရာအဖြစ်ကစလို့ ဘာသာရေးဆိုင်ရာနေရာအဖြစ်အထိ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သတ်မှတ်ထားပါတယ်။ အရှေ့တောင်အာရှမှာလည်း သမိုင်းဝင်ဂူတွေအများကြီးရှိသလို လူနေမှုဘဝအတွက် အသုံးပြုတဲ့ ဂူတွေလည်းရှိပါတယ်။ ဒီဆောင်းပါးမှာ ဘာကြောင့် ဂူတွေကိုသွားလည်သင့်တယ်ဆိုတာသိနိုင်ဖို့  အရှေ့တောင်အာရှမှာရှိတဲ့  ဂူတွေကို ဥပမာအနေနဲ့ ဖော်ပြပေးမှာပါ။ ဂူတွေကိုသွားလည်ရင်း ထူးခြားတဲ့စွန့်စားမှုတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ Sarawak Chamber တည်နေရာ – Gunung Mulu National Park, Sarawak, Malaysia Good Luck cave လို့ခေါ်တဲ့ Gua Nasib Bagus ဂူရဲ့ အစိတ်အပိုင်းဖြစ်တဲ့ […]


Mon LayDecember 8, 20161min1682
ခရီးသွားများ – ရေကြောင်းကို သာ အသုံးပြုတဲ့ လမ်းများသာ ရှိတဲ့ Holland ဒေသ Giethoorn မြို့ သို့ ဦးတည် ခရီးဆက်ခြင်း Holland ဒေသ Giethoorn မြို့ ဟာ ပုံပြင်စာအုပ်တွေထဲက မြို့လေး တစ်မြို့ ဆို မမှားပါဘူး။ တစ်နည်းအားဖြင့် ဒီမြို့လေး မှာ ကားလမ်း ဆိုတာမရှိပါဘူး။ အဲဒီအစား မြို့တစ်ခုလုံးကို ချစ်စရာကောင်းပြီးစွန်းမိုက်တဲ့ ရေကြောင်း လမ်းကို သာ အသုံးပြုပြီး ဆက်သွယ်ထားတာပါ။ လူဦးရေ ၂၆၀ဝသာ ရှိတဲ့ဒီလှပတဲ့ နေရာလေးဟာ ပုံပြင်စာအုပ်တွေထဲမှာ ဇာတ်လမ်းတည်နေရာ အဖြစ်ပိုပြီး ဖော်ပြခြင်းခံရတဲ့ တိုင်အောင်ခရီးသွား လာရောက်လည်ပတ်မှုတော့ နည်းပါတယ်။ Giethoorn မြို့လေးကို နေ့ခင်းဘက် သွားလည်ရုံသာဆိုရင် သက်တောင့်သက်သာနဲ့ ရှုခင်းအားလုံးနှံ့စပ်အောင် ခြေလျင် […]