Mark’s Square (Image Credit : magical-italy.com) ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ဒီ plaza ကတော့ ဘေးပတ်ပတ်လည်မှာရှိတဲ့ တင့်တယ်လှတဲ့ဗိသုကာလက်ရာတွေနဲ့တည်ဆောက်ထားတဲ့ အဆောက် အဦတွေရဲ့ အရှိန် အဝါကြောင့် သီးသန့်ကမ္ဘာလေးတစ်ခုသဖွယ် ဖြစ်နေပါတယ်။ လူတွေက ဒီနေရာ ကို အေးအေးဆေးဆေး လမ်းလျှောက်ဖို့၊ မိတ်ဆွေတွေနဲ့စကားပြောဖို့၊ သူငယ်ချင်းအသစ်တွေရှာဖွေဖို့၊ coffee သောက်ဖို့၊ ပတ်ဝန်းကျင်မြင်ကွင်းတွေကိုခံစားရင်း အချိန်ဖြုန်းဖို့ စတဲ့အကြောင်းပြချက်တွေနဲ့ လာရောက်လေ့ရှိကြပါတယ်။ Zattere (Image Credit : magical-italy.com) Dorsoduro နယ်မြေထဲမှာတည်ရှိတဲ့ ဒီပင်လယ်ကမ်းနဖူးပေါ်က လမ်းကျယ်လေးကတော့ ညနေခင်းလမ်းလျှောက် ထွက်ဖို့ နဲ့ ရေပြင်ကျယ်ကြီးရဲ့ အလှကိုခံစားရင်း ညစာ သုံးဆောင်ဖို့အတွက် အကောင်းဆုံးနေရာလေးတစ်ခုဖြစ်ပါတယ်။ မြို့ပြရဲ့ မွန်းကြပ် တဲ့နေ့စဉ်ဘဝကနေ ရုန်းထွက်နိုင်မယ့် အေးချမ်းတဲ့နေရာလေးတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်မှာလည်း […]