၁။ ညို……ကို့ကိုိုစတွေ့ခဲ့တာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲတစ်ခုမှာပါ။ ထိုမွေးနေ့ပွဲမှာ သီချင်းများနှင့်အနောက်တိုင်းဆန်စွာ ကခုန်နေကြရင်း နှစ်ဦးသားမမျှော်လင့်ဘဲ တိုက်မိသွားခဲ့ကြသည်။ ထို့နောက် ညိုနှင့်ကိုတို့ပြိုင်တူ ”ဆောရီး” ဟု ပြောမိကြကာ မျက်လုံးချင်း ခေတ္တမျှဆုံဆည်းသွားခဲ့ကြသည်။ ညိုသည်သာမန်ယောက်ျားတစ်ယောက်နှင့် အကြည့်ချင်းဆုံမိလျှင် လျင်မြန်စွာ အကြည့်လွှဲပစ်တတ်သော်လည်း ကို့ကိုကား ဂရုတစို်က်ပြန်ကြည့်မိခဲ့သည်မှာ ကိုကအခြားယောက်ျားလေးများကဲ့သို့အကြည့်ရဲရဲနှင့် ကြည့်ခြင်းမဟုတ်ဘဲ တိတ်တခိုးကြည့်တတ်သောမျက်လုံးညိုများကြောင့်ပင် ဖြစ်လေသည်။ ၂။ ကိုရဲ့ ဇာတိက ဆောင်းရာသီဆို်လျှင် အလွန်ချမ်းအေးပြီး နွေရာသီဆိုလျှင် အေးမြတတ်သော တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး ညိုကရန်ကုန်သူဖြစ်ကာ အနေချင်းဝေးနေကြသော်လည်း အင်တာနက်ခေတ်မှာ ကြီးပြင်းလာကြသူများဖြစ်သောကြောင့် အင်တာနက်နှင့် ချိတ်ဆက်ရင်း သံယောဇဉ်တစ်စစီသီခဲ့ကြသည်။ နောက်ပိုင်းတွင် ကိုက ရန်ကုန်သို့ပြောင်းလာပြီး အဒေါ်ဖြစ်သူဧ။်အလုပ်၌ခေတ္တအလုပ်ဝင်လုပ်ခဲ့ရင်း အချစ်ကြိုး တွေပိုရှည်လာခဲ့တော့သည်။ ၃။ ကိုနှင့်ညိုတို့ နှစ်ယောက်သည် ဘဝတစ်သက်တာချစ်ခရီးလမ်းကို အတူတူလျှောက်လှမ်းကြမည်ဟုစိတ် ကူးတွေ ယဉ်ခဲ့ကြသည်။ ကိုက […]