ဒီပိုစ့်လေးကို ကျွန်တော့စိတ်ကူးနဲ့တင်တာတော့မဟုတ်ပါဘူး ။ ကျွန်တော့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ yetazar (ခ) တေဇာ ရဲ့စိတ်ကူးလေးပါ ။ ကိုတေဇာက ဂေဇက်စည်းကမ်းကိုဖေါက်ဖျက်မိတဲ့အတွ (၁ဝ ) ရက်အဖွဲ့မှထုတ်ပယ်ခြင်းခံထားရပါတယ် ။ ဒီပိုစ့်ကလေးကို ကိုတေဇာကိုယ်တိုင်ရေးပြီးတင်ပေးတာပါ ။ ဒီအတွက် ပိုစ့်ရေးခ ကို သဂျီးအနေနဲ့ မပေးရင်လဲရပါတယ် ။ မန်းဂေဇက်ရွာသူ/ရွာသားများခင်ဗျား ။ ချီးကျူးဂုဏ်ပြုထိုက်သူကို ချီးကျူးဂုဏ်ပြုတာ မင်္ဂလာတစ်ပါးပါ ။ တစ်ချိန်တုန်းက ဖိုးသီးချိုကိုပြောခဲ့တာဆိုတာ စီးပွါးရေးလုပ်နေတာကိုမနာလိုလို့မဟုတ်ပါဘူး  ပြည်သူတွေအတွက်လိုအပ်ချက်ကို တောင်းဆိုခဲ့တာပါ ။ ခုတော့ပြည်သူတွေအတွက် ဖိုးသီးချိုနဲ့ နေလသစ္စာက သီတင်းကျွတ်အထူးလက်ဆောင်ပေးလိုက်ပါပြီ ။ ဒါကြောင့်မို့ချီးကျူးဂုဏ်ပြုထိုက်သူကို ချီးကျူးဂုဏ်ပြုလိုက်ပါပြီ။မနေ့ညနေပိုင်းကစပြီးဒီပိုစ့်ကလေးကိုရေချင်ခဲ့တာပါ ။ သံတွဲတံတားကြီးပေါ်မှာ အပေါက်ကြီးကိုလဲ နေလသစ္စာမှ ပြုပြင်ဖာထေးပြီးသွားပါပြီ ။ သွားရေးလာရေးလဲအဆင်ပြေသွားပါပြီ ။ သတင်းကျွတ်လပြည့်နေ့မှာ တံတားပေါ်မှာမီးမလာတော့ တံတားပေါ်မှာမိသားစုလိုက်အပန်းဖြေသူတွေ […]


သံတွဲမြို့နယ် သဗြုချိုင်(မေရိုးဘေး)ကျေးရွာတွင် မျိုးကြီးလက်ဘက်ရည်ဆိုင်၌ ကြေးကြီးလောင်းကစားဝိုင်းများညစဉ်ပြုလုပ်လျှက်ရှိပါသည် ။ လောင်းကစားဝိုင်းများမှ အကောက်ငွေအဖြစ် တစ်လလျှင် ကျပ်သိန်း ၂ဝ ပေးနေရပါသည် ။ ထိုအကောက်ငွေများကို ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် ရပင တပ်မှူးတို့မှ ခွဲဝေယူကြကြောင်းသိရပါသည် ။ လောင်းကစားဝိုင်းများကစားနေချိန်တွင် လုံခြုံရေးအဖြစ် ရပင မှ ဆရာကြီး နိုင်ဝင်းဦး ၊ အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး(သဗြုချိုင်)တို့မှ ဆောင်ရွက်ပါသည် ။ လုံခြုံရေးခအဖြစ် တစ်ရက်လျှင် ၁၃၀၀ဝ ပေးရပါသည် ။ သဗြုချိုင်ကျေးရာတွင် စားသောက်ဆိုင်များတွင် မိန်းကလေးစားပွဲထိုးများထားရှိပါသည် ။ မိန်းကလေးစားပွဲထိုးများကို ဧည့်စာရင်းတိုင်ခ တစ်လလျှင် ကျပ် ၅၀ဝ ပေးရသည်ဟုသိရပါသည် ။ ကောက်ခံသူမှာ ကျေးရွာခွဲအုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းဖြစ်သည် ။ စားသောက်ဆိုင်များမှာ အောက်ထပ်တွင်စားသောက်ခန်းမအဖြစ်အသုံးပြုထားပြီး အပေါ်ထပ်ကို တည်းခိုခန်းအဖြစ်အသုံးပြုနေသည်ကိုတွေ့ရပါသည် […]