ဗီယက်နမ် (English:Vietnam အသံထွက် /ˌviːɛtˈnɑːm/; Vietnamese: Việt Nam) သို့ တရားဝင်အမည်အားဖြင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ (Vietnamese: Cộng hòa xã hội chủ nghĩa Việt Nam; /koŋ˨ hʊa˨˩ sa˧˨˧ hoi˨ tɕu˧˩˧ ŋiə˧˨˧ vɪət˨ nam/) သည် အရှေ့တောင်အာရှတွင် ရှိပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဖက်စွန်းတွင် တည်ရှိသည်။ မြောက်ဖက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ အနောက်မြောက်ဖက်တွင် လာအိုနိုင်ငံ ၊ အနောက်တောင်ဘက်တွင် ကမော္ဘဒီယားနိုင်ငံနှင့် အရှေ့ဖက်တွင် တောင်တရုတ်ပင်လယ်တို့က ဝိုင်းရံထားသည်။ လူဦးရေ ၈၆ သန်းရှိပြီး ကမာ္ဘပေါ်တွင် ၁၃ နိုင်ငံမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်သည်။ ဗီယက်နမ်သည် ၁ဝရာစုနှစ် နိုင်ငံအဖြစ်သို့ […]