ဒီခရီးစဉ်လေးကတော့လွန်ခဲ့တဲ့၄နှစ်လောက်တဲ့သွားခဲ့တဲ့ဘန်ကောက်ခရီးစဉ်လေးပါ…အရင်အလုပ်ကstaff trip အနေနဲ ့ လွှတ်ခဲ့တဲ့ခရီးပေါ့။ ပထမဦးဆုံးနိုင်ငံခြားကိုစသွားဖူးတဲ့ခရီးဆိုတော့..ပျော်လည်းပျော်၊ရင်လည်းခုန်နေခဲ့တယ်။ဒါပေမဲ့အဲ့နှစ် တုန်းကခုလိုဗီဇာလည်းဖရီးမရသေးတော့..တချို ့ပညာရေးအထောက်အထားတွေ၊သန်းခေါင်စာရင်းတွေကို နိုတြီတွေပြန်၊သံရုံးတွေဝင်ရ၊ကိုယ့်လူမျိုးအချင်းချင်းတောင်မျက်နှာထားတင်းတင်းနဲ ့ဆက်ဆံတဲ ့သံရုံးကမိန်းမတွေနဲ ့ဝင်တွေ ့ရနဲ ့ မသွားခင်တော်တော်လေးကိုအလုပ်ရှုပ်သွားခဲ့ရတယ်..ခုတော့အေးဆေးပဲနော်…လေယာဉ်လက်မှတ်လေးဖြတ်ပြီးသွားလိုက်ရုံပဲ။ အဲဒါနဲ ့ခရီးထွက်မယ့်နေ ့ကိုရောက်လာပါတယ်။လေဆိပ်မှာCheck-inဝင်ပြီး လေယာဉ်ပေါ်တက်ဖို ့အချိန် နည်းနည်းလိုနေသေးတော့ Loungeမှာခဏထိုင်စောင့်ကြရသေးတယ်.ရုံးအဖွဲ ့တွေနဲ ့သွားရတာဆိုတော့ လူက၉ယောက်လောက်ဆိုခရီးစဉ်ကပျော်ဖို ့ကိုကောင်းနေပြီ။ စီးရမယ့် လေယာဉ်က AirAsiaဆိုတော့ ဝင်ရမယ့်အချိန်ရောက်တော့လေယာဉ်ထဲဝင်သွားလိုက်တယ်။ကိုယ်စီးရမယ့်နေရာကိုလိုက်ရှာ၊တွေ ့တာနဲ ့ ထိုင်မယ်လုပ်တော့အသက်ငယ်ငယ်အသားဖြူ ဖြူ နဲ ့ကောင်လေးကသူ ့အိတ်ကိုမွန်လေးထိုင်မယ့်ထိုင်ခုံမှာ တင်ထားတယ်။သူကမွန်လေးရောက်နေမှန်းလည်းမသိ၊ကြားလည်းမကြားနားကိုနားကြပ်ထည့်ပြီးမျက်လုံးမှိတ်ပြီးသီချင်း နားထောင်နေတယ်။ဒါနဲ ့မွန်လေးလည်းလက်တို ့လိုက်တော့မှနိုးလာပြီးအိတ်ကိုဖယ်ပေးတယ်။ချောတာထက်သန် ့တယ် ပေါ့နော်။အဲ့ချိန်တုန်းကiphone 5 ကပေါ်ခါစ။သူကiphone5န ဲ့ရုပ်ကလည်းသန် ့တော့တယ်မိုက်နေတာပေါ့နော်။ဟဲဟဲ။ နိုင်ငံခြားခရီးကိုအစဦးဆုံးထွက်ဖူးတာချောချောလေးနဲ ့ထိုင်ရတယ်ပေါ့။တစ်စီးလုံးမြန်မာတွေချည်းပဲမြန်မာလူမျိုးတွေAir Asia ကိုcharter ငှားသလားအောက်မေ့ရတယ်။ ဘန်ကောက်နဲ ့ရန်ကုန်က […]