ရွှေ ကြည်February 9, 20131min42427
  မိဘအိမ်လောက်မနွေးထွေးပေမယ့် အေးစက်စက်မဟုတ်ခဲ့တဲ့ နွေးထွေးပျော်ရွှင်ခဲ့ရတဲ့နေရာ။ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်ပေမယ့် လွတ်လပ်ပျော်ရွှင်ခဲ့တဲ့ ရင်းနှီးစွာလုံခြုံခဲ့တဲ့နေရာ။ မိသားစုလိုသွေးမနှောပေမယ့် ဘေးလူလို့ပြောမရခဲ့တဲ့ တွယ်တာရသူတွေနေခဲ့တဲ့နေရာ။ ရင်နှင့်ရင်းတဲ့ခံစားချက်တို့ဖွင့်ဟတိုင်ပင်လို့ သောကတွေအပျော်တွေဝေမျှဖူးတဲ့နေရာ။ မျှော်နေပေးပါ ကြိုနေပေးပါ အရင်လိုပဲနွေးထွေးပေးပါ ငါတခေါက်မကပြန်လာခဲ့မယ် သူငယ်ချင်းတို့ရယ်။   (ရန်ကုန်အခန်းကသူငယ်ချင်းများစွာကိုလွမ်းလို့ရေးမိတာပါ) ကျေးဇူးအထူးတင်ပါတယ်ရှင့်။


ရွှေ ကြည်January 25, 20131min28425
အမေ ခေါ်နေနိုင်တုန်းလေး ခေါ်နေပါရစေ အမေ။ အမေ တမ်းတမိချိန်မှာ အနားမှာရှိနေသလိုခံစားရတာ အမေ့ မေတ္တာကြောင့်ထင်ပါ့။ အမေ လမင်းလိုအေးချမ်းတဲ့အလင်းနဲ့ သမီးဘဝရဲ့ကောင်းကင် ထွန်းလင်းစေတဲ့ အမေ။ အမေ လမင်းနဲ့နှိုင်းပေမယ့် လဆန်းလဆုတ်မရှိပဲ အမြဲပြည့်ဝနေတာလည်းသမီးသိတယ်အမေ။ အမေ ဘဝခရီးမှာအမှောင်လမ်းစမ်းတဝါးဝါးကြုံလည်း အမေ့မေတ္တာအားပြုကာနဲ့ ခရီးဆက်မယ် အမေ။ အမေ အားမငယ်နဲ့အမေ ငယ်စဉ်ဘဝ သမီးရှေ့ကမားမားရပ်ပေးသလို အမေ့ရှေ့မှာ သမီးမေတ္တာ တံတိုင်းလိုကာမယ် ပြုံးပျော်ပါတော့ချစ်တဲ့ အမေ။   ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ရွှေကြည်      


ရွှေ ကြည်December 20, 20121min32431
မာယာနဲ့လိမ်ညာစကားတွေမဆိုတတ်တဲ့အခါ ငါ့စကားတွေနင့်ရင်ကိုစူးရှစေခဲ့ပြီလား နားလည်မှုတွေနေရာမှားခဲ့တဲ့အခါ နင့်စိတ်တွေနာကျင်ခဲ့ရပြီလား တကယ်တမ်းဆိုငါမငိုခဲ့ပါဘူး နင်ငိုခဲ့သလားလဲငါမသိချင်ဘူး ဒါပေမယ့်ငါ့ရင်မှာလဲနင့်စကားတွေစူးနေဆဲ နင်ထားတဲ့တလွဲမာနတွေကြောင့်ငါ့စိတ်တွေနာနေဆဲပဲ တကယ်ဆိုငါတို့နီးစပ်ခဲ့တယ်ဆိုတာတောင် အူကြောင်ကြောင်အိမ်မက်တခုလို လေနှင်ရာလိုက်တဲ့တိမ်တိုက်တွေလို ဘာဆိုဘာမှအရေးမပါခဲ့ဘူးဆိုတာနင်သိပါစ။


ရွှေ ကြည်December 7, 20121min32727
ငါ့ဒေါသငယ်ထိပ်ကိုတက်ဆောင့်ရလို့ ဇောချွေးတွေတောင်ပြန်နေတော့ စိတ်ကူးနဲ့တော့လည်ပင်းတောင်ညှစ်ပြီးပေါ့ တကယ်တမ်းမှာတော့ အိပ်ပျက်ညမှာ ဒီစာသာထရေးရတော့တာပဲ။ လူသားတွေလည်း သိတတ်မှုနည်းတဲ့အခါ တိရစ္ဆာန်သာသာပဲလေ ကိုယ့်ဖို့သာကိုတွေး တစက်ကလေးမှမကောင်းတဲ့သူနဲ့ အတူနေရတဲ့အခါ မရှိတာထက် မသိတာခက်တယ်ဆိုတာလက်တွေ့ကြုံရတဲ့အခါ အကုသိုလ်ဆိုတာ အတုံးလိုက်အတစ်လိုက်ပါပဲလေ..။   ကျေးဇူးအထူးတင်ပါတယ်ရှင်။


ရွှေ ကြည်November 24, 20121min29517
ခံစားမှုနဲ့အနုပညာ ခံစားချက်နဲ့ဖန်တီးတဲ့အနုပညာ တကယ်အသက်ဝင်လာတဲ့အခါ ပညာရှင်မဟုတ်လည်းပွဲလယ်တင့်မြဲပါ။ ဖန်တီးမှုအနုပညာတခု နှလုံးသားတခုနဲ့ခံစားတဲ့အခါ ကျော်ကြားတဲ့အရာမဟုတ်လည်း အသက်ဝင်နေဆဲပါ။ ခံစားသူဟာပညာရှင်မဟုတ်လည်း ခံစားတတ်တဲ့နှလုံးသားတခုတည်းနဲ့တင်အရာဝင်ပါတယ်။ တကယ်ပါရင်ထဲကိုထိမှန်လာတဲ့ ဘယ်အနုပညာမဆို ချိုသည်ခါးသည် မော်ဒန်ကျသည်ကာရံလှသည် နုသည်ကြမ်းသည် ခေတ်နောက်ကျသည်ခေတ်ရှေ့ပြေးသည် ဘာတခုမှခွဲခြားမရတော့ပဲ ခံစားနေဆဲပဲလေ။ အနုပညာဆိုတာကိုအဓိပ္ပါယ်မဖွင့်တတ်လည်း ဝေဖန်ဖို့မစွမ်းသာလည်း ခံစားကြည့်နေမိဆဲပါပဲ။ ×××××××××××××××××××××××××××××××××××× အသွားအပြန် ဟန်ဆောင်မူပိုပလီပလာတွေဆိုလည်း နင့်မျက်နှာကိုငါဖတ်တတ်နေဆဲ နင်ရွှေ့လာမယ့်အကွက်တွေအတွက် ငါတွက်ချက်တတ်မယ်ဆိုတာနင်မသိတာ ငါဝမ်းသာပါတယ် လုပ်ရက်တယ်သူငယ်ချင်းရယ် င့ါစေတနာတွေနဲ့မထိုက်တော့တဲ့အခါ ငါအတွက်သာငါတွေးတော့မယ်။ နင်မှတ်ထားပါ အခုကစနောင်အခါမှာ သူငယ်ချင်းကောင်းဆိုတဲ့စကား နင်နဲ့ငါကြားမှာမရှိတော့ဘူး။ ××××××××××××××××××××××××××××××××××× သဘာဝ   အတိတ်ကိုသတိရတဲ့အခါ ပစ္စုပ္ပာန်ဟာဘယ်လိုမှအဓိပ္ပါယ်မရှိတော့သလို အနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေသလိုနဲ့ ဒါဏ်ရာရဲ့အတိမ်အနက်ကိုပဲတွေးနေမိတယ်။   အနာရွတ်ကိုပြန်မြင်မိတဲ့အခါ ကိုယ့်ကိုယ်ကိုသိပ်သနားစရာကောင်းနေသလို ကြေကွဲလွမ်းဆွတ်မှုတွေပဲပြည့်နှက်နေသလိုနဲ့ ရင်ထဲမှာတဆစ်ဆစ်နဲ့နာနေတာကိုပဲခံစားနေမိတယ်။   ပစ္စုပ္ပာန်တည့်တည့်ကိုပြန်မြင်လာတဲ့အခါ ဝေဒနာဆိုတာအသာထား စားနေဝတ်ကြားဗျာများလို့ အနာဂတ်ဖို့ပြင်ဆင် ဘဝနေမဝင်ခင်ဆက်လျှောက် ထွက်ပေါက်တော့မတွေ့သေး။   […]


ရွှေ ကြည်November 17, 20121min35128
အမေ ခေါ်မိတယ် တိုးတိုးလေးပါ ထူးသံမကြားရတဲ့အခါ ဒါအိမ်မက်မဟုတ်ဘူး..။ အမေ တမ်းတမိတဲ့အခါ အရင်ကနေ့တိုင်းဖုန်းဆက်ပါတယ်အမေ အခုတော့ နေ့တိုင်းဆိုတာဝေးပါတယ်အမေ..။ အမေ အမေလွမ်းတဲ့အခါ သမီးဖုန်းကိုမျှော်နေလားအမေ ဝင်ငွေသေချာမရှိသေးတော့ ခနခနတော့မခေါ်နိုင်သေးဘူးအမေ။ အမေ သတိရတဲ့အခါ ကောင်းကင်ကိုရောမော့ကြည့်သေးလားအမေ အမေပြောတယ်လေ ဒီကောင်ကင်ကြီးအောက်မှာ တို့နှစ်ယောက်အတူတူရှိပါတယ်ဆိုတာလေ..။ အမေ သမီးရောက်နေရာမှာ ဒီကနေ့ လျှပ်ပန်းတွေကဝင်းလက် မိုးခြိမ်းသံတွေနဲ့ဆူပွက် မည်းနက်တဲ့ကောင်းကင်မို့ အမေနဲ့သမီးတို့ ကောင်းကင်မှာအကြည့်ချင်းဆုံဖို့ ဖြစ်နိုင်တော့မယ် မထင်ဘူးအမေ..။ အမေ မှာပါရစေ ကျန်းမာရေးကို ဂရုစိုက်ပါအမေ..။ အမေ အဖေရောနေကောင်းရဲ့လား သမီးဖုန်းများ မျှော်နေမလားမသိ ကြည့်သာနှစ်သိမ့်လိုက်ပါအမေ..။ ဝေးနေပေမယ့် ဦးတင်ဆဲမို့ စိတ်ချလို့နေပါ ချစ်တဲ့အမေ..။     ကျေးဇူးအထူးတင်ပါတယ်ရှင်။    


ရွှေ ကြည်November 12, 20121min32844
  ကံကြမ္မာကို မလွန်ဆန်နိုင်တဲ့လူအသားတယောက်ငါ ကံကောင်းသည်လား ဆိုးသည်လား မခွဲခြားတတ်တော့ပါဘူး။ ဘဝရေစီးကြောင်းမှာ အလိုက်သင့်မျောပါရင်း ဝဲဂယက်နဲ့တွေ့တဲ့အခိုက် ရိုက်ခတ်မှုက သိပ်မပြင်းပေမယ့် သမာရိုးကျကဖောက်ထွက်ရတဲ့အခါ နောင်တတွေတလှေကြီးနဲ့ ငါ့စိတ်တွေမြေကြီးအောက်တောင်ရောက်နိုင်လောက်ရဲ့။ သိလိုက်ရပါပြီ ဘဝဆိုတာလှုပ်ရှားရုန်းကန်နေရခြင်းပဲလေ။ မျက်ရည်ကို ခမ်းစေချင်သလို ဘဝကိုလည်း လန်းဆန်းစေချင်လှပါပြီ သိပ်မောနေတယ် လောကဓံရယ် ဒါပေမယ့်လည်း ဆက်ရှာနေဦးမယ် ဘဝဆိုတာရဲ့နောက်ထပ်အဓိပ္ပါယ်။   (၁၂-၁၁-၂၀၁၂) 5:30 pm   ကျေးဇူးအထူးတင်ပါတယ်ရှင်။


ရွှေ ကြည်November 1, 20121min56517
ကျွမ်းကျင်သူတွေသာကစားတဲ့ပွဲ အဖြူအမည်းမသဲကွဲခင် ဝေဖန်ကြည့်ချင်ပေမယ့် ငါ့ဉာဏ်တွေချို့တဲ့အခါ ပွဲကြည့်ရတာတောင်ပျင်းလာသလိုပဲ။ ရှည်လျားတဲ့အမှောင်ညမှာကျင့်သားရနေတဲ့ငါ လောင်စာသုံးအလင်းတုအောက်မှာများ ပျော်မွေ့နေဆဲပဲလား။ သဘာဝအလင်းဆိုတာကိုရော တကယ်မက်မောစွာလိုချင်ပါရဲ့လား နေသားတကျရှိပါ့မလား မှန်ကန်စွာအသုံးချနိုင်ပါ့မလား ကိုယ့်စိတ်ကိုယ်တောင်မသေချာတဲ့အခါ ယုံကြည်မှုကိုတစုံတယောက်အပေါ်ပုံအပ်မိတဲ့ငါ သူခြေလှမ်းရာလိုက်ကြည့်နေဆဲ စိတ်ကူးထဲမှာပန်းဝင်သွားတာအခါခါ။ ဘာတွေဘယ်လိုဖြစ်နေပါစေ တနေ့နေ့မှာဆိုတာလေးက ငါ့စိတ်ကူးတွေကိုလှပစေပါရဲ့  ။ ကျေးဇူးအထူးတင်ပါတယ်ရှင်။


ရွှေ ကြည်October 28, 20121min36536
ဝါတွင်းကာလပြီးဆုံးလို့ သီတင်းကျွတ်ပေတော့မည်။ သီတင်းကျွတ်ပြီဆိုလျှင် ရွှေကြည်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့တတွေ ကောင်းမှုကုသိုလ်တွေလုပ်၊ လူကြီးမိဘတွေ ကန်တော့၊ ပျော်ပွဲရွှင်ပွဲတွေဆင်နွှဲလို့ သာတောင့်သာယာရှိတဲ့အချိန်အခါသမယပါပဲ။ တချို့ဒေသတွေမှာမအေးချမ်းရှာတာကို တွေးမိတော့ စိတ်ထဲဘဝင်မကျပဲသီတင်းကျွတ်မှာ စိတ်လွတ်ကိုယ်လွတ်မပျော်နိုင်ဖြစ်ရပြန်ပါတယ်။ သူတို့တွေမြန်မြန်အေး ချမ်းနိုင်စေဖို့ရာ ကုသိုလ်ပြုဆုတောင်းပေးရုံမှတပါး အခြားမရှိတာမို့….ဆုတောင်းပေးရုံမျှသာ။   ဒီအချိန်ဒီကာလမှာ စတင်ကြမယ့်ပွဲသဘင်တွေထဲမှာမင်္ဂလာလက်ထပ်ပွဲလည်းတခုအပါအဝင်ပါပဲ။ ဝါကျွတ်ခါနီးဆိုပြီဆိုရင် ရုံးမှာလည်း ဘယ်သူတွေကတော့ ဘယ်လ ဘယ်ရက်မှာတဲ့ ဘယ်သူတွေကတော့ ဘယ်ရက်ကိုရွှေ့ရတယ် စသည်ဖြင့်ကြား သိနေရပါတယ်။ အဲဒီအခါမှာ ရုံးမှာရှိတဲ့အပျိုကြီး၊ လူပျိုကြီးများ အစအနောက်အခံရဆုံးပါပဲ သီတင်းလည်းကျွတ်ပေါင်းများပြီ ဆိုပြီးတော့ပေါ့။ အဲဒါအပြင် တို့ရုံးမှာကမင်္ဂလာဆောင်ကဘယ်နှစ်ပွဲလောက်ရှိမှာပါလိမ့် ဆိုပြီးလက်ဖွဲ့ဝယ်ရေးအတွက် ပိုက်ဆံ တွက်သူတွေတွက်ပေါ့။ လက်ကြီး၊ လက်သေးခွဲသူတွေခွဲလို့။ တကယ်တမ်းပြောချင်တာကအခုမှစပါမယ်။ အဲဒီလိုပြင်ဆင်ကြ ရင်းကနေ တချို့အပျိုကြီးလူပျိုကြီးတွေက ငါလက်မဖွဲ့တော့ဘူးဟာ ငါလည်းယူမှာမှမဟုတ်တာ ရှုံးတယ် ဆိုပြီးပြောကြတာလေးကို နှစ်တိုင်းလိုလိုကြားဖြစ်ခဲ့တယ်။ ရွှေကြည်မကြိုက်တာအဲ့ဒါပါပဲ။ ရီစရာအဖြစ်ပြောတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ထပ်ခါထပ်ခါကြားလာရတော့မရီချင်တော့ပါဘူး။ ရွှေကြည်စိတ်ထဲမှာ […]


ရွှေ ကြည်October 10, 20122min35033
လေးခင်ခ ရဲ့  ပို့စ် တခုမှာ မခိုင်ခိုင် နဲ့ ဆရာမပြုံးတို့မှာ ကိုယ်ဝင်းကြည်ရှိနေတာသိလိုက်ရပါတယ်။ ဒါကြောင့်သူတို့အတွက် အမှတ်တရလက်ဆောင်ပေးချင်တာနဲ့ ပဲ ဒါ့ပုံလေးတွေတင်ပေးလိုက်ပါတယ်။ မခိုင်ခိုင်ရော ဆရာမပြုံးပါ ကျန်းမာစွာနဲ့ သားသမီးရတနာလေးကို အောင်မြင်ချောမောစွာမွေးဖွားနိုင်ပါစေလို့..။                     ကျေးဇူးအထူးတင်ပါတယ်ရှင်။        


ရွှေ ကြည်October 8, 20121min36849
မိရွှေကြည်အကြီးကြီးကိုယ်ချင်းစာတတ်ခဲ့ပါပြီ တကယ်ကြီးပါ အဟုတ်ကြီးပါ…။ ဒီလိုပါ ပြီးခဲ့တဲ့အားလပ်ရက်လေးမှာ မိရွှေကြည်တယောက် မြို့ ပတ်ပြီးပြုစရာရှိသည့်ကိစ္စအဝဝကိုအပြီးတိုင်ပြုလုပ်မည်ဟု စိတ်ဒုံးဒုံးချပြီးသကာလ လက်ရှိငှားရမ်းနေထိုင်ရာ ဘူတာရုံလမ်းတိုက်ခန်းစုတ်စုတ်လေးမှထွက်ခွာလာခဲ့ပါတယ်။ လိုင်းကားစီးခြင်းဆိုတဲ့ အရာကမိရွှေကြည်နဲ့တော်တော်လေးကင်းကွာနေခဲ့တာကြာခဲ့ပါပြီ..။ လိုင်းကားကို ၃ လလောက်ကြာမှသာတခါဝေးဝေးလံလံစီးဖြစ်ပါတယ်။ ပုံမှန်ကတော့ လှည်းတန်းလောက်တော့စီးဖြစ်ပါရဲ့ ဘာကြောင့်လဲဆိုတော့ကာ မိရွှေကြည်အလုပ်လုပ်တဲ့ရုံးတည်ရှိရာက စံမြန်းရာ တိုက်ခန်းနဲ့ မနီးမဝေးမှာတည်ရှိတာကြောင့်တကြောင်း လိုင်းကားစီးမယ်ဆိုရင် နီးရက်နဲ့ဝေး နှစ်ဆင့်စီးနေရတာကြောင့်တကြောင်း အလုပ်သွားဆိုက္ကားနဲ့သွားပြီ အပြန်လုပ်ဖော်ကိုင်ဖက်တွေနဲ့လမ်းလျှောက်ပြန်ပါတယ်..။ ဒီတော့က လိုင်းကားဆိုတာမစီးဖြစ်သလောက်ပါပဲ..။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေထဲမှာ အလုပ်ရောက်တိုင်းကားစီးရတဲ့ဒုက္ခကို သူများတွေမှတဆင့်နေ့စဉ်လိုကြားသိနေရပါတယ်..။ ဪ အဲလိုလား ဟုတ်ပနော် စိတ်ညစ်စရာ ဒီလိုစကားတွေနဲ့သူတို့ကို သနားသလို စာနာသလိုပြောခဲ့ပါတယ်..။ တကယ်လည်းစာနာမိပါတယ်..။ အခု ကိုယ်တွေ့ ကြုံရတော့ စိတ်နာပါတယ်ရှင့်..။ ဘူတာရုံလမ်းကနေကားစီးလာလိုက်တာ ဆင်ရေတွင်းမှတ်တိုင် အထွက်ကစပြီး တစ်ပေလောက်လိမ့်လိုက်ရပ်လိုက်လုပ်လာတဲ့ စီးတော်ယာဉ် လိုင်းကားဟာ လှည်းတန်းပွိုင့် မှာ […]


ရွှေ ကြည်September 17, 20121min49136
အတိုင်းအဆမဲ့ လင်းလက်မဲ့အနာဂတ်အတွက် ဆက်လက်အားယူရင်း မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ နေ့ရောညပါပင်ပန်းနေပြီလား။ မှာကြားဆုံးမထားတဲ့မိဘဆရာစကား ပျော်ရွှင်ချိန်မှာတောင်မေ့မထားပါနဲ့။ ရွှင်တဲ့မျက်နှာသွင်ပြင်လွှာကြောင့် ပါဝင်နေလားမသိထားတဲ့ပင်ပန်းခြင်းတွေ စေညွန်ဝေးစေအေးမြစေ။ (18-9-2012 အမှတ်တရလက်ဆောင်)


ရွှေ ကြည်August 27, 20121min52749
ဆန်ကုန်မြေလေး အကျဉ်းကျနေတဲ့စိတ်ကလွတ်လပ်ခြင်းကိုငတ်မွတ်လာတဲ့အခါ ရင်ကွဲနာကျချင်ပါရဲ့။ ဘဝအဓိပ္ပါယ်ဆိုတာအဖြေရှာကြည့်တဲ့အခါ အယူအဆတွေကြားမှာ မွန်းကြပ်လာပါရဲ့။ အေးချမ်းမှုဆိုတာကိုဖွေရှာ စိတ်ကူးဖန်တီးကြည့်တဲ့အခါ မရေရာမှုတွေနဲ့သာအဆုံးသတ်ခဲ့ပါရဲ့။ ဘဝဆိုတာတိုက်ပွဲလား၊ ကြိုးစားရုန်းကန်ရခြင်းလား ဘာပဲဖြစ်ဖြစ်ညစ်လာတဲ့အခါ အရွဲ့တိုက်ချင်ပါရဲ့။ ခက်ခဲလှတဲ့လောကကြီးမှာ ၂၈ နှစ်တိုင်အောင်ရှင်သန်နိုင်ခဲ့တာကိုဂုဏ်ယူရမလား အောင်မြင်မှုဆိုတာမရေရာပဲ အသက်တွေကြီးလာတာကိုပဲရှက်ရမလား သေချာတာကတော့ အမေကချစ်နေဆဲ အဖေကလည်းဂုဏ်ယူနေဆဲပဲ မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီးတဲ့လေ။ တော်လွန်းသူတွေကြားမှာ သိမ်ငယ်ခဲ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုညံ့တယ်လို့မြင်လာတဲ့အခါ လူ့လောကကနေသာအငွေ့ပျယ်ပျောက်ကွယ်သွားချင်မိပါရဲ့။ သိပ်ရှက်လို့လေ။     ကျေးဇူးအထူးတင်ပါတယ်ရှင်။